ဆရာတော် အရှင်ဦးဝီရသူ သတင်းအားမမှန်မကန်ရေးသားခဲ့
ပင်လယ်ကြီးထဲမှာ ကူးခတ်ရင်း လမ်းပျောက်နေတုန်း လျှပ်စီးလေးလက်လိုက်လို့  ကျွန်းကလေးကို တွေ့ လိုက် သလို ကျနော့ မိတ်ဆွများလည်း စပ်မိစပ်၇ာ ဘလော့လေးကနေ ဗဟုသုတတွေ လျှပ်စီးလေးလို ဖြစ်မယ်ဆို ဖန်တီးရကျိုး နပ်ပါပြီ
Friday, 21 June 2013
မီးခိုးငွေ့များနှင့်စင်ကာပူ
စင်္ကာပူတွင် လေထုညစ်ညမ်းမှု ကျန်းမာရေးထိခိုက်နိုင်မှုအဆင့် PSI 400 အထိ ဒေသစံတော်ချိန် နံနက် ၁၁တွင် ရောက်ရှိသွားပြီဖြစ်။
ရေလွှမ်းနေသောindea
Friday, June 21, 2013
အိန္ဒိယနိုင်ငံ မြောက်ပိုင်းက ဥတ္တရာခန်ပြည်နယ်မှာ မိုးတွေကြီးပြီး ရေလျှံတက်လာလို့ လူပေါင်း ၁၅၀ ကျော် သေဆုံးခဲ့ပြီး တဲ့နောက် ရေတွေဝိုင်းလို့ ပိတ်မိနေတဲ့ နေတဲ့ လူတွေကို ကယ်ဆယ်ဖို့ ပြည်နယ်အာဏာပိုင်တွေ ကြိုးစားနေကြပါတယ်။
လမ်းတွေ ရေလွှမ်း အိမ်တွေ ရေထဲ မြောပါကုန်လို့ လူပေါင်း ၆ သောင်းကျော်လည်း ရေတွေထဲမှာ ပိတ်မိနေကြပါတယ်။ ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ဘာဟူကူးဒနားကတော့ ရေကြီးမှုတွေကို ဟိမဝန္တာ ဆူနာမီလို့ ခေါ်ဝေါ်ခဲ့ပြီး သေဆုံးမှုတွေ အများကြီး ပိုတိုးလာနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
အိန္ဒိယစစ်တပ်က ကယ်ဆယ်ရေး လုပ်ငန်းတွေကို ဦးဆောင်နေပါတယ်။ အဓိက အာရုံစိုက်နေကြတဲ့ နေရာကတော့ ဘာသာရေးဆိုင်ရာ အထွတ်အမြတ်ထားရာ ကေဒါနတ်သ်မြို့ပါ။ အဲဒီကို ရောက်နေတဲ့ ကမ္ဘာလှည့်ခရီးသည်တွေနဲ့ ဘုရားဖူး တော်တော်များများလဲ ပျောက်ဆုံးနေပါတယ်။
မြို့ထဲက နာမည်ကြီး ဟိန္ဒူဘုရားကျောင်း တချို့လည်း ရေနဲ့ မျောပါသွားတဲ့ အဆောက်အဦကပါသွားပြီး ကျန်နေသေးတဲ့ ဘုရားကျောင်းတွေမှာလည်း ရေတွေ ရွှံ့တွေ နဲ့ ဖုံးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မိုးတွေသည်းပြီး ပတ်ဝန်းကျင်ကို မြင်နိုင်စွမ်းလည်း နည်းနေလို့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ကြာသပတေးနေ့မနက်က ရပ်နားထားရပါသေးတယ်။အနားက ဥတာပရာဒက်ရှ်၊ ဟိမာချာ ပရာဒက်ရှ် နဲ့ နီပေါနိုင်ငံတွေမှာလည်း မိုးကြီး ရေလျှံတာတွေ ဖြစ်နေတယ်လို့ သိရပါတယ်။
BBC
Enchanted River(ဖိလစ်ပိုင်)
သူ့မှာထူးခြားချက်တွေ အများကြီးပါ။ သူ့ အနက်ဘယ်လောက် ရှိတယ် ဆိုတာ ဘယ် သိပ္ပံပညာရှင်မှ မခန့်မှန်းနိုင်ပါဘူး။ ရေငုပ်သမားက အစ လေ့လာမှု ပြုလုပ်ပေမယ့် အောက်အထိ မဆင်းနိုင်ခဲ့ပါဘူး။ သူ့အနက် အင်မတန် ရှည်လျားလို့ ဖြစ်ပါတယ်။ ရေကလည်း အပြာရောင် သန်းနေတော့ အောက် ကိုလည်း တော်တော်နဲ့ မဆင်းရဲ ကြပါဘူး။ အပေါ်မှာတော့ ရေကစားသူ များပါတယ်။
ရေကူးကြပါတယ်။ သို့ပေမယ့် ညနေ ရောက်ရင် အားလုံး ရေထဲမှ ထွက်ရ ပါတယ်။ ညဘက်ရောက်ရင် ငါးများပေါ်ထွက်လာပြီး ရေပေါ်မှာ ကစား ကြလို့ ဖြစ်ပါတယ်။ ရေပေါ်ခုံလိုက်၊ ကူးခတ်လိုက်လုပ်နေတဲ့ ငါးများ၊ အပြာရောင်လက်လက်ရေများကြောင်း ညတိုင်း လာရောက်ကြည့်ရှုသူ များပြီး အပန်းဖြေစရာ နေရာတစ်ခု ဖြစ်ကြောင်း သိရ ပါတယ်။
ပါတယ်။ဘလော့အသစ်လေးတွေတင်ရာမှာအပျင်းကြီးနေတာရယ်၊လိုင်းမကောင်းတာအကြောင်း
ပြတာရယ်၂ခုပေါင်းပြီးပျင်းနေသောကြောင့်နှောင့်နှေးကြန့်ကြာနေတာပါ။ :P :P
Friday, 7 June 2013
Subscribe to:
Posts (Atom)