စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Monday 18 February 2013

ပျဉ်းမနား မြို့နယ်၌ ဦးခေါင်း နှစ်လုံးနှင့် ထူးဆန်းသော နွားကလေး မွေး ဖွား

ပျဉ်းမနား မြို့နယ်၌ ဦးခေါင်း နှစ်လုံးနှင့် ထူးဆန်းသော နွားကလေး မွေး ဖွား

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနား မြို့နယ် ဥယျာဉ်စု အုပ်စု ဦးကျေးရွာတွင် ဦးခေါင်း နှစ်လုံးနှင့် ထူးဆန်းသော နွားကလေး မွေးဖွားကြောင်း ကြားသိရသည်။

ဖြစ်စဉ်မှာ ဥယျာဉ်စု အုပ်စု ဦးကျေးရွာတွင် နေထိုင်သော ဦးထွန်းနိုင်-ဒေါ်နီနီလွင်တို့ မွေးမြူ ထားသော နွားမကြီးမှ ဖေဖော်ဝါရီ ၁၅ ရက် ည ၁၁ နာရီက နွားမလေး တစ်ကောင် မွေး ဖွားသည်။ အဆိုပါ နွားမလေးသည် ထူးဆန်းစွာ ဦးခေါင်းနှစ်လုံး ပါပြီး မိခင်ဝမ်းမှ ပြင်ပသို့ ချောမောစွာ မွေးဖွားသန့်စင် ခဲ့သော်လည်း ၄၅ မိနစ်ခန့်တွင် သေဆုံး သွားကြောင်းနှင့် မွေး ဖွားပြီး ချိန်တွင် ဦးခေါင်း နှစ်လုံးစီတွင် ပါရှိသော နှာခေါင်း ပေါက်တို့မှ အသက်ရှူခဲ့ သည်ဟု ပိုင်ရှင်ဖြစ်သူ ဦးထွန်းထွန်းနိုင်-ဒေါ်နီနီလွင် တို့က ပြောကြား ခဲ့ကြောင်း သိရသည်။

ကလေးငယ်နှင့်မိန်းကလေးတယောက်အား ရက်စက်စွာ သတ်ဖြတ်ထားပုံများ

 ကြောက်တတ်သူများမကြည့်ရ

ပျောက်ဆုံးနေသောရခိုင် မိန်းကလေး ပြန်တွေ့ တဲ့

မင်းပြားမြို့နယ်၊ ကြမ်းတိုက်ကျေးရွာမှ လွန်ခဲ့သော ဇွန်န၀ါရီလ (၃၁) ရက်နေ့မှ စတင်ပျောက်ဆုံးသွားသော ရခိုင်အမျိုးသမီးငယ် မဌေးဌေးမြင့်(အသက် ၁၈-နှစ်)၏ ရုပ်အလောင်းကို ယနေ့ ဖေဖော်ဝါရီလ (၁၁)ရက်နေ့ မနက် ကိုးနာရီခန့်တွင် ရာမောင်ကြိုးတံတားအောက်၌ ရှာဖွေတွေ့ရှိခဲ့သည်။
ယခုအခါ မင်းပြားမြို့ဆေးရုံသို့ သယ်ဆောင်ပြီး ဆေးစစ်ဆေးရယူနေသည်။ စစ်ဆေးချက်အသေးစိတ် မသိရသေးပါ။
မဌေးဌေးမြင့်မှာ ပျောက်ဆုံးစဉ်ကာလက ဆံပင်ရှိသူဖြစ်သော်လည်း ရှာဖွေသူများက အလောင်းကို တွေ့သောအခါ ၄င်း၏အလောင်းတွင် ဆံပင်လုံးဝမရှိဘဲ ခေါင်းတုံးရိတ်ခံထားရသည်ကို တွေ့ရသည်။ အလောင်း၏ လည်ပင်းတွင် ညိုမဲနေသော အရာများတွေ့ရပြီး၊ လျာများလည်း အပြင်သို့ ပြူးထွက်နေသည်။ ကျောကုန်းတွင် ထိုးသွင်းဒဏ်ရာတစ်ချက် နှင့် ခြေသလုံးတစ်ဖက်တွင် ဒဏ်ရာ တစ်နေရာရှိသည်ကိုတွေ့ရသည်။ မဌေးဌေးမြင့်၏ ရုပ်အလောင်းပါ ဒဏ်ရာဒဏ်ချက်များကိုကြည့်ခြင်းအားဖြင့် ရိုးရိုးရေနစ်သေဆုံးခြင်းမဖြစ်နိုင်ကြောင်း သုံးသပ်ရပါသည်။
သေဆုံးသူ မဌေးဌေးဝင်း နေထိုင်ရာ စမ္ဘလေကျေးရွာအုပ်စုတွင် စမ္ဘလေ(ကုလား)ရွာမှာ အိမ်ခြေအများဆုံး လူဦးရေ အများဆုံးဖြစ်ပြီး၊ ပထမအကြိမ် ဘင်္ဂါလီဆူပူမှုများဖြစ်ပြီးကတည်းက စက်ရုံမော်(ရခိုင်)ရွာမှာ မူလနေအိမ်များတွင် မနေ၀ံ့ပဲထွက်ပြေးကာ ရခိုင်အိမ်များရှိရာ သေကန်ကျေးရွာဘက်တွင် ယာယီအမိုးအကာများထိုးကာ နေကြရသည်မှာ ခြောက်လကျော်ပြီ ဖြစ်သည်။ ဒုက္ခသည်များအဖြစ် အသိအမှတ်ပြုခြင်းကို မခံရဘဲ မည်သည့်နိုင်ငံတကာအဖွဲ့အစည်း မည်သည့် အစိုးရအဖွဲ့အစည်းများ၏ အထောက်အပံကိုမျှမရဘဲ ကုလားများ၏ နှောင့်ယှက်ခြိမ်းခြောက်မှုများကို ရင်ဆိုင်ကာ နေထိုင်ကြရသည်။
စမ္ဘလေရွာသား ကုလားများမှာ အနီးအနားရှိ ရခိုင်/မြန်မာ တိုင်းရင်းသားများအား အမြဲတမ်းရန်စ တိုက်ခိုက်လေ့ရှိသည်။
ပထမအကျော့ ဘင်္ဂါလီဆူပူမှု ဖြစ်ခါစတွင် စမ္ဘလေရွာတွင်းသို့ ကြက်ဝယ်ရန်သွားသော ရခိုင်အမျိုးသားတစ်ဦး ပြန်ထွက်မလာတော့ဘဲ ပျောက်ဆုံးသွားဖူးသည်။
ပြီးခဲ့သော ၂၀၁၂-ခုနှစ် ဒီဇင်ဘာလ (၂)ရက်နေ့ကလည်း သေကန်ရွာသား တစ်ဦး စက်ရုံမော်ချောင်းငယ်အား ဖြတ်ကူးရန်ပြင် ဆင်နေစဉ် စမ္ဘလေ(ကုလား)ရွာမှ ကုလားအယောက်(၂၀)ခန့်တို့က တိုက်ခိုက်သောကြောင့် မင်းပြားဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရသည်။ 

(သတိ...ကြောက်တတ်သူများ ( လုံးဝ ) မကြည့်ပါနဲ့ ရုပ်ပျက်နေသည် ) 

ထိုင်းမှာမိတဲ့ငါးကြီး





မြန်မာ သင်္ဘောသား ၂၄ ဦး ပါတာ ဖြစ်ပြီး ၁၄ ဦးကတော့ ပျောက် ဆုံးနေဆဲ ဖြစ်ပါတယ်။

Sunday 17 February 2013

ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါးပုံရိပ်များ



ဓါတ်တိုင်ပေါ်တက်ပြီ ဘာလုပ်မှန်းမသိလို့  ကိုယ်နှစ်ပိုင်းပြတ်ပုံနှင့်တခြားအနိဌါရုံများ

 ဓါတ်လိုက်ပြီး ကိုယ်နှစ်ပိုင်းပြတ်သွားတဲ့သူနှင့်မီးလောင်သောမျက်နှာ၊ကားတက်နင်းလို့ အူတွေအခွေလိုက်ထွက်နေသောကောင်မလေး၊ကွန်တိန်နာပိလို့ ဦးနှောက်ထွက်တဲ့သူ
ကြောက်တတ်သူများ ဖွင့်မကြည့်ပါနဲ့ 

မြန်မာကုန်တင်သင်္ဘော ဖိလစ်ပိုင်တွင် နစ်မြုပ်မှုကြောင့် သင်္ဘောသား ၁၄ ဦး ပျောက်ဆုံးနေ

ဖိလစ်ပိုင်နိုင်ငံ မြောက်ပိုင်းကမ်းလွန် ပင်လယ်ရေပြင်တွင် မြန်မာအလံတင် ကုန်တင်သင်္ဘောတစ်စင်း နစ်မြုပ်မှုကြောင့် တစ်ဦးသေဆုံးပြီး မြန်မာသင်္ဘောသား ၁၄ ဦးပျောက်ဆုံးနေကြောင်း ဖိလစ်ပိုင် ကမ်းရိုးတန်းစောင့် တပ်ဖွဲ့အရာရှိတစ်ဦးက ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ပြောကြားလိုက်သည်။
MV Arita Bauxite ကုန်တင်သင်္ဘောသည် ဖေဖော်ဝါရီလ ၁၇ ရက် နေ့ အရုဏ်မတက်မီက ဖိလစ်ပိုင်ကမ်းရိုးတန်း ဘိုလီနာအိုမြို့ အနီးတွင် နစ်မြုပ်နစ်ခဲ့ခြင်းဖြစ်ကြောင်း ရေတပ်အရာရှိ အာမန်ဘာလီလိုက ပြောကြားခဲ့သည်။
သင်္ဘောသား ၂၄ ဦးပါသည့် အဆိုပါသင်္ဘောသည် အင်ဂျင်ချို့ယွင်းမှု ဖြစ်ပွားခဲ့သော်လည်း မည်သည့်အတွက်ကြောင့် နစ်မြုပ်ခဲ့ရသည်ကို ရှင်းလင်းစွာ မသိရှိရသေးကြောင်း ဘာလီလိုက ပြောကြားခဲ့သည်။
ဖြတ်သန်းသွားသည့် တရုတ်သင်္ဘောတစ်စင်းက သေဆုံးသွားသူ တစ်ဦးနှင့် အသက်ရှင်ကျန်ရစ်သူ ကိုးဦးတို့ကို ဆယ်ယူကယ်တင်ခဲ့ခြင်းဖြစ်သည်။
''ရာသီဥတုကလည်း အဲဒီအချိန်မှာ ကောင်းနေပါတယ်။ ဘာကြောင့် ဒီလိုဖြစ်ခဲ့ရတယ် ဆိုတာကိုတော့ သင်္ဘောသားတွေကို မမေးရသေးပါဘူး'' ဟု ဘာလီလိုက ပြောကြားခဲ့သည်။
ယခုအခါ ပျောက်ဆုံးနေသည့် သင်္ဘောသားများကို ရှာဖွေရန်အတွက် ကမ်းရိုးတန်းစောင့် တပ်ဖွဲ့မှ ရဟတ်ယာဉ်တစ်စင်းနှင့် သင်္ဘောတစ်စင်းကို စေလွှတ်ထားကြောင်း ၎င်းက ပြော ကြားခဲ့သည်။

Thursday 14 February 2013

မလေးရှားမှ မြန်မာ ၂ ယောက် ရထားတိုက်ခံရပုံ ( သတိကြောက်တတ်သူများမကြည့်ရ )

 လွန်ခဲ့တဲ့အပတ်က အသိ သူငယ်ချင်း တယောက်ဖုန်းဆက် အကြောင်းကြား လာလို့  သူ့ ဦးလေးနဲ့ ဦးလေးသူငယ်ချင်း ၂ ယောက် အရက်မူးပြီး ရထားလမ်းပေါ် ဖြတ်လျှောက်လို့  တယောက်က ဖြတ်အလျှောက် ၊တယောက်က လိုက်အဆွဲ ၂ ယောက်လုံး ရထားတိုက်ခံမိလို့  အသုဘပို့  ခေါ်လို့  မလေးရှား ချရတ် သချို င်္င်းမှာ အသုဘကို လိုက်ပို့ ဖြစ်တယ်..
           .အော် ကိုယ်ပြည်ကနေ မိဝေး ၊ ဖဝေးနဲ့  တတိုင်းပြည်မှာ စီးပွားလာရှာရင်း ဘာမဟုတ်တဲ့ အရက်သေစာ သောက်စားမိလို့  အရွယ်ကောင်းတုန်း လူဘဝကို စွန့် ခွာသွားရတဲ့ သူတို့ ကို စိတ်မကောင်း စွာနဲ့  အသုဘ လိုက်ပို့ ရင်း နောက်မြန်မာပြည်သားတွေ ဒီလိုအဖြစ်ဆိုး မဖြစ်စေဖို့ သံဝေဂ နဲ့ ဗဟုသုတရစေဖို့  ပုံတွေကိုဖော်ပြလိုက်ပါတယ်...ကာယံကံရှင် မိသားစုတွေ ခွင့်လွှတ်လိမ့်မယ်လို့ ယုံကြည်ပါတယ်............ ကြောက်တတ်ရင်ဆက်မကြည့်နဲ့ နော် သတိပေးတယ်

မလေးရှား အစိုးရပိုင် rapid လိုင်းကားအသစ်များ အဆင့်ဆင့်ထုတ်လုပ်ပုံများ

မလေးရှား အစိုးရပိုင် ( rapid )လိုင်းကားများကို ကျနော်တို့  မလေးရှားရောက် မြန်မာနိုင်ငံသားမှ ကားအစဆုံး (အင်ဂျင်မပါ)  ကန်ထရိုက်ယူပြီး နောက်ဆုံး လိုင်းပေါ် ပြေးဆွဲလို့ ရသည် အထိ စဆုံး ပြုလုပ်နေကြတာ ကိုယ့်မြန်မာပြည်မှာဆိုလည်း ဒီလို လုပ်မယ်ဆို ရင် အစိုးရလည်းအစဉ်ပြေ ၊ ပြည်သူတွေလည်း လိုင်းကား အခက်အခဲတွေ ပြေပျောက်မှာပဲလို့  တွေးမိလို့  ကျနော်တို့  လက်ရှိလုပ်နေတဲ့ ကားထုတ်လုပ်ပုံ အဆင့်ဆင့်ကို ကိုယ့်မြန်မာတွေ ဗဟုသုတရစေဖို့  ဖော်ပြလိုက်ပါတယ်....

အဆင့်( ၁ ) အနေနဲ့  အောက်ဖော်ပြပါ အင်ဂျင်နဲ့ ချယ်စီ ကားတွေကို ဘေးအလူမီနီယံ ထောင်ပါတယ်



Friday 8 February 2013

ဦးပိန်အမှတ်တရ(ငှက်ဖြစ်ရတာမလွယ်ပါလား)

ဦးပိန်တံတားမှာလွတ်ခဲ့ တဲ့ ဇီးကွက်လေးတွေပါ
နေ့ ခင်းဖက်ဇီးကွက်လေးတွေသနားလို့ လွှတ်ပေးချင်တာနဲ့ 
တစ်ကောင်ဘယ်လောက်လဲမေးတော့(၃၅၀၀)တဲ့ ညဖက်မှ
အပြင်ထွက်တဲ့ အကောင်လေးတွေနေ့ ခင်းဖက်မှာမျက်စိသူငယ်
လေးတွေနဲ့ ကြည့်ရတာစိတ်မချမ်းသာလို့ တစ်ကောင်(၂၀၀၀)နဲ့ 
ဆစ်တယ်။နေ့ ခင်းဖက်ပျံတတ်ပါ့မလားဆိုတော့ရောင်းတဲ့ မိန်းမက
ပေါက်လေးဖွင့်ပြီးတစ်ကောင်နိုက်ထုတ်တော့တစ်ကောင်လွှတ်သွားပါရော
(ကျမစိတ်ထဲတော့ဝမ်းသာမိတယ်)သနားတာနဲ့ အကုန်လွှတ်ပေးဖို့ ဈေး
ဆစ်တယ်၊အားလုံး(၇)ကောင်ကျန်တယ်တစ်ကောင်(၂၀၀၀)နဲ့ (၇)ကောင်
(၁၄၀၀၀)နဲ့ အဲတာကိုအဲမိန်းမက(၈)ကောင်စာပေးပါလားတဲ့ ကျမလဲ
အမရယ်အမဘာသာလုပ်လို့ လွတ်သွားတာလေလို့ ဘာလို့ ကျမဆီတောင်းရတာလဲပေါ့
အခြေအတင်ဆစ်တော့တစ်ကောင်(၂၂၀၀)နဲ့ တည့်သွားတယ်။ဇီးကွက်လေးတွေက
ကြောင်တောင်၂နဲ့ ဘယ်ပျံလို့ ပျံရမှန်းမသိဖြစ်နေတယ်။လွှတ်ပြီးတော့ကျမလဲစိတ်ချမ်းသာ
ဝမ်းလည်းဝမ်းသာ၊ကြည်လဲကြည်နူးပေါ့၊အလယ်လောက်လဲရောက်ရောဇီးကွက်လေး
တစ်ကောင်ကတံတားဘောင်ပေါ်နားနေတယ်။ကျမတို့ လဲအတင်းနှင်ရတာပေါ့။ပြန်ဖမ်း
ခံရမှာဆိုးလို့ ပါ။အလည်နားရောက်တော့ရေဘဲလေးတွေဖမ်းပြီးပြန်ရောင်းတဲ့ ဈေးသည်
တွေ့ ပြန်ရောအဲတုန်းကသူ့ မှာရေဘဲတွေပဲရှိတာပါ။ကျမတို့ ဟိုဘက်ကလျှောက်ပြီးပြန်လာ
တော့သူ့ လှောင်ချိုင့်မှာဇီးကွက်လေးတစ်ကောင်တွေ့ ပါရော။ကျမလဲအံ့အားတသင့်နဲ့ 
ဟယ်တော့ငါတို့ လွှတ်ခဲ့ တဲ့ ဇီးကွက်လေးပါလားလို့ နှုတ်ကလွှတ်ခနဲ့ ပြောမိတယ်။
ဈေးသည်ကဘာပြန်ပြောတယ်မှတ်လဲ“အောင်မယ်ဇီးကွက်လွယ်လွယ်နဲ့ ဖမ်းလို့ ရတဲ့ 
အမျိုးများမှတ်နေလားတဲ့ ”ဒါဆိုခဏလေးအတောအတွင်းသူဘယ်လိုလွယ်၂နဲ့ ဖမ်းခဲ့ ပါလိမ့် 
ကျမပြန်ပြောချင်လိုက်တာဘေးကညီမလေးကမမရယ်တော်ပါတော့ဆိုလို့ စိတ်လျှော့ပြီးပြန်လာ
ခဲ့ တာစိတ်ထဲတနု့ံနုံ့ နဲ့ သူများလွှတ်လို့ လွတ်လပ်သွားတဲ့ အကောင်လေးကိုဘာလို့ များမုဒိတာ
မပွားနိုင်ရတာပါလိမ့် နော်။(၀မ်းရေးလား)ဘာကြောင့်ပါလဲ????
 

မဟာမုနိမှကြေးရုပ်တုများ

   ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ်။