စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ
Saturday 27 September 2014
လူဆိုးဓါးပြတောင် ယုံကြည်ရင် အကျိုးပေးတဲ့ ဂါထာ
အချိန်ကာလ အားဖြင့် ၁၉၈၅ .၈၆ လောက်ကပေါ့။ တောင်တွင်းကြီးနယ်မှာ ကျနော့ အဖေတာဝန်ကြတုန်းက အဖေ ကိုယ်တိုင် ကြုံခဲ့ရတဲ့ အဖြစ်ပျက်လေး တစ်ခုပါ။ အဲ့အချိန် တောင်တွင်းကြီးနယ် တစ်ကြောမှာမြို့ နဲ့ ဝေးတဲ့ ရွာတွေဘက်ဆို ညမိုးချုပ်တာနဲ့  စိုးထိတ် စိတ်နဲ့ အိပ်နေကြရတဲ့ အချိန်။မိန်းကလေးတွေ ၊ကလေး လူကြီးမကျန် ကြောက်နေရတဲ့ အရာက တစ်ကိုယ်တော် ဓါးပြ.ဒီဓါးပြက ပစ္စည်းယူယုံတင်မဟုတ်ဘူး.။မိန်းကလေးတွေဆို မုဒိမ်းကျင့်ဖို့ ခေါ်သွားတယ် ကျင့်ပြီးရင် လမ်းကျ သတ်ပစ်တယ်။ သူ့ ကိုပြန်ခုခံတဲ့ ယောကျာင်္းတွေဆို သူ့ သေနတ်စာ မိခံတယ်။ ဒီလိုလုပ်ခံရတာ အဲ့ဘက်တစ်ကြော ရွာတော်တော် များများ ခံနေရတော့ ညအချိန်ဆို မိန်းမသားတွေမှာ ကြောက်မယ်ဆိုလည်း ကြောက်စရာ...သူ့ မှာ သေနတ်ရှိတယ် မိုက်ရဲတယ် လူစိတ်မရှိဘူး ။ လူတစ်ယောက် အသက်ကို သတ်ဖို့ ဆိုတာ သူ့ အတွက် ခြင်တစ်ကောင် သတ်သလောက်ပဲ. ။ဒီလိုကြောင့် မြို့ နဲ့ အလှမ်းဝေးတဲ့ ရွာတွေဆို သူ့ ရန်ကိုကြောက်နေရတာ မဆန်းဘူးလေ။ အရင်ကဆို လယ်ယာတွေထဲမှာ တဲ ကိုယ်စီနဲ့  ယာ အခင်း ၊ လယ်အခင်း စောင့်ရဲကြပေမယ့် ဒီဓါးပြ ပေါ်လာပြီးထဲက ဘယ်သူမှ လယ်တော၊ ယာတောထဲ သွားအိပ်ဖို့  မဝံ့ရဲကြဘူး။ ခုလိုတွေ လူတွေက စိုးရိမ်လာလေ တစ်ကိုယ်တော် ဓါးပြက အတင့်ရဲလာလေးပဲ။ အရင်ကဆို တစ်လလောက်မှာ တစ်ခါ ဘယ်ရွာကို တိုက်သွားတယ် ။ဘယ်သူတွေကို သတ်သွားတယ်လို့ ကြားရပေမယ့် ခုဆို တပတ်ခြား တစ်ခါတလေ တစ်ပတ်ထဲကို ရွာဆက် တိုက်သတ်နေတဲ့ အထိဖြစ်လာရော..
Tuesday 19 August 2014
မန်ဖာလေးကျေးရွာတွင် မုံယိုနေသောဆင်မှ လယ်သမားတစ်ဦးအား အဆွယ်ဖြင့်ထိုးသတ်ကာ လူသားစားခဲ့(သတိ ကြောက်တတ်သူများ မကြည့်ရ )
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်ခရိုင် မန်ဖာလေးကျေးရွာတွင် ကရင်တိုင်းရင်းသူအမျိုးသမီးတစ်ဦးပိုင် ဆိုင်သော ဆင်တစ်ကောင်အား သစ်ထုတ်လုပ်ရေးလုပ်ငန်းမှ ဌားရမ်းထားရာ သဘာဝအရ ထိုဆင်မှာ မုံယို လျှက်ရှိပြီး ပြေးထွက်လာကာ လယ်သမားဖြစ်သူ ဦဘသောင်း အသက်(၇၀)အား အဆွယ်ဖြင့် ထိုးသတ်ခဲ့ တယ်လို့ သိရပါတယ်။
ဆင်ဆိုသည်မှာ သစ်သီးသစ်ရွက်ကိုသာ စားသောက်သော သတ္တဝါပဲဖြစ်ပါတယ်။ ၎င်းဆင်မှာ သာမာန်ဆင် ကဲ့သို့မဟုတ်ပါပဲ အဆွယ်ဖြင့်ထိုးသတ်ပြီးနောက် ပေါင်နှစ်ခြမ်းဆွဲဖြဲကာ ဝမ်းဗိုက်အတွင်းရှိ အူများကို စားသောက်ခဲ့ပြီး လူသွေးကိုပါသောက်သုံးခဲ့ပါတယ်လို့ သိရပါတယ်။
Monday 18 August 2014
ဘလော့လေးဆီ ခြေဦးမလှည့်နိုင်ခဲ့တာ ကြာခဲ့ပြီ
ဘလော့မိတ်ဆွေများအားလုံး တောင်ပန်းပါတယ် သတင်းတွေမတင်နိုင်တဲ့အတွက် လေးဖြူရဲ့ စိတ်ပူတယ် သီချင်းနဲ့ စာသားလေး တင်ပေးလိုက်ပါတယ်
Tuesday 18 February 2014
လူဥတဲ့ 
ကျွဲလမ်းကုန်းကျေးရွာကအမျိုးသမီးကိုယ်ဝန်လွယ်ထားရတယ်ထင်ပြီး၁၃လလုံးလုံးလွယ်ထား
သောလူဥပါ။အယ်ထရာဆောင်းရိုက်ဖို့ငွေမရှိကျန်းမာရေးအသိမရှိ။အင်းမြန်မာပြည်သူတွေ
အဖြစ်.........
Thursday 9 January 2014
လူတစ်ယောက်၏ နောက်ဆုံး ခရီး ( ကြောက်တတ်သူများ မဖတ်ရ ) ဇတ်သိမ်း
အပိုင်းခွဲရေးလိုက်ရတဲ့ အတွက် ဖတ်ရတာ အားမလို အားမရ ဖြစ်ကြတဲ့ သူငယ်ချင်းအားလုံးကို တောင်းပန်ပါတယ်ဗျာ ..ရေးတုန်းကတော့
အစဆုံး ရေးမလို့ ပဲ။ ရေးရင်းနဲ့  ညကနက် မိုးကရွာတော့ ရေးရတာ ကျောကမလုံလို့  ခုမှ ကျန်တာကို ဆက်ရေးရတာကို နားလည်ပေးကြပါဗျာ...ကဲ စပြီး.........
                      ရင်ခွဲရုံ တံခါးလည်း ဖွင့်လိုက်ရော ဟာာာာာ...ညီစို့ စို့  အနံ့ ရော အပုတ်နံ့ ပါ နှာခေါင်းဝကို ပြေးစောင့်လိုက်တာ အန်ချင်စိတ်ပါ ဖြစ်သွားတယ်။ 
ရင်ခွဲရုံထဲမှာ မီးလုံးဝါကျင့်ကျင့်လေး တစ်လုံးရဲ့  အရောင်အောက်မှာ မြင်ရတဲ့ မြင်ကွင်းက တကယ့်ကို စိတ်မသက်စရာပဲ..အခန်းထဲက ကျောက်ခုံပေါ်မှာ
တငိထားတယ် ၊အလောင်းအောက် ကျောက်ခုံဘေး မှာ မွေးကာစ ကလေးပေါက်စ အလောင်းတစ်လောင်းရယ် ဘယ်အလောင်းက ထုတ်ထားတဲ့  အူနဲ့ 
အတွင်း အူနဲ ကလီစာတွေလည်းတော့ မသိဘူး အပုံလိုက်နဲ့ ..အော့ ရေးရင်းနဲ့ ပြန်မြင်မိတယ်..
                ကျနော်တို့ လည်း ကိုသက်ဝင်း ရဲ့ အလောင်းကို သယ်ဖို့ အနားကပ်ဝင်ကြည့်လိုက်တာ ...ဟာဗျာ..သွေးတွေကမြင်မကောင်းကအောင်
ခန္ဓာကိုယ်မှာရော မျက်နှာတွေမှာပါ ပေကြံလို့  အနံ့ ကလည်း တကယ်ကို ငြီးစို့ စို့ ကြီး သယ်မယ့် လူ ကျနော်တို့ တစ်တွေ တိုင်ပင်သလို တစ်ယောက်
မျက်နှာ တစ်ယောက်ကြည့်ပြီး  ဖြစ်ပါ့မလားပေါ့..ဒီလိုအရည်တွေ ပါးစပ်ကရော တခြားနေရာတွေကပါ ထွက်နေမယ်ဆို တစ်လမ်းလုံး ဒုက္ခရောက်မယ် ပြီးတော့
ကလေးတွေပါပါတယ်။ ရန်ကုန်ရောက်လို့  ရေဝေးမှာ အစဉ်ပြေရင် ကိစ္စ မရှိဘူး၊ မပြေရင် အလောင်းကြီးနဲ့  ဒုက္ခရောက်မယ်ပေါ့..ဒီလိုနဲ့  ရင်ခွဲရုံ အပြင်ပြန်
 ထွက်ပြီး သူ့ မိန်းမကို သေချာ နားလည်အောင်ပြောရတာပေါ့..****. အမရေ ဒီလိုပုံကြီးနဲ့ သယ်သွားရင် လမ်းတောက်လျှောက် ဒုက္ခဖြစ်မှာ ..ဒီလိုလုပ်ပါလား
အမရယ်  ဒီဘီးလင်းသုသာန်မှာပဲ သဲဂြိုလ်လိုက်။ ပြီး ရင် အရိုးပြာပဲ ယူသွားကြရအောင်.. ..ဟိုကြမှ ဂူလုပ်ကြတာပေါ့လို့  ++++နောက်ပြီး ကားသမားကလည်း
အလောင်းသယ်တာ သူ့ အုံနာသိရင် အလုပ်ပြုတ်မှာစိုးပြီး ညှိရတာကခက်နေတယ်..အဲ့လို အခက်ခဲတွေကြောင့် သူ့ အဖေနဲ့ အမေကပါ ဝိုင်းပြောလို့  ..
.ကဲ ဒါဆိုလည်း ဒီဘီးလင်းမှာပဲ မနက်ကြ သဂြိုလ်ကြမယ်..ခုတော့ ရန်ကုန်ကနေ ဇောနဲ့ ထွက်လာကြတာ ဘာမှလည်း မစားခဲ့ရတော့ ဘီးလင်း
လမ်းဆုံဘက် ပြန်ပြီး ထမင်းဆိုင်မှာ တစ်ခုခု သွားစားကြမယ်ဆိုပြီး ထမင်းဆိုင်ဘက် ကားမောင်းထွက်ခဲ့ကြတာပေါ့..ထမင်းဆိုင်ရောက်တော့ တခြားသူတွေ့
စားကြပေမယ့် ကျနော်နဲရင်ခွဲရုံထဲ ဝင်ခဲ့တဲ့ အဖော် တစ်ယောက်က စားလို့ ကိုမရ ။ရင်ခွဲရုံက ငြီစို့ စို့  အနံ့ ကြီးက စွဲနေပြီး အူအပုံလိုက်ကြီးကို ပြန်မြင်နေတော့
ဘယ်လိုမှကို စားလို့ မရတော့ဘူး အအေးပဲသောက်လိုက်ရတယ်..ဒီလိုနဲ့  အဲ့နားက ဆိုင်တွေနား ဟိုရပ် ဒီရပ် ကားဂိတ်နားက ဘောလုံးပွဲပြတဲ့ ရုံမှာ
 အချိန်ဖြုန်းကြရင် မနက်ရောက်ဖို့  စောင့်ရတော့တာပဲ....
                         မနက်လည်းရောက်ရော ဆေးရုံဘက်ကို ကားမောင်းပြီး လုပ်စရာရှိတာ လုပ်ဖို့  ဘုန်းကြီးပင့်ပြီး သက်ပျောက်ဆွမ်းကပ်ဖို့ 
လုပ်ကြရတာပေါ့..အဲ့အချိန်မှာ ဆေးရုံထဲဘီးလင်း မြို့ ခံတစ်ယောက်က ရောက်လာပြီး အကျိုးအကြောင်းမေးတယ် ..တအောင့်နေတော့ သူ့ အဖော် ၃ ယောက်
လောက်နဲ့  ပြန်လာပြီးသူတို့ အစဆုံး တာဝန်ယူလုပ်ပေးမယ်ပေါ့. ဘုန်းကြီးပင့်တာ အခေါင်းစပ်တာကအစ မီးသဲဂြိုလ်တာပါ အပါ ၅ သောင်းပေးမလား
 လာညှိတယ်။ ကျနော်တို့ လည်း အသိမရှိတာရော ညနေရန်ကုန် စောစော ပြန်ရောက်ဖို့ တွက် နယ်ခံတွေဆိုတော့ အကုန်စီစဉ်ပေးတာ ပိုကောင်းတယ်
ဆိုပြီး .. ကာယကံရှင်ကလည်း သဘောတူလို့  သူတို့ နဲ့  အပ်လိုက်တယ်.. ခဏနေတော့ ဘုန်းကြီးကြွလာပြီး သီလနာ သက်ပျောက်ဆွမ်းကပ်..ခုနက
လူတွေက ရင်ခွဲရုံနားမှာပဲ ပျဉ်တွေထမ်းပြီး အခေါင်းစပ်နေကြပြီး လုပ်စရာရှိတာလုပ် ဝယ်စရာရှိတာတွေဝယ် ဘီးလင်းလမ်းဆုံ ပြေးလိုက်ဝယ်လိုက်နဲ့ 
မနက် ၁၁ ကျော်လောက်ရောက်တော့ အခေါင်းကလည်း စပ်ပြီးပြီ၊  အလောင်းကို မီးရှို့ ဖို့  ထင်းဝယ်ထားတာကို ကျနော်တို့  ကားနဲ့ လိုက်သယ်ပေး
ပါဆိုလို့  ဘီးလင်းမြို့ ထဲ ထင်းလိုက်သယ်ပေးရတယ် ..အဲ့မှာ ထင်းသယ်လာတော့ ကျနော်သူတို့ ကို မေးတယ်..*** အကို ထင်းက မနည်းဘူးလားလို့ 
 လူတစ်ယောက်ပြာကြအောင် ရှို့ ဖို့  ထင်းက လက်ကောက်ဝတ်လောက်ထင်းတုံး ၁၀ တုံးလောက်နဲ့  စက်ဘီးတာယာ ၃ ခု ၊ ဓါတ်ဆီ ၂ ပုလင်းလောက်
တော့ပါမယ်ထင်တယ် ပုံးတစ်ပုံနဲ့  ဆိုတော့ နည်းတယ်လို့  ကျနော်ထင်တယ် ကျနော့အကို ကို မီးသဂြိုလ်ခဲ့တုန်းက ဒီထက်ကြီးတဲ့ ထင်တုံးကြီးတွေ
၆ တုံး ၇ တုံး တခြားထင်းအသေးတွေပါ ပါတာတောင် အရိုးပြာကြအောင် မနည်းအချိန်ပေး ရှို့ ခဲ့ရတော့ သူတို့ ဝယ်တဲ့ထင်းက နည်းနေတာဆိုတာကို
သိတာပေါ့ ..ဒါပေမယ့်သူတို့ က ရတယ်တဲ့ သူတို့  ဒီလိုပဲ သဂြိုလ်ပေးနေကြဆိုလို့  ကျနော်လည်း ဘာမှပြန်မပြောတော့ဘူး ။ဒီလိုနဲ့  ဆေးရုံရောက်တော့
 အားလုံးအစဉ်သင့် ဖြစ်နေပြီ သချို င်္င်းကုန်းကို သွားကြဖို့  အခေါင်းထဲ အလောင်းထည့် သယ်ပြီး ဘီးလင်းသချိုင်္င်းကုန်းဆီကို  နေ့ လည် ၁၂ လောက်
အသုဘချကြတော့ပေါ့. သချို င်္င်းကုန်းက ကားလမ်းဘေးကနေ ဖယ်ပြီး လမ်းချိုထဲ ၅ မိနစ်ကျော်ကျော်လောက် ဝင်လိုက်တော့ ရောက်ရော..
လမ်းဘေး ဝဲယာမှာ ရာဘာပင်တွေ ချုံတွေနဲ့ တိတ်ဆိတ်နေတဲ့ နေရာတစ်ခုပေါ့..
                   သချို င်္င်းကုန်ရောက်တော့ အခေါင်းကို ချ သူ့ မိသားစုနဲ့  ကလေးတွေ က ကန်တော့စရာရှိတာ ကန်တော့ ပြီးတာနဲ့  ခပ်ဝေးဝေးမှာ  ၊
ကားကို ပြန်သွားရပ်ခိုင်းလိုက်တယ်မီးရှို့ တာကို အနီးကပ်ဆို  ကလေးတွေ မြင်ရင် ကြောက်မှာစိုးလို့ ..အဝေးကပဲ ကြည့်ပေါ့..ကျနော်တို့ နဲ့ ခုန
လူတွေကတော့ ထင်းပုံပေါ် အခေါင်းတင် ဓါတ်ဆီလောင်း စက်ဘီးတာယာတွေတင် စပြီး မီးရှို့ တာပေါ့..ဘယ်ချိန်ထဲက သောက်ထားကြလည်းတော့မသိဘူး
 မီးသဂြိုလ်ပေးမယ့် လူတွေက စသဂြိုလ်ထဲက အတော်မူးနေကြပြီး .မီးရှို့ ကြရင်း အရက်ပုံးထဲက အရက်လက်ကျန်ကို သူတို့  ထိုင်သောက်လိုက်
 မီးတောက်နည်းရင် ဓါတ်ဆီထထည့်လိုက်နဲ့ ။ကျနော်တို့ ကတော့ အရိုးပြာယူဖို့  အရိုးကြမယ့်အချိန်ထိ စောင့်ရမှာပေါ့ ခုမှနေ့ လည် ၁ နာ၇ီလောက်ပဲ
ကုန်းကုန်းကွကွ ( မီးမရှို့ ခင် အလောင်းကို မှောက်တင်ပြီး ရှို့ လို့  ) ဘေးအသားတွေ အဆီတွေကတော့ မီးတောက်တွေကြား ဗျစ်ဗျစ်ပေါ့. .ညှော်တာလည်း
တအားပဲ.ဒီလိုနဲ့  ကျနော့အထင် တစ်နာရီတောင် မကြာပါဘူး သူတို့ ယူလာတဲ့ ထင်းကုန်ရော လူကောင်ကြီးက ဒီတိုင်းပဲကျန်သေးတယ်..သူတို့ ကို
ဘယ်လိုလုပ်မလဲ မေးတော့လည်း အတော်ကိုမူးနေတော့  ဟိုလိုလို ဒီလိုလိုနဲ့  ..ခက်ပြီ ဒုက္ခ တကယ့်ကို ဒုက္ခ...ခုချိန် ထင်းက ဘယ်ကဘယ်လိုရှာရမှန်းမသိ
ဘီးလင်း မြို့ ထဲထင်းပြန်ဝယ်၊သယ်တဲ့အချိန်နဲ့ ဆို မိုးချုပ်တာတောင် ပြာကြပါ့မလား ခေါင်းတွေပူ စိတ်တွေလည်းပူပေါ့ ။  ကာယကံရှင်ကတော့
မသိသေးဘူး ဟိုအဝေးကားပေါ်မှာ အဲ့အချိန်မှာ ကျနော်တို့ နားကို  လူရည်သန့်  အသက်  ၄၀ လောက် လူတစ်ယောက် ရောက်လာပြီး **
*ဒီကောင်တွေကြောင့် ခက်တယ်ဗျာတဲ့ ဒီကောင်တွေ အဲ့လိုလုပ်လို့  ကျနော် ရှင်းပေးရတာလည်း ခဏခဏပဲတဲ့ နယ်ကလာတဲ့သူတွေဆို
ကျနော် တာဝန်ယူလုပ်ပေးလို့  ရတာပေါ့ခုတော့ ထင်းက မလောက်နဲ့  ဘယ်လို ဆက်ရှို မလဲတဲ့ ၊ ကျနော်တို့ ကလည်း နယ်ခံ အားကိုးစရာဆိုလို့   *
သူပဲရှိတော့တာလေ မထူးတော့ဘူး*အကိုရာ ကျနော်တို့ က ရန်ကုန်ကို မိုးမချုပ်ခင်ပြန်ချင်တာ အဲ့ကြောင့်လည်းဆေးရုံးထဲလာမေးတော့ နယ်ခံတွေလည်းဖြစ်
အစဆုံး သူတို့ ပဲလုပ်ပေးမယ်ဆိုလို့  ယုံကြည်လို့ အကုန်အပ်လိုက်တာ ..အဲ့လိုမှန်းသိရင် အကိုဆီပဲ အကုန်လုပ်ခိုင်းမှာပေါ့လို့  ခုလည်း ဒီအလောင်းကို
အမြန်ပြာကြဖို့  အကိုပဲ တာဝန်ယူပေးပါ ဆိုပြီး ပက်ဆံ ၃ သောင်းယူပါလို့ ထုတ်ပေးတာကို မယူဘူး .အဲ့လူက **အင်း ခက်တယ်ဗျာ..ခုမှထင်းကလည်း
 မြို့ ထဲဝင် ရှာရမယ်ဆို အချိန်က လင့်သွားမယ်..ဒီလိုလုပ်ဗျာ** ကျနော်နဲ့ အတူ အကုန် ဒီသချို င်္ကုန်းထဲက ရသလောက် ထင်းနဲ့ သစ်ကိုင်းခြောက်တွေ
လိုက်ကောက်ကြရအောင် ဟိုနေ့  သဂြိုလ်လို့ ပို တဲ့ ထင်းနည်းနည်းလည်း ကျနော့ ဆီရှိသေးတယ် ..ဒါပေမယ့် လူကောင်ကြီးကို ဒီတိုင်းရှို့ ရင်တော့
 ခင်ဗျားတို့  ထင်းရှာတဲ့ အချိန်နဲ့ ဆို မိုးချုပ်သွားမယ်တဲ့ မြန်မြန်ပြာကြချင်ရင်တော့ ကျနော့ကို ခွင့်ပြုမယ်ဆို အလောင်းကို ဓါးနဲ့ ခုတ်ထစ်ရှို့ မှရမယ်
..ကျနော်တို့ လည်း အဓိကက ပြာကြဖို့ ပဲ ဘယ်လိုပဲရှို့ ရှို့  ရတယ် ခွင့်ပြုတယ်လို့  ဒါပေမယ့် သူ့ မိန်းမနဲ့ ကလေးတွေ မသိ မမြင်အောင် ကားသမားကို
ခေါ်ပြီး ကားကိုလမ်းမဘက်ပြန်မောင်းသွားလိုက်တော့လို့  ငါတို့ အရိုးပြာရရင် လာခဲ့မယ်  ညနေစောင်း သချို င်္င်းကုန်းမှာ ကလေးတွေနဲ့ ဆို မကောင်း
ဘူးပြောပြီး ကားကို အပြင်လမ်းမမှာ သွားစောင့်ခိုင်းရတယ် ကားလည်းထွက်ရော ထင်းရှာကြရတာပေါ့အကုန်လုံး။
                              ထင်းကို နာရီဝက်လောက် ရှာလိုက်တော့ အတန်သင့်ရတယ် ။သစ်ကိုင်ခြောက်တွေ အမည်မှတ်တိုင် ဟောင်းတွေ အကုန်စု
ဟို့ လူ့ လက်ကျန်ထင်းနဲ့ ဆို ရလောက်ပြီ..မီးကိုပြန်ပြီး မွှေး အလောင်းကြီးကို ဘေးချပြီး ခုန လူက သူ့ တဲထဲက ဓါးယူလာပြီး လူတစ်ယောက်ကို
အမဲဖျက်သလိုပဲဗျာ လက်မောင်းရင်းတွေ ခုတ် မီးပုံထဲ ပစ်ထည့် ၊ပေါင်ရင်းတွေခုတ် ဗိုက်ခွဲ အူတွေထုတ်  ရင်ဘုံ နှစ်ခြမ်းခွဲ ခုတ်ထစ် အကုန်
 မီးပုံးထဲထည့် ထင်းတွေ အပေါ်ကအုပ် နဲ့ မီးတောက်တွေကြား လက်ကြီး ကလှုပ်လှုပ် ဗောင်းကနဲ့ ထထပြီး ပေါက်ကလည်း ပေါက်သေးတယ်။
ဒီလိုနဲ့  မီးရှို့ လာတာ နေတောင် အတော်စောင်းပြီး လူကောင်းကြီးလညိး အတော်တော်ကုန်သွားပြီး အရိုးတွေကတော့ ကျန်သေးတယ်
 ဆက်စောင့်နေရင်း မိုးချုပ်သွားမှာစိုးလို့  အကိုရာ ကျနော်တို့  ဂူလုပ်ဖို့  အရိုးအရင်ယူချင်တယ်လို့  ကျန်တာကို အကိုသာ ဆက်ရှို့ ထားလိုက်
ရလားဆိုတော့ ..ရတာပေါ့ကွာတဲ့ ညညဆို ငါအဲ့လိုပဲ တချို့ အလောင်းတွေကို ရှို့ ပေးနေတာ စိတ်သာချ ဘာမှ မပူနဲ့ တဲ့ ကဲ ဒါဆို အရိုးကို 
ယူလို့ ရအောင် သူလုပ်ပေးမယ်ဆိုပြီးမီးပုံထဲက လက်ကြီးကို ထင်းနဲ့ ကလော်ထုတ် ..သူ့ ဓါးနဲ့ လက်ချောင်းတွေကို ၄ ချောင်းလောက် ဖြတ်ပြီး
ခုတ်ယူလိုက်တယ် ။ ပြီးတော့ အဲ့လက်ချောင်းလေးတွေမှာ ရှိနေတဲ့ အသားစတွေကို သူ့ ဓါးနဲ့ ခြစ်ထုတ်ပြီး ကျနော်တို့ ဆီယူလာပြီး လာပေတယ် ။
လက်ချောင်းလေးတွေမှာ  သွေးစတွေနဲ့ ဆိုတော့ အကို သွေးစတွေ ပျောက်အောင် မီးနဲ့ ပြန်ကင်ပေးပါအုံးလို့    သွေးစ တွေနဲ့ ဆို ကာယကံရှင်တွေ
 မြင်ရင် စိတ်မကောင်းဖြစ်အုံးမယ်။ အရိုးပဲကျန်တော့မှ ကျနော်တို့ ဆီ ယူလာပြီး ရော့ ဂူလုပ်ဖို့  ဒါယူသွား။  သူယူလာတဲ့ လက်ဆစ်အချောင်း ၄ခု
လောက်ကို မြေအိုးထဲ ထည့်ပြီး ကဲ ဒါဆို ကျနော်တို့ ပြန်မယ်..အလောင်းပြာကြအောင်တော့ မီးရှို့ ပေးပါလို့  ဘယ်လို မှသဘောမထားပါနဲ့ အကိုရာ
အကိုလှူချင်လည်းလှူပါဆိုပြီး ငွေ ၃ သောင်းကို ဇွတ်ပေးမှ ယူတယ် ပြီးတော့ သူက အလောင်းပြာချဖို့  ဘာမှမပူပါနဲ့ စိတ်သာချ ကျနော် သချို င်္င်းကုန်း
မှာနေပေမယ့် ဂတိတည်တယ် ပြာကြတဲ့ထိရှို့ ပေးမယ်ပြောတာနဲ့  ကျေးဇူးတင်ပါတယ် အကိုလို့ ပြောပြီး အရိုးအိုးကို ကိုင်ပြီး ကျနော်တို့ လည်း
ကားဆီသုတ်ခြေတင်ရတာပေါ့ နေလည်း အတော်ကိုစောင်းနေပြီကို ။
                                         ကားပေါ်ရောက်မှ သက်ပြင်းချနိုင်တော့တယ် ။ ကားစထွက်တော့အမှောင်ဘက်တောင် သမ်းနေပြီး ခုနမီးရှို့ နေရင်းနဲ့ 
သချို င်္းစောင့်တဲ့သူပြောပြတဲ့ သူနောက်ကြောင်းကလည်း တကယ့်ကို သနားစရာပဲဗျာ.သူ့ ရုပ်ရည်က သားသားနားနားမို့  ဘာလို့ ဒီသချို င်္င်းကုန်းမှာ
တစ်ယောက်ထဲလာ နေပြီး ဒီလိုလုပ်နေတာလည်း မေးတော့ သူက အရင်က ဘီးလင်းဆေးရုံးမှာ ဆေးစပ်ပေးတဲ့ သူ ဘွဲ့ ရပြီးသား တဲ့၊ ဒါပေမယ့်
 ဘယ်လိုကြောင့် ကူးသွားတယ် မသိ ( မိန်းမလည်း မလိုက်စား ) ပဲ သူ့ မှာ အေအိုင်ဒီအက်စ် ဖြစ်နေတော့ အလုပ်ကပြုတ် သူ့ မိန်းမနဲ့ ကလေးကလည်း
 သူ့ ဆီကနေကူးတဲ့ ရောဂါကြောင့် သေပြီး သူတစ်ယောက်ထဲ ဒီမှာ လာလုပ်နေတာဆိုတဲ့ အကြောင်းပြောပြလို့  အော် လူ့  ဘဝဆိုတာလည်း
 ဒီလိုပါလားလို့ သူကပြောသေးတယ် သေချင်တာက ကျနော်တဲ့ သေတော့ ကျနော့မိန်းမရော ကလေးရော ။နောက်ဆုံး သူတစ်ယောက်ထဲ
 ဘဝဟာ အဓိပ္ပာယ်မဲ့သလိုဖြစ်သွားတော့ သူ့ မသေခင် အလောင်းတွေကို သဂြိုလိပေးရင်း  နေထွက်နေဝင် အချိန်ကို အဓိပ္ပာယ်ရှိစွာနဲ့  သေဖို့ ပဲ
 စောင့်နေပါတယ်တဲ့ မသေခင် စိတ်ကောင်းမွေးပြီး လုပ်နိုင်သလောက် ကုသိုလ်ကောင်းမှု့ ယူသွားဖို့ ပါပဲတဲ့။ သာဓုပါဗျာ..လောကမှာ တစ်နေရာထဲက
လူတွေ လူချင်းတူပေမယ့် အသက်ရှုပုံချင်းကွဲသလို စိတ်ဓါတ်တွေလည်း ကွာခြားလှတာကို တစ်နေရာထဲမှာ တွေ့ လိုက်ရတယ်. အဲ့တွက်လည်း
ကာယကံရှင်တွေ ကိုယ်စား ဘီးလင်း သချို င်္င်းကုန်းက စေတနာထားပြီး ကူညီပေးတဲ့ အကိုတစ်ယောက်  ဒီဘဝမှာ ကံကြမ္မာ မျက်နှာမပေးလို
့ သောကတွေ ရောက်ရပေမယ့် ခုဘဝမှာထားတဲ့ အကို့ စေတနာ အကို့ ကုသိုလ်တွေကြောင့် နောက်ဘဝမှာ ဒီလို အဖြစ်ဆိုးတဲ့ ဖြစ်ရပ်တွေနဲ့ မကြုံပဲ
 ပျော်ရွင်သောမိသားစုနဲ့ အတူ သက်ဆုံးတိုင် ကံကောင်းပါစေလို့  ရန်ကုန် အပြန်လမ်း ကားပေါ်ကနေ အတွေးနယ်ချဲု့ ပြီး ဆုတောင်းပေးလိုက်ပါတယ်ဗျာ........။
Wednesday 8 January 2014
လူတစ်ယောက်ရဲ့  နောက်ဆုံး ခရီး ( ကြောက်တတ်သူများ မဖတ်ရ )
                              သူငယ်ချင်း အားလုံး နှစ်သစ်မှာ မင်္ဂလာပါဗျာ ။ ကျနော်လည်း မအားတာရော ၊ပျင်းတာရောနဲ့ သူများရေးတာတွေပဲ လိုက်ဖတ်နေတာ ကြာပြီ ။ ခုတော့ အလုပ်နားထားတုန်း  သူငယ်ချင်းတို့  တွက် ဗဟုသုတနည်းနည်း  ဖြစ်ဖြစ် ၊ရလောက်မယ်ထင်တဲ့ အတွေ့ အကြုံလေး တစ်ခု ဒီကနေ့ တော့ စပ်မိစပ်၇ာ သူငယ်ချင်းတွေတွက် မျှဝေလိုက်တယ်.ဒါပေမယ့် တစ်ခုတော့ ကြိုပြောပါရစေ ခုရေးမယ့် အဖြစ်ပျက်ဟာ တကယ်  ကျနော် ကိုယ်တိုင် ကြုံခဲ့တာမို့  ကာယကံရှင် အမည်ရင်းကလွဲလို့ 
ကျန်တာတွေကို ကျနော် ကြုံခဲ့တဲ့ အတိုင်း ရေးမှာပါ ။ အဲ့ကြောင့် ကြောက်တတ်သူများနဲ့  ရွံ တတ်သူများ မဖတ်ချင်ရင် မဖတ်မိဖို့  ကြိုတင်ပြောပါရစေ........
                        အဖြစ်ကတော့ ဒီလိုဗျ လွန်ခဲ့တဲ့ ၈ နှစ်လောက် ကျနော် မလေးကနေ ရန်ကုန်ကို  ပထမ တစ်ခေါက်ပြန်တုန်း ဖြစ်ပျက်ခဲ့တာလေးပါ။ ကျနော်တို့ လမ်းထဲ ၊လမ်းထဲဆိုတာထက် ကျနော့ အိမ်ဘေးက အကိုလိုခင်တဲ့ သူတစ်ယောက်ဆုံးလို့  လိုက်ပို့  သဂြိုလ်ခဲ့ရတာလေးပါ။ ကျနော် ပြန်ရောက်ပြီး မကြာခင် အဲ့အကို ကိုသက်ဝင်း ( အမည် လွှဲထားပါတယ်) ဆေးရုံးက ပြန်ဆင်းလာတာ မကြာသေးဘူး ။ အရက်က အရမ်းသောက်တော့ အသည်းတွေက မခံနိုင်ပဲ ဆေးရုံတက်ရတာ။ သူတို့ မှာ လော်လီကား ထောင်ထားတော့ အော်ဒါရရင် ကားမောင်းသမား ငှါးပြီး သူကိုယ်တိုင် ဘေးကနေလိုက် ညနေ အိမ်ပြန်ချိန်ဆို ကားက လမ်းထဲတန်းမဝင်ဘူး လမ်းထိပ် အရက်ဆိုင်မှာ ကားထိုးပြီး သောက်စားပြီးမှ အိမ်ပြန်လာတာ ။ ကြာလာတော့ အရက်ဒဏ်ရယ် ၊ကားခုန်တဲ့ ဒဏ်တွေကြောင့် အသည်းထိလာတာပေါ့ ။ ဆရာဝန်က မှာလိုက်တယ် အရက်ကို လုံးဝ သောက်လို့ မရဘူး ။ကားလည်း မလိုက်နဲ့ အုံး ၊ အိမ်မှာပဲ အေးဆေး ၂ လ ၃ လ အနားယူအုံးလို့  မှာလိုက်တာကို သူက မရဘူး ။အရက်က နိုင်သွားတော့ သူ့ မိန်းမ မသိအောင် ခိုးသောက်တယ် ၊ သူသေမယ့်နေ့  ကားက သထုံဘက်ကို အော်ဒါရတယ် ။ကားမောင်းသမား တစ်ယောက်ထဲဆို စိတ်မချလို့ သူပါလိုက်မယ်ဆိုပြီး ဇွတ်လိုက်သွားတာ ၊သွားတုန်းထဲက ကားပေါ်အရက်ကို ပါဆယ်ဝယ်ပြီးသောက် ကားကခုန် ၊ပြန်လာတော့ ဘီးလင်းနားအရောက် ညဘက်ကြီး သွေးတွေ အန်ပါလေရော သူ့ ကားမောင်းသမားက ပွေ့ ပြီး ကားတစ်စီးငှါး ဘီးလင်းဆေးရုံးပို့ ပေမယ့် ဟိုရောက်တော့ သွေးအန်တာလွန်ပြီး  ဆုံးပြီ။ အဲ့ဒါနဲ့  ကားသမားလည်း ညတွင်းချင်း ဖုန်းဆက်အကြောင်းကြားလို့  ကျနော်တို့  လူရင်း ၅ ယောက်လောက်နဲ့  သူ့ မိန်းမရယ် ကလေး ၂ ယောက်ရယ်  သူ့ မိန်းမ အဖေ အမေနဲ့  ညတွင်းချင်း လိုက်ကြရတာပေါ့...အဖြစ်က အဲ့မှာစတာပဲ
                      သူ့ မိန်းမက အလောင်းကိုညတွင်းချင်း ရန်ကုန်ပြန်သယ်မယ် ။ ပြီးရင် ရေဝေးမှာထားမယ်။ သဂြိုလ်ပြီးရင် အရိုးကောက်ပြီး ရန်ကုန် တစ်ဖက်ကမ်းက သူတို့ ရွာမှာ အုတ်ဂူ လုပ်ပေမယ် အဲ့လိုစီစဉ်လာတာ အဲ့တွက် အလောင်သယ်ဖို့  ကျနော်တို့ က အမာခံတွေပေါ့ ။အလောင်က သယ်မယ်ဆိုလည်း လူသေတစ်ယောက်လို သယ်လို့ မရဘူးလေ ။လမ်းစစ်ဆေးရေး ဂိတ်တွေကလူသေကို သယ်လို့ မရဘူး။ စစ်တယ်။ အဲ့တွက် လူနာသဘောမျိုး တစ်ယောက်တလှည့်ပွေ့ ပြီး ဟန်ဆောင်ပုလင်းချိတ်ပြီး သယ်ရမှာ။အဲ့တွက်က ကိစ္စ မရှိဘူး ဆရာဝန်နဲ့ ညှိလို့ ရတယ် ။ ခက်တာက ခုကျနော်တို့  ငှါးလာတဲ့ လိုက်အေ့ ကားမောင်းတဲ့ သူကို ညှိရမှာ သူ့ ကို အလောင်းသယ်မယ်ဆိုပြီး ငှါးလာတာမဟုတ်ဘူး။ ဟိုမှာ သွားသဂြိုလ်မှာဆိုပြီး ငှါးလာတာ ။ ဒါပေမယ့် သူက ကိုယ်ပိုင်ကားမောင်းသူမဟုတ်ဘူး ၊ အဲ့တွက် ညှိရတာတော့ သိပ်မခက်လောက်ဘူး ပက်ဆံထပ်ပေးပြီး ညှိရမှာပေါ့...
                       ဒီလိုနဲ့ ရန်ကုန်ကနေ ညနေ စောင်းလောက်ထဲက မောင်းလာတာ ဘီးလင်းရောက်တော့ ည ၉ နာရီကျော်လောက်တော့ရှိမယ်။ ဘီလင်း လမ်ဆုံမှာ လော်လီကားသမားက ထိုင်စောင့်နေတယ် ။ ကျနော်ကားမြင်တော့ လက်တားပြီး ဆေးရုံတန်းမောင်းတာပေါ့ ။ ဘီးလင်းဆေးရုံရောက်တော့ မှောင်မဲနေတာပဲ နယ်ဆေးရုံဆိုတော့ မီးက လင်းလင်းထင်းထင်း မရှိ။ ဆေးရုံက တောင်ခြေမှာ ဆောက်ထားတာ ဆေးရုံရောက်တော့ ဆရာဝန်နဲ့ တွေ့ အကျိုအကြောင်း ပြောရတာပေါ့ ။အလောင်ပြန်သယ်ဖို့  အဲ့တွက်တော့ ဆရာဝန်ကရတယ် သူလုပ်ပေးလိုက်မယ်ပေါ့ လမ်းမှာရောက်မှ ဆုံးတဲ့ ပုံစံမျိုး။ ဒီလိုနဲ့  အလောင်ထားတဲ့ ရင်ခွဲရုံက ဟိုတောင်ခြေဘက်မှာ မှောင်မဲနေတာပဲ ။တောင်ပေါ်မှာတော့ ဘုန်းကြီးကျောင်းရှိတယ် ။ကျနော်တို့  ရောက်တော့ အသံမစဲပဌန်းပွဲရှိတယ်ထင်တယ် ၊တရားသံတွေ ကြားနေရတယ်။ ဒါပေမယ့် တောင်ခြေမှာတော့ မှောင်မဲလို့ ပေါ့။ ရင်ခွဲရုံ သော့ကိုင်က ရှေ့ကဦးဆောင်ပြီး အလောင်သယ်မယ့် ကျနော်တို့  လူငယ် ၅ ယောက်က နောက်ကပေါ့ ..လူကလည်း တိတ် ၊ မှောင်ကလည်းမှောင် ပြီးတော့ ငှက်ဆိုးအော်သံလိုလို ပုရစ်အော်သံလိုလို တွေနဲ့  ဘာပဲပြောပြော စိတ်ထဲမှာတော့ ဟိုတွေး ဒီတွေးနဲ့  ကြက်သီးတွေလည်းထ။ ရင်ခွဲရုံရောက်တော့ သော့ဂလောက်ကို ဖွင့် ဖို့  တစ်ယောာက်က ဓါတ်မီးထိုးပေးရတယ် သော့ပွင့်သွားတော့ မင်တုန်းက သံချေးတက်နေလို့ လား ကြပ်လို့ လားတော့မသိ ၊ရင်ခွဲရုံစောင့်က အားနဲ့  တအားဆွဲချလိုက်မှ ဒိုင်းဆိုပြီ  မင်းတုန်က ပွင့်ပြီး တံခါးလည်း ဖွင့်လိုက်ရော.............ဟာာာာာာာာာ မနက်ဖြန်ဆက်ရေးပါမယ် ခုတော့ ည ၁၂ ခွဲနေပြီး ဆက်ရေးရမှာ ကျောမလုံဘူး ဟိဟိ အပိုင်း ၂ ကို မျှော်