စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Monday 18 November 2013

သူခိုးကြီးည နောက်ဆက်တွဲ

ခုလို တန်ဆောင်တိုင်လပြည့်နေ့ ရောက်လာရင် လပြည့်ကျော် ( ၁ ) ရက်ဆိုတဲ့ သူခိုးကြီးည ညလေးတစ်ညရဲ့ အဖြစ်ပျက်လေးကို မှတ်မိနေတုန်းပဲဗျာ..ဟိုး...လွန်ခဲ့တဲ့ ( ၁၀ ) နှစ်လောက်တုန်းကပေါ့၊ ကျနော်တို့  သူငယ်ချင်းတစ်စု ခုလို သူခိုးကြီးည မရောက်ခင် လပြည့်နေ့ ညမှာ ပျော်ကြပါးကြနဲ့  မနက်ဖြန်တွက်လုပ်ကြမယ့် အစီစဉ်တွက် တိုင်ပင်ကြပေါ့..လမ်းထဲမှာ သမီးမိန်းကလေးတွေကြီး ရှိတဲ့အိမ်ရှေ့မှာ သမက်အလိုရှိသည် သွားပါဖို့ မလို ကားပါဖို့ လိုသည်၊ နောက် မြန်မာဆေးတွေရောင်းတဲ့ဆိုင်ရှေ့ လိပ်ခေါင်းအထူးကုသည်၊လူပျိုကြီးအိမ်ရှေ့မှာ စောတင်မောင်နဲ့ ဗိုက်လေးပုံ အဲ့လို စာတွေရေးပုံတွေဆွဲနဲ့  မနက်ဖြန်လုပ်ကြမယ့် စီမံကိန်းအတွက် ရယ်ကြ ၊ဘယ်အိမ်ကို ဘယ်လိုရေးမယ် အကြံပေးကြ ငြင်းကြ ခုန်ကြနဲ့  ပျော်ကြတာပေါ့...ကျနော်တို့ အပျော်တွေနဲ့ အတူ အဲ့ညကိုကျော်လွန်ပြီး နောက်နေ့  သူခိုးကြီးညကို ရောက်လာရောပေါ့.... သူခိုးကြီးည ဒီညလေးမှာ သူငယ်ချင်းတွေ ထမင်းစုချက်စားကြတာ တကယ်ကိုပျော်စရာပေါ့ဗျာ...ညနက် လူခြေ တိတ်ချိန်လည်းရောက်ရော ကျနော်တို့  သူငယ်ချင်း တစ်စု မနေ့ က အကွက်ချ ကြိုတင်စီစဉ်ထားခဲ့သလို အိမ်တိုင်းစာတွေ ကပ် ၊ တံတားရွေ့ တောင်းတွေရွေ့  ၊ လမ်းဘေးက အုန်းတုံးတွေကို မပြီး လမ်းတွေကိုပိတ် နဲ့ ပေါ့..အိမ်ရှင်တွေနိုးလာရင် ပြေးကြလွှားကြ နဲ့ တကယ့်ကို စိန်ပြေးတမ်း ကစားနေကြသလိုပဲ ပျော်နေကြတာ..အဲ့လိုနဲ့  မိုးလင်းခါနီးရောက်တော့ လူစုခွဲပြီး ကိုယ့်အိမ်ကိုပြန်အိပ်ကြတာပေါ့.... မနက် နေထွက်တော့ အိပ်ယာထဲကနေ အသံတွေကြားနေရတယ် ၊ အရင်နှစ်တွေကလို ရယ်ကြ ပြောကြနဲ့ အသံတွေမဟုတ်ပဲ စိတ်မကောင်းစရာ အသံမျိုးကြားလိုက်ရတယ်။စိတ်ထဲ သိချင်လာတာနဲ့  အိပ်ယာက ထလို ဘာဖြစ်တာလည်းလို့  အမေ့ကို စုံစမ်းသလိုမေးတော့ ညက လူငယ်တွေ တံတားတွေကို ကားလမ်းပေါ်တင်ထားတာ ကားတစ်စီးက မနက်အာရုံတက်လောက်မှာ အဲ့လမ်းပေါ်တင်ထားတဲ့ တံတားနဲ့ အုန်းတုံးကို မမြင်ပဲ ဝင်တိုက်လိုက်တာ ကားက လမ်းဘေး ချောက်ထဲကြပြီး ကားပေါ်ပါလာတဲ့ လူ ၂ ယောက်သေ သွားတယ်။ အရမ်းကို စိတ်မကောင်းစရာ အဖြစ်ဆုံးက ကားပေါ်မှာ အသက်မသေပဲ ကျန်ခဲ့တာ ၂ နှစ်အရွယ် ကလေးငယ်လေး က သေသွားတဲ့ အသက်မဲ့နေတဲ့ သူ့ အဖေနဲ့ အမေကို ဖက်ပြီးငိုနေတာ သနားစရာ သားရယ်ဆိုတဲ့ အမေ့ရဲ့ ပြောလာတဲ့ စကားဟာ ကျနော့ ရင်ကို မီးစနဲ့ ထိုးသလို ခံစားလိုက်ရတယ်ဗျာ.. ကိုယ်တွေ ခဏတာ ပျော်ရွင်ဖို့ အတွက် ဒီကလေးငယ်လေးရဲ့  ဘဝကြီးတစ်ခုလုံး ပေးဆပ်လိုက်ရတာ တန်ရဲ့ လား..အဲ့ကလေးငယ်နေရာမှာ ကိုယ်ဆိုရင်ရော ဆိုတဲ့ အတွေးလေးက နောက်နှစ် နောက်နှစ်တွေမှာ ကျနော်တို့  သူငယ်ချင်းတစ်စု သူခိုးကြီးညဆို လမ်းမပေါ်မှာ မိုးလင်းပေါက်ရှိခဲ့ပါတယ် ။ နောင်တက်လာတဲ့ ညီငယ်တွေကို ကိုယ့်လို အပျော်မလွန်ကြဖို့ နဲ့  မသိတဲ့သူ က လမ်းမပေါ် ပိတ်ထားမယ့် ဘယ်အရာ ဝတ္တုကိုမဆို ကျနော်တို့  မှားခဲ့တဲ့ သင်ခန်းစာလို နောက်မဖြစ်အောင် သူငယ်ချင်းတစ်စု လမ်းထိပ်က ကားလမ်းပေါ် တလျှောက် ကားတွေ ဘေးမသီ အောင် မှားခဲ့တဲ့ အမှားတစ်ခုတွက် နှစ်တိုင်းပေးဆပ်ခဲ့တာ ပြည်ပမထွက်လာခင်ထိပါပဲ..ဒါတကယ်ဖြစ်ခဲ့တာပါ .အဲ့ကြောင့် မနက်ဖြန်မှာရောက်မယ့် သူခိုးကြီးည မှာ ညီငယ်တွေလည်း ကိုယ့်အပျော်လေးတစ်ခုတွက် သူတစ်ပါး ဘဝ တစ်ခုလုံးမပျက်ရအောင် အပျော်မလွန်ကြူးမိဖို့  .....

No comments:

Post a Comment