စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ
Friday 12 April 2013
မင်္ဂလာ နှစ်သစ်ကူး အတာသင်္ကြန်
ကျနော့ မိတ်ဆွေတွေ အားလုံး နှစ်သစ်ကူး အခါသမယမှာ အေးချမ်းပျော်ရွင်ပြီး သာယာသော နေ့ သစ်လေးတွေ ပိုင်ဆိုင်ကြပါစေ လို့ ဦးစွာ နှုတ်ဆက်လိုက်ပါတယ်..............
           မြန်မာနှစ်ကူး အတာသင်္ကြန်နဲ့ ဝေးကွာခဲ့တာ ( ၇ ) နှစ်ကျော်ခဲ့ပါပြီး ၊ ပြည်ပရောက်နေပေမယ့် အတာသင်္ကြန်သီချင်းတွေ ကြားရင် သင်္ကြန်ပိုးက ဝင်လာပြီ အလိုလို က ချင် ၊ ခုန်ချင်နေတုန်း   ပျော်မြူးနေတုန်းပါပဲ။ကိုယ်တိုင် ပါဝင်မနွှဲရပေမယ့် သူများတွေ ပျော်နေတာ မြင်ရင် အပျော်တွေ ကူးစက်တာ သင်္ကြန်ပိုးရှိတဲ့ သူတိုင်း အသိဆုံးပါ။။
           မြန်မာပြည်ရှိတုန်းကတော့ လမ်းထဲကလူငယ်တွေ စုပြီး သင်္ကြန်မကျခင် ၁ လလောက် အလိုထဲက ပိုက်ဆံတွေလိုက်စုပြီး သင်္ကြန် ကာလမှာ လမ်းထဲမှာ မဏ္ဍပ်ထိုးပြီး သင်္ကြန် အကြို ၊ အကျ ၊ အကြတ် ၊ အတက် နေ့ တိုင်း စတုဒီတာ ကျွေးတယ် မနက်ဆို နေ့ လည်ကနေ ညထိ လမ်းထဲက လူငယ်၊လူကြီး ကျားမ မရွေး လူစုံ မဏ္ဍပ်ထဲမှာ စပီကာဘောက်ကြီးတွေ ဖွင့်ပြီး သီချင်းဆို ကနဲ့  အရမ်းပျော်ဖို့ ကောင်းပါတယ်..လမ်းထဲမှာတော့ တကယ့်ကို မိသားစုတွေလို ရန်ဖြစ်တာ ၊ စကားများတာ မရှိပဲ ( ရှိခဲ့ရင်တောင်) နားလည်မှုနဲ့  မိသားစုတွေ စုစည်းကြတာ ၊သင်္ကြန်ချိန် အခါသမယပါပဲ..
           ဘိုးဘွားများ ကန်တော့ခြင်း ပြီးဆုံးသွားရင်တော့ သင်္ကြန်ရက်တွင် စတုဒီတာမှ အစ ဘက်ပေါင်းစုံ လုပ်အား ကုသိုလ် ပေးခဲ့ကြတဲ့ လူငယ်တွေ အားလုံး  နှစ်ကူးညနေမှာ ရွှေတိဂုံ စေတီတော်ကြီးကို ပျော်ရွင် ကြည်နူးစွာနဲ့ စုပေါင်းပြီး သွားရောက် ကန့် တော့ကြတဲ့ မြင်ကွင်းများဟာ ဒီလို သင်္ကြန် သီချင်းတွေကြားရင် အစီအစီနဲ့  အဟောင်းတွေ အသစ်ပြန်ဖြစ်လာသလိုပါပဲ ..ခုထက်တိုင် ကျနော်တို့  အဝေးရောက်နေပေမယ့် နောက်တက်လာတဲ့မျိုးဆက်များက ပုခုံးထမ်း တာဝန်ယူထားတဲ့ အတွက် နှစ်စဉ်မပျက် ကျင်းပခဲ့နိုင်တာ နှစ်ပေါင်း ( ၃၀ ) ကျော် လာပါပြီ..
           နှစ်တွေ ၊ဘယ်လို ပြောင်းပြောင်း ၊ ဘယ်လောက်ဝေးတဲ့ နေရာကို ရောက်နေ ရောက်နေ  ဒီလို  လ ၊ ဒီလို အချိန် ၊ ဒီလို သီချင်းသံတွေ ကြားလာရင် သင်္ကြန်ပိုးဟာ ဝင်လာပြီး စိတ်တွေဟာ အတိတ်ဆီကို ပြန်ရာက် ပြီ တစ်နေ့ တာ ပင်ပန်းတာတွေ အခန်းထဲ ဘယ်သူမှ မရှိတုန်း ၊အတာဒိုးသံလေးနဲ့  ကွေးနေအောင် က နေမိပါတော့တယ်.......ဟဲဟဲ ကျနော့ မိတ်ဆွေများလည်း ပျော်ရွင်ကြပါစေဗျာ..........
1 comment:
  1. ရှက်လဲရှက်ဖူး...ကနေတယ်တဲ့ ။
    ReplyDelete