ပျောက်ဆုံးနေသောရခိုင် မိန်းကလေး ပြန်တွေ့ တဲ့
မင်းပြားမြို့နယ်၊
ကြမ်းတိုက်ကျေးရွာမှ လွန်ခဲ့သော ဇွန်န၀ါရီလ (၃၁) ရက်နေ့မှ
စတင်ပျောက်ဆုံးသွားသော ရခိုင်အမျိုးသမီးငယ် မဌေးဌေးမြင့်(အသက် ၁၈-နှစ်)၏
ရုပ်အလောင်းကို ယနေ့ ဖေဖော်ဝါရီလ (၁၁)ရက်နေ့ မနက် ကိုးနာရီခန့်တွင်
ရာမောင်ကြိုးတံတားအောက်၌ ရှာဖွေတွေ့ရှိခဲ့သည်။
ယခုအခါ မင်းပြားမြို့ဆေးရုံသို့ သယ်ဆောင်ပြီး ဆေးစစ်ဆေးရယူနေသည်။ စစ်ဆေးချက်အသေးစိတ် မသိရသေးပါ။
မဌေးဌေးမြင့်မှာ ပျောက်ဆုံးစဉ်ကာလက ဆံပင်ရှိသူဖြစ်သော်လည်း ရှာဖွေသူများက
အလောင်းကို တွေ့သောအခါ ၄င်း၏အလောင်းတွင် ဆံပင်လုံးဝမရှိဘဲ
ခေါင်းတုံးရိတ်ခံထားရသည်ကို
တွေ့ရသည်။ အလောင်း၏ လည်ပင်းတွင် ညိုမဲနေသော အရာများတွေ့ရပြီး၊ လျာများလည်း
အပြင်သို့ ပြူးထွက်နေသည်။ ကျောကုန်းတွင် ထိုးသွင်းဒဏ်ရာတစ်ချက် နှင့်
ခြေသလုံးတစ်ဖက်တွင် ဒဏ်ရာ တစ်နေရာရှိသည်ကိုတွေ့ရသည်။ မဌေးဌေးမြင့်၏
ရုပ်အလောင်းပါ ဒဏ်ရာဒဏ်ချက်များကိုကြည့်ခြင်းအားဖြင့် ရိုးရိုးရေနစ်သေဆုံးခြင်းမဖြစ်နိုင်ကြောင်း သုံးသပ်ရပါသည်။
သေဆုံးသူ မဌေးဌေးဝင်း နေထိုင်ရာ စမ္ဘလေကျေးရွာအုပ်စုတွင် စမ
္ဘလေ(ကုလား)ရွာမှာ အိမ်ခြေအများဆုံး လူဦးရေ အများဆုံးဖြစ်ပြီး၊ ပထမအကြိမ်
ဘင်္ဂါလီဆူပူမှုများဖြစ်ပြီးကတည်းက
စက်ရုံမော်(ရခိုင်)ရွာမှာ မူလနေအိမ်များတွင် မနေ၀ံ့ပဲထွက်ပြေးကာ
ရခိုင်အိမ်များရှိရာ သေကန်ကျေးရွာဘက်တွင် ယာယီအမိုးအကာများထိုးကာ
နေကြရသည်မှာ ခြောက်လကျော်ပြီ ဖြစ်သည်။ ဒုက္ခသည်များအဖြစ်
အသိအမှတ်ပြုခြင်းကို မခံရဘဲ မည်သည့်နိုင်ငံတကာအဖွဲ့အစည်း မည်သည့် အစိုးရအဖွဲ့အစည်းများ၏ အထောက်အပံကိုမျှမရဘဲ ကုလားများ၏ နှောင့်ယှက်ခြိမ်းခြောက်မှုများကို ရင်ဆိုင်ကာ နေထိုင်ကြရသည်။
စမ္ဘလေရွာသား ကုလားများမှာ အနီးအနားရှိ ရခိုင်/မြန်မာ တိုင်းရင်းသားများအား အမြဲတမ်းရန်စ တိုက်ခိုက်လေ့ရှိသည်။
ပထမအကျော့ ဘင်္ဂါလီဆူပူမှု ဖြစ်ခါစတွင် စမ္ဘလေရွာတွင်းသို့ ကြက်ဝယ်ရန်သွားသော
ရခိုင်အမျိုးသားတစ်ဦး ပြန်ထွက်မလာတော့ဘဲ ပျောက်ဆုံးသွားဖူးသည်။
ပြီးခဲ့သော ၂၀၁၂-ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့ကလည်း သေကန်ရွာသား တစ်ဦး
စက်ရုံမော်ချောင်းငယ်အား ဖြတ်ကူးရန်ပြင် ဆင်နေစဉ် စမ္ဘလေ(ကုလား)ရွာမှ
ကုလားအယောက်(၂၀)ခန့်တို့က တိုက်ခိုက်သောကြောင့် မင်းပြားဆေးရုံသို့
ပို့ဆောင်ပေးခဲ့ရသည်။
(သတိ...ကြောက်တတ်သူများ ( လုံးဝ ) မကြည့်ပါနဲ့ ရုပ်ပျက်နေသည် )
No comments:
Post a Comment