စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Tuesday 30 July 2013

အူကျွံ ယောင်္ကျားလေး တစ်ဦးကိုပဲခူးတိုင်း ဒေသကြီး အတွင်း အောင်မြင်စွာ မွေးဖွား

ပဲခူးတိုင်းဒေသကြီးဒိုက်ဦးမြို့နယ် ဖောင်တော်သီကျေးရွာ၌ မွေးစကတည်းက အူကျွံရောဂါဖြစ်ပွားကာ အူများ ၀မ်းဗိုက်အပြင်ဘက်၌ ကပ်လျက်ပါရှိလာသည့် ကလေးငယ်တစ်ဦးကို ကျေးရွာ ကျန်းမာရေးအထောက် အကူ ပြုအဖွဲ့ဝင်တစ်ဦးမှ အန္တရာယ်ကင်းရှင်းစွာ မွေးဖွားပေးနိုင်ခဲ့သည်ဟု သိရှိရသည်။

အဆိုပါကလေးမိခင်မှာ ဒေါ်စုကြည် အသက် (၂၂) နှစ်ဖြစ်ပြီး ကလေးငယ်ကို ဇူလိုင်လ(၂၈)ရက် နံနက် (၉း၄၅)မိနစ်၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ကလေး၏ ဖြစ်ရပ်မှာ ပုံမှန်မဟုတ်သည့်အတွက် လိုအပ်သည် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်မွေးဖွားပေးခဲ့ရကြောင်း ကျေးရွာ ကျန်းမာရေးဝန်ထမ်းထံက သိရသည်။

“ လူနာက မွေးဖွားဖို့ အဆင်သင့်ဖြစ်နေတာကို တွေ့ရတော့ လိုအပ်တာတွေညွှန်ကြားပြီး ကျေးရွာ ကျန်းမာ ရေးမှူး ဒေါ်စောသန္တာဆီကို အကြောင်းကြားခဲပါတယ်၊ ဆရာမကြီး လာကြည့်တော့ သူလည်းတစ်ခါမှ မတွေ့ကြုံဖူးတဲ့ ဖြစ်ရပ်မျိုးဖြစ်နေတာကြောင့် ဆရာမကြီးကိုယ်တိုင် အံ့သြသွားတယ် " ဟု ကျေးရွာ ပြည်သူ့ ကျန်းမာရေး အထောက်အကူပြုအဖွဲ့ဝင် ဦးလှဦးက ပြောသည်။

အဆိုပါကလေးငယ်ကို ကျေးရွာဆေးခန်း၌ အပတ်စဉ်ပြသခဲ့ကြောင်း အဆိုပါ ကလေးမွေးဖွားမှုနှင့်
ပက်သက်၍ ကျေးရွာကျန်းမာရေး ဌာနမှကျန်းမာရေးမှူးနှင့် ကျေးရွာကျန်းမာရေး အထောက်အကူပြု အဖွဲ့များ ၊ ကျေးရွာလူမှုအဖွဲ့အစည်းများနှင့် ကျေးရွာနေ ပြည်သူများ၏ ထောက်ပံ့ငွေများဖြင့် ပဲခူးတိုင်းဆေးရုံကြီးကိုပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည် ။

" အခုလို မွေးဖွားမှုဖြစ်ရပ်မျိုးကို တစ်ခါမှ မတွေ့ခဲ့မိပါဘူး၊
ပြီးတော့ ကျေးရွာအထောက်အကူပြု
အဖွဲ့ဝင် တစ်ဦးကနေ ဒီလိုမျိုး မွေးဖွားပေးနိုင်ခဲ့တာဟာလည်း ချီးကျူးစရာပါပဲ” ဟု ကျေးရွာကျန်းမာရေးမှူး ဒေါ်စောသန္တာ က ပြောသည်။
အဆိုပါဖြစ်ရပ်မှာ မွေးရာပါ အူကျွံရောဂါဖြစ်ကြောင်း ဆရာမကြီးက ယခုကဲ့သို့ဆိုသည်။

“ ကလေးရဲ့မွေးဖွားခါစ ဖြစ်ပေါ်တဲ့ လက္ခဏာ တွေဖြစ်တဲ့ ကိုယ်လက်လှုပ်ရှားမှု ၊ ငိုကြွေးခြင်း စတာအပြင်
အင်္ဂါ အစိတ်အပိုင်း အားလုံးကောင်းမွန်စွာပါရှိပြီး အူတွေ တစ်မျိုးတည်း ချက်ကြိုးအနီးကနေ ၀မ်းဗိုက်ရဲ့ အပြင်ဘက်ကို ရောက်ရှိနေတာ တွေ့ရတယ် .... ကလေးရဲ ဖြစ်ရပ်က ထူးဆန်းနေပြီး ဆေးရုံတင်ဆေးဝါးကုသရမှာမို့လို့ မိသားစုကလည်း အတော်ကို ဆင်းရဲနွမ်းပါးကြတယ် .... ဒါနဲ့ ကျွန်မကိုယ်တိုင် အလှူငွေ တစ်သောင်း စတင်ထည့်ဝင်ပြီး ကျေးရွာအဖွဲ့စည်းများ ၊ အများပြည်သူများမှ အလှူငွေ ကောက်ခံပြီးပဲခူးတိုင်းဒေသကြီး ဆေးရုံကြီးကို အချိန်မီ ပို့ဆောင်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ပါတယ် " ဟု ကျေးရွာ
ကျန်းမာရေးမှူး ဒေါ်စောသန္တာက ဆက်ပြောသည်။

ကျေးရွာကျန်းမာရေးမှူး၏ စီစဉ်ညွန်ကြားချက်နှင့်ကလေးအား ဇူလိုင်လ(၂၈)ရက်နေ့ ညနေ(၃)နာရီခန့်က ပဲခူးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်ဟု လူနာစောင့်အမျိုးသမီးက ယခုကဲ့သို့ဆိုသည်။
“ ကလေးကယောကျာင်္းလေး ဆေးရုံကြီး ကို ရောက်တဲ့ အချိန်ထိ အဒေါ်လက်ပေါ်မှာပဲ နွေးနွေးထွေးထွေးရှိနေခဲ့ပါတယ်။ ဟိုရောက်တော့ စမ်းသပ်ခန်းမှာ စမ်းသပ်ပြီး ဆရာဝန်ကြီးတွေကပါ အံသြနေကြတယ် ....
ကလေးကို ရန်ကုန်ကလေးဆေးရုံကြီးကို ညနေ 6 နာရီ ခန့် က လွှဲပြောင်းပေးခဲ့တဲ့ အထိပဲ သိရပါသေးတယ် " ဟု အိမ်နီးချင်းဖြစ်သည် ဒေါ်ဝင်းသန်းက ပြောသည်။

အဆိုပါ ကလေးငယ်၏ ထူးခြားဖြစ်ရပ်မှာ ပဲခူးတိုင်းဒေသကြီးအတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ကလေး၏ အသက်အန္တရာယ် စိုးရိမ်စရာ မရှိသေးကြောင်း ၊ လူမှုရေးအဖွဲ့အစည်းများမှ ထောက်ပံ့လှူဒါန်း ငွေများ လိုအပ်လျက်ရှိပြီး ရန်ကုန်တိုင်း ကလေးဆေးရုံကြီးမှလည်း ခွဲစိတ်မှု အောင်မြင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု သိရှိရသည်။

မြင့်ထွန်း-ပဲခူးတိုင်း(မြစ်မခ) /မြန်မာခရိုနီကယ်

                                                                                                     ဖေ့ဘုတ်မှကူးလာတာပါ။

စပိန်နိုင်ငံမီးရထားလမ်းချော်မှု့ဖြစ်ပွား

စပိန်နိုင်ငံ၊မက်ဒရစ်မြို့တော်မှဖာရိုးမြို့သို့ခုတ်မောင်းသည့်အမြန်ရထားတစ်စီးလမ်းချော်တိမ်းမှောက်
မှု့ကြောင့်ခရီးသည်(၇၇)ဦးခန့်သေဆုံးပြီး(၁၃၀)ခန့် ဒဏ်ရာရရှိခဲသည်။ရထားမှာသတ်မှတ်မိုင်နှုန်းခန့်
၃ဆပိုမိုမောင်းနှင်ခဲ့ သည်ဟုဆိုသည်။

လျှပ်စစ်မိုးပျံရထားအားကရင်ပြည်နယ်ဇွဲကပင်တောင်တွင်တည်ဆောက်မည်

မလေးရှားနိုင်ငံအခြေစိုက်ကုပ္မဏီတစ်ခုမှကရင်ပြည်နယ်ဇွဲကပင်တောင်ပေါ်ရှိဇွဲကပင်ဆံတော်ရှင်စေတီတော်
ကိုလွယ်ကူစွာဖူးမျှော်နိုင်ရန်နှင့်နိုင်ငံခြားသားခရီးသွားများအားဆွဲဆောင်နိုင်ရန်လျှပ်စစ်မိုးပျံရထားအား
မြန်မာနိုင်ငံတွင်ပထမဆုံးတည်ဆောက်မည်ဖြစ်သည်။
၎င်း စီမံကိန်းကိုမြန်မာနိုင်ငံမှအင်ဂျင်နီယာများနှင့်ပူးပေါင်း၍မလေးရှားမှပညာရှင်များမှလာရောက်ဆောင်
ရွက်ပေးမည်ဖြစ်ကြောင်းနှင့်အမေရိကန်ဒေါ်လာ(၂၂)သန်းခန့်ကုန်ကျမည်ဟုခန့်မှန်းထားကြောင်း၊စီမံ
ကိန်းအားတစ်နှစ်ခွဲအတွင်းအပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

အီတလီတွင်ခရီးသည်တင်ကားကြီးတစ်စီးတံတားပေါ်မှထိုးကျ

Thursday 11 July 2013

ကားမတော်တဆသေဆုံးမှု့ပုံများ(ကြောက်တတ်သူများလုံးဝမကြည့်ရ)အနိဌါရုံမြင်ကွင်းများ


မိုးညည်းထန်မှု့ကြောင့်တရုတ်တွင်လူ(၄၀)ဦးထက်မနည်းပျောက်ဆုံးနေ

တရုတ်နိုင်ငံစီချွမ်ပြည်နယ်တွင်ဇူလိုင်(၉)ရက်နေ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်မြေပြိုမှု့များဖြစ်ပွားပြီး
လူ(၄၀)ထက်မနည်းပျောက်ဆုံးနေကြောင်းသိရသည်။

သနားစရာကလေးငယ်

တောင်ငူမြို့တွင် ခေါင်းမပါသောမိန်းခလေးတစ်ဦးမွေးဖွား


ပဲခူးတိုင်းဒေသကြီး၊တောင်ငူမြို့တွင် ဇူလိုင် ၉ ရက်နေ့နံနက် ၉ နာရီ ၅၀
မိနစ်အချိန်က ခေါင်းပိုင်း ၃ ပုံ ၂
ပုံခန့်မပါသောကလေးတစ်ဦးမွေးဖွားခဲ့ကြောင်းသိရှိရသည်။
အဆိုပါကလေးသည်တောင်ငူမြို့ ၁၉ ရပ်ကွက်နေ့
ကိုအောင်ကိုဝင်း၊အသက်(၂၈)နှစ်၊ဇနီးမနှင်းဝတ်ရည် အသက် ၂၅
နှစ်၊တို့၏ပထမဆုံး
သားဦးဖြစ်သည်။မနှင်းဝတ်ရည်မှတောင်ငူမြို့ပြည်သူ့ဆေးရုံကြီးတွင်ခွဲ
စိတ်မွေးဖွား ခဲ့ပြီးကိုယ်အလေးချိန် ၅ ပေါင် ၄ အောင်စရှိ
မိန်းခလေးဖြစ်ပြီး လတ်တလောတွင် အသက်ရှင် လျှက်ရှိရာ
တောင်ငူမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံကြီးမှဒေါက်တာ ဒေါ်စန္ဒာ
မြင့်မှအနီးကပ်ကြီးကြပ်ကုသစောင့်ရှောက်လျှက်ရှိကြောင်းသိရှိရသည်။
ဇော်လွင်(တောင်ငူ)

Sunday 7 July 2013

ဗုဒ္ဓဂယာဗုံးပေါက်ကွဲမှု့

ဗုဒ္ဓဂယာတွင်ယ နေ့  နံ နက် ၅ နာ ရီ နှင့် ၆ နာ ရီကြား တွင် ဗုံး ၅ လုံး ပေါက် ကွဲ ဟု သ တင်း ရ ရှိ ထို ပေါက် ကွဲ မှု ကြောင့် မြန်မာစာသင်သားရဟန်း၃ ပါးထိ ခိုက် ဒဏ်ရ ဟု သိရ။ တရားခံမမိသေး ။

ပေါက်ကွဲခဲ့သညိ့နေရာများမှာ ဗော ဓိ ပင် ခြေ ရင်း မှာ နှစ် လုံး
အနိမိဿခေါ် တဲ့ အ ရှေ့ မြောက် ဘက်မှာ တစ် လုံး
ရ တ နာ ဂယ မှာ တစ် လုံးဂျ ပန် ဘု ရား မှာ တစ် လုံး ဖြစ် ကြောင်း သိ ရ သည် ။
ဗုဒ္ဓဂယာ၊ ဇွန် ၇
ဇွန်လ(၇)ရက် နံနက်တွင် အန္ဒိယနိုင်ငံအရှေ့ဘက်ဗုဒ္ဓဂယာဝင်းအတွင်းရှိ မဟာဗောဓိစေတီအနီးတွင်ယနေ့နံနက်က
(အန္ဒိယစံတော်ချိန် ၅ နာရီ ၁၅မိနစ်ခန့်) ဗုံးဆက်တိုက်ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်းကြောင့်ဗုဒ္ဓဘာသာဘုန်းတော်ကြီး ၂ ပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကြောင်းသိရသည်။

"ဒီမနက်အစောပိုင်းမှာ ပေါက်ကွဲအားနည်းတဲ့ ဗုံး ၈ လုံးဆက်တိုက်ပေါက်ကွဲခဲ့ပြီး ၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်" ဟု ရဲတပ်ဖွဲ့ အကြီးတန်းအရာရှိ S.K. Bharadwaj ကပြောသည်။ပေါက်ကွဲမှုကြောင့် သက်တော် ၅၀ အရွယ် တိဘက်ဘုန်းတော်ကြီး တစ်ပါးနှင့် သက်တော် ၃၀ အရွယ် မြန်မာ ဘုန်းတော်ကြီး တစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ယင်းကပြောသည်။

ထို့အပြင် ဗုဒ္ဓဂယာဝင်းအတွင်း အခြားဗုံး ၂ လုံးကိုလည်း ရှာဖွေတွေ့ရှိပြီး ဖယ်ရှားနိုင်ခဲ့ပြီး တစ်လုံးမှာ ညဏ်တော် အမြင့် ပေ
၈၀ ခန်ရှိသော ဗုဒ္ဓဆင်းတုတော်အနီးတွင် ထောင်ထားခြင်းဖြစ်သည်ဟု S.K. Bharadwaj က ဆိုသည်။

" မဟာဗောဓိညောင်ပင်ကိုတော့ ဘာမှ ထိခိုက်မှုမရှိပါဘူး "ဟု ဘိုင်ဟာပြည်နယ်ရဲတပ်ဖွဲ့ ရဲမှုးကြီးAbhayanand ကပြောသည်။

အန္ဒိယနိုင်ငံ ၀န်ကြီးချုပ် မန်မို ဟန်ဆင်းကလည်း ယူနက်စကို၏ ကမ္ဘာရှေးဟောင်းအမွေအနှစ်ဒေသဖြစ်သောဗုဒ္ဓဂယာဝင်းအတွင်း
ဗုံးခွဲလုပ်ကြံမှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး "ဘာသာရေးအမွေအနှစ်နေရာများကို တိုက်ခိုက်လာခြင်းအား လုံးဝ သည်းခံနေမည်မဟုတ်" ဟု သတိပေးလိုက်ကြောင်း ဒေသတွင်း သတင်းစာ the Press Trust of India က ရေးသားဖြော်ပြထားသည်။

အန္ဒိယနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန အကြီးတန်း အရာရှိ Anil Goswami က ယင်းလုပ်ရပ်အား အကြမ်းဖက်မှုတစ်ရပ်ဟု ဆိုသော်လည်း အကြမ်းဖက်ဖောက်ခွဲမှုသည် မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဆိုသည်ကို မသိရသေးကြောင်း ဆိုသည်။ဗဟိုအစိုးရက ပေါက်ကွဲမှုဖြစ်ပွားရာ နေရာသို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ၂ ဖွဲ့စေလွတ်ထားသည်ဟုလည်း ယင်းကပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဗုဒ္ဓဂယာဝင်းအတွင်း လုံခြုံရေး အင်အားတိုးမြင့်ချထားပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဘုန်းတော်ကြီး ၂ ပါးအား ဆေးရုံသို့ ပိုဆောင်ကာ ဆေးကုသမှု ခံယူစေခဲ့ကြောင်း ဒေသခံရဲအရာရှိ Bharadwaj က ပြောသည်။