ဧရာဝတီတိုင်းဒေသကြီးတွင်ကျေးရွာပေါင်း(၃၀၀)နီးပါးခန့် ရေဘေးနဲ့ ကြုံတွေ့ နေရပါတယ်။
အိမ်ခြေ၈၀၀၀၀ကျော်ရေမြုပ်ပြီးအိမ်ခြေ၆၀၀၀၀ကျော်ကတော့အိမ်ထဲတွင်ဝါးစင်လေးများထိုး
ပြီးနေနေရပါတယ်။ကျွဲ၊နွားများမှာလဲရေထဲတွင်ပင်စင်ထိုးပြီးထားရကာယခုအချိန်တွင်အစာရေစာ
ရှားပါးပြီးရေထဲတွင်ပင်နေနေရသောကြောင့်ကျွဲ၊နွားများမှာမအိပ်စက်ရဘဲသေဆုံးမဲ့ အချိန်ကိုစောင့်
ကြည့်နေရသလိုဖြစ်ကြောင်း။အချို့ ပိုင်ရှင်များကတော့စက်လှေများနဲ့ ရေလွတ်ရာကုန်းပေါ်သို့ ရွှေ့ 
ပြောင်းရန်စီစဉ်လျှက်ရှိပါသည်။သာပေါင်းမြို့ နယ်တွင်ဝမ်းရောဂါများဖြစ်ပွားလျှက်ရှိပြီးဆရာဝန်အသင်း
မှဆေးဝါးကုသရန်သွားရောက်လျှက်ရှိပါသည်။ယာယီတဲများဆောက်ရန်ပင်ဝါးများခက်ခဲလျှက်ရှိ
ကြောင်းသိရပါသည်။



No comments:
Post a Comment