စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Sunday 20 May 2012

ဆင်ခြေထောက်လူသားလေး

ယူဂန္ဒာနိုင်ငံက ကလေးငယ်တစ်ဦးဟာသေစေနိုင်တဲ့ အသားစားကူးစက်ရောဂါတစ်မျိုးစွဲကပ်နေပါတယ်။
အသက်(၁၀)နှစ်ရှိပြီဖြစ်တဲ့ ဗင်းဆင့်အိုကက်ခ်ျလို့ အမည်ရပြီးယောင်္ကျားကလေးပါ။သူ့ ခြေထောက်တွေ
ဟာဆင်ခြေထောက်ကဲ့ သို့ ရောင်ကိုင်းနေတဲ့ တွက်ဘောင်းဘီမ၀တ်နိုင်ရှာပါဘူး။စကဒ်လေးတွေသာ
ဝတ်နေရရှာတဲ့ ကလေးငယ်ဟာလမ်းလဲမလျှောက်နိုင်တဲ့ အတွက်အိပ်ရာထဲမှာပဲနေရှာပါတယ်။
သူနေထိုင်ရာရွာလေးကဆရာဝန်တွေကဆေးမကုပေးနိုင်ရင်ကလေးဟာအသက်ဆုံးရှုံးရဖွယ်ရှိပါတယ်။
ဒါကြောင့်နိုင်ငံတကာမှဆရာဝန်များကူညီပေးရန်မေတ္တာရပ်ခံထားပါတယ်။
ကလေးရဲ့ ရောဂါကိုသတိထားတာကလေးအသက် ၁၈ လသားအရွယ်ကတည်းကဖြစ်ပြီးကလေးမိဘတွေ
ဟာဆင်းရဲတဲ့ အတွက်ဆေးကုမပေးနိုင်ကြပါဘူး။ကလေးရဲ့ ခြေထောက်ကတစ်ဖြည်းဖြည်းပိုကြီးထွားလာ
ပြီးအခြေတေပိုဆိုးရွားလာပါတယ်။ယခုအချိန်မှာတော့ဗြိတိန်ဆရာဝန်တစ်ဦးကယူဂန္ဒာနိုင်ငံကိုရောက်ရှိ
နေပြီးကလေးရဲ့ ရောဂါကိုစစ်းဆေးသွားမယ်လို့ ဆိုပါတယ်။

Tuesday 1 May 2012

လိပ်ကျောကုန်းသဖွယ်ပါလာသောကလေး

      ကိုလံဘီယာနိုင်ငံမှအသက် ၆ နှစ်အရွယ်ဒီဒီယာမွန်တယ်လ်ဗိုကလေးအားအလှူရှင်ဧ။်အကူညီ
      ဖြင့်ပေါင် ၄၀၀၀၀ ခန့် အကုန်ကျခံကာခွဲစိတ်ကုသပေးခဲ့ သည်။