စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ
Sunday 28 April 2013
ကားမတော်တဆသေဆုံးမှု့ပုံများ(ကြောက်တတ်သူများလုံးဝမကြည့်ရပါ)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Rana Plaza အထည်ချုပ်စက်ရုံ (၈)ထပ်အဆောက်ဦးပြိုကျ
ဒါကာမြို့ ပြင်ရှိ Rana Plaza ၈ ထပ်အဆောက်ဦးပြိုကျရာမှာထိုအဆောက်ဦးထဲတွင်အထည်ချုပ်စက်ရုံတစ်ရုံ
ရှိပါတယ်။၂၄.၄.၂၀၁၃ ရက်နေ့ ကပြိုကျရာမှာယနေ့ ထိသေဆုံးသူ(၁၇၅)ယောက်ထက်မနည်းရှိပြီဖြစ်ပြီး
အမျိုးသမီးအများစုဖြစ်ကြောင်းနှင့်အဆောက်ဦးပျက်ထဲတွင်အများပြားကျန်ရှိနေသေးကြောင်းသိရပါတယ်။
Thursday 25 April 2013
ဘာလီ၊ဘန်ကောက်ခရီးတစ်ထောက်
သင်္ကြန်တွင်းကဘာလီနဲ့ ဘန်ကောက်ကိုအလည်ရောက်သွားတော့ဘန်ကောက်ကGuide နဲ့ ကျမစကားအခြေတင်ပြောဖြစ်တယ်။သူကကျမညီမတစ်ယောက်မိသားစုကထိုင်းမှာနေကြ
တော့သူကမေးတယ်ဘယ်နားနေတာလဲပေါ့ညီမကဖန်ငဘက်ဆိုပြောတော့သူကအရမ်းလှတဲ့ 
နေရာတဲ့ ကျမမနေနိုင်တော့ထပြောမိပါတယ်.”ဟေ့..ငါတို့ မြန်မာပြည်လောက်မလှပါဘူး”လို့ 
ကျမဆိုတော့သူကရယ်ပါတယ်။ ”နင်ကမြန်မာကိုးနင့်တိုင်းပြည်လှတယ်လို့ နင်ထင်မှာပေါ့တဲ့ 
ငါတို့ တိုင်းပြည်လောက်နိုင်ငံခြားသားတွေအ၀င်အထွက်များလား?ငါတို့ ဘုရင်ကငါတို့ တိုင်း
ပြည်ရဲ့ အလှအပကိုဖော်ထုတ်တယ်နိုင်ငံတကာသိအောင်လုပ်ပေးတယ်။သန့် ရှင်းသပ်ရပ်
အောင်လုပ်တယ်။အလှအပကိုထိန်းသိမ်းတယ်။နင်တို့ တိုင်းပြည်မလှဘူးလို့ ငါမပြောပါဘူး
လှပါတယ်ရွှေတိဂုံဘုရားဆိုအရမ်းကျော်ကြားတယ်။ဒါပေမဲ့ နင်တို့ တိုင်းပြည်သန့် ရှင်းမှု့ မရှိဘူး
ညစ်ပတ်တယ်။အလှပကိုမဖော်ထုတ်မထိန်းသိမ်းတတ်ဘူး။ငါတို့ ကျောက်ဖရားမြစ်ထဲကငါးတွေ
မဖမ်းဘူးအစာပဲကျွေးတယ်။နိုင်ငံခြားသားတွေလာတော့အစာလိုက်ကျွေးရင်ငါတို့ ငါးစာရောင်း
ရတယ်။ငါတို့ ငွေရတယ်။ထိုင်းတွေငွေသိပ်ရှာတတ်တယ်တဲ့ ။နင်တို့ တိုင်းပြည်ကအစိုးရတစ်ကယ်
အလုပ်လုပ်ရင်ငါတို့ ထက်သာမှာပါတဲ့ ”မှန်ပါတယ်သူတို့ ထိုင်းတွေငွေရှာတတ်တာလွန်လွန်းပါတယ်
ကစားကွင်းထဲလဲကစားကွင်းမို့ လို့ ရိုက်လိုက်တဲ့ ဓါတ်ပုံမတန်တဆဈေးနဲ့ ပြန်ရောင်း၊ကိုယ့်ပုံလေး
သူများဆီမကျန်စေချင်လို့ သူတို့ ရိုက်တိုင်းရွေးရရင်ပါလာသမျှဓါတ်ပုံဖိုးနဲ့ ကုန်ဖို့ သာပြင်၊နောက်ပြီး
တစ်ချို့ လမ်းဘေးဈေးသည်တွေသိပ်ရိုင်းတယ်။ကိုယ်လိုချင်တဲ့ ဒီဇိုင်းနဲ့ အရောင်တောင်စိတ်ရှည်ရှည်
မပြချင်လို့ မောင်းထုတ်တဲ့ ဈေးသည်တွေလဲရှိရဲ့ ။သူကဆက်ပြောတယ်”ဒါပေမဲ့ နင်တို့ ပြည်ကလူတွေ
ချမ်းသာတယ်ငါတို့ ဆိုအခုငါကိုင်တဲ့ ဖုန်းဘယ်လောက်မှမတန်ဘူးဒါပေမဲ့ ငါတို့ လက်ငင်းမ၀ယ်နိုင်ဘူး။
နင်တို့ နိုင်ငံကလူတွေဝယ်နိုင်တယ်”ဒါလဲသူတို့ တိုင်းပြည်ကောင်းကြောင်းကြွားလိုက်တာပါပဲ။ကျမလဲ
စိတ်ထဲကနေပြောလိုက်မိတယ်.ဟေ့ငါတို့ တိုင်းပြည်လဲတစ်နေ့ နင်တို့ ထက်သာစေရမယ်လို့ ပေါ့။
စိတ်ထဲကပဲပြောရဲပါတယ်။အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ကိုယ့်တိုင်းပြည်ထက်သေးတဲ့ သူတို့ နိုင်ငံကကိုယ့်
တိုင်းပြည်ထက်အစစအရာရာသာလွန်တာတော့လက်ခံပါတယ်။ဒါပေမဲ့ စိတ်ဓါတ်တွေကတော့နည်းနည်း
မှသည်းခံလိုစိတ်မရှိပါဘူး။ကျမတို့ အဖွဲ့ ဈေးဝယ်စင်တာထဲဟိုငေးဒီငေးနဲ့ တဖြေးဖြေးလျှောက်နေတာ
ကိုအနောက်ကလိုက်နေတဲ့ ထိုင်းမစိတ်မရှည်ဘဲအော်ကြီးဟစ်ကြယ်ပြောသွားတာတွေ၊နောက်တည်းတဲ့ 
တည်းခိုခန်းကနေမြန်မာတွေအုပ်စုလိုက်ထွက်လာတော့အထပ်ကနိမ့် တာရယ်အလုံပိတ်အခန်းတွေဖြစ်
နေတော့အသံတွေကဆူနေတော့အဲမှုာနေတဲ့ ထိုင်းမက အရမ်းနားငြီးတယ်ဆူညံနေတာပဲဆိုပြီးပြောသွား
ပါတယ်။ကျမတို့ မြန်မာတွေကတော့ဧည်သည်ဆိုသည်းခံတတ်တာအရိုးစွဲနေပါပြီဆူညံနေတယ်ဆိုတောင်
အော်..သူတို့ တွေပျော်နေလို့ ပါဆိုပြီးခွင့်လွှတ်ပေးတတ်တာ၊ဧည့်သည်အတွက်ဆိုကိုယ်စားဖို့ တောင်မချန်
ဘဲချကျွေးတတ်တာအဲဒီချစ်စရာဓလေ့ စရိုက်နဲ့ ကိုယ့်မြန်မာနိုင်ငံပဲကျမချစ်ပါတယ်။
 Pura Luhur တောင်ပေါ်ကလှမ်းမြင်နေရသောပင်လယ်(အင်ဒိုနီးရှား)
                                             GWK တောင်ကုန်းပေါ်ကရုပ်တု
ရေဆူနေသောအိုင်ပါအောက်ကနေသဲပွင့်တွေနဲ့ ရေပေါ်ကိုပွက်လာတာပါကျမတို့ နဂါးပွက်တောင်လိုပေါ့
ဒီကန်ကရေကိုချိုးရင်ရောဂါဘယကင်းပြီးအနှောင့်ယှက်ကင်းတယ်လို့ သူတို့ တွေယုံကြည်ကြတယ်။အင်ဒိုက
နတ်ကိုးကွယ်မှု့ ပိုများတယ်။အိမ်တိုင်းလိုလိုနတ်ကိုးကွယ်တယ်။
                            သူတို့ တွေရဲ့ နတ်ရုပ်တွေပါ
အင်ဒိုနီးရှားသုံးငွေပါကျမတို့ ဒေါ်လာ(၉၀၀)လဲတာသိန်းကိုးဆယ်နီးပါးရတယ်။ဒီမှာပြန်သုံးရဘယ်လောက်
ကောင်းလိုက်မလဲ..ဟိဟိ
                        မြူတွေဆိုင်းနေတဲ့ တောင်ပေါ်မြို့ လေးပါ
   Tanjung Benoa beach အဲမှာပင်လယ်ထဲလမ်းဆင်းလျှောက်တာတွေနဲ့ ကစားနည်းမျိုးစုံရှိပါတယ်
   ဘာလီသာသွားတာတစ်ရက်မှရေထဲပေးမဆင်းပါဘူး။လှိုင်းကြမ်းတယ်တဲ့ အဲကမ်းခြေမှာရေအောက်
   လမ်းဆင်းလျှာက်တဲ့ တစ်ရက်ပဲရေထဲဆင်းလိုက်ရပါတယ်။
    လိပ်ကျွန်းပါအဲမှာပင်လယ်လိပ်တွေမွေးပြီးပြပါတယ်။လိပ်တွေအတွက်တစ်ယောက်ကိုရူပီး(၅၀၀၀)
    အလှူထည့်ရပါတယ်။ကျွန်းကိုသွားခကတော့ဒေါ်လာ 20u$ ကျပါတယ်။ocean walker ကတစ်ယောက်
 ကိုဒေါ်လာ(၆၀)ပါမြန်မာလူမျိုးပဲဘယ်ရမလဲ (၅၀)နဲ့ ဆစ်တာပေါ့ဟိဟိ။
ရေထဲ ၆ မီတာအနက်ကိုဆင်းပြီးလျှောက်တာပါ။ခေါင်းပေါ်ကအဆောင်းကလေဖိအားနဲ့ ရေလုံးဝမ၀င်ပါဘူး။
လက်ထည့်လို့ လဲရပါတယ်။အသက်လဲကောင်းကောင်းရှုလို့ ရပါတယ်။လေဖိအားများလို့ နားနည်းနည်းကိုက်
တာနဲ့ လေးတာကလွဲရင်အဆင်ပြေပါတယ်။ငါးမိနစ်နေရပါတယ်ပင်လယ်ထဲနီမိုငါးလေးတွေလဲတွေ့ ခဲ့ ရတယ်။
ပင်လယ်ရေမှော်ပါပဲဒါပေမဲ့ ထိလိုက်ရင်တော့ကြမ်းရှရှနဲ့ ပြန်စုပ်သလိုခံစားရတယ်။နီမိုလေးတွေကအဲမှာပဲ
နေတာများတယ်။ဖမ်းလို့ ကိုမမိပါဘူးလျှင်ချက်က။
ဘာလီမြို့ တွင်းတစ်နေရာပါလမ်းကျဉ်းကလေးတွေနဲ့ တစ်ထပ်အိမ်ကလေးတွေနဲ့ ပါအထပ်မြင့်
သိပ်မရှိပါဘူးတောရွာသာသာပါပဲ
ရိုးရာအိမ်လေးတွေပါအိမ်အ၀င်အ၀တံခါးကိုဒီအရွယ်ပဲဖောက်ကြပါတယ်။
ခြံလေးထဲမှာမိဘကတစ်အိမ်၊သားသမီးကတစ်အိမ်၊ဧည့်သည်တွက်ကတစ်အိမ်သပ်၂ဆီဆောက်
နေကြပါတယ်။
ဆိုးရွားလှတဲ့ ယှဉ်တွဲပြချက်ပါပန်ချီပြခန်းမှာချိတ်ဆွဲထားတာပါ။
မြို့ တွင်းနတ်ရုပ်ထုတွေပါ
ကျမအရမ်းကြိုက်တဲ့ ဒူးရင်းသီးအမိအရစားခဲ့ သေးတာဘာရမလဲ
ဘန်ကောက်ကDream world ကစားကွင်းပါ
Dream world ၀င်ကြေးကတစ်ယောက်ဘတ်(၈၀၀)ပါ
တန်အောင်လို့ ကလေးဆော့တာပါမကျန်အကုန်စီးခဲ့ တယ်ဘာရမလဲ။
  သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ ပါစေ။
ကေ(စခ)
Monday 22 April 2013
တရုတ်ပြည်ငလျှင်
တရုတ်နိုင်ငံ အနောက်တောင်ဖက်ပိုင်းက မြေငလျှင်လှုပ်ခတ်မှုကြောင့် လူပေါင်း နှစ်ရာကျော်သေဆုံးခဲ့ပြီး တစ်သောင်းတစ်ထောင်ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
Thursday 18 April 2013
ကိုင်း ဆိုင်ကယ်အမှတ် ၂၇ ယ / ၂၇၃၇၆ နဲ့ သေသူ မိန်းကလေးပုံကို သိတဲ့သူ ရဲထံအကြောင်းကြားကြပါ
 ကိုင်း ဆိုင်ကယ်အမှတ် ၂၇ ယ / ၂၇၃၇၆ နဲ့ သေသူ မိန်းကလေးပုံကို သိတဲ့သူ ရဲထံအကြောင်းကြားကြပါ
                                     ကန်တော်ကြီး မြောက်ဖက် ထွက်ပေါက် သဘာဝဥယျာဉ်
ရှေ့မှာ လူသတ်မှု တစ်မှု ည ၁၀:၀၀ နာရီ လောက်မှာဖြစ်သွားပါတယ်။
သေသူ က မိန်းကလေး ၂၅/၂၆ဝန်းကျင် အမည် နေရပ် မသိရသေးပါ
သေသူ အနီးမှာ ဆိုင်ကယ်တစီး တွေ့ ရပါတယ်။ နံပါတ် က ၂၇ယ/၂၇၃၇၆ဖြစ်ပါတယ်။
သတ်သွားသူ က နှစ်ယောက် ထက်ပိုနိုင်ပြီး ကတ္တီပါဘိနပ် သဲကြိုး အပြာရောင်ဖြစ်ပါတယ်။
ဓါတ်ပုံရှင် နဲ့ဆိုင်ကယ် သိသူများ ရဲ ထံဆက်သွယ်ပေးကြပါ။ (ကြောက်တတ်သူများ မကြည့်ရ )
Saturday 13 April 2013
မြန်မာပြည် အကြိုနေ့  ရဲ့  အနိဌါရုံ မြင်ကွင်းများ ( ကြောက်တတ်သူများ မကြည့်ရ )
 မြန်မာ့သင်္ကြန်မှာ အပျော်လွန်းကဲပြီ မူးယစ်ရမ်းကားလို့  ရန်ပွဲနဲ့  ကားတိုက်ပွဲများ ဖြစ်သောပုံများကို  သတိသံဝေဂ ရစေဖို့  ကျနော့ ဘလော့ကနေ ပုံတွေ ရရင် ရသလို တင်ပြပေးသွားပါမယ် ..ဒီနေရာမှာပဲ ပုံတွေ ထပ်ရရင် ထပ်ဖြည့်သွားပါမယ်... မူရင်း ဓါတ်ပုံ ပိုင်ရှင်တွေ ခွင့်ပြုပါ ခွင့်တောင်းပါတယ်
Friday 12 April 2013
မင်္ဂလာ နှစ်သစ်ကူး အတာသင်္ကြန်
ကျနော့ မိတ်ဆွေတွေ အားလုံး နှစ်သစ်ကူး အခါသမယမှာ အေးချမ်းပျော်ရွင်ပြီး သာယာသော နေ့ သစ်လေးတွေ ပိုင်ဆိုင်ကြပါစေ လို့ ဦးစွာ နှုတ်ဆက်လိုက်ပါတယ်..............
           မြန်မာနှစ်ကူး အတာသင်္ကြန်နဲ့ ဝေးကွာခဲ့တာ ( ၇ ) နှစ်ကျော်ခဲ့ပါပြီး ၊ ပြည်ပရောက်နေပေမယ့် အတာသင်္ကြန်သီချင်းတွေ ကြားရင် သင်္ကြန်ပိုးက ဝင်လာပြီ အလိုလို က ချင် ၊ ခုန်ချင်နေတုန်း   ပျော်မြူးနေတုန်းပါပဲ။ကိုယ်တိုင် ပါဝင်မနွှဲရပေမယ့် သူများတွေ ပျော်နေတာ မြင်ရင် အပျော်တွေ ကူးစက်တာ သင်္ကြန်ပိုးရှိတဲ့ သူတိုင်း အသိဆုံးပါ။။
           မြန်မာပြည်ရှိတုန်းကတော့ လမ်းထဲကလူငယ်တွေ စုပြီး သင်္ကြန်မကျခင် ၁ လလောက် အလိုထဲက ပိုက်ဆံတွေလိုက်စုပြီး သင်္ကြန် ကာလမှာ လမ်းထဲမှာ မဏ္ဍပ်ထိုးပြီး သင်္ကြန် အကြို ၊ အကျ ၊ အကြတ် ၊ အတက် နေ့ တိုင်း စတုဒီတာ ကျွေးတယ် မနက်ဆို နေ့ လည်ကနေ ညထိ လမ်းထဲက လူငယ်၊လူကြီး ကျားမ မရွေး လူစုံ မဏ္ဍပ်ထဲမှာ စပီကာဘောက်ကြီးတွေ ဖွင့်ပြီး သီချင်းဆို ကနဲ့  အရမ်းပျော်ဖို့ ကောင်းပါတယ်..လမ်းထဲမှာတော့ တကယ့်ကို မိသားစုတွေလို ရန်ဖြစ်တာ ၊ စကားများတာ မရှိပဲ ( ရှိခဲ့ရင်တောင်) နားလည်မှုနဲ့  မိသားစုတွေ စုစည်းကြတာ ၊သင်္ကြန်ချိန် အခါသမယပါပဲ..
           ဘိုးဘွားများ ကန်တော့ခြင်း ပြီးဆုံးသွားရင်တော့ သင်္ကြန်ရက်တွင် စတုဒီတာမှ အစ ဘက်ပေါင်းစုံ လုပ်အား ကုသိုလ် ပေးခဲ့ကြတဲ့ လူငယ်တွေ အားလုံး  နှစ်ကူးညနေမှာ ရွှေတိဂုံ စေတီတော်ကြီးကို ပျော်ရွင် ကြည်နူးစွာနဲ့ စုပေါင်းပြီး သွားရောက် ကန့် တော့ကြတဲ့ မြင်ကွင်းများဟာ ဒီလို သင်္ကြန် သီချင်းတွေကြားရင် အစီအစီနဲ့  အဟောင်းတွေ အသစ်ပြန်ဖြစ်လာသလိုပါပဲ ..ခုထက်တိုင် ကျနော်တို့  အဝေးရောက်နေပေမယ့် နောက်တက်လာတဲ့မျိုးဆက်များက ပုခုံးထမ်း တာဝန်ယူထားတဲ့ အတွက် နှစ်စဉ်မပျက် ကျင်းပခဲ့နိုင်တာ နှစ်ပေါင်း ( ၃၀ ) ကျော် လာပါပြီ..
           နှစ်တွေ ၊ဘယ်လို ပြောင်းပြောင်း ၊ ဘယ်လောက်ဝေးတဲ့ နေရာကို ရောက်နေ ရောက်နေ  ဒီလို  လ ၊ ဒီလို အချိန် ၊ ဒီလို သီချင်းသံတွေ ကြားလာရင် သင်္ကြန်ပိုးဟာ ဝင်လာပြီး စိတ်တွေဟာ အတိတ်ဆီကို ပြန်ရာက် ပြီ တစ်နေ့ တာ ပင်ပန်းတာတွေ အခန်းထဲ ဘယ်သူမှ မရှိတုန်း ၊အတာဒိုးသံလေးနဲ့  ကွေးနေအောင် က နေမိပါတော့တယ်.......ဟဲဟဲ ကျနော့ မိတ်ဆွေများလည်း ပျော်ရွင်ကြပါစေဗျာ..........
Sunday 7 April 2013
ထူးခြားဆန်းကြယ်သော ရှေးဟောင်း ဗုဒ္ဓအံတော်တစ်ဆူ အရွယ်အစား ပိုမိုကြီးမား လာလျက်ရှိ
ကယ်လီဖိုးနီးယား ပြည်နယ် တောင်ပိုင်းရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်း တစ်ကျောင်းမှ ဗုဒ္ဓ အံတော် တစ်ဆူ၏ အရွယ်အစား သည် ဆက်လက် ကြီးထွားလျက် ရှိကြောင်း အဆိုပါ ဘုန်းတော်ကြီး ကျောင်းရှိ တာဝန်ရှိ သူများက ပြောကြား ထားသည်။ ရာနှင့်ချီသော ဗုဒ္ဓဘာသာဝင် များသည် အရှည် ၂ လက်မခန့်ရှိ ဗုဒ္ဓအံတော် အား ဖူးမြော် ကြည့်ရှုရန် စုဝေး ရောက်ရှိ လာခဲ့ကြောင်း သိရသည်။
အဆိုပါ ရှေးဟောင်း ဓာတ်တော်သည် လွန်ခဲ့သော နှစ်ပေါင်း ထောင်ချီခန့်က ပရိနိဗ္ဗာန် ပြုခဲ့သည့် ဗုဒ္ဓ ဘုရား၏ အံတော် ဖြစ်ပြီး အရွယ်အစား မှာ ပျမ်းမျှ အားဖြင့် လူ့သွား တစ်ချောင်း ၏ လေးဆခန့် ရှိသည်။
၎င်း ရှေးဟောင်း ဗုဒ္ဓ မွေတော်သည် ထူးခြား ဆန်းကြယ်သော စွမ်းအင်မျိုး ရှိသည်ဟု ယူဆရပြီး လက်ရှိတွင် ၄င်းအံတော်သည် ဆက်လက် ကြီးထွားလျက် ရှိကြောင်း Lu Mountain ဘုန်းတော်ကြီး ကျောင်းရှိ ဘုန်းတော်ကြီး တစ်ပါး ဖြစ်သူ သောမတ်မိုင်ယာ က ပြောကြား ထားသည်။
ဖော်ပြပါ ဗုဒ္ဓအံတော် သည် သက်တမ်း အားဖြင့် နှစ်ပေါင်း ၂၅၀၀ ခန့်ရှိပြီး ၄င်း အံတော်အား ဆံတော် တစ်ဆူ အပါအ၀င် အခြားသော ဓာတ်တော် မွေတော် များနှင့်အတူ အပူဇော်ခံ ပြသထားသည် ဟုလည်း ဘုန်းတော်ကြီး သောမတ်မိုင်ယာ က ပြောကြားကြောင်း သိရှိရသည်။
(ခိုင်)
မြ၀တီ
မြန်မာစာ သတ်ပုံအမှားများနှင့် ယနေ့ လူငယ်များ
မနေ့ က voice နေ့ စဉ် သတင်းစာ မှာပါတဲ့ ဆောင်းပါးရှင် မောင်ကြည်သော် ( ကောလင်း ) ရဲ့ 
၂၀၁၃ မန္တလေးတိုင်းမှာ ထုတ်တဲ့ ၁၀ တန်း မြန်မာစာ မေးခွန်း က သတ်ပုံ အမှားတွေ
ကိုထောက်ပြထားတာ တကယ်ကို ကောင်းတဲ့ ဆောင်းပါးလေးပါ.. နိုင်ငံတော်က
ထုတ်တဲ့ မေးခွန်းမှာတောင် သတ်ပုံ အမှားတွေပါနေတာ တကယ့်ကို မဖြစ်သင့်တာပါ။                    အမှားက(၇) ခုတောင်..ဘာတွေလည်း ဆိုတော့.ပုစ္ဆာနံပါတ်
( ၁ ) အနက်ဓိပ္ပာယ် လို့ ရေးထားတယ် ..အမှန်က အနက်အဓိပ္ပာယ်
( ၂ ) ညည်းခြင်း ဆိုသည်အဘယ်နည်း..အမှန်က ညည်းချင်း
( ၃ ) ရွှေနှင့်ယိုးမှား ပန်းစကား.............အမှန်က ပန်းစံကား
( ၄ ) မိခင် သောက မေးထားတယ် အမှန်က မိခင့်သောက
( ၅ ) အိမ်ရှေကိုယ်တော်ကြီး အမှန်က အိမ်ရှေ့ကိုယ်တော်ကြီး
( ၆ ) ရေသည် ယောကျာင်္ အိမ်ရှေမင်း အမှန်က အိမ်ရှေ့မင်း
( ၇ ) စာစီစာကုံးမှာ အများအကျိုး အမှန်က အများအကျိုး
သူတို့  မေးခွန်းအတိုင်းဖြေခဲ့ရင် အမှားဆိုပြီ မယူရဘူးဆိုပြီး ဆောင်းပါးရှင်က ရေးထားတာ
တကယ့်တန်ဖိုးရှိတယ်..ခုလိုနိုင်ငံတကာနဲ့ ချိတ်ဆက်နေတဲ့ ဖေ့ဘုတ်မှာတောင်
ပုံတွေကို ဖိုတိုရှော့တွေဘာတွေနဲ့ လုပ်ပြီ ပုံပေါ်မှာ ရေးထားတဲ့စာလုံးပေါင်းကြတလွဲ..ချက်တင်မှာ
အလွယ်ရေး ကြတာ။ စားပီပီတွေ ၊ ရှေကိုသွားတွေ တကယ့်စာရေးတော့လည်း ဒီလိုဖြစ်လာတော့
တာပဲ ၊မေးခွန်းထုတ်တဲ့သူတောင် ချက်တင် သုံးတယ်ထင်တယ် အလွယ်ပဲရိုက်လိုက်တယ်
အိမ်ရှေမင်းသား ၊ အောက်ကမြစ် မထည့်တော့ဘူး..မြန်မာစာကို မြန်မာလူငယ်များ မှန်ကန်စွာ
ရေးနိုင်ကြစေဖို့  စေတနာနဲ့  တင်ပြလိုက်တာ
Saturday 6 April 2013
ကားအက်စီဒင့်ပုံများ (ကြောက်တတ်သူများမကြည့်ရ )
ကြိုပြောထားတယ်နော် မိတ်ဆွေများ ကြောက်တတ်သူများနှင့် နှလုံးရောဂါရှိသူများ ( လုံးဝ )  ဖွင့်မကြည့်ပါနဲ့ လုံးဝ 
Thursday 4 April 2013
မိထ္ထီကိစ္စကြောင့် အင်ဒိုနီးရှားရောက် မြန်မာများနှင့် ဘင်္ဂလီများ ရိုက်ပွဲဖြစ် (ကြောက်တတ်သူများမကြည့်ရ
အင်ဒိုနီးရှားနိုင်ငံကလူဝင်မှုကြ
ီးကြပ်ရေး ထိန်းသိမ်းရေး စခန်းတခုမှာ မြန်မာနဲ့ မွတ်စလင်များဒီနေ့ အချင်းများ တိုက်ခိုက်ကြရာကနေ ၈ ဦး သေပြီး၁၅ ဦးဒဏ်ရာရတယ်လို့AP သတင်းဌာနကဆိုပါတယ်။
အင်ဒိုနီးရှားနိုင်ငံဆုမတြား မြောက်ပိုင်း ခရိုင်မှာရှိတဲ့ အဲဒီ ထိမ်းသိမ်းရေးစခန်းမှာ အင်ဒိုနီးရှားကမ်းခြေကိုလှေနဲ့ ခိုးဝင်တဲ့ မွတ်စလင် ၁၀၀ နဲ့ ငါးခိုးဖမ်းမှုကြောင့် အဖမ်းခံရတဲ့မြန်မာ ၁၁ ဦးကိုအတူတူ ချုပ်ထား ခဲ့ကြောင်းနယ်မြေခံရဲချုပ်Enfro Kiswanto က ပြောပါတယ်။
ရဲချုပ်က မျက်မြင်သက်သေတွေကို ကိုးကားပြောဆိုတာကတော့မွတ်စလင်တွေနဲ့ ဗုဒ္ဓဘာသာဝင်ငါးဖမ်းသမားတွေဟာ မြန်မာပြည်မှာ ဖြစ်နေတဲ့ဘာသာရေး၊လူမှုရေးအဓိကရုဏ်း ကိစ္စတွေကနေစပြီး အချင်းများကြတာ ဖြစ်ကြောင်း၊တုတ်ဆွဲဓားဆွဲတိုက်ခိုက်ခဲ့ကြ တာဖြစ်ကြောင်းဆိုပါတယ်။
မြန်မာ ၈ ယောက်သေပြီးမွတ်စလင်၁၅ ယောက်ဒဏ်ရာရပါတယ်။ တခြားမြန်မာ ၃ ဦးကတော့ အထိအခိုက်မရှိလွတ်သွားတယ်လို့ ရဲချုပ်က ပြောပါတယ်။
သေဆုံးသွားသူတွေကိုခရိုင်မှာရှိတဲ့မေဒင် ဆေးရုံမှာ ပို့ဆောင် ထားကြောင်းသိရပါတယ်။
“ဓားတွေဘယ်လိုရှိနေကြတယ်ဆိုတဲ့ ကိစ္စအပါအဝင်အဖြစ်အပျက်ကိုစုံစမ်းတုန်းပါ။ သူတို့ကိုလာရင်းနေရပ်ဆီ မြန်မြန် ပြန်ပို့ပါတော့မယ်” လို့ရဲချုပ်ကAP သတင်းဌာနကိုပြောထားတယ်။
Wednesday 3 April 2013
ကဲမျှော်လင့်နေကျတဲ့ ဖုန်းဈေးနှုန်းထင်မှတ်မထားတဲ့ အတိုင်းပါပဲ
-CDMA 800 MHZ ဖုန်းကွန်ရက်မရှိသည့်နေရာများတွ
င် WCDMA 3G ဖုန်းများ ချထားပေးမည်။
-နောက်လများတွင် GSM 2.5 G၊ WCDMA 3G ဖုန်းများကိုလည်း ၁၅၀၀ ဖြင့် ချထားပေးမည်။
-ဖုန်းကတ်တွင် ငွေကျပ် ၃၀၀ ပါရှိမည်။ ငွေကျပ် ၅၀၀၀ တန် ကြိုတင်ငွေဖြည့်ကတ်ထည့်သွင်းအသုံးပြုရမည်။ တလလျှင် အနည်းဆုံး ၂၅၀၀ အသုံးပြုရမည်။
-ဖုန်းပြောဆိုခများမှ ရရှိသည့် ၀င်ငွေဖြင့် ကွန်ရက်နှင့် စက်ပစ္စည်းများ ထပ်မံ တပ်ဆင်သွားမည်။
-မှောင်ခိုဈေးကွက်ကာကွယ်ရန် ဖုန်းကတ်ကို ၀ယ်ယူပြီး ၁၅ ရက်အတွင်း အသုံးမပြုပါက ဖုန်းလိုင်းပိတ်မည်။
-ဖုန်းပြောဆိုခသည် ခေါ်ဆိုခ ၅၀ ကျပ်ဖြစ်ပြီး ဖုန်းအ၀င်ပေးရန် မလိုဟုသိရှိရသည်။
ဦးခေါင်းနှစ်လုံးနှင့် ကျွဲငါးမန်းရှိကြောင်း ပထမဆုံး အတည်ပြုနိုင်ပြီ
ဦးခေါင်းနှစ်လုံးနှင့် ကျွဲငမန်းသန္ဓေသားကို အမေရိကန်သုတေသီများ ရှာဖွေတွေ့ရှိ အတည်ပြုနိုင်ကြပြီဖြစ် ကြောင်းသိရသည်။
ယခုတွေ့ရှိသော ဦးခေါင်း နှစ်လုံးနှင့် ကျွဲငါးမန်းသန္ဓေသားသည် ကမ္ဘာပေါ်တွင် ပထမဆုံး တွေ့ရှိခြင်းဖြစ်သည်။ အခြားငါး မန်းမျိုးစိတ်များကို ဦးခေါင်းနှစ် လုံးဖြင့် တွေ့ဖူးခဲ့ကြသော်လည်း လူသားစားငါးမန်းဖြစ်သည့် ကျွဲ ငါးမန်းမျိုး စိတ်တွင်မူ ယခုမှပင် တွေ့ဖူးကြခြင်း ဖြစ်သည်။
မြွေပွေး ကလေးပေါက်နေပုံများ
Monday 1 April 2013
ဗိုလ်တထောင်မြို့ နယ်က မွတ်ဆလင် စာသင်ကျောင်းမီးလောင်မှု မြင်ကွင်း (ကြောက်တတ်သူများမကြည့်ရ )
မြန်မာပြည်လည်း ဘာတွေ ဖြစ်နေလဲဗျာ ( ဟာသ )
 ဟယ်..သနားပါတယ် ..ဖြစ်ရလေဗျာ..မြန်မာပြည်လည်း ဘာတွေဖြစ်နေပြီလဲ မသိဘူးကွာ.ခက်တယ်ဗျာ တောက် ဆိုတဲ့ အသံတွေ နဲ့ မီးခိုးတွေကြား ရောထွေနေတယ် ကျနော့ဘလော့က မိတ်ဆွေတွေရော ၊ဖေ့ဘုတ်ကသူတွေအတွက် သတင်း ယူပေးဖို့  လူတွေ ပြုံတိုးနေတဲ့ နေရာကို မနည်းတိုးဝင်ရတယ်ဗျာ..မီးခိုးတွေက အူနေတုန်း.. လုံခြုံရေးတွေ ခရာသံတွတ်သံတွေက ဆူညံနေတာပဲ..မီးသတ်ကားတွေတော့ ရောက်နေပါပြီ..