

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ အမှတ်
(၃)ရပ်ကွက်၊ သဇင်လမ်းနေ ဦးကျော်စွာမင်း၏ ဇနီးဖြစ်သူ မသူဇာဝင်း (၂၇)နှစ်၊
(ဘ) ဦးမြင့်အေး၊ ကျဘမ်းလုပ်ကိုင်သူသည်
စက်တင်ဘာလ (၁၉)ရက်နေ့ ည (၉း၄၈)နာရီအချိန်ခန့်တွင် နေအိမ်၌ အရပ်လက်သည်ဖြင့်
သမီးမိန်းကလေးတစ်ဦးမွေးဖွားခဲ့ရာ အဆိုပါကလေးငယ်တွင်
ခြေလက်အင်္ဂါပြည့်စုံစွာပါရှိသော်လည်း ဦးခေါင်းငယ်ထိပ် ဦးခေါင်းခွံမပါရှိဘဲ
မျက်စိပေါက်အရာသာ ပါရှိကြောင်း၊ကလေးငယ်ဧ။်နှာခေါင်းမှာလည်းပီပြင်စွာမပါရှိပဲပါးစပ်ပေါက်နှင့်တစ်ဆက်ထဲဖြစ်လျှက်နှာခမ်းကွဲကာမွေးဖွားလာခဲ့ ကြောင်းသိရပါတယ်။
ကလေးငယ်နှင့်မိခင်အားကျွန်းစုမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ခဲ့ ရာ ကလေးငယ်အားစက်တင်
ဘာလ(၂၁)ရက်နေ့ ထိအောက်ဆီဂျင်ပေးထား၍အသက်ရှင်လျှက်ရှိပါတယ်။
တနင်းင်္သာရီသားရဲ့ သတင်းဖြစ်ပါတယ်။
No comments:
Post a Comment