စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Tuesday 25 September 2012

(၂၄)နှစ်ကြာမှအမျှရတဲ့ မ၀င်းမော်ဦး

မ၀င်းမော်ဦးရဲ့ ဆန္ဒအရယခု(၂၄)နှစ်ကြာမှအမျှဝေရခြင်းဖြစ်ကြောင်းမ၀င်းမော်ဦးရဲ့ ဖခင်ဖြစ်သူ
မှပြောပါတယ်။“မ၀င်းမော်ဦးမသေဆုံးခင်အချိန်ဆေးရုံကိုရောက်တော့ဖခင်ဖြစ်သူကိုသူမကိုခွင့်လွှတ်
ဖို့ ဖခင်ဖြစ်သူကိုတောင်းပန်ပါတယ်တဲ့ ဖခင်ကသမီးကဘာအပြစ်လုပ်လို့ တောင်းပန်ရတာလဲလို့ မေး
တဲ့ အခါအဖေ့စကားနားမထောင်မိတဲ့ အတွက်ယခုလိုအဖြစ်ဆိုးနဲ့ ကြုံရတာဖြစ်ကြောင်းမ၀င်းမော်ဦး
ကပြောပါတယ်။ဖခင်ကသမီးအမှားလုပ်တာမဟုတ်တဲ့ အတွက်တောင်းပန်စရာမလိုကြောင်းခဏအနား
ယူဖို့ ပြောတော့သူမခဏအိပ်ပျော်သွားပါတယ်။နိုးလာတဲ့ အခါဖခင်ဖြစ်သူကိုအနားကိုလာဖို့ လက်ဟန်ပြ
ပြီးခေါ်ပါတယ်။”ဒီမိုကရေစီမရမခြင်းသူတို့ ကိုအမျှမဝေပါနဲ့ ”လို့ ဖခင်ကိုကတိတောင်းပါတယ်။
မ၀င်းမော်ဦးအဖေကအတော်ကြာစဉ်းစားပြီးမှကတိပေးတာဖြစ်ပြီးသူ့ လက်ပေါ်မှာပဲသမီးအသက်ထွက်သွား
 ပါတယ်လို့ ဖခင်ဖြစ်သူကပြောပါတယ်။အခုဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်လာပြီဖြစ်တဲ့ အတွက်
သမီးဖြစ်သူကိုအမျှဝေတာ”လို့ ပြောပါတယ်။
”ခိုင်မာတဲ့ စိတ်ဓါတ်၊စွန့် လွှတ်အနစ်နာခံတဲ့ စိတ်ထား”တွေကိုဒီနေရာကနေအလေးပြုပါတယ်မ၀င်းမော်ဦး
ရောက်ရာဘ၀ကနေသာဓုခေါ်နိုင်ပါစေလို့ ဆန္ဒပြုဆုတောင်းပေးပါတယ်။

No comments:

Post a Comment