ကျနော့ မိတ်ဆွေ သူငယ်ချင်းတွေ နှစ်သစ်မှာ မင်္ဂလာပါလို့  ဦးစွာ
နှုတ်ဆက်ပါတယ်..ကျနော် လည်း စာတွေ မရေးဖြစ်တာ ကြာပြီ၊ ရေးချင် ပြောချင်
ရယ်စေချင်တဲ့ စာတွေ စိတ်ကူးနဲ့  ရေးနေတာတော့ အများကြီးပဲ..တခုမှ ဘလော့
မတင်ဖြစ်ဘူး။ ကဲခုတော့ နှစ်သစ်၊ နှစ်ဦးမှာ ကျနော့ မိတ်ဆွေတွေတွက်
စာလေးတပုဒ်တော့ ရေးချင်နေတာနဲ့ ရေးလိုက်ပြီ..အဓိကကတော့ မလေးရှား
ကမိတ်ဆွေတွေတွက်ပါ....တခြားနေရာက သူငယ်ချင်းတွေလည်း ဗဟုသုတနဲ
့ရှောင်ကြဉ်လို့ ရတာပေါ့..ဒါလေးရေးချင်နေတာကြာပြီ..
ပထမဆုံး မလေးရှားရောက်နေတဲ့ မြန်မာတွေကို ပြောချင်တာ နိုင်ငံခြားမှာ
ကိုယ့်ပြည်ထက် လိမ်ညာမှုတွေပိုပေါ တယ်ဆိုတာ သိစေချင်ပါတယ်...အထူးသဖြင့်
ခုလတ်တလော တော်တော်များများ ၊ ခံနေရ၊ ကြုံတွေ့ နေရတဲ့ ဖုန်းဝယ်တဲ့
ပြဿနာပါ. ..အထူးသဖြင့် မလေးရှား နိုင်ငံ ကေအယ်မြို့ လယ်က ကိုတာရာယာ ကုန်တိုက်မှာ
မြန်မာလူမျိုးတွေရော၊ တခြားနိုင်ငံတကာ က အလုပ်သမားတွေရော လိမ်ခံရတာလေး
ပြောပြချင်တယ်.. အဲ့ကုန်တိုက်ထဲမှာ နေ့ တိုင်းလိုလိုဝယ်တဲ့သူတွေ ပြဿနာ
တက်နေတာကို ကြည့်ရင်..အဲံ့ကုန်တိုက်ထဲက ဖုန်းဆိုင်တော်တော်များများဟာ
လိမ်ညာရောင်းချနေတယ် ဆိုတာ သိသာပါတယ်..
ပထမဆုံး ဖုန်းဝယ်ဖို့  ဆိုင်ရှေ့ကောင်တာမှာ
ရပ်ကြည့်တာနဲ့  အတင်းဆိုင်ရှေ့က မခွာချင်အောင် ဆက်ဆံပြောဆို ပါမယ်၊
ပြီးရင် အပြင်မှာ တကယ့်ပေါက်ဈေး မလေးငွေ ၇၀၀ ကျော်ဖုန်းကို ၂၅၀ ၊ ၃၀၀
လောက်ပြောမယ်၊ ဝယ်တဲ့သူက ဟ တန်တယ်ကွ ၊ ၂၀၀ လောက်နဲ့ ဖုန်းအကောင်းစားရမှာ
အတွေးနဲ့  ဒါဆိုယူမယ်..သူပြောတဲ့ငွေ ပေးလိုက်တယ်. .ေ၇ာင်းတဲ့သူက ဘောင်ချာ
စာရွက် မှာ ကွန်ပျူတာနဲ့ ရေးပြီး လက်မှတ်ထိုးခိုင်းတယ်...၀ယ်တဲ့သူက
စာရွက်ပေါ်က စာဖတ်မကြည့်ပဲ ၊(ဖတ်လည်း နားမလည်အောင် ရေးထားတာ လေ)
လက်မှတ်ထိုးလိုက်ရော..အဲ့မှာတင် သူတို့  ဂွင်ထဲ
တန်းကြသွားတာပဲ..အဲ့မှာပြဿနာ စတက်တော့တာပဲ ..ခုနပေးလိုက်တဲ့ငွေက
စရံဖြစ်သွားတယ်..နောင်ထပ်တိုးတဲ့ အမျိုးအမည်မသိ စာရင်းတွေက ၈၀၀ ဖို
းလောက်..စုစုပေါင်း ၉၀၀ ကျော် လောက်ကျသွားရော..၀ယ်တဲ့သူက ထပ်မပေးနိုင်
၊ပေးနိုင်ရင်တောင် ဘယ်လိုမှ မတန်တဲ့ဈေးမလို့  စကားတွေ များပါလေရော..
သူတို့ ဆိုင်တွေအားလုံး ဆပ်ကြေးပေးထားတဲ့ ဂိုဏ်စတား အဖွဲ
့အဲ့မှာရှိတယ်..ပြဿနာဖြစ်ရင် သူတို့ ကို ဆိုင်ကခေါ်လိုက်တယ်.. သူ့ နိုင်ငံ
သားဆိုရင်တော့ ငွေပြန်ပေးပြီး ကြေလည်သွားပေမယ့် နိုငိငံခြားသားဆိုရင်
နောက်ထပ် သူတို့ တောင်းတဲ့ ပက်ဆံ မပေးနိုင်ရင် အရင်ပေး ထားတဲ့ ငွေ အဆုံး
၊ငွေမပါလို့ ပြန်ယူမယ်ဆိုယူ... သူငယ်ချင်းတွေ လှမ်းခေါ်
ပြန်လာရှင်း...ဒါပေမယ့် စာရွက်ပေါ်မှာ လက်မှတ်က ထိုးထားပြီးပြီ ..အဲ့မှာ
သူပေးတဲ့ငွေက စရံ စုစုပေါင်းကျမယ့်ငွေက ၉၀၀ ကျော် ၊၉၀၀ကျော်ကျ အောက်ဆုံးမှာ
မမြင်နိုင်တဲ့ နေရာမှာ ခပ်သေးသေးပဲရေးတယ်.သူပေးလိုက်တဲ့ ငွေ ၂၀၀ ကျော်က
ကြီးကြီးထိပ်ဆုံးမှာ..အဲ့ထဲမှာ ပါတာတွေက ဖုန်းကုမ္ပဏီရဲ့  အခွန်တွေ ၊
အင်တာနက် တနှစ်စာ အသုံးပြုခ၊ အာမခံတွေ ဘာတွေမှန်းမသိတဲ့ ခေါင်းစဉ်တွေနဲ
့ရေးထားတာကို ၀ယ်တဲ့သူက သဘောတူပါတယ်ဆိုပြီ လက်မှတ်ထိုးလိုက်တော့
သွားရော..အဲ့လိုမျိုးခံနေရတာ နေ့ တိုင်းလိုလိုပဲ အဲ့ကြောင့်
မလေးမှာဖုန်းဝယ်မယ်ဆို အထူးသဖြင့် ကေအယ် မြန်မာဆိုင်တန်းနားက ကိုတာရာယာ
ကုန်တိုက်ကို ရှောင်ဖို့ နဲ့ တခြားနေရာတွေမှာ ၀ယ်ရင်လည်း ဒီလို အလိမ်မ
ခံထိဖို့  ကိုယ့်ရွေမြန်မာတွေ သိဖို့ နဲ့ ဒီစာလေးကို ဖတ်မိတဲ့သူတိုင်းကလည်း
ကိုယ့်မိတ်ဆွေတွေ မခံရဖို့  ပြောပြလိုက်ပါ.....
ဒုတိယ အချက် သတိပေးချင်ပါတယ်..ဒါလည်း ကေအယ်မြို
့ထဲကို အမြဲသွားနေတဲ့ သူတွေတောင် ခံနေရတာမို့ ပါ.. ဘာလည်းဆိုတော့ မိုင်းဒင်းကုန်တိုက်( MY DIN)
မြန်မာဆိုင် ဇေယျာ ဘေးဘက်က အဲ့ ကုန်တိုက်ရှေ့မှာ နေ့ တိုင်း အချုပ်ကားလို
သံဇကာတွေနဲ့  ကားတစီး အမြဲရပ်ထားပါတယ်..အမှိုက်ပစ်တဲ့သူတွေ
၊ကွမ်းတံတွေးထွေးတဲ့ သူတို့ ကို ဖမ်းပါတယ်..မိရင် ပါမစ်ပါရင် ဒဏ်ကြေး
မလေးငွေ ၅၀ ဆောင်ရတယ်..ပါမစ်မရှိရင်တော့
ဖမ်းဆီးခေါ်ဆောင်သွားတာပါ..ဖမ်းတဲ့သူတွေက ယူနီဖောင်းမဝတ်ပဲ အရပ် ဝတ်နဲ့ 
အမှိုက်ပစ်နိုင်တဲ့ လုတွေနောက်က ကပ်လိုက်လာမယ် .ပစ်လိုက်တာနဲ
့ဖမ်းရော..ဖုန်းပက်ဆံထည့်တဲ့ ကဒ်တောင်မရဘူး.. ဖုန်းဆိုင်က ကဒ်ဝယ်ပြီဆို
ဖမ်းမယ့်သူက နောက်က မယောင်မလည် လိုက်လာတော့တာပဲ ဖုန်းထဲပက်ဆံထည့်ပြီ
ကဒ်လွှင့်ပစ်လိုက်ရင် သွားရောပဲ..အထူးသဖြင့် မိုင်ဒင်း တဖက်ခြမ်း
မြန်မာဆိုင်တွေ ချဲ ( TO TO) ဆိုင်နားတွေ မှာဖမ်းခံထိတာပဲ..အဲ့တာလေးလည်း
ဂရုစိုက် ပါ..မြို့ ထဲသွားမယ့် သူငယ်ချင်းတွေကို မသိသေးရင် ပြောပြလိုက်ပါ..
ကဲ နောက်ဆုံးပြောချင်တာကတော့ အကို မြန်မာလား
ဆိုတဲ့သူတွေပါပဲ ကေအယ် မြန်မာဆိုင်တန်း တလျှောက် မူးရူးပြီးအရက်ဖိုး
လိုက်တောင်းနေတဲ့ ကိုယ်ရွှေမြန်မာတွေပါပဲ ..ယူအင်ကဒ် ကိုင်ပြီ ဘာမှအလုပ်
မလုပ်ပဲ အလွယ်ငွေရမယ့် တယောက် တကျပ်ဆိုရင်တောင် အယောက် ၅၀ လောက်ဆို သူတို
့တွက် နေ့ တွက်ကိုက်တယ်ဆိုပြီး တောင်းနေကြတဲ့ သူတွေကို အဆိပ်ပင်
ရေမလောင်းကြပါနဲ့ ။အဲ့ပေးလိုက်တဲ့ငွေနဲ့  အရက်ပြန်သောက် မြို့ လည်ကောင်
လမ်းဘေးပလက်ဖောင်းမှာ မူးရူးနေတာ တခြားနိုင်ငံသားတွေ မြင်ရင်
ကိုယ့်မြန်မာလူမျိုးလို့  ပြောရမှာတောင် ရှက်စရာ..အင်း ပြောလက်စနဲ့ 
နောက်တခုပေါ်လာလို့  ရေးအုံးမယ် ဒါလည်း အလှူခံခေါ် အေးဓပြပဲ။ ကောင်မလေးတွေ
အသက် ၂၂၊ ၂၃ ၀န်းကျင် ကမ္ဘောဒီးယားလား ၊ထိုင်းမတွေလား မသိဘူး မြန်မာဆိုင်
လှေကား အတက်အဆင်းတွေမှာ စာအုပ်လေးတွေနဲ့  မြန်မာလိုပြောပြီ
အလှူခံပါတယ်..ပြီးရင် လက်မောင်းကိုဆွဲမယ် စာအုပ်က မိဘမဲ့ပုံတွေပြမယ်..တကျပ်
နှစ်ကျပ် လှူရင် မရဘူး မြန်မာလို ဇွတ် ၁၀ ၊ တဆယ်နဲ့  ၊ အားနာတဲ့သု
မူးနေတဲ့သူတွေတော့ နေ့ တိုင်းခံနေရတာပဲ အထူးသဖြင့် ( မဟာနန်းဆိုင် ) လှေကားမှာရှိပါတယ်..သတိပြုဖို့ ပါ.. ကဲ ဒီလောက်ပဲဗျာ နောက် မှ ပြောချင်တာလေးတွေထပ်ရေးမယ်..သူငယ်ချင်း အားလုံး ပျော်ရွင်ကြပါစေ
ပင်လယ်ကြီးထဲမှာ ကူးခတ်ရင်း လမ်းပျောက်နေတုန်း လျှပ်စီးလေးလက်လိုက်လို့  ကျွန်းကလေးကို တွေ့ လိုက် သလို ကျနော့ မိတ်ဆွများလည်း စပ်မိစပ်၇ာ ဘလော့လေးကနေ ဗဟုသုတတွေ လျှပ်စီးလေးလို ဖြစ်မယ်ဆို ဖန်တီးရကျိုး နပ်ပါပြီ
Monday, 31 December 2012
Saturday, 29 December 2012
သမ္မတကြီးဦးသိန်းစိန် ကတော့ သန့် ရှင်းတဲ့ အစိုးရတဲ့
(30.12.2012) လေယာဉ် အမှတ်စဉ်( 8M336) MAIလေကြောင်းနဲ့  ထိုင်းကနေ မနက် ၇နာရီခွဲမှာ ထွက်တယ် ၊ရန်ကုန် လေဆိပ်ကို မြန်မာစံတော်ချိန် ၇ နာ၇ီခွဲမှာရောက်တယ်... သူငယ်ချင်း မိသားစု ထိုင်းမှာ သူ့ အဖေကို ဆေးရုံသွားပြပြီး ပြန်တာ..မြန်မာပြည်ပြန်တော့ ထိုင်းမှာအရင်ထဲက ရောက်နေတဲ့ ညီမတယောက်ကို မြန်မာပြည်ကို ပြန်ခေါ်လာတာ..ရန်ကုန်လေဆိပ်ကြ အဲ့ညီမရဲ့ ပက်စ်ပိုစ့်ထဲက မွေးနေ့ နဲ့  မှတ်ပုံတင်ထဲကနဲ့ ရက်ကွာနေလို့  လေဆိပ် တာဝန်ရှိသူတွေ (လိုင်စင်ရ သူတောင်းစားပေါ့) ရစ်တာ..
ထိုင်း ဘတ်ငွေ ၂၀၀၀ ကျော်တောင်းတယ်ဗျာ..နောက်ဆုံး ၁၅၀၀ ပေးလိုက်၇တယ်..ကိုယ့်မြန်မာလူမျိုးစစ်စစ် မြန်မာပြည်ပြန်တာ ဒီလိုပေးရတဲ့လို့  ၊နိုင်ငံခြားကနေ ဘယ်လိုပဲပြန်ပြန်လာ ၊ပြန်လာ လေဆိပ်က စစ်ဆေးတဲ့သူတောင်းစားတွေတွက် ငွေအိတ်ကြီးတွေနဲ့ ပြန် လာသလိုသူတို့ ထင်နေကြတာ...အထက်ကဘယ်လောက်ကောင်းအောင်လုပ်နေ၊လုပ်နေ အောက်ခြေကလူ တွေက မပြောင်းလဲတော့ အလကားပဲ..ခုဖြစ်စဉ်ကို သမ္မတရုံးထိ သက်သေအထောက်ထားနဲ့ တိုင်ပါမယ်..
ကျနော်ပြောချင်တာ ခုလိုဖြစ်စဉ်မျိုးတွေကို ငြိမ်ခံမနေပဲ ဓါတ်ပုံ၊ဗွီဒီယို၊အသံဖိုင်နဲ့ အများပြည်သူရော ၊အထက်ကလူတွေပါ သိအောင် ဖော်ထုတ်ကြပါ..နောက်ဆုံး ကိုယ်တိုင် မတင်ချင်တောင် ကျနော့ ဘလော့ဆီပို့ ပေးပါ .အထောက်ထားခိုင်လုံရင် ဖော်ပြပေးမယ်
ထိုင်း ဘတ်ငွေ ၂၀၀၀ ကျော်တောင်းတယ်ဗျာ..နောက်ဆုံး ၁၅၀၀ ပေးလိုက်၇တယ်..ကိုယ့်မြန်မာလူမျိုးစစ်စစ် မြန်မာပြည်ပြန်တာ ဒီလိုပေးရတဲ့လို့  ၊နိုင်ငံခြားကနေ ဘယ်လိုပဲပြန်ပြန်လာ ၊ပြန်လာ လေဆိပ်က စစ်ဆေးတဲ့သူတောင်းစားတွေတွက် ငွေအိတ်ကြီးတွေနဲ့ ပြန် လာသလိုသူတို့ ထင်နေကြတာ...အထက်ကဘယ်လောက်ကောင်းအောင်လုပ်နေ၊လုပ်နေ အောက်ခြေကလူ တွေက မပြောင်းလဲတော့ အလကားပဲ..ခုဖြစ်စဉ်ကို သမ္မတရုံးထိ သက်သေအထောက်ထားနဲ့ တိုင်ပါမယ်..
ကျနော်ပြောချင်တာ ခုလိုဖြစ်စဉ်မျိုးတွေကို ငြိမ်ခံမနေပဲ ဓါတ်ပုံ၊ဗွီဒီယို၊အသံဖိုင်နဲ့ အများပြည်သူရော ၊အထက်ကလူတွေပါ သိအောင် ဖော်ထုတ်ကြပါ..နောက်ဆုံး ကိုယ်တိုင် မတင်ချင်တောင် ကျနော့ ဘလော့ဆီပို့ ပေးပါ .အထောက်ထားခိုင်လုံရင် ဖော်ပြပေးမယ်
Monday, 17 December 2012
မန်းကျုံးအတွင်းက လူသေအလောင်းတစ်လောင်းတွေ
မန္တလေးမြို့ ၂၆ ဘီလမ်း၊ ၇၈ လမ်းနှင့် ၇၉ လမ်းကြား ကျုံးအတွင်း လူသေ အလောင်း
တစ်လောင်းကို ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က တွေ့ရှိသည်။
အမျိုးသား လူသေ အလောင်းအား နိဗ္ဗာန်သုခ နာမှုကူညီရေး အသင်းမှ
မော်တော်ယာဉ်ဖြင့် မန္တလေး ပြည်သူ့ ဆေးရုံကြီးသို့ သယ်ဆောင်သွားသည်
(သတင်းဓါတ်ပုံ - ချစ်ကို) DVB TV News
Thursday, 29 November 2012
Monday, 26 November 2012
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Tazreen Fashion အထည်ချုပ်စက်ရုံမီးလောင်မှု့ 
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Tazreen Fashion အထည်ချုပ်စက်ရုံမီးလောင်မှု့ ဖြစ်ပွားပြီးအမျိုးသမီးအများ
စုအပါအ၀င်လူပေါင်းတစ်ရာကျော်သေဆုံးခဲ့ ပါသည်။အထည်ချုပ်စက်ရုံဟာကိုးထပ်အဆောက်ဦး
ဖြစ်ပြီးမြေညီထပ်ကစပြီးစနေနေ့ ကစတင်လောင်ကျွမ်းခဲ့ ပါသည်။အပေါ်တွင်အလုပ်လုပ်နေသော
သူများပိတ်မိနေပြီးကယ်ဆယ်ရေးတွေမလာခင်တိုက်ပေါ်ကခုန်ချလို့ သေဆုံးရသလိုမီးလောင်သော
နေရာတွင်ထွက်ပေါက်မရှိပဲပိတ်မိသေဆုံးခဲ့ ကြပါသည်။သေဆုံးသူဦးရေပိုလာနိုင်တယ်လို့ လဲသိရ
ပါသည်။
စုအပါအ၀င်လူပေါင်းတစ်ရာကျော်သေဆုံးခဲ့ ပါသည်။အထည်ချုပ်စက်ရုံဟာကိုးထပ်အဆောက်ဦး
ဖြစ်ပြီးမြေညီထပ်ကစပြီးစနေနေ့ ကစတင်လောင်ကျွမ်းခဲ့ ပါသည်။အပေါ်တွင်အလုပ်လုပ်နေသော
သူများပိတ်မိနေပြီးကယ်ဆယ်ရေးတွေမလာခင်တိုက်ပေါ်ကခုန်ချလို့ သေဆုံးရသလိုမီးလောင်သော
နေရာတွင်ထွက်ပေါက်မရှိပဲပိတ်မိသေဆုံးခဲ့ ကြပါသည်။သေဆုံးသူဦးရေပိုလာနိုင်တယ်လို့ လဲသိရ
ပါသည်။
ဒေါ်အောင်ဆန်းစုကြည်အကြောင်း
ဒေါ်အောင်ဆန်းစုကြည်မကောင်းကြောင
်းပြောနေသူများ ဒီစားလေးကိုဖတ်ကြည့်လိုက်ပါ [ကိုယ်ရေးအကျဉ်း]
၁) ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်တွင် နိုဘယ် ငြိမ်းချမ်းရေးဆု ချီ
းမြင့်ခဲ့ခြင်းမှာ-
“ နော်ဝေနိုင်ငံ နိုယ်ဘယ် ကော်မတီမှ ၁၉၉၁ ခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေး ဆုအား မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် အား၊ သူ၏ အကြမ်းမဖက်နည်းဖြင့် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများ ရရှိရန် ကြိုးပမ်းခဲ့မှုများကြောင့် ဤဆုအား ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။
၁) ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ ခုနှစ်တွင် နိုဘယ် ငြိမ်းချမ်းရေးဆု ချီ
းမြင့်ခဲ့ခြင်းမှာ-
“ နော်ဝေနိုင်ငံ နိုယ်ဘယ် ကော်မတီမှ ၁၉၉၁ ခုနှစ်အတွက် နိုဘယ် ငြိမ်းချမ်းရေး ဆုအား မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် အား၊ သူ၏ အကြမ်းမဖက်နည်းဖြင့် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးများ ရရှိရန် ကြိုးပမ်းခဲ့မှုများကြောင့် ဤဆုအား ချီးမြှင့်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ပြည်မြို့ မှကျောင်းထိုင်ဘုန်းကြီးအသတ်ခံရခြင်း
ပြည်မြို့ရှိအထက်နိဗ္ဒန်ဒကျောင်းတွင် လူသတ်မှုဖြစ်ပွါးခဲ့ပါသည်။
ကျောင်းထိုင်ဘုန်းကြီးဘုရားဝတ်ပြုနေချိန်တွင်လက်ထောက်ဆရာတော်ကဓါးဖြင့်
အပိုင်းပိုင်းခုတ်သတ်လိုက်ပါသည်။ အလောင်းအားဂုန်နီအိတ်ဖြင့်ထုတ်၍
ဆားဗစ်ကျွင်းထဲအစဖြောက်ထားပါသည် ။
ကျောင်းထိုင်ဘုန်းကြီးဘုရား
အပိုင်းပိုင်းခုတ်သတ်လိုက်ပ
ဆားဗစ်ကျွင်းထဲအစဖြောက်ထားပ
သတ်တာကိုမြင်တွေ့ခဲ့သောကိုရင်တွေကိုအခန်းပိတ်၍ထားခဲ့ပြီး မနက်မိုးလင်းခါနီးတွင်ကိုရင်တွေကိုဆိုင်ကယ်ဖြင့်တခြားနေရာကိုပို့ပြီး လွှတ်ပစ်ခဲ့ပါသည်။ ကိုရင်အကြီးဆုံးကိုတော့အောင်မင်္ဂလာကျောင်းကထိန်ကိုလွှတ်ခဲ့ပါသည်။
ကိုရင်ကကျောင်းမသွားဘဲရဲစခန်းအားသွားရောက်တိုင်ကြား
ခဲ့ပါသည် ရဲများသွားရောက်ဖမ်းဆီးချိန်မှာတော့
ထိုဆရာတော်မှာသီလရှင်များကိုပလ္လင်ထက်တရားဟောနေချိန်ဖြစ်ပါသည်
ဆရာတော်အလောင်းအားဆားဗစ်ကျင်းထဲမှရရှိခဲ့ပါသည်။
ကိုရင်ကကျောင်းမသွားဘဲရဲစခန်းအားသွားရောက်တိုင်ကြ
ခဲ့ပါသည် ရဲများသွားရောက်ဖမ်းဆီးချိန
ထိုဆရာတော်မှာသီလရှင်များကိ
ဆရာတော်အလောင်းအားဆားဗစ်ကျင
Wednesday, 21 November 2012
Wednesday, 14 November 2012
Friday, 9 November 2012
မြစ်ကြီးနား-မန္တလေးဆီရထားတိမ်းမှောက်မှု့ (၉.၁၁.၂၀၁၂)
မြစ်ကြီးနား-မန္တလေး ပြေးဆွဲသော ဆီသယ်ရထားသည် စစ်ကိုင်းတိုင်း ဒေသကြီး
ကန့်ဘလူမြို့နယ် ချက်ကြီးကျေးရွာ အနီးရှိ ချက်ကြီး ဘူတာအဝင် ပွိုင့်ခွဲတွင်
ယနေ့ နံနက် ၁၀ နာရီခွဲက ဆီတွဲ တိမ်းမှောက်ခဲ့ရာ ချက်ကြီးရွာသူ၊ ရွာသားများ
ဆီလုယက် ခပ်ယူကြရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် လူ ၃၀
ဦး သေဆုံးခဲ့ကာ ဒဏ်ရာရရှိသူ ၈၄ ဦး ရှိသွားပြီဖြစ်ကြောင်းသိရပါတယ်။
Wednesday, 7 November 2012
Wednesday, 24 October 2012
Saturday, 20 October 2012
MISS ပြိုင်ပွဲဆုရ ရှမ်းမလေး နန်းခင်ဇေယျာ ပြည်သူတွေနဲ့ ထပ်တူဂုဏ်ယူပါတယ်
Miss International 2012 ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုအြ
Wednesday, 17 October 2012
မန္တလေးတွင်လမ်းကြိတ်စက်ကြိတ်မိ၍လူတစ်ဦးသေဆုံး
ယနေ့နံနက်(၁၀)နာရီခွဲ အချိန်က မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်
ဘောလုံးအကယ်ဒမီ ကျောင်းအနီး ၇၂လမ်းနှင့် ငုဝါလမ်းထောင့်တွင် လမ်းကြိတ်စက်ဖြင့်
ကြိတ်မိသဖြင့် အမျိုးသားတစ်ဦးသေဆုံးခဲ့သည်။
အသက်(၄၄)နှစ်အရွယ် အမျိုးသားတစ်ဦး ငုဝါလမ်းမှ လမ်းပြုပြင်နေသော
၇၂လမ်းသို့ ဆိုင်ကယ်နှင့်အကွေ့တွင် ဆိုင်ကယ်လဲသွားခဲ့ကာ ဦးခေါင်းမှာ
လမ်းလုပ်ငန်းဆောင်ရွက်နေသော လမ်းကြိတ်စက် နောက်ဘီးအောက်သို့
ရောက်သွားခဲ့သည်။
မျက်နှာကို လမ်းကြိတ်စက်ကြိတ်မိရာမှ ပြင်းထန်စွာ
ဒဏ်ရာရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။
ယာဉ်ထိန်းရဲများနှင့်စည်ပင်တာဝန်ရှိသူများရောက်ရှိလာခဲ့ပြီး
၎င်းအမျိုးသားခန္ဓာကိုယ်ကို ချမ်းမြသုခနာမှုကူညီရေးအသင်းက
သယ်ဆောင်သွားခဲ့သည်။
အသက်(၄၄)နှစ်အရွယ် အမျိုးသားတစ်ဦး ငုဝါလမ်းမှ လမ်းပြုပြင်နေသော
၇၂လမ်းသို့ ဆိုင်ကယ်နှင့်အကွေ့တွင် ဆိုင်ကယ်လဲသွားခဲ့ကာ ဦးခေါင်းမှာ
လမ်းလုပ်ငန်းဆောင်ရွက်နေသော လမ်းကြိတ်စက် နောက်ဘီးအောက်သို့
ရောက်သွားခဲ့သည်။
မျက်နှာကို လမ်းကြိတ်စက်ကြိတ်မိရာမှ ပြင်းထန်စွာ
ဒဏ်ရာရရှိပြီး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်တွေ့ရှိသူများက ပြောသည်။
ယာဉ်ထိန်းရဲများနှင့်စည်ပင်တာဝန်ရှိသူများရောက်ရှိလာခဲ့ပြီး
၎င်းအမျိုးသားခန္ဓာကိုယ်ကို ချမ်းမြသုခနာမှုကူညီရေးအသင်းက
သယ်ဆောင်သွားခဲ့သည်။
သစ်ထူးလွင်မှကူးယူဖော်ပြသည်။

Wednesday, 3 October 2012
Tuesday, 25 September 2012
Wednesday, 19 September 2012
Saturday, 15 September 2012
Wednesday, 12 September 2012
မန္တလေးမြို့တွင် မိမိကိုယ်ကို မီးရှို့သတ်သေမှုဖြစ်ပွား (ကြောက်တတ်သူများ မကြည့်၇)
စက်တင်ဘာလ ၁၂ ရက်၊ ယနေ့ ညနေ ၃နာရီ ၁၀ မိနစ်ဝန်းကျင် အချိန်တွင် မန္တလေးမြို့ ၊ ချမ်းမြသာစည်မြို့နယ် ၊ ရန်ကုန် - မန္တလေးကားလမ်းမကြီးဘေး၊ စစ်ကိုင်းလမ်းခွဲ အနီးတွင် လူတစ်ဦး ကိုယ့်ကိုကိုယ် မီးရှို့သတ်သေသွားကြောင်း
ရခိုင်သား တဦး ကုလားသတ်ဖြစ်၍ ကျောက်တော်မြို့ နယ်တွင် သေဆုံး
ကျောက်တော်မြို့ နယ် သရက်အုပ်ကျေးရွာနေ ဦးဖိုးမောင်၏သား ယခင် ဥက္ကဌ ဟောင်း ဦးကျော်မောင်ချေ ( ၆၂-နှစ်) သည် ကျောက်တော်မြို့ နယ် ပိုက်သည်ရပ်ကျေး ရွာနှင့် ကာလီယာကျေးရွာကြား လယ်ပြင်နားတွင် စက်တင် ဘာလ ၁၁ ရက်နိ ညဇာ ၅ နာရီကျော်တွင် ဘင်္ဂလီ ကုလားများ သတ်ဖြတ်မှုကို ခံလိုက်ရသည်ဟု သိရှိရပါသည်။
ဖြစ်ပွားပုံမှာ (သတိ..ကြောက်တ်သူများမကြည့်ရ )
ဖြစ်ပွားပုံမှာ (သတိ..ကြောက်တ်သူများမကြည့်ရ )
Friday, 7 September 2012
"မွေးရာပါကျောရိုးအမြှေးကျွံခြင်း"
ကိုယ်ဝန်၂၁ ပတ်သာရှိသေးသော ကလေးခွဲစိက်အပြီးဒေါက်တာ လက်ကိုမြဲမြံစွာ ဆုပ်ကိုင်ထား
Michael Clancy သည် USA Today Newspaper
အတွက် --
"မွေးရာပါကျောရိုးအမြှေးကျွံခြင်း"
ကိုခွဲစိတ်ပြုပြင်ပုံအဆင့်ဆင့်ကို မှတ်တမ်း
Michael Clancy သည် USA Today Newspaper
အတွက် --
"မွေးရာပါကျောရိုးအမြှေးကွ
ကိုခွဲစိတ်ပြုပြင်ပုံအဆင်
တင်ရန် ခွဲစိတ်ခန်းထဲသို့ ရောက်ရှိနေသည်။
ခွဲစိတ်မှု ကို သားအိမ်အ တွင်း မှာသာပြုလုပ်မည်ဖြစ်၏။ ကိုယ်ဝန်မှာ 21 ပတ်သာရှိသေးသည်။ အခန့်မသင့်လျှင်ကလေးသေသွား နိုင်သည်။ သို့သော် အောင်မြင်စွာ ပြုပြင် လိုက်နိုင် သည်။
ခွဲစိတ်ထားသောအပေါက်မှာမူ မပိတ်ရသေးပေ။
Doctor က ကျွန်တော်ကို camera ဘယ်
လောက်နှုန်းနှင့် ရိုက်သလဲဟုမေးလိုက်စဉ်မှာ ပင် သားအိမ်အတွင်းမှ လက်ကလေး
တစ်ဖက် အတင်းတိုးထွက်လာသည်ကို တွေ့ လိုက်ရသည်။
Doctor ကထိုလက်ကလေး ကို "မ" လိုက်စဉ်မှာပင် လက်ချောင်းကလေး ကိုသူ၏ လက်လေးဖြင့်ဆုပ်
ကိုင်ထားလေတော့သည်။
Doctor ကအထဲပြန်သွင်းရန် ရွေ့လျားသောအခါ ပိုမိုမြဲမြံစွာ ဆုပ်ကိုင်ထားလေတော့သည်။
ထို့ နောက် အပေါက်ကို ပိတ်၊ သားအိမ်ကို ပြန်ထည့်၊ ဗိုက်ကိုပြန်ချုပ် ပြီးနောက် ခွဲစိတ်မှု အောင်မြင်စွာပြီးဆုံးသွားသည်။
ထိုဓာတ်ပုံလေး ကို USA Today Newspaper မှဖော်ပြလိုက်သောအခါလုထုတစ်ရပ်လုံး အံ့သြ ခဲ့ရသည်။အကြာင်းမုကား 21 ပတ်သာရှိသေးသော်လည်း ကောင်းစွာဖွံဖြိုးကာ ရုပ်လုံးပေါ်နေပြီ ဖြစ်ကြောင်းကိုသိရှိလိုက်ရသောကြောင့်ပင်။
ထိုပုံလေးကြောင့်ပင် လမရင့်ခင်ကိုယ်ဝန်ဖျက်ချသော အယူအဆများ ပြောင်းလဲလာခဲ့သည်။
1999 ခုနှစ်တွင်မွေးဖွားပြီး ယခုဆိုလျှင် ၁၃ နှစ်ရှိပြီဖြစ်သောSamuel လေးကတော့ ထို
ဓာတ်ပုံလေးကြောင့် ကိုယ်ဝန်ဖျက်ချမှုနှုန်းများ ကျဆင်းလာသည်ကို ဂုဏ်ယူမဆုံး
ဖြစ်နေရတော့သည်။ ထိုဓာတ်ပုံလေးကို "Hand of Hope " ဟုလူသိများသည်။
ခွဲစိတ်မှု ကို သားအိမ်အ တွင်း မှာသာပြုလုပ်မည်ဖြစ်၏။ ကိုယ်ဝန်မှာ 21 ပတ်သာရှိသေးသည်။ အခန့်မသင့်လျှင်ကလေးသေသွား နိုင်သည်။ သို့သော် အောင်မြင်စွာ ပြုပြင် လိုက်နိုင် သည်။
ခွဲစိတ်ထားသောအပေါက်မှာမူ မပိတ်ရသေးပေ။
Doctor က ကျွန်တော်ကို camera ဘယ်
လောက်နှုန်းနှင့် ရိုက်သလဲဟုမေးလိုက်စဉ်မှ
တစ်ဖက် အတင်းတိုးထွက်လာသည်ကို တွေ့ လိုက်ရသည်။
Doctor ကထိုလက်ကလေး ကို "မ" လိုက်စဉ်မှာပင် လက်ချောင်းကလေး ကိုသူ၏ လက်လေးဖြင့်ဆုပ်
ကိုင်ထားလေတော့သည်။
Doctor ကအထဲပြန်သွင်းရန် ရွေ့လျားသောအခါ ပိုမိုမြဲမြံစွာ ဆုပ်ကိုင်ထားလေတော့သည်။
ထို့ နောက် အပေါက်ကို ပိတ်၊ သားအိမ်ကို ပြန်ထည့်၊ ဗိုက်ကိုပြန်ချုပ် ပြီးနောက် ခွဲစိတ်မှု အောင်မြင်စွာပြီးဆုံးသွားသ
ထိုဓာတ်ပုံလေး ကို USA Today Newspaper မှဖော်ပြလိုက်သောအခါလုထု
ထိုပုံလေးကြောင့်ပင် လမရင့်ခင်ကိုယ်ဝန်ဖျက်ချသေ
1999 ခုနှစ်တွင်မွေးဖွားပြီး ယခုဆိုလျှင် ၁၃ နှစ်ရှိပြီဖြစ်သောSamuel လေးကတော့ ထို
ဓာတ်ပုံလေးကြောင့် ကိုယ်ဝန်ဖျက်ချမှုနှုန်းများ
ဖြစ်နေရတော့သည်။ ထိုဓာတ်ပုံလေးကို "Hand of Hope " ဟုလူသိများသည်။
တန်းဖိုးရှိသောဆုံးမစာများ
ဘ၀ဆိုတာ “ဘ” နှင့်စပြီး “၀”နှင့် ဆုံးတဲ့ အက္ခရာ နှစ်လုံးသာရှိသလို
လက်တွေ့ဘ၀မှာလည်း “မွေး” နှင့်စပြီး “သေ” နှင့်ဆုံးတဲ့ အက္ခရာ နှစ်လုံးသာရှိပါတယ်။
ယင်း နှစ်လုံးမှ ကိုယ်ပိုင်အဖြစ် ရနိုင်တာက “ကံ” တစ်ခုတည်းပါ။
ကုသိုလ်ကံ စုမိသူတို့ အမြတ်ရကြပြီး
အကုသိုလ်ကံ စုမိသူတို့မှာ အရှုံးကြီး ရှုံးရပါလိမ့်မယ်။
ခက်တာက
အမြတ်ကို လိုချင်ပေမဲ့ မြတ်တဲ့အလုပ်ကို မလုပ်နိုင်ကြဘူး။
အရှုံးကို မလိုချင်ပေမဲ့ ရှုံးတဲ့အလုပ်ကိုပဲ ပျော်မွေ့နှစ်သက်နေကြခြင်းပါ။
ကိုယ့်ကိုယ်ကို “အရှုံးသမား” လား။ “မြတ်သမား”လားဆိုတာ စဉ်းစားသင့်ပြီ။
အရှင်ဧသက (Dec 27, 2011) **************************
ဘ၀နှင့် ဖရောင်းတိုင်
ဘ၀ ဆိုတာ ဖရောင်းတိုင်လေးလိုပဲ၊ မကြာခင် ငြိမ်းသွားမှာ။
မငြိမ်းခင်မှာ ကိုယ့်ပတ်ဝန်းကျင်ကို အလင်းရောင်းပေးပါ၊
ပတ်ဝန်းကျင်ကိုတော့ လောင်မြိုက် မပြစ်ပါနဲ့။
ငြိမ်းသွားရင်လည်း အနွေးဓါတ်လေးကျန်နေအောင် ပြင်ဆင်ထားခဲ့ပါ။
အရှင်ဧသက (Nov 3, 2011)
**************************
(9/11) ဖန်ဆင်းရှင် ဘင်လာဒင်
သူတပါးကို ပျက်စီးအောင် လုပ်ခြင်းသည်
ကိုယ့်ကိုယ်ကို ပျက်စီးအောင်လုပ်ခြင်းပင်ဖြစ်၏။
သူတပါးကို မတရားသဖြင့် အောင်နိုင်ခြင်းသည်
သူတပါးကို မတရားသဖြင့် အောင်နိုင်ခြင်းသည်
ကိုယ့်ကိုယ်ကို အဆုံးစီရင်ခြင်းပင်ဖြစ်၏။
အကုသိုလ်ပြုသူတို့သည်
အကုသိုလ်ပြုသူတို့သည်
ပုံးအောင်းရာ နေရာမရှိ။
သူတပါးကို ပျက်စီးအောင် လုပ်သူသည်
သူတပါးကို ပျက်စီးအောင် လုပ်သူသည်
ယခုဘ၀မှာရော နောက်ဘ၀များစွာမှာရော
စိုးရိမ်ပူပန်စွာနေရ၏၊ ပျက်စီးခြင်းများဖြင့်သာ တွေ့ကြုံရ၏။
အရှင်ဧသက (Sep 11, 2011)
**************************
အဘိဇ္ဈာ ဣဿာ မဖြစ်နဲံ့
ကိုယ့်ထက် သာသူ အောင်မြင်သူကို အဘိဇ္ဈာ ဣဿာ မဖြစ်နဲ့၊ဖြစ်မိရင် သူထက်ပို၍ နိပ်ကျသွားမည်။
သူတပါးကို အဘိဇ္ဈာ ဣဿာ ပွားတတ်သူ မဖြစ်ပါစေနဲ့။
သူတပါး၏ အဘိဇ္ဈာ ဣဿာ အပွားခံရသူ ဖြစ်အောင်ကျိုးစားပါ။
အရှင်ဧသက (Sep 9, 2011)
**************************
အမြင့်ရောက်လေ အတိုက်အခိုက်ခံရလေ
အထွဋ်အထိပ်ရောက်သွားသူတိုင်း အတိုက်အခိုက် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ကြရသည်။
ကိုယ်တိုင် အတိုက်အခိုက် အခက်အခဲတွေနဲ့ တွေ့ကြုံနေရင် အားမငယ် စိတ်မပျက်ပါလေနဲ့၊
အထွဋ်အထိပ်သွားရာ လမ်းမပေါ်ရောက်နေပြီလို့ ယုံကြည်စိတ်အပြည့်နှင့် ဆက်လက်ကျိုးစားပါ။
အရှင်ဧသက (Aug 18, 2011)
**************************
အသက်ရှည်ရှည် နေလိုလျှင်
၁။ မတည့်တဲ့အစာ မစားရ
၂။ တည့်တဲ့အစာကိုလည်း သင့်တော်ရုံသာစားပါ။
၃။ ဒေါသ မဖြစ်ရ
ဗန်းမော်ဆရာတော် Dr. ကုမာရာဘိဝံသ (July 24, 2011)
(မှတ်ချက်။ ။ ရုပ်ကို ဖျက်ဆီးတာက မတည့်တဲ့ အစားအစာ။
စိတ်(နာမ်)ကို ဖျက်ဆီးတာက ဒေါသစတဲ့ အကုသိုလ်ကိလေသာ။)
**************************
အရည် အသွေး
ကျောက်တို့၏ တန်ဖိုးသည် ကျောက်ရည်(ပတ္တမြားရည်)၊
ရဟန်း-ရှင်-လူတို့၏ အရည်အသွေးသည် သီလ။
အရည်အသွေးကောင်းသောကျောက်ကို ချမ်းသာကြွယ်ဝသူတို့ ပန်ဆင်ကြ၏။
သီလရှိသူကို လူပင်မက နတ်ဗြဟ္မာများက ဦးထိပ်တင် ပူဇော်ကြ၏။
အရှင်ဧသက (July 16, 2011)
**************************
ဆင်းရဲခြင်းနှင့် ချမ်းသာခြင်း
လူတွေ ဆင်းရဲဒုက္ခ ရောက်ရတာကိုကြည့်ရင် မကောင်းတဲ့ စိတ်တွေကြောင့် - -
မကောင်းတာတွေ ပြု၊ မကောင်းတာတွေ ပြော၊ မကောင်းတာတွေ ကြံပြီး
ဆင်းရဲ ဒုက္ခရောက်ကြတယ်။
ကောင်းတဲ့ စိတ်တွေကြောင့် - -
ကောင်းတာတွေ ပြုမယ်၊ ပြောမယ်၊ ကြံမယ်ဆိုရင် ကောင်းကျိုးချမ်းသာ
မင်္ဂလာတွေ ပြည့်စုံကြရမှာပါ။
(ရွှေဥမင်ဆရာတော်ဘုရားကြီး)
**************************
နှလုံးလှသည့် ပညာစွမ်း
ပညာပြည့်ဝ၊ နှလုံးလှသော်
ပညာပြည့်ဝ၊ နှလုံးလှသော်
ကိစ္စကြိးငယ်၊ ဆောက်သဖွယ်လျှင်
ကျင်းကျယ် ထွင်းဖေါက်၊
ဖြတ်တောက်လိုရာ ပြီးနိုင်စွာ၏။
မဃဒေ၀လင်္ကာ
**************************
မေတ္တာဒိုင်းဖြင့် ကာကွယ်ပါ
မလိုမုန်းထား ရန်သူများပစ်ခတ်သော ဒေါသ-အာဃာတ လက်နှက်များကို မေတ္တာဒိုင်းဖြင့်ကာကွယ်ပါ။
မေတ္တာရှင် သာမာဝတီမိဖုရားအမှူးရှိသော နန်းတွင်းသူ ငါးရာ၏ရင်ဝသို့ ပစ်လွှတ်လိုက်သော ဥတေန
မင်း၏ မြှားသည် ဥတေနမင်း၏ရင်ဝဆီသို့သာ ပြန်သွားခဲ့သည်မှာ ထင်ရှားသော သာဓကဖြစ်၏။
(အရှင်ဧသက၊ June 16, 2011)
**************************
လူအများ မြတ်နိုးချစ်ခင်
သီလ ဒဿန သမ္ပန္နံ၊ ဓမ္မဋ္ဌံ သစ္စဝေဒိနံ။
အတ္တနော ကမ္မ ကုဗ္ဗာနံ၊ တံ ဇနော ကုရုတေ ပိယံ။
(ဓမ္မပဒပါဠိတော်)
သီလနှင့်လည်း ပြည့်စုံ၊ ဉာဏ်အမြင်နှင့်လည်း ပြည့်စုံ၊ တရား၌လည်းတည်ရှိ၊ အမှန်ကိုလည်းပြောဆို
တတ်၊ မိမိပြုအပ်သည့် ကျင့်ဝတ်နှင့်လည်းပြည့်စုံသောသူကို လူအပေါင်းသည် မြတ်နိုးချစ်ခင်၏။
People hold dear him who embodies virtue and insight, who is principled, has realized
the truth, and who himself does what he ought to be doing.
**************************
အချစ် နှင့် အမုန်း
ချစ်ခြင်း - မုန်းချင်းမှ လွတ်ကင်းက ငြိမ်းအေးမှု ရ၏။
ချစ်ခြင်းသည် - ရွှန့်နွမ်ထဲ နှစ်မြုပ်နေသူနှင့် တူ၏။
မုန်းခြင်းသည်- မီးလောင်ပြင်ထဲ ရောက်နေသူနှင့် တူ၏။
ဒီအစွန်း နှစ်ပါးမှ လွတ်ကင်းက မဇ္ဈိမပဋိပဒါ ဖြစ်၏။
(အရှင်ဧသက၊ May 16, 2011)
**************************
အမရပူရမြို့၊ မဟာဂန္ဒာရုံဆရာတော်
အရှင်ဇနကာဘိဝံသ၏ သာသနာပြုစိတ်ဓါတ်
ကိုယ်တည်းတစ်ယောက် ချမ်းသာရောက်ဖို့၊
ခုလောက်ကြိုးကုတ် အားမထုပ်ဘူး၊
ဗုဒ္ဓမြတ်စွာ သာသနာ၏၊
ရှေးခါ ဘိုးဘ လက်ထက်ကလျှင်၊
ရသည့်တန်ခိုး ထပ်မညှိုးဖို့၊
အားကြိုးမာန်တက် ငါဆောင်ရွက်သည် ....
ဆက်လက် တည်တံ့ပါစေသော်။
(မဟာဂန္ဒာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
**************************
အမရပူရမြို့၊ မဟာဂန္ဒာရုံဆရာတော်အရှင်ဇနကာဘိဝံသ
ချမှတ်တော်မူခဲ့သော ကျောင်းတိုက်စည်းကမ်းမူ (၁၀)ချက်
(ရဟန်းတော်ကောင်းဖြစ်ဖို့/ လူတော်လူကောင်းဖြစ်ဖို့ ပြည့်စုံရမည်အချက်များဖြစ်သည်)
ဤကျောင်းတိုက်၌-
၁။ စိတ်ကောင်းရှိဖို့က ပဌမ
၂။ ၀ိနည်းလေးစားဖို့က
(ကိုယ်ကျင့်တရားလေးစားဖို့က) ဒုတိယ
၃။ ကျန်းမာဖို့က တတိယ
၎။ သန့်ရှင်းဖို့က စတုတ္တ
၅။ အ၀တ်အစား တတ်ဖို့က ပဉ္စမ
၆။ အနေအထိုင် တတ်ဖို့က ဆဋ္ဌမ
၇။ အသွားအလာ တတ်ဖို့က သတ္တမ
၈။ အပြောအဆို တတ်ဖို့က အဋ္ဌမ
၉။ စည်းကမ်းလိုက်နာဖို့က န၀မ
၁၀။ စာတတ်ဖို့က ဒဿမ
ဤ (၁၀) ချက်ကို အစဉ်အတိုင်း လိုက်နာရမည်။
(မဟာဂန္ဒာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
***************************
“ကိုယ့်သမိုင်းကြောင်း ကောင်းအောင်ရေးပါ”
ယခုဘ၀မှာ ကိုယ့်သမိုင်းကြောင်းကို ကောင်းအောင်ရေးနေရင် နောက်ဘ၀သံသရာမှာ ပုံရိပ်ထင်နေပြီမို့
သာယာလှပတဲ့ ဘ၀သမိုင်းပိုင်ရှင် ဧကန်ပင် ဖြစ်ပါလိမ့်မည်။ ဒုစရိုက်များဖြင့် ကိုယ့်သမိုင်းကြောင်းကို ရေးနေရင် နောက်ဘ၀သံသရာမှာ ပုံရိပ်ထင်နေပြီမို့
ဆိုးဝါးပူလောင်လှတဲ့ ဘ၀ပိုင်ရှင် ဧကန်ပင် ဖြစ်ပါလိမ့်မည်။ကိုယ့်ဘ၀သမိုင်း ပန်းချီကားကို ကိုယ်တိုင်ပင်ဆွဲကြရမည်။ မည်သူမှ ဖန်ဆင်းနေသည်မဟုတ်။
(အရှင်ဧသက။ May 16, 2011)
***************************
“နှစ်သစ် မင်္ဂလာ” "Happy New Year"
ပျော်ရွှင်တာကို မင်္ဂလာလို့ ဘုရားမပွင့်ခင်ကထဲက ယူဆခဲ့ကြတယ်။
ပျော်ရွှင်တိုင်းလဲ မင်္ဂလာမဖြစ်ပါ။ အကုသိုလ်ကင်းပြီး ကုသိုလ်ဖြစ်နေမှ မင်္ဂလာဖြစ်ပါတယ်။
နှစ်သစ်မှာ ကုသိုလ်နဲ့ ပျော်ရွှင်နိုင်ကြပါစေ။
(အရှင်ဧသက Jan 1, 2011)
*************************** ပန်းနံ့ထက် သီလနံ့က ပိုမွှေး
အပ္ပမတ္တေ အယံ ဂန္ဓော၊ ယွာယံ တဂရစန္ဒနံ။
ယော စ သီလ၀တံ ဂန္ဓော၊ ၀ါတိ ဒေဝေသု ဥတ္တမော။
(ဓမ္မပဒပါဠိတော်)
ယော စ သီလ၀တံ ဂန္ဓော၊ ၀ါတိ ဒေဝေသု ဥတ္တမော။
(ဓမ္မပဒပါဠိတော်)
တောင်ဇလပ်ပန်း စန္ဒကူးပန်းတို့၏အနံ့သည် အနည်းငယ်မျှသာ မွှေး၏။ သီလရှိသူတို့၏ သတင်းအနံ့
သည် ထူးကဲ လွန်မြတ်သည်ဖြစ်၍ နတ်ပြည် ဗြဟ္မပြည်အထိ ပျံ့နှံ့ ကြိုင်လှိုင်၏။
Faint is the fragrance of tagara and sandal, but excellent is the Fragrance of the virtuous,
wafting even amongst the gods
***************************
မှန်ထဲမှာ ကိုယ့်အမူအရာအတိုင်းပေါ်သလို ကိုယ်ပြုသမျှ ကိုယ့်မှာပေါ်လိမ့်မည်
(စူဠကမ္မ၀ိဘင်္ဂသုတ်မှ အနှစ်ချုပ်)
၁။ သူများအသက်၊ သတ်သည့်တွက်၊ အသက်ကိုယ့်မှာတို။
၂။ မသတ်ရှောင်ရှား၊ ထိုသူများ၊ ရှည်လျှားအသက်ကို။
၃။ နှိပ်စက်ကလူ၊ ညှဉ်းဆဲသူ၊ ပြောထူရောဂါဆို။
၎။ သနားစိတ်သွင်း၊ မနှိမ်နင်း၊ ကင်းရှင်းရောဂါကို။
၅။ ထန်ပြင်းဒေါသ၊ ကြီးတတ်က၊ အလှပျက်မည်ဆို။
၆။ ဒေါသကင်းစင်၊ မေတ္တာယှဉ်၊ ကြည်လင်လှသကို။
၇။ မနာလိုပြန်၊ ဣဿာထန်၊ ခြံရံကင်းမည်ဆို။
၈။ ဣဿာမထား၊ ၀မ်းမြောက်ငြား၊ ပေါများခြံရံကို။
၉။ မလှူမဒါန်း၊ မပေးကမ်း၊ ခြောက်ခန်းဥစ္စာဆို။
၁၀။ စွန့်ကြဲလေတုံ၊ ပြုပါကုန်၊ ကုံလုံကြွယ်ဝလို။
၁၁။ မာန်မာနကြွယ်၊ ထိုသူဝယ်၊ မျိုးနွယ်ညံ့မည်ဆို။
၁၂။ ထိုက်သူရိုကျိုး၊ မာန်ကိုချိုး၊ အမျိုးမြတ်သကို။
၁၃။ သိဖွယ်ဟူသမျှ၊ မမေးက၊ ဖျင်းအ ပညာဆို။
၁၄။ ကြားမြင်များအောင်၊ မေးလေ့ဆောင်၊ ခုနောင်တတ်သိလို။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ ရတနာ့ဂုဏ်ရည်မှ)
***************************
သာသနာအတွက် အသက်ပင်ဆုံးပါစေ
ဗုဒ္ဓမြတ်စွာ လျောင်းလျာတုန်းက၊ နောက်ဆုံးအထိ ပါရမီ။
လူနတ်များစွာ ချမ်းသာရေးမို့၊ အသက်ပေး၍ ဖြည့်ခဲ့သည်။
ဗုဒ္ဓမြတ်စွာ သာသနာအတွက်တော့၊ ငါပါ အသက်ဆုံးစေမည်။
နောက်မဆုပ်ပေါင် ခုလိုတွေးလို့၊ ကုသိုလ်ရေးမို့ ကြိုးစားမည်။
ဒို့လည်း ကြိုးစားမည်၊ ဒို့လည်း ကြိုးစားမည်။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
*************************** လူမိုက်ဆိုတာ မကောင်းမှုကို ပျားရည်လိုထင်
(ပါဠိ) မဓူဝ မညတိ ဗာလော၊ ယာဝ ပါပံ န ပစ္စတိ။ယဒါ စ ပစ္စတိ ပါပံ၊ ဗာလော ဒုက္ခံ နိဂစ္ဆတိ။
(မြန်မာ) “ လူမိုက်သည် မိမိ၏မကောင်းမှု အကျိုးမပေးခင်မှာ မကောင်းမှုကို ပျားရည်လို မှတ်ထင်၏။
မကောင်းမှု အကျိုးပေးသောအခါ လူမိုက်သည် ကြီးစွာသော ဆင်းရဲဒုက္ခကို ခံစားရ၏။”
(ဓမ္မပဒပါဠိတော်)
***************************
ကိုယ့်လမ်းကို လျှောက်
အများအကျိုး၊ ရွက်သည်ပိုးက။ ခနိုးခနဲ့၊ ဆိုကဲ့ရဲ့လည်း။
မဖဲ့ မစောင်း၊ ကိုယ့်လမ်းကြောင်းကို၊ စိတ်ကောင်းနှင့်ယှဉ် ရှေးရှုနှင်လော။
(ရွှေကျင်သာသနာပိုင် ရွေဟင်္သာ ဆရာတော်)
*************************** လမ်းနှင့်ရေစဉ် မဂ်လေးခွင် သင့်တွင်အဆင်သင့်
၁။ ရန်သူ ၀ိုင်းထား၊ ထိုယောင်္ကျားကား၊ ပြေးသွားဘို့ရာ၊ လမ်းပေါက်သာလျှက်၊ ပြေးမထွက်၊
လမ်းတွက် မဟုတ်ပေ။
၂။ မစင်လူးလျှင်၊ အေးကြည်လင်သည့်၊ ရေစင်ရှိလျှက်၊ မဆေးရက်၊ ရေတွက် မဟုတ်ပေ။
၃။ အနပ္ပကမ်း၊ ဘေးဘျမ်းများစွာ၊ သံသရာမှ၊ ထွက်ရာလမ်းစ၊ သမထ ၀ိပဿနာ၊ ကိလေသာပင်၊
၂။ မစင်လူးလျှင်၊ အေးကြည်လင်သည့်၊ ရေစင်ရှိလျှက်၊ မဆေးရက်၊ ရေတွက် မဟုတ်ပေ။
၃။ အနပ္ပကမ်း၊ ဘေးဘျမ်းများစွာ၊ သံသရာမှ၊ ထွက်ရာလမ်းစ၊ သမထ ၀ိပဿနာ၊ ကိလေသာပင်၊
သန့်စင်လျှော်ဆေး၊ ရေအေး လေးမဂ်၊ ရှိပါလျှက်ကို၊ ထွက်မပြေးလို၊ မဆေးလို၊ နင့်ကိုယ် နင့်တွက်ပေ။
(ရွှေကျင်သာသနာပိုင် မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီး)
***************************(ရွှေကျင်သာသနာပိုင် မဟာဝိသုဒ္ဓါရုံ ဆရာတော်ဘုရားကြီး)
ဘုရားရှင် ကျေးဇူးတော်
၁။ ဘုရားရှင်တော်၊ မပွင့်ပေါ်လျှင်၊ လူတော်အများ၊ စိတ်ကောင်းထားလည်း၊
ဤကား ကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထိုဘုံဘ၀၊ မသိကြ၊ များလှအပြစ်တွေ။
၂။ ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊ ဟောဖော်ညွှန်ကြား၊ မြတ်တရားကြောင့်၊
၂။ ဘုရားရှင်တော်၊ ပွင့်ထွန်းပေါ်၍၊ ဟောဖော်ညွှန်ကြား၊ မြတ်တရားကြောင့်၊
ဤကား ကုသိုလ်၊ အကုသိုလ်နှင့်၊ ထိုထိုဘုံဘ၀၊ သိကြရ၊ များလှ ကျေးဇူးပေ။
၃။ ကျေးဇူးတော်ရှင်၊ ဘုရားရှင်ကို၊ နေ့စဉ် မပြတ်၊ ကျေးဇူးဆပ်ဘို့၊ ပရိယတ်နှင့်၊
ပဋိပတ်နှစ်ဖြာ၊ သာသနာကို၊ ကောင်းစွာ ကြိုးကုတ်၊ လွန်အားထုတ်၊ အဟုတ်ကျင့်ကြစေ။၃။ ကျေးဇူးတော်ရှင်၊ ဘုရားရှင်ကို၊ နေ့စဉ် မပြတ်၊ ကျေးဇူးဆပ်ဘို့၊ ပရိယတ်နှင့်၊
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
***************************
ဓမ္မသံဝေဂ လင်္ကာ
၁။ ငါတို့နေရာ ဤကမ္ဘာ တဏှာအုပ်စိုးသည်
၂။ တဏှာစေရာ မနေသာ ဖွေရှာဆက်ရမည်။
၃။ ရသည့်ဥစ္စာ ချစ်သူပါ စွန့်ခွါသွားရမည်။
၎။ တကယ့်အရေး တကယ်ဘေး ဘယ်သွေးဘယ်သား မကယ်ပြီ။
၅။ ငါနှင့်ရွယ်တူ ငါအောက်လူ ကြီးသူသေကြများလှပြီ။
၆။ ခဏမစဲ အိုစမြဲ ငါလဲ သေဘက်နီးခဲ့ပြီ။
၇။ ဇရာမီးတောင် ကိုယ်တည်းလောင် သေအောင်မြိုက်တော့သည်။
၈။ မသေရခင် သွားလမ်းစဉ် ကြိုတင်ပြင်သင့်ပြီ။
၉။ ဒါန သီလ ဘာဝနာ လမ်းသာထွင်လိမ့်မည်။
၁၀။ မဂ္ဂင်ယာဉ်ကြီး အမြန်စီး ခရီးထွက်တော့မည်။
(မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ)
*************************** ကံသာလျှင် ကိုယ်ပိုင်ဥစ္စာ
မနေရလို့၊ သေရသောခါ၊ ကိုယ့်နောက်ကိုယ်ကား၊ ဘယ်များပါမှာ။
ပစ္စည်းအစုစု၊ တစ်ခု မပါ၊ ကိုယ်ပြုထား၊ ကံများ သူတို့ပါ။
(တန့်ကြည်တောင်ဆရာတော် ဘဒ္ဒန္တသောမဗုဒ္ဓိ)
***************************(တန့်ကြည်တောင်ဆရာတော် ဘဒ္ဒန္တသောမဗုဒ္ဓိ)
ကိုယ့်ကိုယ်ကိုယ် အနိုင်ယူနည်း
၁။ မိမိရဲ့ လောဘများကို ဒါနတရားဖြင့် အနိုင်ယူပါ။
၂။ မိမိရဲ့ ဒေါသများကို သီလတရားဖြင့် အနိုင်ယူပါ။
၃။ မိမိရဲ့ မောဟများကို ၀ိပဿတရားဖြင့် အနိုင်ယူပါ။
၎။ မိမိရဲ့ သူတပါးအပေါ် ယှဉ်ပြိုင်လိုမှုများကို မေတ္တာတရားဖြင့် အနိုင်ယူပါ။
၅။ မိမိရဲ့ သူတပါးအပေါ် အနိုင်ယူလိုမှုများကို ကရုဏာတရားဖြင့် အနိုင်ယူပါ။
၆။ မိမိရဲ့ သူတပါးအပေါ် မနာလိုမှုများကို မုဒိတာတရားဖြင့် အနိုင်ယူပါ။
၇။ မိမိရဲ့ သူတပါးအပေါိ ရန်လိုမှုများကို ဥပေက္ခာတရားဖြင့် အနိုင်ယူပါ။
၈။ မိမိရဲ့ သူတပါးအပေါိ အပြစ်ပြောလိုမှုများကို ကိုယ်ချင်းစာတရားဖြင့် အနိုင်ယူပါ။
၉။ မိမိရဲ့ မနောကံ အကုသိုလ်များကို ၀စီကံကုသိုလ်ဖြင့် အနိုင်ယူပါ။
၁၀။ မိမိရဲ့ နိမ့်ကျနေတဲ့စိတ်များကို မိမိကိုယ်တိုင်မြှင့်တင်ခြင်းဖြင့် အနိုင်ယူပါ။
(ချမ်းအေး ဆရာတော်။ စစ်ကိုင်း)
*************************** သေဘို့အချိန် ရှိရဲ့လား
အမေရိကန်မှာ၊ လူများစွာ၊ ဘယ်ခါ အားသည် မရှိပြီ။
ကွေ့ကြသူငှါ၊ ပြောကြတာ၊ ငါ့မှာ “အချိန်မရှိ” ပြီ။သင့်အချိန်ကို၊ ဘယ်တွက်ပို၊ သုံးလို ကုန်ခဲ့သည်။
တဏှာလိုလိုက်၊ သူ့စရိုက်၊ အကြိုက်လိုက်ခါနေခဲ့ပြီ။
ဘုရား တရား၊ ချိန်မအား၊ သင်ကားငြင်းခဲ့ပြီ။
တစ်ဘ၀တာ၊ ခဏစာ၊ ပြင်ကာနေခဲ့သည်။
ဘ၀များစွာ၊ သံသရာ၊ ရှည်ကြာမည်ကို သိသင့်သည်။
ဘ၀ တို-ရှည်၊ ထိုနှစ်လီ၊ ဘယ်သည် ပို၍ပြင်သင့်သည်။
သံသရာမှ၊ လွတ်လမ်းစ၊ ခုက စ၍ရှာသင့်ပြီ။
အချိန်မပို၊ သင်ကဆို၊ အို-နာ-သေ ချိန် လာလိမ့်မည်။
အချိန်မရှိ၊ သင်ဆို၏၊ သေမည့် အချိန်ရှိလိမ့်မည်။
အချိန်မရ၊ သင့်ဘ၀၊ သေမှ ဒုက္ခတွေ့လိမ့်မည်။
အချိန် မအား၊ စောင့်ရန်တား။ ဆိုင်းထားသေမင်း မရှိပြီ။
သေဘို့အရေး၊ အချိန်ပေး၊ အလေးထား၍ ပြင်သင့်ပြီ။ ။
(အဇူဇာကျောင်းဆရာတော် အရှင်ဧသက။ May, 1995)
***************************
ခန္ဓာ့အသွင် စိတ်ထားပြင်
* အသက်တွေကြီးလာပြီ၊
လောဘ၊ ဒေါသ၊ မောဟတွေ ကြီးနေကြတုန်းပဲလား။
* သွားတွေ ကျိုးနေပြီ၊
မာန်စွယ်တွေ မကျိုးကြသေးဘူးလား။
* အရေတွေ တွန့်နေပြီ၊
မကောင်းမှု အကုသိုလ်တွေပြုရတာ မတွန့်ကြသေးဘူးလား။
* ဆန်ပင်တွေ ဖြူနေပြီ၊
စိတ်ထားတွေ မဖြူကြသေးဘူးလား။
* ခါးတွေ ကိုင်းနေပြီ၊
ကမ္မဋ္ဌာန်း ဘာဝနာဘက် မကိုင်းကြသေးဘူးလား။
* မျက်စေ့တွေ မှုန်ဝါးနေပြီ၊
နိဗ္ဗာန်သွားမယ့်လမ်း မှုန်ဝါးနေကြတုန်းပဲလား။
* ဒီအခြေအနေရောက်တာတောင် မပြင်ရင်
အပါယ်လေးခွင် သွားဖို့သာ ပြင်ကြပေတော့။ ။ (Nov, 2010)
*************************** အကုသိုလ်တား ကုသိုလ်ပွား
* အကုသိုလ်ဖြစ်ခြင်း အကြောင်းရင်းမှာ “လောဘ၊ ဒေါသ၊ မောဟ” တို့ကြောင့်ဖြစ်ရ၏။
လောဘ၊ ဒေါသ၊ မောဟ မဖြစ်အောင် ဆင်ချင် စောင့်စီး ချုပ်တီးနိုင်လျှင် အကုသိုလ်စိတ်မဖြစ်နိုင်။
* ကုသိုလ်ဖြစ်ခြင်း အကြောင်းရင်းမှာ “အလောဘ၊ အဒေါသ၊ အမောဟ” တို့ကြောင့်ဖြစ်ရ၏။
အလောဘ၊ အဒေါသ၊ အမောဟ ဖြစ်အောင် ဆင်ချင် ပွားများ တိုးပွားနိုင်လျှင် ကုသိုလ်စိတ်များဖြစ်၏။
(အလောဘ=မလိုချင်မှု၊ အဒေါသ=မေတ္တာ၊ အမောဟ= ဉာဏ် ပညာ။) (Nov, 2010)
လောဘ၊ဒေါသ၊မောဟ စိတ်ဖြင့် မပြုလုပ်ပါနဲ့
လောဘော အတ္ထံ န ဇာနာတိ။ (လောဘသည် အမှား-အမှန်ကို မသိ)
ဒေါသော အတ္ထံ န ဇာနာတိ။ (ဒေါသသည် အမှား-အမှန်ကို မသိ)
မောဟော အတ္ထံ န ဇာနာတိ။ (မောဟသည် အမှား-အမှန်ကို မသိ)
လောဘ၊ ဒေါသ၊ မောဟ တို့ဖြစ်ခိုက်မှာ ဉာဏ်ပညာမဖြစ်နိုင်၍ အမှား-အမှန်ကို ဆင်ချင်သိနိုင်စွမ်းမရှိ။
အကျိုးမဲ့အမှားများကိုသာ ပြုမိတတ်၏၊ ထို့ကြောင့် ယင်းစိတ်များဖြစ်ခိုက်မှာ ဘာမှမပြုမိပါစေနှင့်၊
ဘာမှ မဆုံးဖြတ်ပါလေနှင့်။ (Nov, 2010)
မြင့်မြတ်သူနှင့် ယုတ်ညံ့သူ
စိတ်ဓါတ် မြင့်မြတ်သူတို့သည် ကုသိုလ်အဖြစ်များလေ့ရှိ၏။ စိတ်ဓါတ် နှိပ်ကျ ယုတ်ညံ့သူတို့သည်
အကုသိုလ် အဖြစ်များလေ့ရှိ၏၊
စိတ်ဓါတ် မြင့်မြတ်သူတို့သည် တစ်ပါးသူ၏ အကုသိုလ်မှုကို မတုန့်ပြန် သိခံနိုင်စွမ်းရှိ၏။စိတ်ဓါတ်နှိပ်ကျ
ယုတ်ညံ့သူတို့သည် တစ်ပါးသူ၏ အမှုမှန်သမျှ ဘာတစ်ခုမှ သည်းခံနိုင်စွမ်းမရှိ။ မကောင်းမှုကို ကတ်ကတ်
လန်အောင်တုန့်ပြန်တတ်၏။ ကောင်းမှုများကိုလည်း အဘိဇ္ဈာ ဣဿာပွား၍ တိုက်ခိုက်ဖျက်ဆီးတတ်၏။
(Nov, 2010)
စိတ်ပျော့သူထဲ ရန်ညိုစွဲ
တစ်ပါးသူ စိတ်ဆိုးတိုင်း ကိုယ်ကပြန်စိတ်ဆိုးရင် ကိုယ့်စိတ် နုနေသေး၏။
မြေပျော့ရင် ခြေရာထင်သလို စိတ်ပျော့ရင် အငြိုးအတေး စွဲထင်၏။ အငြိုးကြီးတတ်၏။
ဒေ၀ဒတ်သည် ရွဲကုန်သည်ဘ၀မှ ထားခဲ့တဲ့ ရန်ငြိုးကြောင့် သံသရာတလျှောက်လုံး ဘုရားလောင်းအား
ရန်ပြုတိုက်ခိုက်ဖျက်ဆီးခဲ့၏၊ အ၀ီစိငရဲသို့လဲ အခေါက်ခေါက် အခါခါ ရောက်ခဲ့ရ၏။
ရန်ငြိုးကို မပယ်ပါက တစ်သံသရာလုံး စွဲထင်တတ်၏။ သူတပါးအား ဖျက်ဆီးလိုသော ရန်ငြိုးသည်
မိမိကို ဖျက်ဆီး၏။ (Nov, 2010)
*************************** မကြာမီ ၀ဋ်လည်တတ်သည်
* မိဘအပေါ် ဆိုးသူသည် သားဆိုးသမီးဆိုး ရတတ်၏။
* ယောက္ခမအပေါ် ဆိုးသူသည် သမက်ဆိုး၊ ချွေးမဆိုး ရတတ်၏။
* ဆရာသမားအပေါ် ဆိုးသူသည် တပည့်ဆိုးနှင့်တွေ့ရတတ်၏။
* သူငယ်ချင်းအပေါ် ဆိုးသူသည် သူငယ်ချင်းဆိုးများနှင့်တွေ့ရတတ်၏။
ကိုယ်ဆိုးလျှင် ကိုယ့်ပတ်ဝန်းကျင်က ဆိုးလိမ့်မည်။
ကိုယ်ကောင်းလျှင် ကိုယ့်ပ၀တ်ဝန်းကျင်က ကောင်းလိမ့်မည်။ (Nov, 2010)
************************** ဒီစာလေးတွေကို ကျနော့ည်ီမလေး မှမျှဝေလို့ ကျေးဇူးပါ
Subscribe to:
Posts (Atom)