အိမ်ရှင်မတွေအသင့်စားသုံးလို့ ရတဲ့ လွယ်ကူစွာဈေးထဲအရန်သင့်ဝယ်လို့ ရတဲ့ ဟင်းချက်မှုန့် 
တွေဘယ်လောက်အန္တာရယ်များတယ်ဆိုတာပြချင်လို့ ရိုက်လာတာပါ။အစိုးရကလဲထိရောက်တဲ့ 
အရေးယူမှု့ တွေလုံးဝမပြုလုပ်ပါဘူးဟန်ပြတွေအဖမ်းပြတာလောက်ပဲရှိပါတယ်နောက်တော့
လဲဈေးကွက်ထဲဒုံရင်းကဒုံရင်းပါပဲ။စီးပွားရေးသမားများကလဲမတော်လောဘတွေနဲ့ လုပ်နေကျ
တာပါ။သူတို့ ကိုယ်တိုင်အဲဒီငရုတ်သီးမှုန့် တွေစားရဲလားမေးကြည့်ပါ။လုံးဝစားမှာမဟုတ်ပါဘူး။
ဒီလိုငရုတ်သီးမှုန့် တွေရေရှည်စားသုံးရင်ကင်ဆာရောဂါရရင်ရဒါမှမဟုတ်ရောဂါဘယထူပြော
ပြီးအသက်ရှည်မှာမဟုတ်ပါဘူး။ဘာလို့ ကျမဒီလိုပြောရလဲဆိုအောက်ကပုံတွေကြည့်ရင်ရှင်းသွား
ပါလိမ့် မယ်။
ဒါကငရုတ်သီးအရောင်တင်မှုန့် လုပ်ဖို့ ပထမအဆင့်အညှာတွေကိုကျိတ်မှာပါ
ဒါကစားလို့ လုံးဝမသင့်တော်တဲ့ မှိုတက်ငရုတ်ပွခြောက်တွေပါ။ဒါတွေကိုလဲထည့်ကျိတ်ပါတယ်
ဒါကအညှာတွေကျိတ်ပြီးဆိုးဆေးရောနေတာပါ
ဆိုးဆေးကိုငါးဆီနဲ့ ရောဖျော်ပြီးအညှာကျိတ်ထားတဲ့ အပေါ်လောင်းထားတာပါ
ဒါကဆိုးဆေးမှုန့် တွေပါ
ဒါဆိုးဆေးနဲ့ ဆီရောမွှေတဲ့ ပုံးပါ
ဒါကအညှာခြွေနဲ့ ရောကျိတ်မဲ့ ဂျူံခွံပါ။ဂျုံခွံရယ်အညှာရယ်ရောပြီးငရုတ်သီးသုံးမရ
တဲ့ မှိုတက်ခြောက်တွေရယ်ရောပြီးကျိတ်ပါတယ်။
ဒါကဂျူံခွံရယ်၊အညှာကျိတ်ထားတာရယ်၊ပဲခွံရယ်၊ဆိုးဆေးနဲ့ ဆီရောထားတာရယ်၊
ဆားရယ်၊ငရုတ်သီးမှိုတက်သုံးမရတာတွေကျိတ်ထားတာရယ်အကုန်ရောမွှေပြီး
ပြန်ကျိတ်မှာပါ။
ကဲ.......ဒါအလွယ်တကူဝယ်လို့ ရတဲ့ ချက်ရလွယ်တဲ့ ဟင်းချက်မှုန့် ပါ။
အိမ်ရှင်မတွေရေအချိန်ကုန်လဲသက်သာပါရဲ့ ဈေးလဲပေါပါရဲ့ ဒါပေမဲ့ သင့်ရဲ့ 
အိမ်သားတွေကိုချစ်တယ်ဆိုရင်ဈေးကအလွယ်တကူဝယ်လို့ ရတဲ့ ဟင်းချက်မှုန့် 
တွေမသုံးပါနဲ့ လို့ တိုက်တွန်းပါရစေနော်။အခြားငရုတ်သီးအကျက်မှုန့် တွေလဲဒီလိုပါပဲ
အချိန်လေးအနည်းငယ်ပေး၊ပင်ပန်းလေးနည်းနည်းခံပြီးကိုယ်ချစ်တဲ့ အိမ်သားတွေရဲ့ 
အသက်ကိုကာကွယ်ပါနော်။
စေတနာများစွားဖြင့်
အားလုံးပဲကျန်းမာအသက်ရှည်ကြပါစေနော်။
လေးစားလျှက်...ကေကေ SC
ပင်လယ်ကြီးထဲမှာ ကူးခတ်ရင်း လမ်းပျောက်နေတုန်း လျှပ်စီးလေးလက်လိုက်လို့  ကျွန်းကလေးကို တွေ့ လိုက် သလို ကျနော့ မိတ်ဆွများလည်း စပ်မိစပ်၇ာ ဘလော့လေးကနေ ဗဟုသုတတွေ လျှပ်စီးလေးလို ဖြစ်မယ်ဆို ဖန်တီးရကျိုး နပ်ပါပြီ
Subscribe to:
Post Comments (Atom)
ကျေးဇူးပါဗျာ
ReplyDeleteကျေးဇူးပါဗျာ
ReplyDelete