စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Thursday 17 October 2013

ထိုင်းနိုင်ငံဖူးခက်မြို့ကစူပါမားကတ်မီးလောင်

မြန်မာအလုပ်သမားအတော်များများအလုပ်လုပ်တဲ့ နေရာပါလူအယောက်(၂၀၀)လောက်သေတယ်လို့ ကြား
ပါတယ်၊

Tuesday 15 October 2013

ပြောရမှာတော့ကြောက်ပါတယ် ငါ့တူရယ်

ရွာတစ်ရွာကို ည သန်းခေါင်ကြီး မျက်နှာဖုံးစွပ်ထားတဲ့ ဓါးပြတွေ ဝင်တိုက်ပါလေရော..ရွာထဲက ရှိသမျှအိမ်အကုန်တိုက်တာ အဘွားအိုနေတဲ့ အိမ်ရောက်တော့

အဖွားအိုကို သေနတ်ကြီးနဲ့ ချိန်လို့  "ဒီမယ် အဘွားကြီး ရှိသမျှအကုန်ထုတ်" ဆိုပြီ နားက နားကပ်ကို ဓါးပြက ချွတ်ယူနေတုန်း အဘွားအိုက သူ့ ဘေးမှာရှိတဲ့ ကွမ်းအစ်ထဲက

ထုံးနဲ့ ဓါးပြမသိအောင် သေနတ်ပြောင်းကို သုတ်လိုက်တယ်..ဒီလိုနဲ့  မနက်စောစောဓါးပြတိုက်ခံရတဲ့ရွာကို ကူညီဖို့  စစ်တပ်ကြီးရောက်လာပါလေရော..ဒန့် ..ဒန့် 

ရွာသားတွေကိုစုပြီး မေးတာပေါ့ ဗိုလ်ကြီးက ညက တိုက်သွားတဲ့သူတွေကို မှတ်မိလား..ကျနော်တို့  လိုက်ရှင်းရမယ် ပြည်သူကို စောင့်ရှောက်ရမယ့်တာဝန် ကျနော်တို့ မှာရှိတယ်. ညက

အချိန်မှီရောက်မလာ နိုင်တဲ့ အတွက် စိတ်မကောင်းကြောင်း ဓါးပြ ပုံစံတွေကို မှတ်မိတဲ့သူတွေ ပြောပြပါ ကျနော်တို့  အချိန်မီဖမ်းစီးဖို့ ပါ.ကဲ မှတ်မိသလောက်ပြောပြကြပါ ဖြစ်ချင်တော့

စစ်ဗိုလ်ကြီးက အဘွားအို ရှေ့သွားပြီ "အဘွားရော မှတ်မိလား မှတ်မိရင် ပြောပြပါအဘွားဆိုတော့"..အဘွားအိုက "အင်း မှတ်တော့ မှတ်မိပါတယ် ငါ့တူရယ်

ဒါပေမယ့်ပြောရမှာ ကြောက်ပါတယ်"..စစ်ဗိုလ်ကြီးက "အာ..အဘွား ဘာမှမကြောက်နဲ့  ကျနော်တို့  ရှိတယ်.ပြောမှာသာပြော ဆိုတော့..အဘွားအိုကသူ့ ရှေ့မှာ မြင်နေရတဲ့

ဗိုလ်ကြီးလက်ထဲက သေနတ်ကြီးကို လက်ညှိုးထိုးပြီး" အဘွား မှတ်မိတာကတော့ ဟော့ဒီထုံးရာ ပါတဲ့ သေနတ်ကြီးပါပဲကွယ်...ဟီးဟီး"
                                                                     ငယ်ငယ်ကကြားဖူးမိသောဟာသလေးပါ