အချိန်ကာလ အားဖြင့် ၁၉၈၅ .၈၆ လောက်ကပေါ့။ တောင်တွင်းကြီးနယ်မှာ ကျနော့
အဖေတာဝန်ကြတုန်းက အဖေ ကိုယ်တိုင် ကြုံခဲ့ရတဲ့ အဖြစ်ပျက်လေး တစ်ခုပါ။
အဲ့အချိန် တောင်တွင်းကြီးနယ် တစ်ကြောမှာမြို့ နဲ့ ဝေးတဲ့ ရွာတွေဘက်ဆို
ညမိုးချုပ်တာနဲ့  စိုးထိတ် စိတ်နဲ့ အိပ်နေကြရတဲ့ အချိန်။မိန်းကလေးတွေ
၊ကလေး လူကြီးမကျန် ကြောက်နေရတဲ့ အရာက တစ်ကိုယ်တော် ဓါးပြ.ဒီဓါးပြက
ပစ္စည်းယူယုံတင်မဟုတ်ဘူး.။မိန်းကလေးတွေဆို မုဒိမ်းကျင့်ဖို့ ခေါ်သွားတယ်
ကျင့်ပြီးရင် လမ်းကျ သတ်ပစ်တယ်။ သူ့ ကိုပြန်ခုခံတဲ့ ယောကျာင်္းတွေဆို သူ
့သေနတ်စာ မိခံတယ်။ ဒီလိုလုပ်ခံရတာ အဲ့ဘက်တစ်ကြော ရွာတော်တော် များများ
ခံနေရတော့ ညအချိန်ဆို မိန်းမသားတွေမှာ ကြောက်မယ်ဆိုလည်း ကြောက်စရာ...သူ
့မှာ သေနတ်ရှိတယ် မိုက်ရဲတယ် လူစိတ်မရှိဘူး ။ လူတစ်ယောက် အသက်ကို သတ်ဖို
့ဆိုတာ သူ့ အတွက် ခြင်တစ်ကောင် သတ်သလောက်ပဲ. ။ဒီလိုကြောင့် မြို့ နဲ
့အလှမ်းဝေးတဲ့ ရွာတွေဆို သူ့ ရန်ကိုကြောက်နေရတာ မဆန်းဘူးလေ။ အရင်ကဆို
လယ်ယာတွေထဲမှာ တဲ ကိုယ်စီနဲ့  ယာ အခင်း ၊ လယ်အခင်း စောင့်ရဲကြပေမယ့်
ဒီဓါးပြ ပေါ်လာပြီးထဲက ဘယ်သူမှ လယ်တော၊ ယာတောထဲ သွားအိပ်ဖို့  မဝံ့ရဲကြဘူး။
ခုလိုတွေ လူတွေက စိုးရိမ်လာလေ တစ်ကိုယ်တော် ဓါးပြက အတင့်ရဲလာလေးပဲ။
အရင်ကဆို တစ်လလောက်မှာ တစ်ခါ ဘယ်ရွာကို တိုက်သွားတယ် ။ဘယ်သူတွေကို
သတ်သွားတယ်လို့ ကြားရပေမယ့် ခုဆို တပတ်ခြား တစ်ခါတလေ တစ်ပတ်ထဲကို ရွာဆက်
တိုက်သတ်နေတဲ့ အထိဖြစ်လာရော..
သူကို
ဝိုင်းဖမ်းဖူးတဲ့ ရွာသားတွေနဲ့ ရဲတွေ သူ့ သေနတ်အောက်မှာ အသောက်ပျောက်ခဲ့ရတာ
မနည်းဘူး။ သူက လျင်လည်း လျင်တယ်။ ပြောရရင် ကလိမ်ဥာဏ် အရမ်းကောင်းတယ်။ သူ
့ကိုဖမ်းဖို့  တော်ယုံ စွမ်းရည်နဲ့ မိဖို့ မလွယ်ဘူး။သူကို့ ဖမ်းလို့ 
မမိခဲ့ရင် သူကလည်း ပြန်သတ်ဖို့ အခွင့်ရေး မရခဲ့ရင် နောက်မကြာခင်
အဲ့ဖမ်းတဲ့သူ ဖမ်းတဲ့ရွာကို ရုပ်ဖျက်ပြီး ပြန်လာသတ်တာဆိုတော့
ဖမ်းမယ့်သူတွေလည်း ဘယ်ဖမ်းဝံ့မလဲ ။ ဒီလိုနဲ့  အတင့်ရဲ သောင်းကျန်ခဲ့တာ
အဲ့ဒီ ဓါးပြက.. နောက်ဆုံး ပစ်မိန့် ပေး ယူရတဲ့အထိပဲ..သူ့ ကို ပစ်မိန်
့ပေးပြီး မကြာခင်ပဲ ကျနော့အဖေလည်း တောင်တွင်းကြီးကို ပြောင်းရတယ် ။ သူ
့ကိုဖမ်းဖို့  တာဝန်ကြတယ်ဆိုပါတော့။ ဒီလို လူသစ် တစ်ယောက်ကို
တာဝန်ပေးတယ်ဆိုတာကလည်း ဒီနယ်တစ်ကြောက ရဲ အရာရှိ ရဲသားမှန်သမျှ အဲ့ဓါးပြက
မသိတဲ့သူ မရှိသလောက်ကိုပဲ ရဲတွေ ဘယ်ရွာရောက်နေတယ် ဘာလုပ်နေတယ် သူကအရင်
ဦးအောင် သိနေတော့ ရဲတွေအပေါ် နှာတဖျား သာနေတာပေါ့ ။အဲ့ကြောင့် လူသစ်
မျက်နှာစိမ်း အဖေ့ကို တာဝန်ပေးလို့  အထက်အမိန့် ရလျင်ရခြင်း အဲ့ဓါးပြ
ကျင်လည် ကျက်စားတတ်တဲ့ နေရာတွေမှာ အဖေက နွားပွဲစားလို အယောင်ဆောင်ပြီး
ခမောက်အစုတ်ဆောင်း ၊ ဖျင်ကြမ်းပုဆိုး တိုက်ပုံနဲ့  ဘေးလွယ်အိတ်မှာ
သေနတ်ထည့်ပြီး ဒီဓါးပြအကြောင်း စစုံးစမ်းရတော့တာပေါ့။
သူ့ အကြောင်း စုံစမ်းရတာ မခက်ပေမယ့် ကိုယ့်ကို ဘာလဲဆိုတာ မသိဖို
့နွားပွဲစားအယောင်ဆောင်ပြီး နွားပွဲစားတွေနဲ့ ပေါင်းရတယ်
၊အရက်သမားအယောင်ဆောင်ပြီး အရက်သမားတွေနဲ့ ပေါင်းရတယ်.အဲ့ဒီကနေ တဖြည်းဖြည်း
ခြေရာခံလာ လိုက်တာ နောက်ဆုံး သူ့ သတင်း အတိအကျရသွားတာက သူ့ နောက်မိန်းမရဲ
့မောင်ဆီကပဲသူ့ နောက်မိန်းမကို သူက တော်တော်ချစ်တာ ဓါးပြတိုက်လာလို့ ရတဲ့
ပစ္စည်းမှန်သမျှ သူ့ ဆီပဲ လာလာအပ်တယ် အမြဲတော့မလာဘူး...သူ့ အမဆီ တလ တစ်ခါ
နှစ်ခါ ပြန်ပြန်လာတတ်တယ်လို့  သူ့ မောင်ဆီကနေ သိရတယ်. သူတို့ က လယ်တော အစပ်
ရွာအစွန်မှာနေတော့သူလာရင် ညသန်းခေါင်ကျော် လာတယ်ဆိုတဲ့
သတင်းရပါလေရော....သတင်းရပြီး မကြာခင်ပဲ ရဲတွေအကုန် ရုပ်ဖျက်ပြီး သူ
့နောက်မိန်းမ ရွာဆီ တစ်ယောက်ချင်း၊ နှစ်ယောက်ချင်း လူခွဲပြီး ခရီးသွားလို
ဟန်နဲ့  လူစုကြတယ်. ညသန်းခေါင်ကျော် ရောက်တဲ့အချိန် လယ်တော အစပ် အိမ်ကို
လယ်ကွင်းတွေထဲကနေ ရဲတွေ ကင်းပုန်း ဝပ်ပြီး စောင့်ကြတာပေါ့ ။ မလာဘူးဆို
မနက်မိုးလင်းခါနီးရောက်ရင် ဘယ်သူမှ မသိခင် ပြန်လူစုခွဲတယ်.နောက်နေ
့ဒီလိုပဲ ပြန် ကင်းပုန်းဝပ်နဲ့  တစ်လနီးပါးကြာတယ် ။ ဓါးပြကပဲ ကိုယ်တွေထက်
အကွက်ကျော်မြင်သွားလို့  မလာတာလားလို့  ထင်မိတယ်.ဒါပေမယ့် လွန်ခဲ့တဲ့ ၃
ရက်လောက်က ရွာတစ်ရွာကို တစ်ကိုယ်တော် ဓါးပြ တိုက်သွားတဲ့ သတင်း အဖေတို
့ရတယ်။ အဲ့တွက် ပိုသတိထားပြီး စောင့်ကြည့်ရတော့မယ် ။သူ
့နောက်မိန်းမကိုယ်လည်း မျက်ခြေမပြတ် စောင့်ကြည့်နေတာ ထူးခြားမှု
့ဘာမှမရှိဘူး။ ပုံမှန်ပဲ အိမ်မှာ ရှိနေတယ် ။ဒီလိုနဲ့  တစ်ည
ကင်းပုန်းဝပ်နေကြတုန်း ညသန်းခေါင်ကျော်လည်း လာရော ခပ်ဝေးဝေးက လူရိပ်တစ်ခု
တောစပ်ကနေ တဲဆီကို ဦးတည်ပြီး တရွေ့ ရွေ့ လာနေတာ မြင်ရော အကုန်လုံး
သတိအနေထားနဲ့  အသက်တောင် ကောင်းကောင်းမရှုရဲဘူး။ ဒီဓါးပြကြောင့်
ရွာသားတွေလည်းသေ မိန်းမတွေသေ ရဲတွေသေပြီး နံမည်ပျက်ကြလို့  ဒီလိုသူ
့ကိုဖမ်းမိဖို့  အခွင့်အရေး လက်လွှတ်သွားမှာ စိုးရိမ်နေကြတယ်..လူရိပ်က ရွေ
့ရွေ့ နဲ့  တဲဆီကို နီးလာတယ်။ မကြာခင် တဲနားကို မရောက်ခင် တဲဆီက
ဓါတ်မီးရောင် အဲ့လူဘက်ဆီ တစ်ချက် လှမ်းထိုးပြီး ပြန်ပိတ်သွားတယ်။ လူရိပ်က
ရှေ့ဆက် မလာတော့ပဲ ရပ်နေတာ ကြည့်ရင် တဲဆီက ခုန ဓါတ်မီးရောင်က
အချက်ပြလိုက်တာနေမယ် အန္တာရယ်ရှိတယ်ဆိုတာကို ။ အဲ့လူရိပ်လည်း လာလမ်းအတိုင်း
လှစ်ကနဲ ပြန်ပြေးပါလေရော။ အဖေက သူ့ ကို မိဖို့ အခွင့်ရေး ကို လက်လွှတ်လို့ 
မဖြစ်ဘူး.။ သူထွက်ပြေးတာက လယ်တော ကွင်းထဲကနေပြေးတာ လိုက်မယ်ဆို လိုက်လို
့ရတယ် နောက်ပစ်မိန့် ပေးထားတဲ့အတွက် အရှင်မရတောင် အသေရလည်း ဖြစ်တယ် အဲ့တွက်
လူရိပ်ပြေးတာနဲ့  အဖေက လိုက်ဆိုပြီး အမိန့် ပေးပြီး ပြေးလိုက်တာ ရွံ
့တောထဲကနေ ရဲတွေ ၁၀ ယောက်လောက် ဓါးပြနောက်ကို အတင်းလိုက်ကြတာပေါ့ ဓါးပြက
နောက်ကလိုက်လာမှန်း သိတော့ အတင်းပြေးတော့တာပဲ လရိပ် မှုံမှုံ အောက်မှာ ရှေ့က
လူပြေးတိုင်း စပါးပင်တွေ လှဲပြီး တရှဲရှဲ အသံတွေ နဲ့ နောက်က လယ်တွေ
ဗွက်တွေမှာ ရိုင်ဖယ် သေနတ်ကြီးတွေ ကိုင်ပြီး ရုန်းနေရတဲ့ အသံတွေနဲ့ ပေါ့.
လယ်တောထဲ ဖြတ်ပြေးရတာဆိုတော့ ဓါးပြကလည်း ခရီးမတွင် နောက်က
လိုက်ရတဲ့သူတွေကလည်း မြန်မြန်မလိုက်နိုင်.ဓါးပြက ပြေးရင်းကနေ သူ့ သေနတ်နဲ့ 
နောက်ကို ပြန်ပစ်တယ် ကံကောင်းလို့  ဘယ်သူ့ မှမထိ ။ အစက ရဲဘော်တွေကို
မှာထားတာက မဖြစ်နိုင်တဲ့ အဆုံးမှ ပစ်ဖမ်းပါ။ ဖြစ်နိုင်သမျှတော့
အရှင်လိုချင်တယ်လို့  မှာထားတဲ့ အတွက် သေနတ်နဲ့ မပစ်ပဲ တောက်လျှောက်
လိုက်လာတာ သူက စပစ်နေတော့ နောက်ဆုံး ပစ်လို့  အမိန့် ပေးလိုက်ရာ။ နောက်က
ရဲတစ်ယောက်က ရိုင်ဖယ်သေနတ်နဲ့  ပစ်ထည့်လိုက်တာ ဓါးပြတော့ မသိဘူး အဖေတော့
နားလေးသွားတယ်။ ဟိဟိ သူ့ တပည့်က နောက်ကနေ သေနတ်ပြောင်းက ကျနော့အဖေနားမှာလေ။
ပစ်ထည့်လိုက်တော့ နားစည်ကွဲသွားတာနေမယ် ခုထိမကြားတော့ဘူး။ အဖေဆို
ဆဲလိုက်တာ ထားပါ ဒါက ဘေးထွက်သွားတယ် ။ကဲ ခုန ဓါးပြကို နောက်ကနေ ရဲတွေ
သေနတ်တွေနဲ လိုက်ပစ်နေပြီး သူ့ ဘေးနားတွေကပဲ ညဆိုတော့ သေနတ်
ကျည်းဆံမီးရောင်တွေ သူ့ ခေါင်းနား ကိုယ်နားတွေကနေ ဖြတ်ပြေးနေတော့ သူ့ ကို
တကယ်ပစ်နေပြီ တကယ်အသေသတ်နေပြီး ဆိုတာ သဘောပေါက်လိုက်တယ်။ ဗွက်တွေနဲ
့ဆိုတော့ ပြေးလို့ လည်း ရှေ့ဆက်မလွယ် မှန်းလည်း သိရော လယ်တောထဲ
ပက်လက်လှန်ပြီး ( ကျနော် အဖမ်းခံပါတယ်ဗျ..ကြောက်ပါတယ် ဗျ...ကျနော့ကို
မသတ်ကြပါနဲ့ )ဆိုပြီး ကုန်းအော်တော့ အဖေက ရဲဘော်တွေကို မှာတယ် သူမခုခံရင်
အရှင်ဖမ်းမယ် မသတ်နဲ့ ဆိုပြီး .သူ့ နားရောက်တော့ အသာတကြည်ပဲ အဖမ်းခံတယ်။
လက်ထိပ်ခပ် ဒီနားက ရွာတွေလည်း သေနတ်သံတွေကြောင့် ကြောက်နေကြတာပေါ့. သူ
့ကိုမိပြီးလည်းဆိုရော အဲ့နားက ရွာတွေ ခဏနား ရေဆေးနေကြတုန်းလာကြည့်ကြ ပြီး
ဝမ်းသာအားရ ဖြစ်ကြတာပေါ့
ဒီလိုနဲ့  စခန်းရောက်တော့
အမှု့ မစစ်ခင် အဖေက သူ့ နဲ့  အရင်ဆုံးစကားပြောတယ် ။ မင်းကို ငါ့မေးချင်တာ
တစ်ခုရှိတယ် ဒါကို မင်း မညာပဲ အမှန်ဖြေပေးရမယ်ဆိုတော့ သူက အဖေ့ကို
ထိုင်ရှစ်ခိုးတယ် ကျနော့ အသက်က ဗိုလ်ကြီး ပေးတဲ့ အသက်ပါပဲတဲ့ သူ့ ကို
မသတ်ပဲ အရှင်ဖမ်းခဲ့လို့  ကျနော် အမှန်တိုင်း ဖြေပါမယ်ပြောတော့ ..အဖေက
မင်းကို ငါတို့ နောက်ကနေ ၁၀ ယောက်လောက် ဝါး နှစ်ပြန်အကွာ အဝေးလောက်ကနေ
သေနတ်တွေနဲ့ ပစ်တာကို မင်းကို မထိဘူး မင်းဘေးနားတွေကပဲ ရှပ်ထွက်သွားကြတယ်။
နောက် တစ်ခြားရွာတွေမှာဆိုလည်း မင်းကို စုပြီး ချောင်းဖမ်းတာ ဖမ်းလို
့မရဘူး အဲ့တွက် မင်းမှာ ဘယ်လို အဆောင် ကောင်းတွေ ရှိလို့ လဲ။ မင်းမှာ
အံပွားပါလို့ လား မေးတော့ မပါပါဘူးတဲ့။. အဆောင်တွေရော ချိုးမတေတို့ 
ဝက်စွယ်ဂင်းပိတ်တို့  မိုးကြိုးသွားတို့  ဆောင်ထားတာလားဆိုတော့လည်း
မဆောင်ထားပါဘူးတဲ့။ ကဲ ဒါဆို မင်းဘာလို့ ရှောင်ထွက်နိုင်တာလဲ
သေနတ်မထိရတာလည်း မေးတော့ သူပြောလိုက်တာက ..ဗိုလ်ကြီးတဲ့ ကျနော်
မနက်အိပ်ယာထ သမ္ဗုဒ္ဓေ ဂါထာ ၁ ထောင်ပြည့်အောင်ရွတ်တယ် ။နောက် ဗိုလ်ကြီးတို့ 
နောက်ကနေ လိုက်ပစ်နေတဲ့ အချိန် ကျနော် ပြေးရင်းနဲ့  သမ္ဗုဒ္ဓေ ဂါထာ ရွတ်ပြီး
ပြေးနေတာတဲ့.. ကဲ ကောင်းရော သံမ္ဗုဒ္ဓေ ဂါထာဟာ ဘယ်လောက်အစွမ်းထက်လည်းဆို
မကောင်းတာလုပ်တဲ့သူကိုတောင် ရွတ်ဖတ်လို့  ဒီလောက် အကျိုးပေးရင်
လူကောင်းတွေဆို ဒီထက်မက အကျိုးပေးမယ်ဆိုတာကို ကျနော့အဖေက သမ္ဗုဒ္ဓေ ဂါထာ
အကျိုးကို ကျနော်တို့ မောင်နှမတွေကို ကိုယ်တွေ့  ပြောပြတာလေးကို ဖေ့ဘုတ်က
သူငယ်ချင်းတွေကို တဆင့်ပြနလည်ဝေငှတာပါ
ပင်လယ်ကြီးထဲမှာ ကူးခတ်ရင်း လမ်းပျောက်နေတုန်း လျှပ်စီးလေးလက်လိုက်လို့  ကျွန်းကလေးကို တွေ့ လိုက် သလို ကျနော့ မိတ်ဆွများလည်း စပ်မိစပ်၇ာ ဘလော့လေးကနေ ဗဟုသုတတွေ လျှပ်စီးလေးလို ဖြစ်မယ်ဆို ဖန်တီးရကျိုး နပ်ပါပြီ
Saturday, 27 September 2014
Subscribe to:
Post Comments (Atom)
လုံးဝမဖြစ်နိုင်ပါ
ReplyDeleteလုံးဝမဖြစ်နိုင်ရအောင် မင်းကဘယ်လောက်သိလို့လဲ မင်းသိထားတဲ့ လက်တဆုပ်စာအသိဥာဏ်လေးနဲ့လာဝေဖန်နေတယ်
Delete