စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ
Monday 30 January 2012
ယောကျာင်္းဘ၀မှ မိန်းမဘ၀ ပြောင်းယူသူ (ခွဲစိပ်ပုံအဆင့်ဆင့်များ)
ထိုင်းနိုင်ငံမှာ ယောကျာင်္းဘ၀ကနေ မိန်းမ ဘ၀ပြောင်းလို သူများအတွက် ခွဲစိပ်ပေးနေပုံပဲဖြစ်ပါတယ်..
 ( ၁ ) ပထမ ဆင့် အမျိုးသား အင်္ဂါအား ဖြတ်ထုတ်လိုက်ပုံ ဖြစ်ပါတယ်
Saturday 28 January 2012
ဒါ မြန်မာပြည်က အက မြန်မာအဆိုတော်မလေးတွေတဲ့ဗျာ ကြည့်ကြပါအုံး
သီချင်းစာသားသေချာနားထောင်ကြည့်ပါ ၇န်ကုန်မြို့ လယ်မျှော်စင်ကျွန်းမှာဆိုတာ
မုံရွာက က မွေးလာတဲ့ ကလေး အကူအညီလိုအပ်
ယနေ့ မုံရွာပြည်သူ့ဆေးရုံကြီးတွင် မုံရွာမြို့ မြစ်အနောက်ဘက်ကမ်းဘက် ရွာမှ ဆင်းရဲချိုတဲ့ သည့် ကိုယ်ဝန်သယ်တစ်ယောက် ကလေးမွေးဖွားခြင်းဖြစ်ပါသည်။ ကလေးက အခုချိန်ထိ အသက်ရှင်နေတုန်းဆဲဖြစ်ပါသည်။ ငွေကြေးချို့တဲ့မှုကြောင့် အကူအညီ လိုနေပါသည်။ မုံရွာပြည်သူဆေးရုံကြီးကို စုံစမ်းမေးမြန်း ကူညီနိုင်ပါသည်။
Thursday 26 January 2012
အချစ်ကြီးသူ(သေပြီမှ လက်ထပ်)
ထိုင်းနိုင်ငံ Surin ခရိုင်က အသက် ၂၈ နှစ် အရွယ် Yingyuen ဆိုတဲ့ အမျိုးသားတယောက်က ကွယ်လွန်သူ သူ့ချစ်သူရဲ့ ရုပ်အလောင်းနဲ့ မကြာသေးခင်က လက်ထပ်ခဲ့ပါတယ်။
လဲလျောင်းနေတဲ့ ချစ်သူကို လက်ထပ်လက်စွပ် စွပ်ပေးနေပုံဟာ အင်တာနက်မှာ ပျံ့နေပါတယ်။
အသက် ၂၉ နှစ်အရွယ် အမျိုးသမီး Sarinya က ကားအက်ဆီးဒင့်ကြောင့် သေဆုံးသွားတာပါ။
အမျိုးသမီးနဲ့သူနဲ့ တွဲနေတာ ကြာပြီ ဆယ်နှစ်ဝန်းကျင် ရှိပြီ၊ လက်ထပ်ဖို့ ပြောနေတာလည်း ကြာပြီ တဲ့။ သူက လက်ထပ်ဖို့ ကတိပေးခဲ့ပေမယ့် ပညာ ဆက်လက်သင်လိုတာကြောင့် ချက်ချင်း လက်မထပ်ဖြစ်ခဲ့ဘူး တဲ့။
ခုတော့ အမျိုးသမီး ရုတ်တရက် ကွယ်လွန်သွားတဲ့အတွက် သူက လက်ထပ်ပွဲကို မဖြစ်ဖြစ်အောင် လုပ်လိုက်တာပါ။ အသုဘ+လက်ထပ်ပွဲ ပုံတွေကိုလည်း သူ့ ဖေ့စ်ဘုတ်မှာ သူ တင်ထားတယ်လို့ သတင်းတွေက ဆိုတယ်။
သူ့ဖေ့စ်ဘုတ်မှာ အခုလိုလည်း ရေးထားပါတယ် တဲ့။
"ကျနော်တို့အတွက်တော့ ပြင်ဆင်လို့ မရတော့တဲ့ မှားယွင်းမှုကြီးပဲ။ ဘ၀ ဟာ တိုတိုလေး ဆိုတာ မမေ့ပါနဲ့။ ဖြစ်ချင်တာကို လုပ်လိုက်ပါ။ မိဘ၊ မောင်နှမ၊ ကိုယ်ချစ်တဲ့သူတွေကို ဂရုစိုက်ပါ။ အခွင့်အရေးဟာ ထပ်မရပါဘူး"
အွန်လိုင်းပေါ်ကအသည်းကွဲသမား(မှတ်ချက်သူများမျက်ရည်ကျနေတဲ့အချိန်မရယ်ရ)
  ချစ်သူရေ.......
                                                                ကိုယ်တို့  နှစ်ယောက်တွေ့  မထင်မှတ်တဲ့ ကာလလေးမှာ အွန်လိုင်းပေါ်မှာ ချစ်စရာ ကောင်းတဲ့ ချစ်သူလေးနဲ့  တွေ့ ဆုံခဲ့ရတယ်..အွန်လိုင်း ကိုတီထွင်ခဲ့သူကို အရမ်းကို ကျေးဇူးတင်တယ်...ဒီလိုတွေ့ ဆုံခဲ့၇လို့  ပျော်ရွင်မှုတွေ၊ အထီးကျန်မှုတွေ ကို စိုပြေအေးချမ်း လာအောင်  လုပ်ပေးနိုင်စွမ်းရှိတဲ့ ချစ်သူလေး အဲ့အတွက်  ကျေးဇူးပါ ချစ်သူ........
                                                               တကမ္ဘာလုံးတောရောမြို့ ပါမကျန် ၊ နောက်ဆုံး တိရစ္ဆာန်တွေတောင် အွန်လိုင်းသုံးနေတဲ့ အချိန် ကို ကွန်ပျူတာဆိုတာ တီဗွီနဲ့ လက်နှိပ်စက် တွဲထားတာပဲထင်တာ
ဒေါ်အောင်ဆန်းစုကြည် အကြောင်း(ဗဟုသုတ)
ဖတ်သင့်တယ်၊သိသင့်တယ်လို့ယူဆလို့ပိုင်ရှင်များကိုခွင့်မတောင်းပဲ စုစည်းတင်ပြပေးလိုက်ပါတယ်၊ကွန်မန့်အဖြစ်ပျောက်မသွားစေချင်တဲ့ဆန္ဒပါဗျာ
Posted by ye htat aung ......
Kaung Myat
ကြည့်စရာရှားလို့ ..ကမ္ဘာလှည့်တွေရယ် ကြောက်စရာမိကျောင်းကြီးများကို စက်လှေနဲ့ အနီးကပ်ကြည့်
                              ကြောက်မတ်ဖွယ်မီးကျောင်းကြီးအား အပျော်တမ်းကြည့်နေကြပုံ
ကဲ..ဗျာ ထူးထူးဆန်းဆန်း ခေါင်း ၂ လုံးမြွေက အချင်းချင်းအစာလုစားသတဲ့
ခံစားမှုနှင့် စားသောက်မှုကို သီးခြားစီ ပြုလုပ်ပြီး အချင်းချင်း အစာ လုစားတတ်သော ခေါင်းနှစ်လုံးမြွေမှာ ယူကရိန်းတိရစ္ဆာန်ရုံ တစ်ရုံတွင် အများ စိတ်ဝင်စားဖွယ် ဖြစ်နေကြောင်း သိရသည်။
နွမ်းနေလား..ညစ်နေလား..ဒါလေးတွေဖတ်ရင် လန်း သွားမယ် ( ၃ )
ဒုက္ခပေးတဲ့အကောင်
ဝန်ကြီးများရုံးသို့ လူငယ်တစ်ဦး အလုပ်လာလျှောက်သည်။ အိမ်သာသန့်ရှင်းရေးလုပ်သားနေရာ
သာ လစ်လပ်နေသည်ဖြစ်သဖြင့် လုပ်လိုက လုပ်နိုင်ကြောင်းလူငယ်အား ပြောသည်။ လူငယ်က သဘောတူလိုက်ပြီး အလုပ်လုပ်ရင်း သီချင်းနားထောင်နိုင်ရန် အိမ်သာထဲတွင် ကက်ဆက်တစ်ခုထည့်ထားလိုက်သည်။
...လူငယ်ပထမဆုံးအလုပ်စဆင်းသည့်နေ့ဖြစ်သည်။
ဝန်ကြီးရုံးသို့ ၀န်ကြီးတစ်ဦးရောက်လာပြီး အိမ်သာဘယ်မှာလဲဟု လူငယ်အားမေးရာ လူငယ်က ၀န်ကြီးကို အိမ်သာသို့ လိုက်ပို့ပေးသည်။ အိမ်သာခန်းထဲသို့ ၀န်ကြီးဝင်သွားသောအခါ ကတ်ဆက်ကို လူငယ်ဖွင့်လိုက်သည်။ မြန်မာပြည်သိန်းတန်၏ “ရိုင်းတဲ့စင်ယော်´´သီချင်းသံ ငြိမ့်ညောင်းစွာ ပေါ်ထွက်လာသည်။ မကြာမီ အိမ်သာခန်းထဲမှ စောစောက၀န်ကြီးထွက်လာသည်။
“မောင်ရင် ဒီမှာ အလုပ်လုပ်နေတာ ကြာပလား´´
“ဒီနေ့ ပထမနေ့ပါခင်ဗျ´´
“အေး မင်းကိုရာထူးတိုးပေးရမယ်´´
မကြာမီ နောက်အရာရှိကြီးတစ်ဦး ရောက်လာသည်၊ အိမ်သာခန်းထဲ အရာရှိကြီးရှိနေစဉ် တွံတေးသိန်းတံ၏ “အသီးတစ်ရာ အညှာတစ်ခု´´ သီချင်းကိုဖွင့်ပေးလိုက်သည်။ ထိုအရာရှိလဲ စိတ်ကျေနပ်မှုရကာရာထူးတိုးအောင် ထောက်ခံပေးမည်ဟု လူငယ်ကို ကတိပြုသွားသည်။
နောက်တစ်ခါ ရောက်လာသူကား မြန်မာပြည်၏ ယခုလက်ရှိခေါင်းဆောင်ကြီးကိုယ်တိုင်ဖြစ်သည်။
“ဒီအနားမှာ အိမ်သာရှိသလားဟေ့´´
လူငယ်ကခေါင်းဆောင်ကြီးကို လိုက်ပို့သည်၊ ထို့နောက် “နိုင်ငံတော်သီချင်း´´(ကမ္ဘာမကြေ) သီချင်းကိုဖွင့်ပေးလိုက်သည်။
အတန်ကြာသောအခါ အိမ်သာခန်းထဲမှ မျက်ထောက်ကြီးနီပြီး ခေါင်းဆောင်ကြီးထွက်လာသည်။
“မင်ဒီမှာ လုပ်နေတာကြာပြီလား´´
“ပထမနေ့ပါခင်ဗျာ´´
“အေး- ပထမနေ့နဲ့နောက်ဆုံးနေ့ပဲ မှတ်လိုက်ပေတော့´´
“ဘာဖြစလို့လဲခင်ဗျာ၊ ကျွန်တော်ဘာများမှားတာလုပ်မိပါလို့လဲ ခင်ဗျာ´´
“ငါ့တစ်သက်မှာ ဒီတစ်ခါပဲ မတ်တပ်ရပ်ပြီး ကျင်ကြီးစွန့်ရလို့ဟေ့´´
အိမ်ထောင်ပြုရင် လူရွေးမမှားရအောင် ဒီလိုလူမျိုးကို မိန်းကလေးတွေ ရှောင်ရန်
အိမ်ထောင်မှု့ ၊ဘုရားတည် ၊ ဆေးမင်စုတ်ထိုး ဤ  ၃ မျိုး ချက်မပိုင် နောင်ပြင်ရန် ခက်မည် အမျိုး
ဆိုတဲ့မြန်မာစကားပုံလေးလိုပဲ  ပြင်ရန်ခက်တဲ့ အထဲမှာ အိမ်ထောင်ပြုတာပါတယ်ဆိုတာ အမနှမများကို သိစေချင်တယ်ဗျာ ခုရေးသားတဲ့ ပိုစ်လေးဟာ ကာယကံရှင် ကိုယ်တိုင် ခွင့်ပြုလို့  တကယ့်ဖြစ်ရပ်လေးကို သင်ခန်းစာ ယူနိုင်စေဖို့  ရည်ရွယ်ပြီ ရေးသားလိုက်ရတာပါ. ဒီစာလေးကို ဖတ်လို့  အမနှမများ အသိပညာဗဟုသုတ နဲ့ သင်ခန်းစာလေးနဲနဲဖြစ်ဖြစ် ရသွားတယ်ဆို  ကျနော်(စောနောင်) ရေးရကျိုး နပ်ပါတယ်ဗျာ. 
အုတ်ဂူလေးပေါ်က စာတပိုဒ်
"Remember Friend, as you passby,as you are now,so once were I, as I am now. So you must be prepared yourselves and follow me."
မိတ်ဆွေ....ငါ့အနားကိုဖြတ်သွားတဲ့အခါ သတိပြုလိုက်စမ်းပါ။
ငါလည်း တစ်ခါတုန်းက မင်းလိုဘဲ အသက်ရှင်ခဲ့ဖူးတာဘဲ။
မင်းလည်းဘဲ တစ်နေ့ကျရင် အခု ငါ့လိုဖြစ်လာမှာပါ။
ပြင်ဆင်စရာရှိသမျှ ပြင်ဆင်ပြီးရင် ငါ့နောက်လိုက်ခဲ့ပေါ့။
နေ့မြင်ညပျောက်
နံနက်တွေ့သူတချို့လူ၊ ညမူမတွေ့နိုင်
ညမှာတွေ့သူတချို့လူ၊ နေ့မူမတွေ့နိုင်
နေ့မြင်ညပျောက် သေဘေးရောက်
စိုးကြောက် သံဝေဆိုင်။ ။
(ဗုဒ္ဓကမ္ဘာမှ ကူးယူဖော်ပြသည်)
အိန္ဒိယနိုင်ငံမှာ ရွာသားတွေကိုကိုက်သတ် ၊လာဖမ်းတဲ့သစ်တောကလူလဲကိုက်သတ်တဲ့ကျားသစ်ရဲ့ နိဂုံး(ပုံများ)
                     အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါလ် ဒေသရှိ ဖရာခရှာ ကျေးရွာမှ သစ်တော အစောင့်ဝန်ထမ်းတစ်ဦးကို ကျားသစ်တစ်ကောင်က ဇူလိုင် ၁၉ ရက်နေ့တွင် တိုက်ခိုက်ခဲ့သည်။၎င်းကျားသစ်မှာ   သစ်တောစောင့်   သုံးဦးအပါဝင်   ရွာသားများစွာကို ကိုက်ဖဲ့သတ်ဖြတ်ခဲ့ဖူးသည်။
                                          အိန္ဒိယ ရွာသားများနှင့် သစ်တောစောင့်များကို တိုက်ခိုက်တဲ့ ကျားသစ်
                                ကျားသစ်က သစ်တောဝန်ထမ်းကို တိုက်ခိုက်နေတာကို အိန္ဒိယရွာသားများ အားပေးနေကြစဉ်။
                                                                        ဒီလိုမျိုးအနီးကပ် ခုန်အုပ် လိုက်တဲ့ကျားသစ် 
                                                                        ကြည့်နေသူရွာသားများလည်း ရင်တထိတ်ထတ်
                                       ကျားသစ်ရဲ့ မေးရိုးကို သစ်တောစောင့်က လက်နက်ဖြင့် ထိန်းချုပ်ထားစဉ်။
                                                              လူအလစ်မှာ ပြန်ထွက်ပြေးတဲ့ ကျားသစ်  
                                                                      ပြေးတော့ ပစ်တယ် ပစ်လို့  ပြေးတယ်
                                            ကျားသစ်နှင့် သစ်တောအစောင့်များ ဘတပြန်ကျားသစ်တပြန်။
                                     နောက်ဆုံးတော့လဲ လူနဲ့ တိရစ္ဆာန်ပဲ သေနတ်ဒဏ်ရာ ဓါးနဲ့ ရာနဲ့  သေရတာပေါ့
      (သက်တန်ရွာဆိုဒ်မှကူးယူဖော်ပြပါသည်)
အလေးချိန် ပေါင် ၂၅၀ ရှိသော ငါးခူးကြီးဖမ်းဆီး၇မိ
အရှည် ၂.၄၆ မီတာ (၈ ပေကျော်) ရှိပြီး အလေးချိန် ၁၁၃ ကီလိုဂရမ် (ပေါင် ၂၅၀ ခန့်) ရှိသော အလွန်ကြီးမားသည့် ဧရာမ ငါးခူကြီးတစ်ကောင်ကို အီတလီနိုင်ငံမြောက်ပိုင်း မန်တိုဗာမြို့တော် အနီး ပိုမြစ် အတွင်းမှ ဖမ်းယူရရှိသည်ဟု ဇွန်လ ၆ ရက်နေ့က Xinhua က ဖော်ပြထားသည်။  
အီတလီနိုင်ငံ ပိုမြစ်အတွင်းမှ ဖမ်းမိသော ဧရာမ ငါးခူကြီး
အရှည် ၈ ပေကျော်၍ ပေါင် ၂၅၀ ကျော် အလေးချိန်ရှိသော ငါးခူကြီး
ထို ငါးခူကြီးမှာ ဥရောပတိုက်တွင် ဖမ်းမိသမျှ ငါးခူမျိုးတွင် အကြီးမားဆုံး ဖြစ်ရုံသာမက ကမ္ဘာပေါ်တွင် ရှိသော ငါးခူမျိုးစိတ်များတွင် အကြီးမားဆုံး မျိုးစိတ် ထဲတွင်ပါဝင်သည်။ ထိုငါးခူကြီးကို ရေထဲသို့ ဘေးကင်းစွာ ပြန်လွှတ်ခဲ့ပြီး ဖြစ်သည်ဟု သိရသည်။
မြို့တော်ပုသိမ် သတင်းစဉ် | PatheinCity News
လူတိုင်းဖတ်သင့်သော ကမ္ဘာ့သာသနာပြု အရှင်သေဋ္ဌိလာဘိဝံသ၏ သြဝါဒ
လူတိုင်းဖတ်သင့်သော ကမ္ဘာ့သာသနာပြု အရှင်သေဋ္ဌိလာဘိဝံသ၏ သြဝါဒ
၁။ အမှားအမှန်ကို တိကျစွာ သိရန်ခဲယဉ်း၏။ အမှားအမှန်ကို စီစစ်(နိုင်)  ခဲ၏။ အမှားအမှန်ကို ဝေဖန်ခွဲခြား၍ ပြော (နိုင်)ခဲ၏။ အမှားကိုပယ်၍ အမှန်ကိုပြု(နိုင်) ခဲ၏။ ထိုခဲယဉ်းခြင်း လေးမျိုးတို့ကို လွတ်မြောက်အောင် အထူးအားထုတ်သင့်၏။
၂။ သာသနာကိုမည်သူကစ၍ ပြုရမည်နည်း၊ မိမိကိုယ်ကစ၍ပြုရမည်။ မိမိကိုယ်မှာ သာသနာမရှိလျှင် သူတစ်ပါးကို သာသနာပြူ၍ ဖြစ်နိုင်မည်မဟုတ်ပေ။(ဘုရားအဆုံးအမကို သာသနာဟုခေါ်သည်၊ဘုရားစကားအတိုင်းလိုက်နာကျင့်သုံးလျှင် မိမိကိုယ်တွင်း၌ သာသနာတည်သည်)။
၃။ မေတ္တာကို ဘယ်သူကစ၍ ပို့ရမည်နည်း။ မိမိကိုယ်စ၍ ပို့ရမည်။ မိမိကိုယ်မှာ မေတ္တာအပြည့်အဝရှိမှ သူတစ်ပါးကို မေတ္တာပို့၍ ဖြစ်နှိုင်မည်။ဥပမာ-သူတစ်ပါးထံ ငွေပို့လိုလျှင် မိမိမှာ ပထမငွေရှိဖို့ လိုလေသည်။
၎။ မိမိကိုယ်ကို တကယ်ချစ်လျှင် မိမိကိုယ်ကို လောဘမီး၊ ဒေါသမီး၊မောဟမီးတို့ဖြင့် မကြာမကြာမရှို့သင့်ပေ။
၅။ တစ်မိသားလုံး စည်းကမ်းတကျဖြစ်စေလိုလျှင် အိမ်ထောင်မှူးက စည်းကမ်းတကျဖြစ်ရမည်။ ဥပမာ-အိမ်ထောင်မှူးက ဆေးလိပ်သောက်ပြီးလျှင် အိမ်သားအပေါ် ဆေးလိပ်မသောက်ရဟု စည်းကမ်းလုပ်၍ ဖြစ်နိုင်မည်မဟုတ်ပေ။
၆။ လူတိုင်းလူတိုင်းမှာ အဆင်ပြေမှု၊ အဆင်မပြေမှု ဟူ၍ နှစ်မျိုးရှိရာ အဆင်ပြေမှုသည် ကုသိုလ်ကြောင့်ဖြစ်၏။ အဆင်မပြေမှုသည် အကုသိုလ်ကြောင့်ဖြစ်၏။ကုသိုလ်သည် အပူငြိမ်း၍ ကောင်းကျိုးကို ပေးစေတတ်၍ ရေနှင့်တူ၏။ အကုသိုလ်သည် အပူများ၍ လောင်ကျွမ်းဖျက်ဆီးတတ်သဖြင့် မီးနှင့်တူ၏။
၇။ မီးလောင်သောအခါ မီးအလျှင်အမြန်ငြိမ်းစေရန် ရေများများလောင်းပေးရမည့်အစား မီးလောင်စာများများ ထည့်ပေးနေလျှင် မီးပို၍ ပို၍ လောင်လာမည်သာဖြစ်၏။ ထို့အတူ အဆင်မပြေမှုဟူသော အကုသိုလ်မီးလောင်သောအခါ ကုသိုလ်တည်းဟူသော ရေ၊ မေတ္တာရေ များများလောင်းပေးရမည့်အစား ဟိုသူ့ကို အပြစ်တင်၊ ဒီသူ့ကို အပြစ်တင်၊ဟိုသူ့ကိုမုန်း၊ ဒီလူ့ကိုမုန်း၊ ဒေါသမီးဟုန်းဟုန်းတောက်နေကြလျှင် ငြိမ်းအေးမှု သုခ မရနိုင်ဘဲ ပူလောင်ဆင်းရဲမှုဟူသော ဒုက္ခသာ တိုးပွားနေမည် ဖြစ်သည်။
၈။ သို့ဖြစ်၍ အဆင်မပြေမှု၏ အရင်းခံဖြစ်သော အကုသိုလ်မီးကို အဆင်ပြေမှု၏ အရင်းခံဖြစ်သော ကုသိုလ်တည်းဟူသော ရေကို များနှိုင်သမျှ များများ လောင်းပေးရမည်။ သို့မှသာ ဒုက္ခအပူကင်း၍ ချမ်းသာအေးမြခြင်း သုခကို ရနှိုင်ပေမည်။
                                        (သစ္စာပါရမီ ဓမ္မရာဇာ)မှတင်ပြပေးပါသည်။
                               သတ္တ၀ါခမ်သိမ်း ၊ တရားကိန်း ၊ အေးငြိမ်းချမ်းသာရှိပါစေ
အညွန်း(သက်သန့် ရွာ)
ကြုံ၇ဆုံ၇ မလေးရှား ဘုံဘ၀ ( ၄ )
ကြုံ၇ဆုံ၇ မလေးရှား ဘုံဘ၀ ( ၂ ) (၃ )
စူပါမတ်ကက်ကိုဈေးဝယ် ရောက်လာတဲ့ ကိုရွှေ မြန်မာ တစ်ယောက် ကြုံရတဲ့ ဟာသလေးပါ..အဲ့ဆိုင်မှာက မြန်မာ ၀န်ထမ်းတွေလဲရှိတယ်..သူကမလေး ရောက်တာ သိပ်မကြာသေးတော့ မလေးစကားလဲ သိပ်မတတ် ၊ ..သူဝယ်တာ က ကြက်သွန်နီ ၊ ပလပ်စတစ် အိတ်ထဲ သူလိုချင် သလောက်ထည့်ပြီ ချိန်တဲ့ နေရာ မှာ ဘယ်လောက်ယူမယ် ဆိုပြီ ချိန်ရတာ..လူတိုင်းက လိုချင်သလောက်ထည့် ပြီတော့ ချိန်တဲ့နေရာမှာ ချိန်ပြီ ကျသင့်တဲ့ ဈေးနှုန်း အိပ်မှာ ကပ်ပေးလိုက် ရှေ့ကောင်တာမှာ ရှင်းရမှာ ၊ သူက ချိန်တဲ့နေရာရောက်တော့ ချိန်ပေးတဲ့ မလေးမကို ပြောလိုက်တာ ကီလိုဝက်…မလေးမက  မျက်လုံးပြူးပြီကြည့်နေတော့ သူက ဒေါသ ထွက်ပြီ ပြန်ပြောလိုက်တယ် ..ကီလိုဝက်ပါဆို ..ဒါနဲ့ မလေးမက ယူ မြန်မာ. သူက ယက်စ် ဆိုတော့ ဘေးနားက မြန်မာအလုပ်သမားတစ်ယောက်ကို သူဘာပြောတာလဲ မေးကြည့်ခိုင်းရတာပေါ့..အကို ဘာလဲ လို့  အလုပ်သမားက မေးတော့  သူက ကြက်သွန် ကီလိုဝက်ယူဖို့  ချိန်ခိုင်းတာ ဒီမလေးမနားလည်ဘူး ဘယ်လို မလေးမလဲ မသိဘူး..အမယ့် သူက ပြန်ပြောလိုက်ရသေးတယ် ဆိုင်ဝန်ထမ်းလေးက အကို ကီလိုဝက်ဆိုတာ နိုင်ငံခြားက သူတွေဘယ်လိုသိမလဲ  ကီလိုက တော့ အင်္ဂလိပ်လိုလေ ၊ ၀က် ကြတော့ မြန်မာလို တ၀က်ကို အလွယ်ခေါ်ရင်း  ကီလိုဝက်လို့ ခေါ်ကြတာလေ မြန်မာချင်းတော့ သိတာပေါ့ ၊ မလေးလိုဆို( စတက်ငါးကီလို) ၊ အီးလိုဆိုလဲ (ဟတ်ကီလို ဒီလိုပေါ့)  အဲ့လိုရှင်းပြတာတောင် ကိုရွှေမြန်မာက ကျေနပ်ပုံမပေါ်ဘူး ပြောသွားပုံက ရောက်တာမကြာသေး လို့ ပေါ့ကွာတဲ့…
     ကြုံရသမျှ မလေးရှား က ဘုံဘ၀( ၃ )
မလေးကို ရောက်ခါစ လူသစ်ယောက် ရဲ့  ဟာသလေးပါ ၊ သူ မလေးကို ရောက်လာတာ စားသောက်ဆိုင် ၊သူ့ ရောက်တဲ့  ဆိုင်မှာ သူ့ ရှေ့က လူဟောင်း မြန်မာတွေလဲ ရှိတယ်..သူက ရောက်ခါစ မလေးစကား လည်းသိပ်မတတ်သေးတော့ သူဌေးက သူ့ အိမ်မှာ ပန်းပင်တွေ ရေလောင်းဖို့  ခဏသွားထား ထားတာ သူဌေး အိမ်မှာ သွားနေရတာပေါ့ ၊သူဌေးကတော့ ဆိုင်မှာပဲ အိပ်တာများတယ် အိမ်မှာက  သူ့ မိန်းမရယ်.သူ့ သမီးရယ် နေကြတာ.သူဌေးသမီးက စကားပြောအတော်ရိုင်းတာ ဘယ်သူနဲ့ မှ မတည့်ဘူး..ကိုရွှေလူသစ်လဲ သူဌေးသမီးဒဏ် ခံရတာပေါ့ သစ်ပင်တွေ ရေလောင်းတာ နည်း နည်းပြန်ပြီ ၊များသွားရင် ပြဿနာရှာခံရတာ နေ့ တိုင်းပဲ..
      ဒီလိုနဲ့  ၃ ၊ ၄ ရက် ကြာတော့ သူဌေးက  အိမ်ပြန်လာရော  ကိုရွှေလူသစ်က သူဌေးကိုရောက်ရောက်ချင်း ဆီ တိုင်းတာပေါ့..သူဌေးက သူပြောတာတွေ ဘာတစ်ခုမှ နားမလည်လို့  ဆိုင်က လူဟောင်းတွေဆီ သူဘာပြောတာလဲ ဖုန်းဆက်မေးကြည့်ခိုင်းရတာပေါ့..လူဟောင်းတွေက မင်းသူဌေးကို ဘာတွေပြောတာလဲ မေးတော့ သူက သူဌေးသမီး ကျွန်တော့ ကို နေ့ တိုင်း ကွိုင် ရှာတာကို တိုင်းတာ ..အေး မင်း  မလေးလို ဘယ်လို ပြောလဲမေးတော့ သူပြောပုံက   ….ဘော့စ် အနန့်  ဟာရီ  ဟာရီ  ချာရီ ကွိုင်…  သူ့ ဟာနဲ့ သူတော့ ဟုတ်နေတာပဲနော်         
မလေးလို အနန့် က (   သမီး  )           
ဟာရီ ဟာရီ က      (  နေ့ တိုင်း နေ့ တိုင်း )                        
ချာရီ က                (    ရှာတာ )                 
ကြုံ၇ဆုံ၇ မလေးရှား ဘုံဘ၀ ( ၁ )
ခုကျွန်တော် ရေးသားမယ့်   ကြုံတွေ့ သမျှ မလေးရှား  ဘုံဘ၀ စာစုများဟာ ကျွန်တော့ ကိုယ်တွေ့ များနှင့် သူငယ်ချင်းများမှ ပြန်လည်ပြောပြသော ဟာသ များဖြစ်ပါတယ် ..မည်သည့်ဆိုဒ် .မည်သည့် စာစောင်မှာမှ ဖော်ပြခြင်းမရှိသေးပါ ရွှေမှသူငယ်ချင်းများအတွက် ဦးဆုံးရေးသား ဖော်ပြခြင်း ဖြစ်တယ်ဆိုတာ ဦးစွာပထမပြောချင်ပါတယ်…ကဲ စလိုက်ကြရအောင်ပထမဆုံး ကိုယ်တွေ့ လေး…
     ကိုရွှေ(မြန်မာ)တို့ လုပ်မှ ပြောင်းလဲ သွားသော  CLOSED အဓိပ္ပာယ်
          ကြာခဲ့တာတော့ ( ၂ ) နှစ်ကျော်လောက်ရှိပြီ..တစ်ရက် သူငယ်ချင်း တစ်ယောက်နဲ့ ကွာလာလမ်ပူ မြို့ ထဲ မရောက်တာလဲကြာ ၊ လိုအပ်တဲ့မြန်မာ ပစ္စည်း လေးတွေ လည်းသွားဝယ်ရင်း မြန်မာ ဘီယာလေးလည်း သောက်ရင်းပေါ့ ဟဲ ဟဲ .အဲ့အချိန်တုန်းက ဘာဖြစ်လဲဆိုတော့ အဖမ်းအဆီး အရမ်းကြမ်းတဲ့ ကာလ ၊ မြို့ ထဲက မြန်မာဆိုင်ကြီးတွေ ပေါ်တောင် တက်ဖမ်းနေကြတဲ့ အချိန် ၊တချို့ ဆိုင်လေးတွေဆို တခါးဝမှာ ကင်ပရာတပ်ထားပြီ မြန်မာဆိုမှ ဆိုင်ထဲ ကနေ (အဝေးထိန်း)နဲ့ ဖွင့်ပေးတာ ၊
                      သူငယ်ချင်းနဲ့  နှစ်ယောက်သားမြန်မာဆိုင်ကြီးက လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ပြီ စားသောက်ခန်းထဲသွားတော့ လူတွေ ပြည့်နေတာနဲ့ ..တခြား အေးအေးဆေးဆေး လူရှင်းမယ့် မြန်မာဆိုင် သွားထိုင်ကြမယ်ပေါ့ ၊ ဒီလိုနဲ့  နှစ်ယောက်သား တစ်ဆိုင်ဝင်လိုက် လူကြပ်နေရင် နောက်တစ်ဆိုင်ရှာလိုက်နဲ့  သွားလိုက်တာ လူရှင်းနိုင်မယ့် မြန်မာဆိုင် တစ်ဆိုင် တွေ့ ပါရော..ဆိုင်က အပေါ်ဆုံးထပ်မှာ ..ဘေးလှေကားလေးက တက်ပြီ မြန်မာဆိုင်ရှိမယ့် အလွှာလည်းရောက်ရော သံဘာဂျာ တံခါး ပိတ်ထားတယ် ..တံခါးဝ မှာ စာကပ်ထားတာ အကြီးကြီး
   TODAY CLOSED တဲ့ သွားပါပြီ တက်လာသမျှ မောတာပဲ ဒါပေမယ့် အင်္ဂလိပ်စာ ရဲ့ အောက်မှာ မြန်မာလို ကွင်းစ ကွင်းပိတ်နဲ့ ရေးထားတာလေး ဖတ်ပြီ နှစ်ယောက်သား အော် ကိုရွှေမြန်မာတို့ လုပ်လိုက်ရင် မလေးရှားရဲတောင် မျက်စိလည်သွားမယ်လို့ ..မြန်မာလိုရေးထားပုံက (ယနေ့ ဆိုင်ဖွင့်သည် ဘဲလ်တီးပါတဲ့ )ကဲ ကို Keen ရေ ဆန့် ကျင်ဘက်စာလုံး အသစ်များပေါ့နော်…နောက်မကြာမှီကြုံတွေ့ သမျှ ( ၂ ) လာမည်…မျှော်…
လုပ်ချလိုက်ပြန်ပြီ
မြန်မာ ဘုရင်တွေခေတ်...တရုတ်ဘုရင်က  မြန်မာဘုရင်ထံ ပညာရှိစေလွှတ်ပြီ နှစ်နိုင်ငံ ချစ်
ကြည်ရေးအတွက် ပညာရှိချင်း အသိညဏ်ဖလှယ်ကြဖို့  တရုတ်ပညာရှိကို မြန်မာဘုရင်ထံစေလွှတ်တာပေါ့. အဲ့ဒါကြောင့် မြန်မာဘုရင်လဲမူးကြီးမတ်ရာတွေကိုတရုတ်ပညာရှိနဲ့ ယှဉ်ဖို့  မြန်မာ ပညာရှိအရှာ စေလွှတ်ရတာပေါ့
                 အဲ့အချိန်မှာ ရွာတစ်ရွာမှာ မောင်မူးဆိုတဲ့ သူတစ်ယောက်က ထန်းရေပဲ အချိန်ပြည့် မူးနေလို့  ရွာက
အော်ကြော်လန် ပေါ့  ၊ အလုပ်ကလဲ မလုပ်တော့ ထန်းရေဖိုးတောင် မရှိဘူး ..အဲ့အချိန်မှာတိုက်တိုက် ဆိုင်ဆိုင် ပညာရှိရှာတဲ့ အမတ်တွေ မောင်မူးနေတဲ့ရွာကို ရောက်လာတာပေါ့ ..မောင်မူးသူငယ်ချင်းတွေက မောင်မူးကို မင်း
အခုထန်းရေဖိုးမရှိရင် မူးမတ်တွေ ခေါ်တဲ့ပညာရှိအနေနဲ့ လိုက်သွား..မင်းဖြေနိုင်လို့  ရှင်ဘုရင်က ဆုချလို့ ကတော့
မင်းတစ်သက် သောက်မကုန်တော့ဘူးလို့  အချွန်နဲ့ မကြတာပေါ့..ဒီလိုနဲ့ မောင်မူးလဲ မူးမတ်တွေကို သူလိုက်မယ်ပြောတော့ ..မှူးမတ်တွေလဲ ဒါနောက်ဆုံးရွာမို့  ပညာရှိမတွေ့ ရင် သူတို့ ဒဏ်ခံရမှာစိုးလို့  မထူးဘာဘူးဆိုပြီ မောင်မူးကိုခေါ်သွားတာပေါ့..ဟိုကြတော့ တရုတ်ပညာရှိက ဘာသာစကားချင်း မတူတာမို့ အမူအရာနဲ့ မေးမယ်ပြောတော့   မောင်မူးလဲ လက်ခံတယ်  ....တရုတ်ပညာရှိမေးတာက
   (၁) ခေါင်းကို ပုပ်ပြတယ် လက်ကို အပေါ်ကိုထိုးတယ် ပြီ အောက်ကို ထိုးတယ်  ကဲ ..ဖြေ  မောင်မူးဖြေပုံက
          ခေါင်းကို ပုတ်ပြပြီး လက်ကို အပေါ်ထောင်ပြတော့ ..တရုတ်ပညာရှိတယ် မှန်ပါပေတယ်လို့  ပြောတယ်
   (၂) ဒုတိယ တစ်ခါ တရုတ်ပညာရှိက ခေါင်းကိုပုပ်ပြတယ် ရင်ဘတ်ကို ပုပ်ပြတယ် ဖြေပေါ့ မောင်းမူးဖြေပုံက ခေါင်းကို လက်နဲ့ ပုပ်ပြတယ် ပြီးတော့ ရင်ဘတ်ရာ ကျောရော ပုပ်ပြတယ် တရုတ်ပညာရှိလဲ ဟုတ်ပါပေတယ်ပေါ့
  (၃ ) တတိယ မေးခွန်က တရုတ်ပညာရှိက လက်ချောင်း ငါးချောင်းထောင် ခေါင်းကို ပုပ်ပြပြီ ဘာလဲ ဖြေပေါ့  မောင်မူးက. လက်ငါးချောင်း မဟုတ်ဘူးဆယ်ချောင်း ပြန်ထောင်ပြတယ်
တရုတ်အမတ်ကြီးလဲ ဟုတ်ပါပေတယ်လို့ ပြောလိုက်ရတယ် ..ဒီလိုနဲ့  ပညာစမ်းတာပြီးလို့  ရှင်ဘုရင်က မောင်မူးကို ဆုတော်လဘ်တော်တွေ ချီးမြှင့်လိုက်တာပေါ့  ..တရုတ်ပညာရှိကြီး
ကို ခုန ဘာတွေမေးတာလဲလို့ ဘုရင်က မေးကြည့်တော့ (၁)မေးခွန်းက မင်းတို့ ဘုရင်မျိုးရိုး ကမြင့်မြတ်တဲ့ မျိုး၇ိုးကလာတာလား ၊ နိမ့်ကျတဲ့ မျိုးရိုးက လာတာလားမေးတော့ သူက ငါတို့  ဘုရင်က မြင့်မြတ်တဲ့မျိုးရိုးက လာတာလို့ ပြောတယ် (၂)က မင်းတို့  ဘုရင်က တိုင်းသူပြည် သားတွေကို ရင်ဝယ်သားကဲ့သို့ သဘောထားလားလို့  မေးတော့ သူက ကျောသားရင်သား မခွဲခြားပဲ အုပ်ချုပ်တယ်လို့ ပြောတယ် ၊ နောက်ဆုံးမေးခွန်းက မင်းတို့ ဘုရင်က မင်းကျင့် တရား (၅) ပါးညီလားမေးတော့ သူက ဆယ်ပါး သီလပါ ထိန်းတယ်လို့ ပြောတယ်
           မောင်မူး ရွာပြန်ရောက်တော့ တရုတ်ပညာရှိက ဘာတွေမေးလိုက်တာလဲလို့  ၀ိုင်း မေးကြတော့ သူပြောပုံက ဟ ဘာများမေးမလဲ အောက်မေ့တာ ထန်းရေသောက်တဲ့အကြောင်းမေးတာကွ ၊ပထမက မင်း ထန်းရေ သောက်ရင် ပင်ကျရေ သောက်တာလား အပင် ပေါ်တက်သောက်တာလားမေးတယ် ငါလဲ အပင်ပေါ်တက်သောက်တာလို့  ပြောလိုက်တာပေါ့ ဒုတိယမေးခွန်းက မင်းထန်းရေသောက်ရင် ရင်တွေပူလားမေးတာ ငါလဲပြောလိုက်တယ် ရင်တင် မဟုတ်ဘူးလို့  ကျောရောရင်ရော ပူတယ်လို့  ၊နောက်ဆုံး မေးခွန်းက မင်းတစ်နေ့  ၅ လုံးသောက်ရင်မူးလားတဲ့ ငါလဲပြောလိုက်တယ် ၁၀ လုံးသောက်တောင်မမူးဘူးလို့   မောင်မူးတို့  လုပ်ချလိုက်ပုံများ တရုတ်ပညာရှိတောင် အောချယူရတယ်ဗျို့ 
သေပြီဆ၇ာ
ဘွ့ဲရပြီးခါစ ကျောင်းဆရာပေါက်စ အတွေ့ ကြုံလေးပါ ၊ သိကြတဲ့ အတိုင်း ကျောင်းဆရာ ဖြစ်စဆိုရင်  မြို့ ပေါ်တွေမှာ တာဝန်မကျပဲ .ဟိုအဝေး နယ်စပ်တောင်ပေါ်ဒေသ တိုင်းရင်းသားရွာလေးမှာ တာဝန်ကျတာပေါ့.. ကျောင်းဆရာလေး ရောက်တဲ့ရွာလေးက မြန်မာစကား သိပ်မပြောတတ်ကြဘူး ဒီလိုနဲ့  ရွာလေးရောက်တော့ ကျောင်းဆရာလေး ရွာက ကလေးတွေကို စာသင်ရတာပေါ့..အဲ့မှာ စပါလေရော..သူသင်ရတာ ၃ တန်း ၊ ၄ တန်း ကလေးတွေ စာသင်ပေးရတာ အခက်အခဲ မရှိပေမယ့် သူတို့ ကစကားပြောရင် ကြီးကြီး ငယ်ငယ် နင် နဲ့  ငါ နဲ့  အဲ့လိုပြောကြတာ..ဆရာလေး နားမှာ ကြားရတာ တမျိုးဖြစ်နေတာပေါ့ စာနားမလည်လို့  ထ မေးရင်တောင် နင် ခုနပြောတာ ငါ နားမလည်ဘူး ပြန်ပြော ဒီလို၊ဆရာလေးက စာထမေးတဲ့ ကလေးကို ဆုံးမတာပေါ့ ...... ဒီလိုမပြောရဘူးတပည့် ရ   ဆရာ ကျွန်တော် နားမလည်လို့  ဒါလေးပြန်ရှင်း ပြပါ အဲ့လို
ပြောရတယ်........ပြောတော့ ကျောင်းသားက ဘာပြန်ပြောတယ်မှတ်လဲ..အို့  နင်ပြောသလို ငါမပြောတတ်ဘူး ငါဒီလိုပဲ ပြောတတ်တယ်     လို့ ပြန်ပြောတာ ဆရာပေါက်စ ခုမှခက်ပြီ ..ဒီကိစ္စပြေ လည်ဖို့  ဘယ်လိုလုပ်ရပါ့မလဲ ..ဟုတ်ပြီကျောင်းသားရဲ့  မိဘတွေကို ဆုံးမခိုင်းရမယ် ဒါအကောင်းဆုံးပဲ ဒီလိုနဲ့  ခုနကျောင်းသားကို မင်းမနက်ဖြန် ကျောင်းလာရင် ဆရာ့  ဆီကို မင်းမိဘ ခေါ်ခဲ့ ကြားလား …ကျောင်းသားက အေး နင် တွေ့ ချင်ရင် ငါ ခေါ်ခဲ့မယ်..ဒီလိုနဲ့ နောက်နေ့ ရောက်တော့ ဆရာလေးလဲ  သူ့ စားပွဲမှာ  အလုပ်လုပ်နေတုန်း အခန်းဝကို မနေ့ က ကျောင်းသားလေး လူကြီးတစ်ယောက် ခေါ်ပြီ ရောက်လာတယ် ကျောင်းသားက ဆရာကို ပြောလိုက်တဲ့ စကားကြောင့် ဆရာလေး ပါးစပ် အဟောင်းသားနဲ့  ဘာပြန်ပြောလို့  ပြောရမှန်း မသိအောင်ကို ဖြစ်သွားတယ်..ကျောင်းသား ဘယ်လိုပြောလိုက်တယ် မှတ်လဲ… သူပြောလိုက်ပုံက သူ့ ဘေးကသူကို လက်ညှိုးထိုးပြီ    ဟေ့ကောင်ဆရာ….မင်းတွေ့ ချင်တဲ့…ငါ့အဖေဆိုတာ ဒီကောင်ပဲ ကွ  တဲ့ သေပြီဆရာ......... အဖေ တောင် ဒီကောင်လို့ ခေါ်တာ ငါ့ကို မင်းနဲ့ ငါ ပြောတာ တော်သေးတာပေါ့.ဟဲ ဟဲ
 မှတ်ချက်(ရွှေမှ သူငယ်ချင်းများ အတွက် ပျော်ရွှင်ဖို့  ဟာသ အနေဖြင့် ကိုယ်ပိုင် အတွေးလေးကို ရေးခြင်းဖြစ်ပါသည်၊တိုင်ရင်းသား ညီအကိုများကို စော်ကားခြင်းမဟုတ်ပါ )
မြန်မာတွေဘာလို့ အောက်ကျနေ၇တာလဲ
ဘာသာရေးအမြင်နှင့်သုံးသပ်ခြင်း
------------------------------------------------------------------------
ငွေကြေးပေါများသောသူတော်တော်များများမှာတွေ့ရပါတယ်၊၊ငွေ ၃-၄-၅
သိန်းစသဖြင့်အကုန်ခံပြီး ချောင်းသာ ၊ ငပလီ ၊မောင်းမကန် တို့ကိုသွားပြီး ရေငံငံတွေရှီတဲ့ပင်လယ်ကို သွားကြည့်ပါတယ်၊၊ဇိမ်ခံကြပါတယ်၊၊ငါတော့မသေခင်ငါတို့ကိုးကွယ်တဲ့ဗုဒဘုရားရှင်ပွင့်တော်မူခဲ့သောဗုဒ္ဓဂါယာကို သွားဖြစ်အောင် သွားပြီးတော့ကိုဖူးလိုက်ဦးမယ်ဟေ့ဆို တာဒီနေ့အထိမတွေဘူးသေးပါဘူး၊၊
ခုခေတ် ဗုဒ္ဓဘာသာဝင်မိန်းကလေးများ ဖြစ်ပါတယ်၊၊ ခေတ်တွေတိုးတက်နေပါပြီဆိုပြီး ကလပ်တွေတက်ပါတယ်၊
အရက်-ဘီယာသောက်ပါတယ်၊၀ိုင်သောက်ပါတယ်၊ပန်းခြံတွေမှာ
ရည်းစားသညာတွေနဲ့ချိန်းတွေ့ပြီး အကုန်ပေးပါတယ်၊၊ကိုယ့်ကိုကိုယ်မိန်းမဆိုတာကိုသတိမရကြပါဘူး၊၊သူတို့တွေရဲ့မြင်ကွင်းတွေဟာ
INTERNET မှာVIDEOများ၊ဓါတ်ပုံများ အဖြစ်နဲ့ပျံ့နှံ့နေပါတယ်၊၊စင်င်္ကပူ၊ဒူဘိုင်း၊အမေရိကား စတဲ့နိုင်ငံတွေကို
ပညာသင်ကြားဖို့အတွက်ဖြစ်စေ၊အလုပ်လုပ်ဖို့ဖြစ်စေသွားရောက်နေသောမြန်မာ အမျိုးသမီးများ(မှတ်ချက်-ပျက်စီးနေသောမိန်းမဆိုးများကိုသာ ဆိုလိုပါသည်-သိက္ခာတရားနဲ့မိန်းမဂုဏ်ကို အသက်မကတန်ဖိုးထားစောင့်ထိန်းပြီး စာကိုပဲတစိုက်မတ်မတ်ကြိုးစားနေသည့် လေးစားဖွယ် မြင့်မြတ်သော မိန်းကလေးများ၊မိမိအလုပ်ကိုသာ သန့်ရှင်းစွာဖြင့်
အိနြေ္ဒသိက္ခာအပြည့်နှင့်ကြိုးစားလုပ်ကိုင်နေသော တန်ဖိုးထားဂုဏ်ယူထိုက်သည့် မြန်မာအမျိုးသမီးကောင်းများ မပါ-ပါ)
အဲ့ဒီမှာသင်္ကြန်-NEW YEAR စတဲ့ရက်တွေမှာ သောက်ကြ၊စားကြ၊ကကြခုန်ကြနဲ့ ပျက်စီးနေကြ ပါတယ်၊၊ ရည်းစားထားပြီး LIVING TOGETHER နေထိုင်ကြပါတယ်၊၊ တစ်ချို့သော ငွေကြေးမတတ်နိုင်သောအမျိုး သမီးများသည် အခကြေးငွေယူပြီး လုပ်ကိုင် စားသောက်ပါတယ်၊၊အဲ့လိုအကျင့်ပျက်မိန်းကလေး­တွေကြောင့် နိုင်ငံဟာ တော်တော်သိက္ခာကျပါတယ်၊၊passport ထပ်ရင်တောင် မြန်မာဆိုရင် နောက်ဆုံးကထားတယ်တဲ့ ၊၊ အဲ့ဒီစကားလေးကို စင်္ကပူက လူတစ်ယောက်ကိုယ်တိုင်ပြောတာပါ ၊၊
ပြီးရင် ပြန်လာတဲ့အချိန်မှာ အဲ့ဒီရွှံပိတ်များအား  မြန်မာအမျိုးသားများက ထမ်းကြရပါတယ်၊၊ သိပ်ပြီးရွံစရာကောင်းသော လုပ်ရပ်များဖြစ်ပါတယ်၊၊ သက်သေအနေနဲ့ ဓါတ်ပုံပေါင်းများစွာ၊ video ပေါင်းများစွာရှိပါတယ်၊၊ဒါ့ကြောင့် မြန်မာ အမျိုးသမီးကောင်းများစွာ ထဲက အဲ့ဒီအကျင့်ပျက်၊မိအုပ်ဖအုပ်မရှိသောအမျိုးသမီးဆိုးများ ထိန်းသင့်ပါပြီ၊၊ရှက်သင့်ပါပြီ၊၊ ခုဆိုရင် မြန်မာအမျိုးသမီးတွေဟာ ၀တ်စားဆင်ယင်မှုက အစ ရဲတင်းလာကြပါပြီ။ ကိုရီးယားကား၊ နိုင်ငံခြားမှ ရုပ်ရှင်ကားများကိုကြည့်ပြီးအတုခိုးမှားကာ လိုက်ပြီးဝတ်စားဆင်ယင်မှုကိုအတုယူကြပါတယ်.. တကယ်အတုယူစရာကောင်းတာတွေကိုတော့ အတုမယူကြဘဲ အတုမယူသင့်တာတွေကို အတုယူကြပါတယ်..ကဲ.. ဒီလိုပြောလို့ မြန်မာ့ယဉ်ကျေးမှုနဲ့မညီဝတ်ဆင်ကြတယ်ဆိုတော့ ဒါဆို ကျွန်မတို့က ထမီနဲ့ ရင်ဖုံးအင်္ကျီဝတ်ပြီး အလုပ်လုပ်ကြရမှာလား လို့ဆိုဖွယ်ရာရှိပါတယ်၊၊ လာမရောပါနဲ့၊၊ တစ်ခြားစီပါ အဓိပါယ်ချင်း၊၊ သို့သော် ခေတ်နဲ့အညီဝတ်စားတာကို မတားမြစ်ပါဘူး။ ဘယ်ဥပဒေကမှလည်းမပိတ်ပင်ပါဘူး.. ခေတ်နဲ့တော့ညီပါ.. ခေတ်ဆန်ချင်လည်းဆန်ပါ..လူမြင်မကောင်းအောင်တော့မလုပ်ကြပါနဲ့ပေါ့.. လူမြင်ကောင်းတယ်ပဲထား..မြန်မာ့ယဉ်ကျေးမှုကတော့ ပျက်ပြားသွားမှာပါ.. နောက်ဆိုရင် ထမီဆိုတာတောင် ဘယ်လိုမှန်းသိမှာမဟုတ်တော့ပါဘူး..အရင်တုန်းက မိန်းကလေးတစ်ယောက်က  ထမီပြင်ဝတ်ရင် လူမရှိတဲ့ဘက်ကို လှည့်ပြီးလုံခြုံသေသပ်စွာနဲ့ဝတ်ပါတယ်၊၊အဲ့ဒါကိုများ ခိုးကြည့်မိရင် နှာဘူးကြီး ဘာကြီးဆိုပြီးတော့  မျက်စောင်းပေါင်းများစွာအထိုးခံရပါတယ်၊၊အဲလောက်ထိ နဂိုခေတ်ကမိန်းကလေးများ အိနြေ္ဒသိက္ခာနဲ့ပြည့်စုံတာပါ.. ခုတော့ အဲ့လိုမဟုတ်ဘူး၊၊ ဟိုနားဖော် ဒီနားဖော်နဲ့၊၊ တစ်ချို့ဆို ပေါင်အထက်မှာဝတ်တယ် ၊၊ သူတို့ကိုသူတို့တော့ ခေတ်မှီတယ်ပေါ့ ဆိုလိုချင်တာက၊၊
ရုပ်ရှင်ဗွီဒီယို သရုပ်ဆောင်များက ရှေ့ဆောင်လမ်းပြလုပ်နေကြတာလဲပါပါတယ်၊၊
 ယောင်္ကျားလေးများကလဲ ထိန်းသင့်ပါတယ်၊၊ကိုယ့်ရဲ့နှမများလိုသဘောထားပြီးစောင့်ထိန်းသင့်ပါတယ်၊၊တွေ့သမျ­ှမိန်းကလေးတွေကို
ကိုယ့်မြန်မာအမျိုးသမီးလေးတွေပါလား ဆိုတဲ့အသိနဲ့ ချက်တင်လောကထဲက ဆွဲထုတ်ရမဲ့အစား၊ပိုပြီးနစ်အောင်နှစ်နေတဲ့သူတွေက တစ်ပုံကြီးပါ၊၊ တစ်ချို့ဆို ရည်းစားထားပြီး ဟိုပစ္စည်းမှာ ဒီပစ္စည်းမှာနဲ့ ယောင်္ကျားမတန်မဲ့ ပိုင်းလုံးလုပ်နေတာတွေ သိပ်ပြီးရှက်ဖို့ ကောင်းပါတယ် သိပ်ပြီးအောက်တန်းကျပါတယ်၊၊လက်တော့ မှာတဲ့သူနဲ့ ၊ ဖုန်းမှာတဲ့သူနဲ့ ၊၊ ပါးရိုက်သတ်ဖို့ကောင်းတယ်၊၊ တစ်ချို့ကတော့ မိန်းကလေးတွေကို ပထမခင်အောင်ပြောတယ်..ပြီးရင် sexyword တွေကိုလှည့်ပတ်ပြောပြီး မိန်းကလေးများစိတ်ပါအောင် ကြံဖန်ပြီး ပြောတယ် ဖျက်စီးတယ် အဲ့လိုမျိုးတွေယုတ်မာရိုင်းစိုင်း အောက်တန်းကျကြပါတယ် ၊၊ " ငါတို့ကယောင်္ကျားတွေပဲ ဥပုဒ်စောင့်တဲ့ ကျားရှိလို့လား " ဆိုပြီး အကြောင်းပြချက်မပေးပါနဲ့ ၊၊ အဲ့ဒါ မိမဆုံးမ ဖမဆုံးမ လမ်းကြိုလမ်းကြားမှာ ပြည့်တန်ဆာနဲ့ အမည်မသိဘိန်းစားနဲ့
မျိုးစပ်ပြီးပေါက်ဖွားလာတဲ့ ကလေကချေတွေ ပေးတဲ့ အကြောင်းပြချက်တွေပါ ၊၊ တစ်ချို့သော မိန်းကလေးတွေဆိုရင် အဲ့ဒါတွေကြောင့်ပဲ ချက်တင်ကိုအစွဲကြီးစွဲပြီး ချက်တင်ဆိုတဲ့နွံထဲမှာ နစ်နေတာတွေ အများကြီးပါ၊၊အဲ့လိုလူမျိုးတွေကို ခွေးကမွေးတဲ့အောက်တန်းစားများအဖြစ် သတ်မှတ်ပြီး ရှောင်သင့်ပါတယ် ..မိန်းကလေးများအနေနဲ့၊၊ သို့သော် ပြောသာပြောရတာပါ အဲ့လိုပြောစားလာတဲ့ ယောက်ျားတွေကလဲ သဘာကရင့်နေပါပြီ ပြီးတော့ မိန်းကလေးတွေကလဲ အဲ့လိုပြောတဲ့သူတွေကိုမှ ပိုပြီးကြွေသလားတော့ မပြောတတ်ဘူးပေါ့ ....
တော်တော်သဘောကျကြပါတယ် ၊၊ တစ်ချို့သော အမျိုးသမီးများ၏  ဟာလာဟင်းလင်း ဓါတ်ပုံပေါင်းများစွာဟာ လည်း အင်တာနက်မှာ မမြင်ချင်အဆုံးပါပဲ..တော်တော်အရှက်နဲတဲ့ မိန်းမတွေပါ VZO ကနေတစ်ဖက်က ယောင်္ကျားလေးတစ်ယောက်ကို မျိုးစုံလုပ်ပြပါတယ် ... ဒါတွေက ယောင်္ကျားလေးတွေကိုယ်တိုင် ၀န်ခံကြတာပါ..တချို့ မိန်းကလေးတွေရဲ့ အရှက်နည်းမှုတွေကို ဝေဖန်ကြတာပါ..
အဲလိုမိန်းမမျိုးတွေကို ရွံလွန်းလို့ အော့နှလုံးနာလွန်းလို့ ၊၊ အဲ့ဒါလား မြန်မာဗုဒ္ဓဘာသာအမျိုးသမီး တွေ ဆိုပြီးတော့ ကိုယ်ကိုယ်တိုင် မြန်မာဖြစ်ရတာကိုတောင် အော့နှလုံးနာပါတယ်...
အဲ့တော့ မြင့်မြတ်တဲ့မြန်မာအမျိုးသမီးကောင်းများအနေနဲ့ အဲ့လိုပုပ်နေတဲ့ ငခုံးမတွေ(မိန်းမများ)ကိုလဲရှောင်ကြဉ်ပါ ၊၊ ပြီးရင်
ပုပ်နေတဲ့ငခုံးမ(အထီးတွေ)ကိုလဲ သတိထားပြီး ရှောင်ကြဉ်ပါ ၊၊အပေါင်းအသင်းမလုပ်ကြပါနဲ့ လို့ ဆိုတာကို အသိပေးပါတယ်နော်...
မြန်မာနိုင်ငံကို ဘက်စုံမှာတိုးတက်စေဖို့အတွက် မြန်မာနိုင်ငံရဲ့ ဂုဏ်ကိုမြှင့်တင်ဖို့အတွက်က ဒီလိုဟာမျိုးတွေနဲ့မပတ်သက်မိဖို့လိုပါတယ်...
စိတ်ဓါတ်ရေးရာအရ သုံးသပ်ချက်
       -------------------------------------------------------------------
-မြန်မာတွေဟာကိုယ်ပိုင်-ကိုယ်တိုင် အသစ်အဆန်းများအားတီထွင်လိုစိတ်မရှိခြင်း ၊
-အခြားနိုင်ငံများရဲ့တီထွင်ပေးမှုများကိုသာအဆင်သင့် သုံးချင်ကြသော လူဖျင်းလူနုံလူအများဖြစ်နေခြင်း၊၊ ပျင်းရိခြင်း၊၊ တော်သည့်လူများ
ချွန်ထွက်လာပြီဆိုရင်လဲ အဲ့ဒီလူကိုဘယ်လို နှိပ်ကွပ်ရမလဲဆိုတာပဲ စဉ်းစားကြပါတယ်၊၊ နမူနာပြောပြမယ်၊၊ အိုင်းစတိုင်းဟာ ပန်းသီးလေးတစ်လုံး ကြွေကျတာကို ကြည့်ပြီး ထိုင်စဉ်းစားနေလို့ အင်မတန်အသုံးဝင်တဲ့ များစွာအကျိုးကျေးဇူးတွေ ဖြစ်လာစေမဲ့ formula တစ်ခုကို ရရှိခဲ့ပါတယ်၊၊ တို့ဆီမှာ တကယ်လို့များ လူတစ်ယောက်က အဲ့လိုထိုင်စဉ်းစားနေရင် ခုဒီစာကိုဖတ်နေတဲ့
လူကြီးမင်း ဘယ်လိုတွေးမလဲ၊၊ဂျက်လီဟာ ကွန်ဖူးကို တရုတ်ပြည်တစ်ပြည်လုံးမှာ ပထမရအောင် ယှဉ်ပြိုင်ခဲ့ပါတယ်၊၊ဒါ့ကြောင့် သူ့ကို မင်းသားတင်ရိုက်တယ်၊၊ နာမည်ကြီးမင်းသားတစ်ယောက်ဖြစ်လာပါတယ်၊၊ဘရုစလီဟာ ဗိုက်ပေါ်ကို ကားနင်းတာခံပြခဲ့ပါတယ်၊၊ အနီးကတ် ထိုးချက်ဆိုတဲ့ အဇုတ္တနဲ့ ဗဟိဒ္တ ပေါင်းစပ်ထားတဲ့ ထိုက်ကျိကို အခြေခံတဲ့ သိုင်းပညာတစ်မျိုးနဲ့ အခြားတရုတ်ရိုးရာ
သိုင်းပညာများစွာကို ဖော်ထုတ်ပြသခဲ့ပါတယ်၊၊ဒါ့ကြောင့်လဲ သိုင်းလို့ပြောရင် တရုတ်ကို  လူတိုင်းသိကြပါတယ်၊၊အဲ့လိုမျိုး သူတို့ဆီမှာ အားပေးအားမြှောက် ပြုကြပါတယ်၊၊ တို့နိုင်ငံမှာ သိုင်းသင်နေတဲ့ လူတစ်ယောက်ကို ငပေါကြီး ငရူးကြီး စသဖြင့်ပြောကြပါတယ်  နှိမ့်ချချင်ကြပါတယ်၊၊တရုတ်ကားတွေထဲမှာ ပါတဲ့ အကြောပိတ်-အကြောနှိပ်ပညာဆိုတာ တကယ်ရှိပါတယ် အဲ့ဒါဟာ တို့မြန်မာ့ရိုးရာ
ဗန်တိုပညာ၊ ရှမ်းကြီးသိုင်း၊ပွဲကျောင်းသိုင်း ဆိုတဲ့ပညာရပ်တွေထဲမှာ ပါပါတယ်၊၊ တရုတ်က ဗောဓိဓမ္မ (တရုတ်လို ဆရာတော်တာမို)ဆိုတဲ့ဘုန်းတော်ကြီးတစ်ပါးက မြန်မာတို့ရဲ့ ပွဲကျောင်းသိုင်းနဲ့ နန်းသိမ်းခုံ(ယခု ရှမ်းကြီးသိုင်း)ကို
တိဗက်မှာ သင်ယူခဲ့ပြီး သူ့နိုင်ငံကိုရောက်တဲ့အချိန်မှာ ကျန်းမာရေးနဲ့လဲညီညွတ်အောင်၊ဘုန်းကြီးတွေလဲ တရားကျင့်တဲ့အချိန်မှာ
မငိုက်မြည်းအောင်ဆိုပြီး ပုံစံတစ်မျိုးနဲ့ထွင်ပါတယ် ၊၊သူ့ကျောင်းရဲ့နာမည်ကို အစွဲပြုပြီး အဲ့သိုင်းကို ရှောင်လင်လို့ခေါ်ပါတယ်၊၊ အဲ့တော့ တို့မြန်မာတွေ သိပ်ပြီးတော်ပါတယ်၊၊ အဲ့လို ကိုယ့်ဟာက သူများဟာဖြစ်သွားအောင် တော်တဲ့သူ တွေကိုနှိမ့်ချနိုင်စွမ်းရှိပါတယ်၊၊ ပြီးတော့ တစ်ခုရှိသေးတယ်၊၊ မင်းတုန်းမင်းခေတ်ကပါ၊၊ အဲ့ဒီအချိန်တုန်းက အင်္ဂလိပ်တွေက မြန်မာနိုင်ငံကို ကျူးကျော်နေတဲ့အချိန်ပါ၊၊ မြန်မာတွေအနေနဲ့ လက်နက်အင်အားနဲ့နည်းပညာမှာ အင်္ဂလိပ်ကိုမမှီလို့ သိပ်ပြီးအခက်အခဲတွေ့နေရတဲ့ အချိန်ပါ၊၊ အဲ့တုန်းက အင်္ဂလိပ်က
မြန်မာနိုင်ငံထဲကိုဝင်ရင် ရေကြောင်းကပဲ ၀င်နိုင်ပါတယ်၊၊ အဲ့အချိန်မှာ ယောအတွင်းဝန်ဦးဘိုးလှိုင်နဲ့ ကနောင်မင်းသားကြီးတို့ဟာ
ရေမြှုပ်ဗုံးထွင်နေကြတဲ့အချိန်ပါ၊၊ သူတို့ ထွင်ထားတာပြီးသွားတဲ့အချိန်မှာ အောင်ပင်လယ်ကန်ကို နှစ်ယောက်သားသွားပြီး စမ်းသပ်ကြပါတယ်၊၊ အရင်ဆုံး ကနောင်မင်းသားကြီးဟာ ဗုံးတစ်လုံးကို ကန်ထဲပစ်ချလိုက်တော့ ၀ုန်းဆိုတဲ့
အသံကျယ်ကြီးနဲ့အတူ ပေါက်ကွဲထွက်သွားပါတယ် သူတို့အရမ်းကိုပျော်ပြီး ကနောင်က ဦးဘိုးလှိုင်ကို  " ကျုပ်တို့ အင်္ဂလိပ်ကို
ချောင်ပိတ်ပြီးစိစိညက်ညက်ချေပစ်နိုင်ပြီ"လို့ ပြောလိုက်ပါတယ်၊၊ သူတို့ စမ်းသပ်နေတုန်းအချိန်က နန်းတွင်းထဲမှာ မင်းတုန်းမင်းက
ဘုန်းကြီးတွေကိုဆွမ်းဖိတ်ကျွေးနေတဲ့အချိန်ပေါ့၊၊ ကနောင်နဲ့ ဦးဘိုးလှိုင်တို့ ပျော်ရွင်စွာနဲ့ပြန်လာကြတဲ့အချိန်မှာ  နန်းတော်တံခါးဝကိုရောက်တော့ လှိုင်ထိပ်ခေါင်တင်နဲ့ တွေ့တယ် ၊၊ ကနောင်က " နှမတော် ခုဏက အသံတွေ
အကိုတော်ကြားလား သူဘာပြောလဲ" လို့ မေးလိုက်တယ်၊၊ သူကတော့ မင်းတုန်းမင်းကြီးလဲပျော်မယ်ထင်တာပေါ့၊၊ လှိုင်ထိပ်ခေါင်တင်ပြောတာက " အဲ့အချိန်တုန်းက မင်းတရားကြီးက ဘုန်းကြီးဆွမ်းကျွေးလုပ်နေတာတဲ့၊ ဘုန်းကြီးတွေက
အဲ့ဗုန်းကွဲသံကို ကြားတော့ ရေထဲကသတ္တ၀ါတွေဒုက္ခရောက်တော့မယ်ဆိုပြီး ဆွမ်းစားတာချက်ချင်းရပ်ပြီး ပြန်ကြွသွားကြ
 တယ်တဲ့၊အဲ့ဒါနဲ့ မင်းတရားကြီးက ကနောင်နဲ့ဦးဘိုးလှိုင်ရဲ့ ရေမြှုပ်ဗုံးကို တားမြစ်ပါမယ်ဆိုပြီး ကတိပေးလိုက်ရတယ်တဲ့"၊၊ အဲ့အခါမှ ကနောင်မင်းသားကြီးက ၀မ်းနည်းစွာနဲ့ ဦးဘိုးလှိုင်ကို " ကျုပ်တို့တွေ သူ့ကျွန်ပဲ လုပ်ကြပါစိှု့ဗျာ" တဲ့၊၊ ၁၂၄၀ ခုနှစ် အင်္ဂလိပ်အရာရှိမှတ်တမ်းတွင် " သတင်းပေးသူမှတ်တမ်း "ဆိုတဲ့စာအုပ်မှာ မြန်မာတို့သည် ရိုင်ဖယ်သေနတ်များနှင့် တော်ပီဒိုရေမြှုပ်ဗုံးများ လုပ်ကိုင်နိုင်ပြီလို့ ဖော်ပြထားပါတယ်၊၊ဒါကို ကုန်းဘောင်ရှာပုံတော် ဆိုတဲ့စာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်၊၊ အဲ့ဒီလို တို့မြန်မာတွေဟာ တော်တဲ့သူတွေကို အားပေးအားမြှောက်လုပ်မှု နည်းပါးကြပါတယ်၊၊
မိမိကိုယ်ကိုအထင်သေးသိမ်ငယ်တတ်ပြီး  တိုင်းတစ်ပါးကိုစွတ်အထင်ကြီးတတ်သော လူဖျင်းလူနုံများ၊ဆန်ကုန် မြေလေးများ တစ်နေ့တစ်ခြားတိုးတက်များပြားလာခြင်း၊၊
 ယနေ့ INTERNET ကိုတော်တော်များများသုံးနေကြပါပြီ၊၊ သို့သော် ၀မ်းနည်းစရာကောင်းသည်မှာ အကျိုးရှိ သည့်နေရာတွင် အသုံးမချပဲ ရည်းစားရှာဖို့၊ Sexy Words တွေပြောပြီး ကျေနပ်ဖို့ စတဲ့မဟုတ်တဲ့နေရာတွေမှာ အသုံးချနေကြတာပါပဲ၊၊မြန်မာရဲ့ အဓိကအားနည်းချက်က အဲ့ဒါပဲ၊၊မဟုတ်တဲ့နေရာမှာ သိပ်ပြီး ချွန်တယ်၊၊ ၁ နာရီမှ ၂၀၀-၃၀၀လောက်ပေးရသော INTERNET ကို အကျိုးရှိရှိအသုံးချမယ်ဆိုရင်
ရတနာသိုက်ကြီးပါ၊၊ လိုချင်တာ  လေ့လာချင်တာ အကုန်ရတယ်၊၊ ရှာစမ်းပါ GOOGLE ကနေ၊၊ စာအုပ်တွေရှာ ဖတ်၊လေ့လာ၊၊လုပ်စမ်းပါ၊၊ အလိမ္မာ စာမှာရှိတဲ့၊အလုပ်ချိန်မှာ  အလုပ်လုပ်တယ်၊၊ နားချိန်မှာ ကောင်းကောင်းနားတယ်၊၊
မြန်မာနိုင်ငံကလွဲလို့ ကျန်တဲ့နိုင်ငံတွေမှာNET အရမ်းကောင်းပါတယ်၊၊ သို့သော် သူတို့တွေ ဒို့ဆီက မြန်မာတွေလို မချက်ပါဘူး၊၊ လိုအပ်မှ သုံးပါတယ်၊၊ ဒို့မြန်မာတွေကတော့ အဲ့လိုမဟုတ်ပါဘူး၊၊ နားကြပ်ကြီးတွေ တပ်ပြီး တစ်နေကုန် ဖင်ပူအောင်ထိုင်၊ တွေ့သမျှ ဆန့်ကျင်ဘက်(gender ) များနဲ့ချက် နေလိုက်ကြတာကို လေယဉ်မောင်းနေတဲ့ ပိုင်းလော့ကြီးတွေ ကျနေတာပဲ၊၊ တစ်ချို့ဆိုရင် အဲ့ဒီ INTERNET ဆိုင်ကရောင်းတာကိုစားပြီး တစ်နေကုန်ထိုင်ချက်ပါတယ်၊၊လက်တွေ့ နားနဲ့ဆက်ဆက်ကြားနေရတာတွေရှိပါတယ် နစ်ကို
ကြိုက်တဲ့အချိန်ဖွင့်၊အမြဲတမ်းအွန်လိုင်းပဲ၊၊ပြီးရင် စကားကို အကောင်းမပြောဘူး၊၊ ၊လူတစ်ယောက်ချက်တာကိုဘေးကနေနားထောင်နေတာ သူတို့မှာအွန်လိုင်းကနေ မိန်းမတွေကော ကလေးတွေတောင် လေနဲ့ရနေကြပါပီ။ တချို့ဆို Q တယ်လို့ခေတ်စကားနဲ့ပြောလို့ရပါတယ်.. ကောင်လေးတွေဆိုလည်း ကောင်မလေးတွေကို လိုက်Q နေကြပါတယ်.. ကောင်မလေးတွေဆိုရင်လည်း အဲဒီQ တာကိုပဲခံနေကြပါတယ်..
ဘယ်လိုလုပ်ကြမလဲ  ၊၊ မြန်မာတွေဟာ မဟုတ်တဲ့ဘက်မှာ သိပ်ချွန်နေကြတယ်၊၊အချိန်တွေ ၊ အင်အားတွေ ဘယ်လောက် နှမြောစရာ ကောင်းလိုက်သလဲ ၊၊ ရှက်သင့် ကြပါပြီ ၊ ပြင်သင့်ကြပါပြီ ၊၊ဒီ Mail အတွက်  မုန်းချင်မုန်းကြပါ နာချင်ရင်နာကြနိုင်ပါတယ်၊ နာအောင်လဲ
ရေးထားတာပါ၊၊ မှားနေကြတာတွေကို ပြင်စေချင်တဲ့စိတ်နဲ့၊အားလုံးကို ကိုယ့်ညီမတွေလို မပေါင်းသင့်တဲ့သူတွေနဲ့မပေါင်းရအောင် ၊ အတုမယူသင့်တဲ့သူတွေကို အတုမယူမိအောင်၊အားလုံးကို ကြိုးစားချင်စိတ်ရှိကြဖို့တွေအတွက် နာအောင်ရေးထားတာပါ၊၊ နာပြီးတော့ အဲ့ဒီလူမျိုးတွေ၊အဲ့လိုကိစ္စတွေကိုရှောင်ပြီး ဖြောင့်လာကြမယ်ဆိုရင် အမုန်းခံရတာ တန်ပါတယ်၊၊
အားလုံးပဲ Good luck in everything!
 ဒီစာကို ထောက်ခံရင် မှန်တယ်ဆိုရင် သူငယ်ချင်းတွေကိုပါ ဖတ်ဖို့ပေးလိုက်ပါ၊၊
မမှန်ဘူးလို့ယူဆရင် မုန်းနိုင်ပါတယ်၊၊ တစ်ခုပြောစရာရှိတာက
အဲ့ထဲမှာရေးထားတဲ့  မကောင်းသောယောင်္ကျားများ၊မိန်းမများဆိုတာ
အကုန်လုံးကိုပြောတာမဟုတ်ပါ၊၊ အလွန်သိက္ခာရှိပြီး လေးစားဖွယ်၊ဂုဏ်ယူထိုက်သော
့မြန်မာအမျိုးသမီးကောင်းများစွာ၊အမျိုးသားကောင်းများစွာ ရှိပါသည်၊၊
အားလုံးကိုဆိုလိုခြင်းမဟုတ်ပါနော်...
ဒီစာကို ရေးရခြင်းက အားလုံးကို ကောင်းစေခြင်းလို့ပါ..
အလင်းရဲ့ဒိုင်ယာရီထဲမှ စာကို ကိုးကားထားခြင်းဖြစ်ပါသည်...
ဒီစာကို အမုန်းခံပြီး ဘလော့ရေးခဲ့တာဟာ မြန်မာနိုင်ငံကြီးတိုးတက်စေလိုပြီး အမျိုးကောင်းသားသမီးတွေအတွက်ပါ.. အတုယူမမှားစေဖို့နဲ့ ကိုယ့်ကိုကိုယ်ပြုပြင်နိုင်ဖို့ရည်ရွယ်ပြီးရေးသားခဲ့ခြင်းပါ..
အားလုံးနားလည်မယ်လို့မျှော်လင့်ပါတယ်... ခုရေးသားခဲ့တဲ့ စာမှာအမှားပါရင်ခွင့်လွတ်ဖို့  တောင်းပန်ပါတယ်
မှတ်ချက်( အင်တာနက် ချစ်သူမှ ဆောင်နှင်းဖြူ ၏ စာအား ရွှေမှသူငယ်ချင်းများအတွက် ကူးယူဖော်ပြပါသည်)
ဖတ်ကြည့်သင့်သောစာတပိုဒ်
ဒီစာလေး ဖတ်ပေးပါအုံး.... သိပ်ကောင်းတဲ့ စာလေးပါ....
သူငယ်ချင်းတစ်ယောက်ဆီကရတာပါ... ဒီစာလေးဖတ်ပြီ ဒဏ်ရာတွေများရှိနေလို့
ပျောက်ခဲ့မယ်ဆိုရင်..............
ဒီစာလေးကို ကျေးဇူးပြုပြီ ဆုံးအောင်ဖတ်ပေးပါ..........
 ဟိုးရှေးရှေးတုန်းက အင်မတန်မှ စိတ်တိုစိတ်ဆတ်တဲ့ ကောင်လေးတစ်ယောက်
ရှိသတဲ့။ တစ်နေ့ကျတော့ သူ့အဖေက ကောင်လေးကို
အိမ်ရိုက်သံတစ်ထုပ်ပေးလိုက်ပြီး ပြောပါတော့တယ်။ မင်း တစ်ခါစိတ်တိုတိုင်း
သံတစ်ချောင်းကို နောက်ဖေးက ၀င်းထရံတိုင်မှာ သွားရိုက်ချေကွာတဲ့။
သူငယ်ချင်းတို့ေ၇...
အဖေက အဲ့ဒီလိုပြောပြီး သံထုပ်ကိုပေးလိုက်တဲ့ ပထမနေ့မှာ ကောင်လေးဟာ
ဝင်းထရံတိုင်မှာ သံပေါင်း ၃၇ချောင်းရိုက်သွင်းဖြစ်သွားတယ်။ အဲဒီလိုနဲ့
သူစိတ်တိုတိုင်း သံလေးတွေကို ၀င်းထရံမှာ ရိုက်ရင်းရိုက်ရင်း ကောင်လေးဟာ
သူစိတ်သူထိန်းနိုင်လာသတဲ့။ သံရိုက်ချက်တွေဟာလည်း တစ်နေ့ထက်တစ်နေ့
ကျဲလာခဲ့တယ်။ ဒီလိုနဲ့ကောင်လေးဟာ ၀င်းထရံမှာ သံပြေးရိုက်တာထက်စာရင်
ဒေါသဖြစ်နေတဲ့စိတ်ကို ထိန်းရတာပိုလွယ်လာမှန်း သဘောပေါက်လာတော့တယ်။
အဆုံးမှာ ကောင်လေးဟာ စိတ်မတိုပဲနေနိုင်တဲ့နေကို ရောက်လာရော။
ကောင်လေးကပြေးပြီး သူအဖေကို သတင်းသွားပို့တယ်.. အဖေရေ.. သားတော့ စိတ်ကို
ထိန်းနိုင်သွားပြီဗျ..
အဲ့ဒီလိုကျတော့ သူအဖေက တစ်မျိုးခိုင်းပြန်ရော.. မင်းကိုယ်မင်း
ဒေါသမဖြစ်အောင် တစ်နေကုန်ထိန်းနိုင်ပြီဆိုတာနဲ့ အဲ့ဒီသံတွေကို
ပြန်နှုတ်ဦးကွာ။ တစ်နေ့ ထိန်း နိုင်ရင် ညအိပ်ခါနီး တစ်ချောင်းနှုန်းနဲ့
နှုတ်နော်လို့ မှာလိုက်သတဲ့။ ရက်တွေကြာလာတော့ ကောင်လေးက သူအဖေကို
ပြောနိုင်သွားတယ်။ အဖေရေ.. သားရိုက်ခဲ့တဲ့ သံတွေအားလုံးကို နှုတ်ပြီး
သွားပြီ တစ်ချောင်းမှ မကျန်တော့ဘူး။
သည်အခါအဖေလုပ်တဲ့သူက သားရဲ့လက်ကိုဆွဲပြီး သားရိုက်ခဲ့တဲ့ဝင်းထရံဆီကို
ခေါ်သွားတယ်။ တော်တယ်ငါ့သား လို့လည်းဆိုတယ်။ ဒါပေမယ့် သား သေချာကြည့်စမ်း။
ဝင်းထရံတိုင်မှာ အပေါက်တွေဖြစ်ကျန်ခဲ့တယ်နော်။ ဒီဝင်းထရံတိုင်တွေက
အရင်တုန်းကလို ချောချောမွေ့မွေ့မဟုတ်တော့ဘူး ဆိုတာ သားမြင်တယ် မဟုတ်လား။
အေး.. သားကစိတ်တိုတိုနဲ့ ပါးစပ်ကပြောချလိုက်တဲ့အခါ
တစ်ဖက်သားဆိုတဲ့ဝင်းထရံတိုင်မှာ အခုလိုအမာရွတ်တွေထင်ကျန်ရစ်ခဲ့တတ်တယ်
သားရယ်။
အဲ့ဒီလိုပဲလူတစ်ယောက်ကို သားကဓါးနဲ့ထိုးလိုက်တယ်။
ပြီးရင်ဓါးပြန်နှုတ်ပြီး ရှိခိုးတောင်းပန်တယ်ဆိုပါစို့။
သားဘယ်နှစ်ခါပဲရှိခိုးတောင်းပန်ပါစေ။ ဒဏ်ရာနဲ့ အမာရွတ်ကတော့
မလွဲမသွေကျန်ခဲ့မှာပဲ ငါ့သားရယ်..တဲ့။
တကယ်တော့ မိတ်ဆွေသူငယ်ချင်းတွေဆိုတာ အဖိုးတန်တဲ့ရတနာတွေပါပဲ။ သူတို့ဟာ
ငါတို့တွေကို ပျော်ရွှင်ရယ်မောစေတယ်။ အားပေးကူညီတယ်။ ဒုက္ခ၊သုခတွေကိုလည်း
မျှဝေခံစားကြတယ်။ ရင်ဖွင့်သမျှကို ဂရုစိုက်နားထောင်ပေးတယ်။
ဒါကြောင့်တစ်ခုခုဆိုစိတ်လိုက်မာန်ပါမလုပ်နဲ့။ သူတို့ကိ
ုသံနှုတ်ရာကျန်ခဲ့တဲ့ ၀င်းထရံတွေအဖြစ်မရောက်ပါစေနဲ့။
ကိုယ့်မိတ်ဆွေသူငယ်ချင်းတွေကို ကိုယ်က ဘယ်လောက်ဂရုစိုက်ကြောင်း
သူတို့ကိုလည်း သူတို့ရဲ့ မိတ်ဆွေတွေအပေါ်
ဂရုစိုက်လာအောင်လုပ်ပေးသင့်ကြောင်းပြောကြားပေးပါ။ ဒါကြောင့်ကိုယ်တိုင်က
သူငယ်ချင်းကောင်း မိတ်ဆွေကောင်းအဖြစ် သတ်မှတ်ထားတဲ့သူတွေဆီကို
ဒီပုံပြင်လေးကို လက်ဆင့်ကမ်းပါ။ ယုတ်စွဆုံး ဒီစာလေးကို ပို့လိုက်တဲ့သူဆီ
ဒီအတိုင်းပြန်ပို့နိုင်ပါသေးတယ်။ ကိုယ်ပို့လိုက်တဲ့စာ ကိုယ့်ဆီ
ပြန်ရောက်လာရင် ကိုယ့်မှာ မိတ်ဆွေကောင်းတွေရှိနေတာကို
အလိုလိုခံစားနိုင်မှာပါ။
ဒီစာအုပ်နာမည်က နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ် ဖြစ်ပါတယ်။
ရေးတဲ့သူက ဆရာအတ္တကျော်ပါ။
အားလုံးပျော်ရွှင်စေဖို့ဆန္ဒပြုလျက်...
ခေတ်ဆန်းခြင်းနှင့်မြန်မာ့ယဉ်ကျေးမှု့ 
ရေးသားသူ ..လုထုဒေါ်အမာ  
အမေ – လူထုဒေါ်အမာ က ကလျာမဂ္ဂဇင်း မှာ ပြောထားတာလေးကို မြန်မာမိန်းခလေးများ သတိပြုမိစေဖို့ ပြန်လည်ရေးသားပေးလိုက်ပါတယ်။
အမေပြောခဲ့တာက ဒီလိုပါ မြန်မာမတွေရဲ့ အမျိုသားဝတ်စုံဆိုတဲ့အခါကျတော့ အမျိုးသားဝတ်စုံရယ်လို့ ရှိချင်သေးလား။ မရှိရင်လည်း ရတာပါပဲလို့ အောက်မေ့နေကြသလား။ ရှိချင်သေးတယ်ဆိုရင်တော့ အောက်ထစ်ဆုံး ထဘီတော့ ၀တ်စုံအဖြစ်သတ်မှတ်ရဦးမှာပါပဲ။ ဟိန္ဒူအမျိုးသမီးများကို ကြည့်လိုက်ရင် ဆာရီဟာ သူတို့အမျိုးသားဝတ်စုံပါပဲ။ ဒါဟာ အခုပြသနာလုပ်နေရတယ်။ အမျိုးသားဝတ်စုံရှိနေချင်သေးလား၊ မရှိချင်တော့ဘူးလားဆိုတာကို ငြင်းခုန်နေရတယ်။ ဘာပြုလို့လဲဆိုတော့ ဒီခေတ် တက်လူမိန်းကလေးတွေက ခါးမှာထမီမ၀တ်ကြတော့ဘဲနဲ့ စကတ် တို့ ၊ ဘောင်းဘီ တို့ ၀တ်နေကြလို့ပါ။ စကတ်ဆိုတာ ထဘီ မဟုတ်ပဲနဲ့ ထဘီယောင်ဆောင်ထားတဲ့ အ၀တ်တမျိုးပါ။ သူက ခါးပေါ်မှာတော့ဝတ်တယ်။ ဒါပေမယ့် ထဘီလို လုံလုံခြုံခြုံ ချီထားဖုံးထားတဲ့ အ၀တ်အထည်မျိုးမဟုတ်ဘူး။ ပေါင်ရင်းလောက်တိုတဲ့စကပ်ရှိတယ် ၊ ဒူးအောက်ရောက်တဲ့စကပ်ရှိတယ် ၊ စကပ်ကို ပေါင်ရင်းအထိခွဲထားတဲ့ စကပ်ရှိတယ် ၊ အခုနောက်တည့်တည့်ကခွဲတဲ့စကပ်တောင်ရှိသေးတယ်။ အခုမြန်မာမလေးတွေ ၀တ်တဲ့စကပ်က ပေါင်လောက်ထိတိုတဲ့ စကပ်တောင် ရှိနေပါပြီ။ ၀တ်ရဲတဲ့သူတွေက ၀တ်နေကြပြီ။ နို့ပေမယ့် ဘေးခွဲ ၊ နောက်ခွဲ နဲ့ စကပ်ရှည်ရှည်တွေကတော့ မြန်မာမိန်းကလေးတိုင်းလိုလို ၀တ်ဝံ့တာမြင်နေရပြီ။ အခုတော့ အမေလဲ မရှိတော့ပါဘူး… အမေ မမြင်ရတော့ဘူးပေါ့…
အပေါ်ပိုင်းကျပြန်တော့လည်း ရင်ညွန့်အထက် ဘာမှ မရှိဘူး။ အမေတို့ရှေးတုန်းက အမျိုးသမီးတွေဟာ ရင်လျားကြီးနဲ့ လူထဲမထွက်ရဲကြပါဘူး။ ခုတော့ရင်လျားထားတဲ့အတိုင်း အပေါ်ပိုင်းဗလာနဲ့ လက်သန်းတခြမ်းလောက် ကြိုးလေးတွေသာ ပခုံးမှာချိတ်လို့ လူမြင်ကွင်းမှာ သွားနေလာနေကြတာ မသင့်လျှော်လွန်းပါဘူးကွယ်။ ဟိုး ဘိုးစဉ်ဘောင်ဆက်ကတည်းက “အရှက်ကို အသက်နဲ့လဲမယ် ´´ ဆိုပြီး အမေတို့မြန်မာမိန်းမတွေ ကြွေးကျော်ခဲ့တဲ့စကားရှိပါတယ်။ အရှက်ကို အသက်ထက်ပိုပြီး တန်ဖိုးထားတဲ့စကားပါ။ ဒါကြောင့် သမီးလေးတို့ကရော သမီးလေးတို့ရဲ့ အုပ်ထိန်းသူတွေကပါ ၀ိုင်းဝန်းတည့်မတ်ပေးကြပါ။ ပြီးတော့ ထဘီ နဲ့ စကပ် ရဲ့ ကွာခြားမှုကို အမေနည်းနည်းပြောပြချင်တယ်။ ထဘီက ၀တ်ရင်း ၊ ထိုင်ရင်းကနေ တနေရာမှာ တခုခုစွန်းသွားပေသွားလိုကရှိရင် အဲ့ဒီအစွန်းအပေကို လွယ်လွယ်လှည့်ဝတ်လို့ရတယ်။ ဖုံးကွယ်လို့ရတာပေါ့။ စကပ်ကတော့ ဘောင်းဘီလိုပဲ ဘယ်နေရာပေပေ ဒီအပေကို လှည့်လို့လည်းမရဘူး။ ဒါကြောင့် ဖုံးလို့ကွယ်လို့မရဘူးပေါ့။
နောက်တခုက မြန်မာမိန်းကလေးတွေ ဘောင်းဘီဝတ်တာကိုလည်းပြောချင်သေးတယ်။ တောထဲတောင်ထဲ ခရီးကြမ်းသွားလို့ ထိုင်ထကောင်းတဲ့ဘောင်းဘီမို့ ၀တ်တာမျိုးကို အမေမပြောလိုပေမယ့် အခုခေတ်မြို့ပေါ်က မြန်မာမိန်းကလေးတွေဝတ်တဲ့ ဘောင်းဘီမျိုးကိုတော့ အမေအတော်အံ့သြမိတယ်။ ချက်ပေါ်အောင်ဝတ်တယ်။ အပေါ်အင်္ကျီ တိုနံ့နံ့နဲ့မို့ ဘောင်းဘီနဲ့ ကုန်းကွနေရင် အမျိုးသမီးအောက်ခံ ဘာရောင်ဝတ်တယ်ဆိုတာတောင် မောင်နဲ့နှမ သားနဲ့အမိ အမြင်မတော်တာတွေတွေနေကြရပြီ။ အမေတို့မြန်မာဓလေံထုံးစံက မိန်းကလေးဝတ်တဲ့ အ၀တ်အစားဟာ “ဣနြေ္ဒရတယ်´´ ဆိုတဲ့ ဆိုင်းဘုတ်ပါရတယ်။ အ၀တ်အစားကိုက လျှပ်ပေါ်တယ် ၊ လော်လီတယ် ဆိုတာမျိုးမဖြစ်စေရဘူး။ အခုတော့တမင်ပဲ လျှပ်ပေါ်လော်လီတဲ့ အဆင်အပြင်ကိုရွေးဝတ်နေကြတယ်။ အမေတို့မြန်မာမိန်းမတွေမှာ ဖုံးကွယ်အပ်တဲ့အရာဆိုတာရှိတယ်။ ဖော်လှစ်သင့်တဲ့အရာဆိုတာရှိတယ်။ ဘယ်ဟာကဘာလဲလို့မသဲကွဲရင် အမေ့ကိုတိုးတိုးမေး။ အခုတော့ တချို့မိန်းကလေးတွေက ဖုံးကွယ်အပ်တဲ့အရာကို အလွန်တရာ ဖော်ချင်လှစ်ချင်ဖြစ်နေကြတယ်။ ဒါဟာ ခေတ်မီတာ ခေတ်ဆန်တာလို့ ထင်နေသလား။
အဲ့ဒီနေရာမှာ တို့အရှေ့နဲ့ အနောက်ကပြောင်းပြန်ပါ။ အနောက်ကမိန်းကလေးတွေက ဘာနဲ့မဆို စွဲဆောင်နိုင်တယ်လို့ ခံယူတယ်။ တို့အရှေ့တိုင်းကအဲ့ဒီလိုမဟုတ်ဘူး။ တို့အရှေ့တိုင်းသူမိန်းမတွေဟာ အနောက်တိုင်းသူမိန်းမတွေနဲ့မတူတာတချက်ရှိတယ်။ တို့အရှေ့တိုင်းသူတွေက ကိုယ်မှာရှိတဲ့ အရည်အချင်းအစစ်တွေနဲ့ လုပ်စရာရှိတာကို လုပ်နိုင်တယ်။ အဲ့ဒီတော့ တို့အရှေ့တိုင်းသူတွေက အနောက်တိုင်းမိန်းမတွေထက်သာပါတယ်။ သမီးမိန်းကလေးတို့ ပြိုင်ချင်သပဆိုရင်ပြောတာပါ။ ခုခေတ်မိန်းကလေးတွေရဲ့အမြင်က အမေတို့နဲ့ တော်တော်ကို ကွာဟနေတယ်။ ဥပမာဆိုပါတော့ အမေတို့တသက်လုံးလက်ခံလာတာက `ချက်´ဆိုတာ မိန်းမတစ်ယောက်ရဲ့ ဖော်လှစ်အပ်တဲ့အရာမဟုတ်ဘူး။ လုံလုံခြုံခြုံ ဖုံးကွယ်ထားရမဲ့အရာမျိုး။ အခုခေတ်မိန်းကလေးတွေက ဒီချက်ကြီးကို ဖော်ရုံလှစ်ရုံမကဘူး ရွှေငွေရတနာများ ဆင်ယင်သေးသတဲ့။ အံ့သြလို့မဆုံးဘူး။ သူတို့အဖေတွေကလည်း ဒါကိုကြည့်နေကြသတဲ့။ အဲ့ဒီတော့ခေတ်ကြီးကိုပဲ အပြစ်တင်ရမလား လူတွေကဲလာရဲလာတာကိုပဲ အပြစ်တင်ရမလား ၊ အမေအသက်၇ှည်နေသေးတာကိုပဲအပြစ်တင်ရမလား မပြောတတ်တော့ဘူး။
လူထုဒေါ်အမာ    
အင်တာနက်ချစ်သူ(ဆောင်းနှင်းဖြူ)မှ ကူးပြီးဖော်ပြသည်.(မြန်မာပီသနိုင်ကြပါစေ)
မြန်မာပီသစေချင်သော ရည်ရွယ်ချက်ဖြင့် အမုန်းခံတင်ပြအပ်ပါသည်..
၂၀၁၁ အတွက်ေ၇အောက် ဆု၇ ဓါတ်ပုံများ
အရွယ်အစား ၁ လက်မ အရွယ်ထက် မကြီးသော ထွင်းဖောက်မြင်ရသည့် goby ငါးလေး နှစ်ကောင်၏ ထူးခြားသော ဓါတ်ပုံသည် မီယာမီ တက္ကသိုလ်၏ Rosenstiel အဏ္ဏဝါ နှင့် လေထု သိပ္ပံကျောင်းမှ ကြီးမှုြး့ပီး နှစ်စဉ်ကျင်းပသော ရေအောက်ဓါတ်ပုံပြိုင်ပွဲတွင် ၂၀၁၁ ခုနှစ်အတွက် ပထမဆု ရရှိခဲ့သော ပုံဖြစ်သည်။
၎င်းဆုရဓါတ်ပုံကို ဂျာမန် ဓါတ်ပုံဆရာ Tobias Friedric က အီဂျစ်နိုင်ငံ Marsa Alam အနီးတွင် ရေငှပ်စဉ် ရိုက်ကူးခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ရေအောက်ဓါတ်ပုံ ပြိုင်ပွဲတွင် နိုင်ငံပေါင်း ၂၀ မှ ဓါတ်ပုံပညာရှင်များက ဓါတ်ပုံပေါင်း ၆၀၀ ကျော်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်ကြရာ ထိပ်တန်းပုံများအဖြစ် ရွေးချယ်ခံရသော ရေအောက်ဓါတ်ပုံ ၁၀ ပုံကို PatheinCity News ပရိသတ်များအတွက် ကောက်နှုတ် ဖော်ပြလိုက်ပါသည်။
မြို့တော်ပုသိမ် သတင်းစဉ် | PatheinCity News
1. Seeing Double
2. Odd couple
3. Public display of affection
4. A riot of red
5. Bunches of barracuda
6. Magic mushroom
(အင်တာနက်ချစ်သူမှ ကူးယူဖော်ပြပါသည်)
7. Smile for the camera
8. Filefish in Fiji
9. Sharkingly beautiful
10. Clean sweep
လူတွေ မသေခင်ဒေါသ လောဘ မောဟတွေဖြစ် သေတော့လည်း
တိဘက်မှ လင်းတ များ
ရက်စက်ပြီးတော့ စိတ်ပျက်ဖို့ ကောင်းတဲ့ အသုဘ ချနည်းသာဖြစ်ပါတယ်။ ဒါပေမဲ့ မြေမြှုပ် မီးသင်းဂြိုလ်မဲ့အတူတူ
လင်းတ တွေကို အစာကျွေးလိုက်ခြင်းဟာ ပိုပြီးတော့ ကောင်းတယ်လို့ ခံယူထားသူတွေဖြစ်ပါတယ်။
လင်းတတွေကတော့ အမြဲတမ်းဘဲ တိဘက်နိုင်ငံ ရဲ့ တောင်ထိပ် တွေမှာပျံဝဲ လျှက်ရှိနေကြပါတယ်။
လူသေလောင်းကို တောင်ပေါ်ယူသွားပြီး အခေါင်းဖွင့်ကာ ဓါးဖြင့် မွန်းပြီး လင်းတ များကို ကျွေးမွေးခြင်ဖြစ်ပါတယ်။
များသောအားဖြင့် တိဘက်များဟာ ဗုဒ္ဓဘာသာဝင်များဖြစ်ပြီး နောင်ဘဝကို ယုံကြည်သူများ ဖြစ်ကြ ပါတယ်။
ဒီအတွက်ကြောင့် ဝိဥာဉ်မရှိတော့တဲ့ ဒီခန္ဓာကိုယ်ကြီးဟာ ဘာမှ တန်ဖိုးမရှိတော့ပါဘူး။
ဒါကြောင့် အကောင်းဆုံး သဘာဝသားကောင်များကို ကျွေမွေးခြင်းဖြစ်ပါတယ်။
နောက်ပြီး ထိုသို့ပြုလုပ်ရခြင်း
အကြောင်းအရင်းတစ်ခုကတော့ သူတို့ မြေမြှုတ်ဖို့ အတွက် ကျင်းတူးရင် မြေအောက်ခံက ကျောက်သားတွေ ဖြစ်တဲ့အလွန်ခက်ခဲ့သလို မီးသဂြိုလ် ဖို့အတွက်ကျတော့လည်း သစ်သား က အလွန်ရှားပြီး တန်ဖိုးကြီးတဲ့အတွက်ကြောင့်လည်းဖြစ်ပါတယ်။
နောက်ဆုံး လူဟာ သေဆုံးသွားသည့်တိုင်အောင် သူခန္ဓာနဲ့ သတ္တဝါတွေကို ကောင်းမှု့ကုသိုလ်ပြု ပြီး
ကျွေးမွေးသွားတာဟာ မွန်မြတ်တယ်လို့ ခံယူချက်ရှိလို့လည်းဖြစ်ပါတယ်။
လူတွေ ကိုသင်ခန်းစာရစေချင်လို့  ကျနော်အခြားဆိုဒ်က..copy ယူလာတာပါ ။
nawanw နော်ဆိုင်ဟတ်< လားရှိုး>(အင်တာနက်ချစ်သူမှ ကူးယူဖော်ပြသည်)
မေ၇ိကန်သမ္မတ ၂ ဦး၇ဲ့ ကံကြမ္မာ
ဒီသမိုင်းဝင်ဖြစ်ရပ်ကိုရှင်းပြနိုင်ပါသလား.....
အေဗရာဟင်လင်ကွန်း ( Abraham Lincoln) ကို ၁၈၄၆ တွင်ကွန်ကရက်မှရွေးကောက်ခဲ့သည်။
ဂျွန်အက်ဖ်ကနေဒီ (John F. Kennedy) ကို ၁၉၄၆ တွင်ကွန်ကရက်မှရွေးကောက်ခဲ့သည်။
အေဗရာဟင်လင်ကွန်း ကို အမေရိကန်သမ္မတအဖြစ် ၁၈၆၀ ရွေးကောက်တင်မြှောက်ခြင်းခံရသည်။
ဂျွန်အက်ဖ် ကနေဒီ ကို အမေရိကန်သမ္မတအဖြစ် ၁၉၆၀ ရွေးကောက်တင်မြှောက်ခြင်းခံရသည်။
သူတို့နှစ်ဦးလုံးသည် ပြည်သူ အခွင့်ရေးကို ဦးစားပေးသည်။
သူတို့နှစ်ဦးလုံးသည် အိမ်ဖြူတော်မှာနေစဉ် ခလေး ဆုံးရှုံးခဲ့ရသည်။
သူတို့နှစ်ဦးလုံးသည် ဦးခေါင်းကိုသေနတ်ဖြင့်ပစ်ခံရပြီး လုပ်ကြံခံခဲ့ရပါသည်။
သူတို့နှစ်ဦးလုံးသည် သောကြာနေ့တွင် လုပ်ကြံခံခဲ့ရပါသည်။ ပို၍ထူးခြားတာက..
လင်ကွန်းအတွင်းရေးမှုး၏နံမည်သည် ကနေဒီ Kennedy ဖြစ်ပြီး
ကနေဒီအတွင်းရေးမှုး၏နံမည်သည် လင်ကွန်း Lincoln ဖြစ်သည်။
သူတို့နှစ်ဦးလုံးကို တောင်ပိုင်းသားတွေက လုပ်ကြံသတ်ဖြတ်ခဲ့သည်။
သူတို့နှစ်ဦးလုံး၏နေရာကို ဆက်ခံသူများမှာလည်းတောင်ပိုင်းသားများဖြစ်ကြသည်။
လင်ကွန်း၏နေရာဆက်ခံသူ Andrew Johnson သည် ၁၈၀၈ ခုနှစ်တွင်မွေးဖွားခဲ့သည်။
ကနေဒီ ၏နေရာဆက်ခံသူ Lyndon Johnson သည် ၁၉၀၈ ခုနှစ်တွင်မွေးဖွားခဲ့သည်။
လင်ကွန်းကို လုပ်ကြံခဲ့သူ John Wilkies Booth သည် ၁၈၃၉ တွင် မွေးဖွါးခဲ့သည်။
ကနေဒီ ကို လုပ်ကြံခဲ့သူ Lee Harvey Oswald သည် ၁၉၃၉ တွင် မွေးဖွါးခဲ့သည်။
သူတို့နှစ်ဦးလုံးတွင် နံမည် သုံးလုံးရှိပြီး
နံမည် သုံးလုံးတွင် အက္ခရာ ၁၅ လုံးရှိသည်။
လင်ကွန်းကို Ford အမည်ရှိ ပြဇတ်ရုံတွင် လုပ်ကြံခံရပြီး....
ကနေဒီကို Ford ကားကုမ္မဏီ မှထုတ်သော Lincoln အမည်ရှိကားပေါ်တွင် လုပ်ကြံခံရသည်။
သမ္မတလင်ကွန်းသည် ပြဇာတ်ရုံတွင်အပစ်ခံရပြီး ၄င်းကိုလုပ်ကြံသူသည် ဂိုဒေါင်တစ်ခုထဲသို့ပြေးပုန်းခဲ့သည်။
သမ္မတကနေဒီကို ဂိုဒေါင်တစ်ခုထဲမှ လှမ်းပစ်ပြီးလုပ်ကြံသူသည် ပြဇာတ်ရုံသို့ ပြေးပုန်းခဲ့သည်။
သမ္မတနှစ်ဦးလုံးကိုလုပ်ကြံခဲ့သူ Booth နှင့်Oswald သည်တရားရုံးမရင်ဆိုင်ရမှီ လုပ်ကြံသတ်ဖြတ်ခြင်းခံရသည်..
လင်ကွန်းမလုပ်ကြံခံရမှီ တစ်ပတ်အလိုတွင် Monroe, Maryland ဟု အမည်ရသောနေရာတွင်ရှိနေခဲ့သည်။
ကနေဒီ မလုပ်ကြံခံရမှီ တစ်ပတ်အလိုတွင် ရုပ်ရှင်မင်းသမီးအဆိုတော် Marilyn Monroe နှင့်အတူရှိခဲ့သည်။ ဒီကိစ္စတွေ ဘယ်သူရှင်းနိုင်သလဲ...
နောက်တစ်ခုဆက်ကြည့်ကြရအောင် ၁။ ဒေါ်လာ ၂၀ တန်ကို အလယ်ကနေပြီး တစ်ဝက်ခေါက်လိုက်ပါ။
၂။နောက်ထပ်ဒီလိုသေသေချာချာ ထပ်ခေါက်ပါ။
၃။ နောက်အနားတခုကို ဒီလိုသေသေချာချာ ထပ်ခေါက်ပါ။
၎။ ဒီဖက်ကိုပြန်ကြည့်လိုက်ပါ...
တိုက်ဆိုင်လိုက်တာနော်....သင်ဘဲဆုံးဖြတ်လိုက်ပါတော့မကျေနပ်သေးရင်နောက်တစ်ခေါက်ပြန်ကြည့်ရအောင်
ပထမပုံကပင်တဂွန်စစ်ဌာနချုပ်မီးလောင်နေတဲ့ပုံပါ
ပြီးတော့ မီးလောင်နေတဲ့ဝေါထရိတ်စင်တာ အဆောက်ဦ:
ဆက်ကြည့်ပါအုံး......
၁။ ။လူအများအပြားသေဆုံးမှု.....ပင်တဂွန်စစ်ဌာနချုပ် ၂။ ။လူအများအပြားသေဆုံးမှု..... မီးလောင်နေတဲ့ဝေါထရိတ်စင်တာ အဆောက်ဦး
၃။ ။လူအများအပြားသေဆုံးမှု...... Osama???
ဖြစ်ခဲ့တဲ့နေ့ရက်၊ လ ကို ကြည့်ရင် 9+11 = 20 = $20
မူရင်းဆိုက်ဒ် ချောကလက်မြို့တော်....