စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Thursday 25 April 2013

ဘာလီ၊ဘန်ကောက်ခရီးတစ်ထောက်

သင်္ကြန်တွင်းကဘာလီနဲ့ ဘန်ကောက်ကိုအလည်ရောက်သွားတော့ဘန်ကောက်ကGuide နဲ့ ကျမစကားအခြေတင်ပြောဖြစ်တယ်။သူကကျမညီမတစ်ယောက်မိသားစုကထိုင်းမှာနေကြ
တော့သူကမေးတယ်ဘယ်နားနေတာလဲပေါ့ညီမကဖန်ငဘက်ဆိုပြောတော့သူကအရမ်းလှတဲ့ 
နေရာတဲ့ ကျမမနေနိုင်တော့ထပြောမိပါတယ်.”ဟေ့..ငါတို့ မြန်မာပြည်လောက်မလှပါဘူး”လို့ 
ကျမဆိုတော့သူကရယ်ပါတယ်။ ”နင်ကမြန်မာကိုးနင့်တိုင်းပြည်လှတယ်လို့ နင်ထင်မှာပေါ့တဲ့ 
ငါတို့ တိုင်းပြည်လောက်နိုင်ငံခြားသားတွေအ၀င်အထွက်များလား?ငါတို့ ဘုရင်ကငါတို့ တိုင်း
ပြည်ရဲ့ အလှအပကိုဖော်ထုတ်တယ်နိုင်ငံတကာသိအောင်လုပ်ပေးတယ်။သန့် ရှင်းသပ်ရပ်
အောင်လုပ်တယ်။အလှအပကိုထိန်းသိမ်းတယ်။နင်တို့ တိုင်းပြည်မလှဘူးလို့ ငါမပြောပါဘူး
လှပါတယ်ရွှေတိဂုံဘုရားဆိုအရမ်းကျော်ကြားတယ်။ဒါပေမဲ့ နင်တို့ တိုင်းပြည်သန့် ရှင်းမှု့ မရှိဘူး
ညစ်ပတ်တယ်။အလှပကိုမဖော်ထုတ်မထိန်းသိမ်းတတ်ဘူး။ငါတို့ ကျောက်ဖရားမြစ်ထဲကငါးတွေ
မဖမ်းဘူးအစာပဲကျွေးတယ်။နိုင်ငံခြားသားတွေလာတော့အစာလိုက်ကျွေးရင်ငါတို့ ငါးစာရောင်း
ရတယ်။ငါတို့ ငွေရတယ်။ထိုင်းတွေငွေသိပ်ရှာတတ်တယ်တဲ့ ။နင်တို့ တိုင်းပြည်ကအစိုးရတစ်ကယ်
အလုပ်လုပ်ရင်ငါတို့ ထက်သာမှာပါတဲ့ ”မှန်ပါတယ်သူတို့ ထိုင်းတွေငွေရှာတတ်တာလွန်လွန်းပါတယ်
ကစားကွင်းထဲလဲကစားကွင်းမို့ လို့ ရိုက်လိုက်တဲ့ ဓါတ်ပုံမတန်တဆဈေးနဲ့ ပြန်ရောင်း၊ကိုယ့်ပုံလေး
သူများဆီမကျန်စေချင်လို့ သူတို့ ရိုက်တိုင်းရွေးရရင်ပါလာသမျှဓါတ်ပုံဖိုးနဲ့ ကုန်ဖို့ သာပြင်၊နောက်ပြီး
တစ်ချို့ လမ်းဘေးဈေးသည်တွေသိပ်ရိုင်းတယ်။ကိုယ်လိုချင်တဲ့ ဒီဇိုင်းနဲ့ အရောင်တောင်စိတ်ရှည်ရှည်
မပြချင်လို့ မောင်းထုတ်တဲ့ ဈေးသည်တွေလဲရှိရဲ့ ။သူကဆက်ပြောတယ်”ဒါပေမဲ့ နင်တို့ ပြည်ကလူတွေ
ချမ်းသာတယ်ငါတို့ ဆိုအခုငါကိုင်တဲ့ ဖုန်းဘယ်လောက်မှမတန်ဘူးဒါပေမဲ့ ငါတို့ လက်ငင်းမ၀ယ်နိုင်ဘူး။
နင်တို့ နိုင်ငံကလူတွေဝယ်နိုင်တယ်”ဒါလဲသူတို့ တိုင်းပြည်ကောင်းကြောင်းကြွားလိုက်တာပါပဲ။ကျမလဲ
စိတ်ထဲကနေပြောလိုက်မိတယ်.ဟေ့ငါတို့ တိုင်းပြည်လဲတစ်နေ့ နင်တို့ ထက်သာစေရမယ်လို့ ပေါ့။
စိတ်ထဲကပဲပြောရဲပါတယ်။အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ကိုယ့်တိုင်းပြည်ထက်သေးတဲ့ သူတို့ နိုင်ငံကကိုယ့်
တိုင်းပြည်ထက်အစစအရာရာသာလွန်တာတော့လက်ခံပါတယ်။ဒါပေမဲ့ စိတ်ဓါတ်တွေကတော့နည်းနည်း
မှသည်းခံလိုစိတ်မရှိပါဘူး။ကျမတို့ အဖွဲ့ ဈေးဝယ်စင်တာထဲဟိုငေးဒီငေးနဲ့ တဖြေးဖြေးလျှောက်နေတာ
ကိုအနောက်ကလိုက်နေတဲ့ ထိုင်းမစိတ်မရှည်ဘဲအော်ကြီးဟစ်ကြယ်ပြောသွားတာတွေ၊နောက်တည်းတဲ့ 
တည်းခိုခန်းကနေမြန်မာတွေအုပ်စုလိုက်ထွက်လာတော့အထပ်ကနိမ့် တာရယ်အလုံပိတ်အခန်းတွေဖြစ်
နေတော့အသံတွေကဆူနေတော့အဲမှုာနေတဲ့ ထိုင်းမက အရမ်းနားငြီးတယ်ဆူညံနေတာပဲဆိုပြီးပြောသွား
ပါတယ်။ကျမတို့ မြန်မာတွေကတော့ဧည်သည်ဆိုသည်းခံတတ်တာအရိုးစွဲနေပါပြီဆူညံနေတယ်ဆိုတောင်
အော်..သူတို့ တွေပျော်နေလို့ ပါဆိုပြီးခွင့်လွှတ်ပေးတတ်တာ၊ဧည့်သည်အတွက်ဆိုကိုယ်စားဖို့ တောင်မချန်
ဘဲချကျွေးတတ်တာအဲဒီချစ်စရာဓလေ့ စရိုက်နဲ့ ကိုယ့်မြန်မာနိုင်ငံပဲကျမချစ်ပါတယ်။


 Pura Luhur တောင်ပေါ်ကလှမ်းမြင်နေရသောပင်လယ်(အင်ဒိုနီးရှား)
                                             GWK တောင်ကုန်းပေါ်ကရုပ်တု
ရေဆူနေသောအိုင်ပါအောက်ကနေသဲပွင့်တွေနဲ့ ရေပေါ်ကိုပွက်လာတာပါကျမတို့ နဂါးပွက်တောင်လိုပေါ့
ဒီကန်ကရေကိုချိုးရင်ရောဂါဘယကင်းပြီးအနှောင့်ယှက်ကင်းတယ်လို့ သူတို့ တွေယုံကြည်ကြတယ်။အင်ဒိုက
နတ်ကိုးကွယ်မှု့ ပိုများတယ်။အိမ်တိုင်းလိုလိုနတ်ကိုးကွယ်တယ်။
                            သူတို့ တွေရဲ့ နတ်ရုပ်တွေပါ
အင်ဒိုနီးရှားသုံးငွေပါကျမတို့ ဒေါ်လာ(၉၀၀)လဲတာသိန်းကိုးဆယ်နီးပါးရတယ်။ဒီမှာပြန်သုံးရဘယ်လောက်
ကောင်းလိုက်မလဲ..ဟိဟိ
                        မြူတွေဆိုင်းနေတဲ့ တောင်ပေါ်မြို့ လေးပါ
   Tanjung Benoa beach အဲမှာပင်လယ်ထဲလမ်းဆင်းလျှောက်တာတွေနဲ့ ကစားနည်းမျိုးစုံရှိပါတယ်
   ဘာလီသာသွားတာတစ်ရက်မှရေထဲပေးမဆင်းပါဘူး။လှိုင်းကြမ်းတယ်တဲ့ အဲကမ်းခြေမှာရေအောက်
   လမ်းဆင်းလျှာက်တဲ့ တစ်ရက်ပဲရေထဲဆင်းလိုက်ရပါတယ်။

    လိပ်ကျွန်းပါအဲမှာပင်လယ်လိပ်တွေမွေးပြီးပြပါတယ်။လိပ်တွေအတွက်တစ်ယောက်ကိုရူပီး(၅၀၀၀)
    အလှူထည့်ရပါတယ်။ကျွန်းကိုသွားခကတော့ဒေါ်လာ 20u$ ကျပါတယ်။ocean walker ကတစ်ယောက်
 ကိုဒေါ်လာ(၆၀)ပါမြန်မာလူမျိုးပဲဘယ်ရမလဲ (၅၀)နဲ့ ဆစ်တာပေါ့ဟိဟိ။
ရေထဲ ၆ မီတာအနက်ကိုဆင်းပြီးလျှောက်တာပါ။ခေါင်းပေါ်ကအဆောင်းကလေဖိအားနဲ့ ရေလုံးဝမ၀င်ပါဘူး။
လက်ထည့်လို့ လဲရပါတယ်။အသက်လဲကောင်းကောင်းရှုလို့ ရပါတယ်။လေဖိအားများလို့ နားနည်းနည်းကိုက်
တာနဲ့ လေးတာကလွဲရင်အဆင်ပြေပါတယ်။ငါးမိနစ်နေရပါတယ်ပင်လယ်ထဲနီမိုငါးလေးတွေလဲတွေ့ ခဲ့ ရတယ်။
ပင်လယ်ရေမှော်ပါပဲဒါပေမဲ့ ထိလိုက်ရင်တော့ကြမ်းရှရှနဲ့ ပြန်စုပ်သလိုခံစားရတယ်။နီမိုလေးတွေကအဲမှာပဲ
နေတာများတယ်။ဖမ်းလို့ ကိုမမိပါဘူးလျှင်ချက်က။

ဘာလီမြို့ တွင်းတစ်နေရာပါလမ်းကျဉ်းကလေးတွေနဲ့ တစ်ထပ်အိမ်ကလေးတွေနဲ့ ပါအထပ်မြင့်
သိပ်မရှိပါဘူးတောရွာသာသာပါပဲ
ရိုးရာအိမ်လေးတွေပါအိမ်အ၀င်အ၀တံခါးကိုဒီအရွယ်ပဲဖောက်ကြပါတယ်။
ခြံလေးထဲမှာမိဘကတစ်အိမ်၊သားသမီးကတစ်အိမ်၊ဧည့်သည်တွက်ကတစ်အိမ်သပ်၂ဆီဆောက်
နေကြပါတယ်။
ဆိုးရွားလှတဲ့ ယှဉ်တွဲပြချက်ပါပန်ချီပြခန်းမှာချိတ်ဆွဲထားတာပါ။
မြို့ တွင်းနတ်ရုပ်ထုတွေပါ
ကျမအရမ်းကြိုက်တဲ့ ဒူးရင်းသီးအမိအရစားခဲ့ သေးတာဘာရမလဲ
ဘန်ကောက်ကDream world ကစားကွင်းပါ
Dream world ၀င်ကြေးကတစ်ယောက်ဘတ်(၈၀၀)ပါ
တန်အောင်လို့ ကလေးဆော့တာပါမကျန်အကုန်စီးခဲ့ တယ်ဘာရမလဲ။
  သူငယ်ချင်းများအားလုံးရွှင်လန်းချမ်းမြေ့ ပါစေ။
ကေ(စခ)

No comments:

Post a Comment