စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Tuesday 27 August 2013

ယနေ့ ခေတ်လူငယ်များနှင့် ရိုင်းလာသော စကားများ

          ကျနော့ မိတ်ဆွေတွေနဲ့  အွန်လိုင်းပေါ်က ညီငယ် ၊ညီမငယ်တွေကို ပြောချင်တာလေးရှိလို့  အလုပ်နားထားတုန်း၊အွန်လိုင်းပေါ်မှာဖြစ်ပျက်နေတာ၊အမြင်မတော်တာတွေနေမြင်နေရ၊ကြားနေရလို့  ကျနော့ အယူဆကို သူငယ်ချင်းတွေနဲ့ ဆွေးနွေးတဲ့ ပုံစံလေး တင်ပြချင်ပါတယ်။
         ပထမဆုံး ပြောချင်တာကတော့ ယနေ့  လူငယ်နဲ့ လူလတ်တွေ တချို့ လူကြီးတွေတောင်ပါ ပါတယ်.. စကားပြောတာ ၊ဖေ့ဘုတ်မှာ စကားလုံးရိုင်းတွေသုံးပြီ ကွန်မန်းနဲ့ ပိုစ့်တွေမှာရေးလာ ၊ပြောလာကြတာ ဖတ်နေ ၊တွေ့ နေရလို့ .အထူးသဖြင့် ယနေ့ လူငယ်တွေပေါ့.... လူငယ်တွေ စကားပြောတာမှာ ယဉ်ကျေးတဲ့   မြန်မာလူမျိုးလို့  ပြောရမှာတောင် ရှက်စရာ ၊ပြောတဲ့စကားတွေဟာ ရိုင်းစိုင်းလာတာပဲ။ အဓိကကတော့ မိဘတွေ  သွန်သင်ဆုံးမမှု လိုတယ်လို့  ပဲထင်တယ်၊ နောက်တစ်ချက်က ဗွီဒီယိုနဲ့ သီချင်းတွေကနေ အတုယူကြတာ ၊လူငယ်ချင်း ပြတ်သားတဲ့ စတိုင်လ်မျိုးလုပ်ယူရာက အခြားတစ်ယောက်က အတုယူ အဲ့လိုနဲ့ နောက်တစ်ယောက် .ခုလိုစရိုက်မျိုးတွေ ပေါ်လာတဲ့လို့  ကျနော်ထင်တယ်..
       လူငယ်တော်တော်များများ ကိုယ့်ထက် အသက်ကြီးသူ ၊ရိုသေထိုက်သူ မသိတော့ဘူး ပြောတဲ့စကားက ကိုယ်သာဖို့  ကိုယ်နိုင်ဖို့ ပဲ အဓိကထားတယ်။အဆိုးဆုံးနဲ့  အများဆုံးကြားနေ မြင်နေရတဲ့ စကားလုံးကတော့   မြန်မာ့စကားမှာ အရိုင်းဆုံးဖြစ်တဲ့ “စောက်” ဆိုတဲ့ စကားလုံးပဲ။ လူငယ်ချင်း ပြောတာတောင် နားထောင်ရတာ နားထဲမှာကန့် လန့် ဖြစ်တာ ကိုယ့်ထက် အသက်ကြီးတဲ့သူတွေကိုပြောရင်နားထဲမှာ ကြားရတာ အရမ်းကို ဆိုးဝါးပါတယ်.. ခုလူငယ် ဟစ်ဟော့ သီချင်းစာသားတွေမှာ စောက်ဆိုတဲ့စာသားကို လှိုင်လှိုင်သုံးစွဲပြီးရေးနေတာ လူငယ်တွေကြား စရိုက်ဆိုးတွေဖြစ်အောင် တွန်းပို့ နေသလိုပါပဲ..ဟိုအရင်က   စောက်ဆိုတဲ့စကားမျိုးသုံး ချင် တဲ့သူတောင်  စာက်ကို တိုက်ရိုက်မသုံးပဲ “သောက် “ ဆိုတဲ့ စကားလိုမျိုးခံသုံးတယ်..ဒါလည်းမကောင်းပါဘူး ။စောက် ဆိုတော့ပိုဆိုးတာပေါ့ဗျာ..။ မြန်မာ ဗွီဒီယိုတွေထဲမှာလည်း ခုနောက်ပိုင်း ဒီစကား အရမ်းသုံးလာတယ်. မင်းသမီး စိုးမြတ်သူဇာ အမြဲသုံးတယ် ၊သူ့ ကိုယ်သူတော့ ထက်တယ်ဆိုတဲ့ ပုံမျိုး ၊ဒါပေမယ့် သူ့ ကို အတုခိုးတဲ့ လူငယ်တွေ မှာရိုင်းကုန်ရော..၊နှုတ်ထွက်စကားဟာကိုယ်ဘယ်အဆင့်တန်းရှိတယ်ဆိုတာကို ဖော်ပြနေသလိုပဲ။                 မြန်မာစကားတွေထဲမှာ ရိုင်းတဲ့ စကားပုံတွေ အများကြီးရှိသေး တယ်.ဒီစကားပုံတွေကို အရင်က   ယောကျာင်္းလေးတွေသာ သုံးနေကြပေမယ့် ခုခေတ် မိန်းကလေးတွေ တော်တော် များများ သုံးလာကြတယ်။ မူရင်း အဓိပ္ပာယ်ကို မသိလို့  သုံးတဲ့သူများမယ်လို့ ထင်ပါတယ်. ဒီစကားပုံတွေဟာ..မိန်းကလေးတွေတင် မကပါဘူး ယဉ်ကျေးတဲ့ လူငယ်တိုင်း မသုံးသင့်တဲ့ စကားပုံတွေပါ.. ဘာတွေလည်း “ တလွဲ ဆံပင်ကောင်း “ သူ့ အဓိပ္ပာယ်ကတော့ သိတဲ့သူများ မှာပါ..မသိလို့ သုံးတဲ့သူတွေ သိအောင် ပြောရရင် .ဆံပင်လို အမွှေးက ကောင်းသင့်တဲ့ ခေါင်းလိုနေရာမှာ မကောင်းပဲ မလိုတဲ့ အောက်ပိုင်းမှာ ကောင်းနေလို့  သုံးတဲ့ စကားပုံ.. နောက်တခု... ဖင်ခေါင်းကျယ်..တိုက်ရိုက်သိတဲ့ အဓိပ္ပာယ်ပါ..သိသိကြီးနဲ့  မိန်းကလေးတွေ ပါသုံးနေကြတယ်..မရှက်ကြလို့ လား.သူသူငှာငှာ သုံးနေလို့ ရှက်ရမှန်း မသိတော့လား။
         နောက်တခုကတော့ တချို့ လူငယ်တွေ ရိုင်းရိုင်းသုံးစကားတမျိုးပါ..မိဘ ၊သူဌေး ကိုယ့်ထက် ဂုဏ်ကြီးတဲ့ သူက ပြောဆို ဆုံးမပြီးတဲ့အခါ ၊ဆူပြီးတဲ့အခါ သူငယ်ချင်းတွေကို ပြန်ပြောတဲ့ စကားက အဘိုးကြီး နား -ိုးနေလို့ ၊ သူဌေးက နား တော်တော် -ိုးတယ်။ဒီ မလေးမှာ မြန်မာတွေ တော်တော်လေး သုံးကြတယ် ၊ပြောချင်တဲ့ စကားထိပေမယ့် ဒီစကားမျိုး လူကြား ထဲထွက်ရဲတဲ့သူကို ဘယ်သူမှ အထင်မကြီးတာတော့ အမှန်ပါ။
                          လိမ္မာယဉ်ကျေးတဲ့ လူငယ်တွေလည်း ရှိပါတယ်..ဒါပေမယ့် ရိုင်းတဲ့သူတွေ များလာလို့  ဖေ့ဘုတ်ပေါ်နဲ့ အပြင်မှာရော ရိုင်းတဲ့စကားတွေကို ခေတ်စကားတခုလို ယူဆလာတဲ့ သူငယ်ချင်း ညီငယ် ၊ညီမငယ်တွေတွက် ကျနော့ အယူဆ ခံစားချက်ကို တင်ပြလိုက်တာပါ။

                       ကျနော်တို့ ငယ်ငယ်က သူငယ်တန်း မြန်မာစာဖတ်စာမှာ သင်ခဲ့ရတဲ့ ကဗျာ လေးကို ရွတ်ရင်းအားလုံး ပျော်ရွင်ကြပါစေ.......
                          တစ်ယောက်စကား ၊ တစ်ယောက်နားမှာ
                          မခါးရအောင်         ၊ သတိဆောင်၍
                          မောင်တို့ ဆိုစေ     ၊ ပျားသကာသို့  ချိုပါစေ