စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Sunday 31 March 2013

အွန်လိုင်းပေါ်ကအသည်းကွဲသမား(မှတ်ချက်သူများမျက်ရည်ကျနေတဲ့အချိန်မရယ်ရ)

ချစ်သူရေ.......
                                                                ကိုယ်တို့  နှစ်ယောက်တွေ့  မထင်မှတ်တဲ့ ကာလလေးမှာ အွန်လိုင်းပေါ်မှာ ချစ်စရာ ကောင်းတဲ့ ချစ်သူလေးနဲ့  တွေ့ ဆုံခဲ့ရတယ်..အွန်လိုင်း ကိုတီထွင်ခဲ့သူကို အရမ်းကို ကျေးဇူးတင်တယ်...ဒီလိုတွေ့ ဆုံခဲ့၇လို့  ပျော်ရွင်မှုတွေ၊ အထီးကျန်မှုတွေ ကို စိုပြေအေးချမ်း လာအောင်  လုပ်ပေးနိုင်စွမ်းရှိတဲ့ ချစ်သူလေး အဲ့အတွက်  ကျေးဇူးပါ ချစ်သူ........
                                                               တကမ္ဘာလုံးတောရောမြို့ ပါမကျန် ၊ နောက်ဆုံး တိရစ္ဆာန်တွေတောင် အွန်လိုင်းသုံးနေတဲ့ အချိန် ကို ကွန်ပျူတာဆိုတာ တီဗွီနဲ့ လက်နှိပ်စက် တွဲထားတာပဲထင်တာ

                                                             ကို အွန်လိုင်းပေါ်စသုံးကာစ ချက်တင် ဆိုတာ ဘာမှန်းမသိသေးတဲ့ အချိန်၊ တစ်နေ့  ကို့ သူငယ်ချင်း သင်ပေးလမ်းညွန် မှုနဲ့  ချစ်စရာကောင်းတဲ့ ချစ်သူလေး အကောင့်ကို ရခဲ့တယ်

                               ဒီလိုနဲ့  ၇က်ခြားလေးလိုင်းပေါ်မှာ တွေ့ ဆုံဖြစ်ခဲ့ကြတယ်...မင်းရဲ့ အသံ၊ မင်းပြောလေးတွေကို ကို ဘယ်လိုမှ ရှောင်တိမ်းလို့  မရတော့ဘူး..မင်းနဲ့ မတွေ့ ရရင် ဘ၀ဟာအဓိပ္ပာယ် မရှိတော့ သလို ခံစားရတယ် ။ အမြဲ လိုင်းပေါ်မှာ ချစ်သူလေး လာမယ့် အချိန်ကို ရင်ခုန်စွာနဲ့  စောင့်မျှော်ခဲ့ရတယ် ချစ်သူရယ်....

                               ချစ်သူလေး ကို့ အပေါ် ပြန်ချစ်လာ လိမ့်မယ်လို့  မမျှော်လင့်ရဲပါဘူး ချစ်သူရယ်. ...ဒါပေမယ့် လေ ကံကြမ္မာရဲ့  မျက်နှာသာပေးလို့  ချစ်သူလေး အချစ်ကို ရခဲ့တော့ကို့ လောက် ပျော်တဲ့သူ ဒီကမ္ဘာမှာ ရှိမယ် မထင်ဘူး ချစ်သူရယ်..အဲ့အတွက်လည်း ကျေးဇူးပါချစ်သူ...အဲ့ည ပျော်လွန်းလို့  သူငယ်ချင်းတွေနဲ့  ကတယ်

        
                              ကို လေး ပျော်ရွင်စရာကောင်းတဲ့ မိသားစုဘ၀လေး တည်ဆောက်ဖို့ ၊ပြီးတော့ ချစ်သူလေး ကို တင့်တောင်းတင့်တယ် ထားနိုင် ဖို့  ကို နေ့ မနား ညမနားကြိုးစားခဲ့တယ်..   ပျော်စရာကောင်းတဲ့ ဘ၀လေး ကို အရမ်းတောင်းတခဲ့တာ

                            ချစ်သူရယ်  ကိုလေ ဘာလုပ်လုပ် ကို့  ချစ်သူလေးကို အ၇မ်းသတိရတာ နောက်ဆုံး မအားလို့  ဟင်းချက်နေရင်တောင် ချစ်သူလေး လိုင်းပေါ် မှာရှိလို့ ကတော့ gtalk နဲ့  ဒီလို ၂ခုတပြိုင်ထဲ ချက်တဲ့ ထိပဲ..

                      တစ်နေ့ မတွေ့ရရင် မနေနိုင်အောင်ပါပဲ..ဘယ်လို အခက်အခဲတွေ ရှိနေပါစေ ကို မြ ဖစ်ဖြစ်တဲ့ နည်းနဲ့  ချစ်သူလေးရှေ့မှောက် အေ၇ာက်လာခဲ့မယ်..ကို တို့ ကြားမှာ ဘယ်သူတွေ ဘယ်လိုတားတား မရဘူးနော်ချစ်သူ..ရေတွေလောက်တော့ သနားတယ်

                                      ကို့ မှာစားလဲ ကို ချစ်သူလေးဆီပဲ စိတ်ကရောက်နေတယ် ..ချစ်သူလေးနဲ့  ၂ ယောက်အတူ ဒီလိုလေး စားလိုက်ရရင် ဘယ်လောက် ကြည်နူးဖို့ ကောင်းမလဲနော်(ရူးတော့ပေါက်နဲ့ )


                              အိမ်မက်ထဲတောင် ချစ်သူလေး ကို အမြဲမက်တယ်။ အိမ်မက်ထဲမှာ ချစ်သူလေးက ပြုံးပြုံးကြီး စိုက်ကြည့်ပြီ နှခမ်းလေးစူးပြတာ ကို့  အိပ်မက် က  နိုးမှာတောင်ကြောက်တယ်...

                               ချစ်သူ၇ယ် နောက်ဆုံး ကုန်ကုန်ပြော၇ရင် ကိုနောက်ဖေး(toilet) သွားတဲ့ အချိန်တောင် ချစ်သူ နဲ့ ချက်နေတာ ပြတ်သွားမှာဆိုလို့  ကို့ မှာ ကောင်းကောင်းကိစ္စမရှင်းရဘူး..အဲ့လောက်ချစ်တာ


                            ကို ဒီလောက် ချစ်မှန်း သိလို့  ချစ်သူက စစအရာရာ နိုင်ချင်လာတယ် ..ကို သည်းခံမှသိလာလို့  ဘာမဆို မင်းစကားကို  နားထောင်ရမယ်လုပ်လာတယ် ၊နားမထောင်မိရင် ဒီလိုလုပ်မယ်ဆိုပဲ


                         ချစ်သူရယ် မင်းကို့  ကို ဘာလို့ များ အနိုင်ယူချင်ရတာလဲကွာ..မင်းဘာလုပ်လုပ် ကို ခံပါ့မယ်


                        ချစ်သူရယ်  မင်း ကို့  နောက်ကို အထုပ်ပိုက်ပြီ လိုက်လာမယ့်နေ့ ကို မျှော်လင့်မိတာ။ တူနှစ်ကိုယ် နီးရမယ့်အေ၇း မျှော်တွေးမိတာ ကို အမှားလားကွာ..


                       ကိုလေ ချစ်သူလေး စကားဆို မြေ၀ယ်မကျ နားထောင်ခဲ့တယ်..မိန်းကလေးတွေနဲ့ မပတ်သက်ရ ဘူး။ ဘီယာ အရက်တွေမသောက်နဲ့  ဗိုက်ကြီးပူရင် မချစ်တော့ဘူးဆိုလို့  ကိုရှောင်ခဲ့တာပဲ..ကြည့်လေ


                    နောကိပိုင်း ချစ်သူလေး လာရင် ပျော်စရာ စကားမပြောတော့ဘူး အမြဲ ပြဿနာ စကားပြောလို့  ခုဆို  ကို တို့ နှစ်ယောက် တွေ့ ရင် ..အမြဲ ၇န်ဖြစ်နေတာ ပုံမှန်လိုဖြစ်နေပြီ

                    ကို့  ဘ၀ မှာ နေချင်ခဲ့တာ ရိုးမြေကကျ အဘိုးအဘွားကြီး ရောက်တဲ့ထိ ဒီလိုလေးချစ်နေချင်တာ


                   ခုတော့လည်း အချစ်ရယ် မင်းက အကြောင်းမရှိ အကြောင်းရှာပြီ မင်းထားခဲ့လို့  ကို့ မှာ ခုဆို မင်းလာမယ့်အချိန် မျှော်ရင်း တယောက်ထဲ လွမ်းနေရပါတယ် ချစ်သူရယ်


                     မင်းရဲ့  စိမ်းကားတဲ့ စကားတွေကို ကို တကယ် မကြားချင်ဘူးကွာ..ချစ်သူရယ်..

                   ချစ်သူလေး ကို့ ကိုထားပြီ သွားပေမယ့် ကို့ မှာတော့ နေ့ တိုင်း ဘယ်အချိန်များ ချစ်သူလေးဗြုန်းဆိုပြီ လိုင်းပေါ်များ ရောက်လာမလဲ မျှော်နေ့ ဆဲပါ ချစ်သူရယ်


                    ဒါပေမယ့်လည်း ချစ်သူက အပြစ်ယူပြီး  မုန်းသွားတော့ ကို မင်းမရှိတဲ့ နေရာမှာမနေချင်တော့ဘူးကွာ ကို တယောက်ထဲ အထီးကျန်တဲ့  ပြည်ပမှာနေတာထက် ကို မြန်မာပြည် ပြန်တော့မယ် ချစ်သူ မင်းဓါတ်ပုံလေး ရင်ဝယ်ပိုက်လို့  မြန်မာပြည်ရောက်ရင်တော့ လိုင်းပေါ်မတက်တော့ပါဘူး အသည်းကွဲ၇တာတမျိုး ၊လိုင်းမကောင်းလို့  ညစ်ရတာတမျိုးနဲ့  တောပဲပြန်တော့မယ် ချစ်သူ...


              ချစ်သူရယ် ရင်ထဲမှာတော့ မကောင်းဘူး အပြန်ခ၇ီးက တိရစ္ဆာန်တွေတောင် ချစ်နိုင်ကြတာ ဘာလို့ များ မင်း ကို့ ကို မုန်းသွားရတာလဲ ချစ်သူ ..သူတို့ လေးတွေလိုချစ်နေရမယ်ဆို..တိရစ္ဆာန်ဖြစ်နေတာတောင် ကောင်းအုံးမယ်အသည်းမကွဲပဲ အချစ်ရှိရင်ပျော် စ၇ာနိဗ္ဗာန်ဘုံပါပဲ ချစ်သူရယ်....


                        ခုတော့လည်းတယောက်ထဲ အဖော်ကွဲတဲ့ ကို့ ဘ၀ တောမှာ မြန်မာပြည်က လုပ်တဲ့ ကားနဲ့  တကိုယ်တည်း အေးချမ်းစွာနဲ့  လုပ်ကိုင်စားတော့မယ်


                                တကယ်တော့ အချစ်ရှာတာ အပူရှာသလို ပါပဲ...သင်ခန်းစာရပြီ ချစ်သူ ..အသက်ကြီးတဲ့ထိ အပူမရှာပဲ တစ်ကိုယ်တည်ပဲနေတော့မယ်။ မင်းကိုသတိရရင် မင်းပုံလေးကို ကို ပြန်ကြည့်ပြီ အလွမ်းဖြေမယ်



                       နောင်များဆို အချစ်ဆိုတာကို မကြားချင်တော့ပါဘူး ..အချစ်နဲ့ ဝေးတဲ့အ၇ပ် ကို ထွက်ပြေးပြီ


                           တသက်မှာတခါပဲ ချစ်မိသည်။ မျက်နှာလည်း မများချင်ပါဘူး ချစ်သူရယ် သက်ဆုံးတိုင် ဟော့ဒီ့ ရင်ဘတ်ထဲမှာ မင်းကို တသက်လုံးသတိရနေမှာပါ..ချစ်သူရယ်

                     ကို ဒီလို အသည်းကွဲနေတဲ့ အချိန် ချစ်သူလေးကတော့ အေးရာအေးကြောင်း ဒီလိုနေမလားပဲ


                                မင်းပျော်နေမယ်ဆို ကို ကျေနပ်စွာနဲ့ နှုတ်ဆက်ခဲ့ပါတယ် ချစ်သူ ပျော်ရွင်ပါစေ


                                        အသည်းကွဲတဲ့ ဝေဒနာကို အ၇က်နဲ့ ကုမယ် ..အသည်းကိုအ၇က်နဲ့ စိမ်မယ်   ရေတောင်မသောက်ဘူး ..အချိန်တိုင် မူးအောင်.....


                        ဒီလိုအချိန်တိုင်းမူးနေလို့  ခံစားရတာသက်တာတယ် မူးလွန်းလို့ ဘေစင်တောင်မသွာနိုင်တော့ဘူး

 
ကျနော်(စောနောင်) ရဲ့ စပ်မိစပ်၇ာ ဘလော့ကို လာလည်ကြတဲ့ မိတ်ဆွေအားလုံး ပျော်ရွင်ကြပါစေ (အသည်းကွဲသမားကတော့ ကို ပဲပေါ့)

No comments:

Post a Comment