ပင်လယ်ကြီးထဲမှာ ကူးခတ်ရင်း လမ်းပျောက်နေတုန်း လျှပ်စီးလေးလက်လိုက်လို့  ကျွန်းကလေးကို တွေ့ လိုက် သလို ကျနော့ မိတ်ဆွများလည်း စပ်မိစပ်၇ာ ဘလော့လေးကနေ ဗဟုသုတတွေ လျှပ်စီးလေးလို ဖြစ်မယ်ဆို ဖန်တီးရကျိုး နပ်ပါပြီ
Sunday, 24 November 2013
ဦးခေါင်းတစ်လုံးနှင့် ၀က်နှစ်ကောင်မြိတ်မြို့ ၌ ပေါက်ဖွား
မြိတ်မြို့ မြိတ်တောင်နယ်မြေ ဘုရားကိုင်ရပ် မီးသွေးဖောင်းတောင်ပေါ် စိန်ပန်းပြာလမ်း ဒေါ်နီကွေးနှင့် ဒေါ်သန်းနုတို့ မွေးမြူထားသော ၀က်ခြံမှ ၀က်မကြီးတစ်ကောင်မှာ နိုဝင်ဘာ ၂၃ ရက် ညတွင် သားပေါက် ကိုးကောင်ပေါက်ဖွားရာ အထီး ခုနစ်ကာင် အမနှစ်ကောင် ပါရှီိခဲ့သည်။
အဆိုပါ ၀က်သားပေါက်များတွင် ဦးနှောက်ပွင့်လျက် ဦးခေါင်းတစ်လုံးတွင် ရင်ချင်းဆက်၊ ခြေလက်အစုံပါသော ၀က်နှစ်ကောင် ပေါက်ဖွားခဲ့သည်။
၎င်းဦးခေါင်းတစ်လုံးနှင့် ရင်ချင်းဆက်လျက် ပေါက်ဖွားလာသော ၀က်နှစ်ကောင်မှာ နာရီဝက်ခန့်သာ အသက်ရှင်ခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း၊ ယခုကဲ့သို့ ပေါက်ဖွားသည်ကို တစ်ခါမှ မကြုံတွေ့ ခဲ့ရကြောင်း ၀က်ပိုင်ရှင်များက ပြောကြားခဲ့သည်။
ရိုက်ကူးပေးပို့သူ - ခိုင်ထူး
ကျွန်မျိုးဟေ့...ဒို့ မြန်မာ
ကျွန်မျိုးဟေ့...ဒို့ မြန်မာ
ဒီခံစားချက်လေးေ၇းချင်နေတာ ကြာခဲ့ပြီ..ေ၇းမယ်ေ၇းမယ်နဲ့  မအားတာေ၇ာ လိုင်းမကောင်း တာေ၇ာနဲ့ 
.ဟော ခုတော့ ဒီသတင်းပုံတွေ ကြည့်ပြီ ကျနော့ ၇င်ထဲမှာ မြိုသိပ်ထားတာတွေကိုေ၇းချလိုက်တော့မယ်ဗျာ၊ကျနော့
အမြင်ကျနော့ သဘောထားကို စာဖတ်သူ မောင်နှမတွေ လွတ်လပ်စွာ သဘောထားကွဲလွဲလို့ ၇ပါတယ်။အရင်
စစ်အစိုး၇၇ဲ့  တမျိုးသားလုံး အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားေ၇းနဲ့ ..ဆိုတဲ့ ဆောင်ပုဒ်လေးကို ကြားတိုင် ၇င်ထဲမှာ
တကယ်နာကျင်၇တယ်...ဘာဖြစ်လို့ လဲ..? ဟုတ်ကဲ့..အဲ့ ဇာတိဂုဏ် မြင့်မားေ၇းဆိုတဲ့ ဆောင်ပုဒ် မြန်မာပြည်ကနေ
ထွက်ခွာပါပြီ သူများနိုင်ငံမှာကျွန်သွားလုပ်ပါပြီ ဆိုထဲက မြန်မာပြည်မှာ ကျကျန်ခဲ့တော့တာပါ..တကယ်ပါ.ပြည်တွင်း
ကလူတွေကတော့ ဒီခံစားမှုမျိုးလက်တွေ့ မခံစားဖူးပေမယ့် သိတော့သိနေကြပါလိမ့်မယ်..ပြည်ပကို အလုပ်လုပ်
ဖို့ ထွက်လာတဲ့သူတွေကို မေးကြည့်ပါ.. အပေါ်ကလာလာ ..အောက်လမ်းကလာလာ နှိမ်ခံ၇တာတော့ တူတူပါပဲ..
ပြည်ပ လေဆိပ်ေ၇ာက်ထဲက ပက်စပိုစ့် (အနီ) မြင်တာနဲ့  လက်နဲ့ တောင် မကိုင်ချင်ကြဘူး..
ကျနော် မလေးရှားလာတော့ ည ၂နာ၇ီလောက်ေ၇ာက်တယ်..ထိုင်းကနေတင့် လာ၇တာ..မလေးရှား
လေဆိပ်ေ၇ာက်တာနဲ့ မလေး အင်မီဂေ၇းရှင်း(လ၀က)က အားလုံးသံမံသလင်းပေါ် အ၇မ်းအေးနေတဲ့
လေဆိပ်ခန်းမထဲမှာနော် အဲ့လိုထိုင်ခိုင်းထားတာ၁ နာ၇ီကျော် ကြာတယ်..အဲ့ထဲမှာမိန်းကလေးတွေလည်းပါတယ်..
မလေးရှားလေဆိပ်၇ဲတွေက ဘီးပါတဲ့ခုံပေါ်ထိုင်ပြီခုံကိုလျှောထိုးလှိမ့်ပြီ အတန်းလိုက် ထိုင်နေတဲ့ သူတွေထဲက
မိန်းကလေးတွေကို သွားသွားစကြတယ်..ပြီး၇င် သူတို့ ချင်း ပြောလိုက်၇ယ်လိုက်ကြနဲ့  သူတို့  လူမျိုး မိန်းကလေး
ဝန်ထမ်းကျခုံပေါ်မှာ သူတို့ ၇ဲတွေ လုပ်သမျှ သဘောကြပြီ ၇ယ်နေတာ ကြည့်ပြီတော်တော်ခံပြင်း၇တာ..
ကိုယ်တွေ တိုင်းပြည်လောက်မှ မကျယ် ၊သံယံဇာတ ဘာမှမထွက် ၊ဘာသာစကားတောင် သူများ ဘာသာ
အက္ခ၇ာကိုပုံတူကူးချတဲ့သူတွေက ၊ ၁၂ အလီလောက်တောင် ဂဏန်းပေါင်းစက်နဲတွက်နေ၇ပေမယ့်
့ပညာေ၇းသူတို့  ထက်သာတဲ့သူတွေကိုအပေါ်စီးက ကျွန်လိုခိုင်းနေနိုင်တာ ဘာကြောင့်လဲ ? သူတို့ တိုင်းပြည်ကို
အုပ်ချုပ်ခဲ့တဲ့ လူကြီး ကောင်းခဲ့လို့ ခုလို သူတို့ စံနေ၇တာပေါ့။ဒါကို သိ၇လေ..မြန်မာပြည်ကြီးကိုဆင်း၇ဲတွင်းပို့ ခဲ့တဲ့
အာဏာရူးခဲ့ကြတဲ့ လူကြီးတွေကို ဒေါသထွက်မိလေပဲ..တချိန်က အာရှမှာ ထိပ်ဆုံးက ရှိခဲ့တာကနေဟိုအောက်ဆုံး
ေ၇ာက်သွားတာ ဘယ်သူတွေ ကြောင့်လည်း ..ဒီအာဏာရူးလူကြီးတွေကြောင့်ပဲ...ဗိုလ်ချုပ်ရှိစဉ်ကအမှီလိုက်ဖို့ 
မျှော်မှန်းခဲ့တာ ဒီဘာမှမဟုတ်တဲ့(အဲ့တုန်းက) မလေး ၊စင်္ကာပူ ၊ထိုင်းခေါင်းထဲတောင် ဗိုလ်ချုပ်ထည့်မှာ မဟုတ်ဘူး ။
ကို၇ီးယားတို့  ၊ဂျပန်တို့ လောက်တောင် မစဉ်စားဘူး .. ဥေ၇ာပလို သူတို့ ကခြေလှမ်း၁၀ လှမ်း ၊လှမ်း၇င် ကျုပ်တို့ 
က အလှမ်း ၂၀၊ ၃၀လှမ်းမှ နောင် ၁၀ နှစ် ၁၅ နှစ်မှ မီမယ်ဆိုတဲ့ ဗိုလ်ချုပ် အောင်ဆန်းမိန့် ခွန်းကို ပြန်ကြားယောင်
မိပါတယ်.. ဗိုလ်ချုပ် များရှိခဲ့၇င် ဒင်းတို့  ငါတို့ တိုင်းပြည်မှာ လာကျွန်ခံ၇မှာ..
ပြည်ပ လာလုပ်တဲ့သူတွေ တ၇ားဝင်လာတဲ့သူပဲ ဖြစ်ဖြစ် ၊အောက်လမ်းကလာတဲ့သူပဲ ဖြစ်ဖြစ်
နှိမ်ခံ၇တာတော့ တူတူပါပဲဗျာ..၇ဲမြင်လည်း အ၇စ်ခံ၇..အိန္ဒိယကုလားမြင်လည်း ကြောက်၇.လုရုံတင်မဟုတ်ဘူး၊
ရိုက်သေးတာ၊ဟိုတလောက ဂျိုဟိုးဘက်မှာ မြန်မာမိန်းကလေးတွေကြီးပဲ နေတဲ့အိမ် နေ့ ခင်းကြောင်တောင်
ဝင်ပြီ အိမ်ရှိအရွယ်ကောင်းမိန်းကလေးတွေကို မုဒိမ်းကျင့်သွားတာဘာကြာသေးလို့ လဲ..၇ဲတိုင်လည်း
နိုင်ငံခြားသားအမှုဆို သေချင်၇ာသေ ဘယ်တော့မှမပေါ်ဘူး..မိန်းမကောင်း လေးတွေတောင် ပါမစ်မရှိ၇င်၇ဲက
သူတို့ နဲ့ ညအိပ်ဖို့  ခေါ်ခံနေ၇တာ..တကယ်ဖြစ်နေတာနော် ၊သူတို့ လူမျိုးမိန်းကလေးကို သွားမစနဲ့ 
ဖုန်းဆက်ခေါ်လိုက်လို့ ကတော့ကိုယ်တော်ချော၇ဲတွေ ချက်ချင်းေ၇ာက်လာတာ ၊မြန်မာပြည်ကမျိုးချစ်၇ဲ
တွေနဲ့ တော့ကွာပါ့..မြန်မာပြည်မှာ နိုင်ငံခြားသား သွားမထိနဲ့ မီးပွင့်သွားမယ်
ခုပဲ ကြည့်ပါအုံးဗျာ ..စင်္ကာပူမှာ အိမ်ဖော်လုပ်တဲ့ ကောင်မလေးကို တိ၇စ္ဆာန်တကောင်လို နှိပ်စက်တာ
၇င်ထဲမှာတကယ် ပုံတွေကိုကြည့်ပြီမချိဘူးဗျာ..ေ၇နွေပူနဲ့ ပက်၊ကိုက်ဆွဲ ၊ထားတာ ၇ဲအိမ်လာမှ
သိ၇တာဟိုတလောကကလည်း အိမ်ဖော်မလေး တိုက်ပေါ်ကခုန်ချပြီ အဆုံးစီ၇င်သွားတယ်.. ပြည်ပ ထွက်လာပြီ
အလုပ်လုပ်ကြ ၇တဲ့သူများသောအားဖြင့်က ( D ) ၃ လုံးနဲ့  လုပ်ကြ၇တယ်.. ဘာတွေလည်း
(၁)Dirtily (ညစ်ပတ်တဲ့အ၇ာ)
(၂)Dangerous (အန္တာ၇ယ်ရှိတဲ့ အ၇ာ)
(၃)Difficult ( ခက်ခဲတဲ့ အ၇ာ)
သူတို့  မလုပ်ချင်တဲ့ အ၇ာတွေကို နိုင်ငံခြားကနေ ဈေးပေါပေါ ..ကျနော်တို့ လို မြန်မာကျွန်တွေကို ခိုင်းနေကြတယ်..
အလုပ်ခွင်ထဲမှာဆိုလည်း နိုင်မှန်းသိလို့  ဖိဟောက် ၊ ပြန်ပြော၇င် လစာဖြတ် အလုပ်ထုတ် ၊ ဒီကြားထဲ
အသည်းထဲက နာတဲ့ စကားတခွန်းကမင်းတို့ မကျေနပ်၇င် ကိုယ့်ပြည်ကိုယ်ပြန် ဆိုတာပဲ..ခက်တာကလည်း
ဒီထွက်လာတဲ့သူ တော်တော်များများက အကြွေးတွေနဲ့ လယ်ပေါင်၊ခြံပေါင် ၊ ကိုယ့်ကို မှီခိုနေတဲ့ လူမမယ်
ညီကိုမောင်နှမ ဒီမျက်နှာတွေကြောင့် မလုပ်ချင်လည်းလုပ် ၊ခြေထောက်နဲ့ ခိုင်း လည်း လုပ်၊ဘယ်လောက်လုပ်လုပ်
အအော်ခံနေ၇လည်း သည်းခံနေ၇တာ ..အာဏာရူးခဲ့ကြတဲ့ လူကြီးတွေဒါတွေ ကို ခင်ဗျားတို့  သိ၇ဲ့ လား..သူတို့ 
သားသမီးတွေ နိုင်ငံခြားမှာ လိုလေသင့်မရှိ ပညာတွေသင်ကြ ..ပြည်တွင်းမှာစည်းဇိမ်ပေါင်းစုံနဲ့  ယစ်မူးနေကြတဲ့
လက် တဆုပ်စာအာဏာရှင်တွေ..ခင်ဗျားတို့  ၀ဋ်မလည်ကြစေနဲ့ ပေါ့ဗျာ..ပြည်ပထွက်အလုပ်လုပ်တဲ့သူချင်း
အတူတူတောင် ဖိလစ်ပိုင်၊ နိပေါ၊ အိန္ဒိယ ၊ ဘင်္ဂလား သူတို့ လူမျိုး ဒုက္ခေ၇ာက်၇င် သံရုံးက
ကိုယ်တိုင်လိုက်ဖြေရှင်းပေးတယ်..ကိုယ်ရွေမြန်မာ သံရုံးတွေကတော့ ငွေပေးမယ်ဆို
လာထား ၊ဒုက္ခေ၇ာက် လို့  အကူအညီသွားတောင်းလို့ ကတော့လက်သီးနဲ့ တောင်ထိုးလွှတ်တာ
(မလေးရှားသံရုံးမှာမကြာသေးပါဘူး) မိန်းကလေးတွေ ဒုက္ခေ၇ာက်လို့  သွားအကူအညီတောင်း၇င်
(ဘာလို့ လာကြလည်း လာ၇င်ခံပေါ့ ဒီဒုက္ခ) တ၇ားကြဖို့ ကောင်းတဲ့ သူတွေ.. ခုမလေးမှာ တ၇ားမ၀င်
အလုပ်သမားတွေကိုတ၇ားဝင်လုပ်ပေးနေတယ်..သူများသံရုံတွေ ပက်စပိုစ့် စာအုပ်လုပ်ခ မလေးငွေ၁၅၀
အများဆုံး၊ ရွှေမြန်မာ သံရုံကတော့ သူများနဲ့ မတူတမူထူးတဲ့ မလေးငွေ (၄၅၀) ဒါတောင် စာအုပ်၇ဖို့  တန်းစီ၇င်
လဲကြပြီ သေတဲ့အလုပ်သမားတောင်ရှိတယ်..ဆေးရုံကားခေါ်ပေးဖို့ မရှိဘူး..ကိုယ်ဖြစ်ကိုယ်ခံ မြန်မာ့ဟန်ပေါ့..
နောက်ဆုံး ပြောချင်တာ မြန်မာပြည်က ခေါင်းဆောင်လုပ်တဲ့ လူကြီးတွေကို တောင်းပန်ချင်ပါတယ် ..
ဆက်ပြီအာဏာမရူးကြပါနဲ့ တော့။။ ကျနော့တို့  ခေတ်နဲ့ တင် ကျွန်လာခံ၇တာ ကျေနပ်ကြပါတော့.
.နောက်မျိုးဆက်တွေကို လူဖြစ်ပြီ ကိုယ့်ဘ၀ကိုယ်မပိုင်တဲ့ အဖြစ်တွေ ကင်းလွတ်ကြပါစေ..
အာဏာလုတာတွေ ၊တတိုင်းပြည်လုံးက ထွက်တဲ့ သယံဇာတတွေ ကို လူတစုချမ်းသာဖို့ ထက်
ပြည်သူတွေအားလုံးတွက် ဝေမျှသုံးစွဲပြီ ခင်ဗျားတို့ ပြောပြောနေတဲ့ တမျိုးသားလုံး ဇာတိဂုဏ်မြင့်မားကြစေဖို
့ ခင်ဗျားတို့ ၇ဲ့ တကိုယ်ကောင်းဆန်တဲ့ အမူအကျင့်တွေ ၊ငါ့ဆွေမျိုးကောင်းစားေ၇းတွေကို ဖျောက်ကြပါတော့
တိုင်းပြည်လူမျိုး မျက်နှာပြန်ကြည်ဖို့ အချိန်တန်ပြီဆိုတာ ပြည်ပေ၇ာက် မြန်မာကျွန်တွေ ကိုယ်စား
နေပြည်တော်အ၇ပ်၇ပ်ကလူကြီးမင်းတွေကို တောင်းဆိုလိုက်ပါတယ်ခင်ဗျား..................
အရင်က ကျနော်ရေးခဲ့တဲ့စာလေး ပြန်ပြီး ခံစားနိုင်ဖို့ ပြန်တင်လိုက်ပါ .

Friday, 22 November 2013
Thursday, 21 November 2013
Monday, 18 November 2013
သူခိုးကြီးည နောက်ဆက်တွဲ
ခုလို
တန်ဆောင်တိုင်လပြည့်နေ့ ရောက်လာရင် လပြည့်ကျော် ( ၁ ) ရက်ဆိုတဲ့
သူခိုးကြီးည ညလေးတစ်ညရဲ့ အဖြစ်ပျက်လေးကို မှတ်မိနေတုန်းပဲဗျာ..ဟိုး...လွန်ခဲ့တဲ့
( ၁၀ ) နှစ်လောက်တုန်းကပေါ့၊ ကျနော်တို့  သူငယ်ချင်းတစ်စု ခုလို
သူခိုးကြီးည မရောက်ခင် လပြည့်နေ့ ညမှာ ပျော်ကြပါးကြနဲ့ 
မနက်ဖြန်တွက်လုပ်ကြမယ့် အစီစဉ်တွက် တိုင်ပင်ကြပေါ့..လမ်းထဲမှာ
သမီးမိန်းကလေးတွေကြီး ရှိတဲ့အိမ်ရှေ့မှာ သမက်အလိုရှိသည် သွားပါဖို့ မလို
ကားပါဖို့ လိုသည်၊ နောက် မြန်မာဆေးတွေရောင်းတဲ့ဆိုင်ရှေ့ လိပ်ခေါင်းအထူးကုသည်၊လူပျိုကြီးအိမ်ရှေ့မှာ
စောတင်မောင်နဲ့ ဗိုက်လေးပုံ အဲ့လို စာတွေရေးပုံတွေဆွဲနဲ့ 
မနက်ဖြန်လုပ်ကြမယ့် စီမံကိန်းအတွက် ရယ်ကြ ၊ဘယ်အိမ်ကို ဘယ်လိုရေးမယ်
အကြံပေးကြ ငြင်းကြ ခုန်ကြနဲ့  ပျော်ကြတာပေါ့...ကျနော်တို့ အပျော်တွေနဲ့ အတူ
အဲ့ညကိုကျော်လွန်ပြီး နောက်နေ့  သူခိုးကြီးညကို ရောက်လာရောပေါ့....
သူခိုးကြီးည ဒီညလေးမှာ သူငယ်ချင်းတွေ ထမင်းစုချက်စားကြတာ
တကယ်ကိုပျော်စရာပေါ့ဗျာ...ညနက် လူခြေ တိတ်ချိန်လည်းရောက်ရော ကျနော်တို့ 
သူငယ်ချင်း တစ်စု မနေ့ က အကွက်ချ ကြိုတင်စီစဉ်ထားခဲ့သလို အိမ်တိုင်းစာတွေ
ကပ် ၊ တံတားရွေ့ တောင်းတွေရွေ့  ၊ လမ်းဘေးက အုန်းတုံးတွေကို မပြီး
လမ်းတွေကိုပိတ် နဲ့ ပေါ့..အိမ်ရှင်တွေနိုးလာရင် ပြေးကြလွှားကြ နဲ့ တကယ့်ကို
စိန်ပြေးတမ်း ကစားနေကြသလိုပဲ ပျော်နေကြတာ..အဲ့လိုနဲ့ 
မိုးလင်းခါနီးရောက်တော့ လူစုခွဲပြီး ကိုယ့်အိမ်ကိုပြန်အိပ်ကြတာပေါ့....
မနက် နေထွက်တော့ အိပ်ယာထဲကနေ အသံတွေကြားနေရတယ် ၊ အရင်နှစ်တွေကလို ရယ်ကြ
ပြောကြနဲ့ အသံတွေမဟုတ်ပဲ စိတ်မကောင်းစရာ အသံမျိုးကြားလိုက်ရတယ်။စိတ်ထဲ
သိချင်လာတာနဲ့  အိပ်ယာက ထလို ဘာဖြစ်တာလည်းလို့  အမေ့ကို စုံစမ်းသလိုမေးတော့
ညက လူငယ်တွေ တံတားတွေကို ကားလမ်းပေါ်တင်ထားတာ ကားတစ်စီးက
မနက်အာရုံတက်လောက်မှာ အဲ့လမ်းပေါ်တင်ထားတဲ့ တံတားနဲ့ အုန်းတုံးကို မမြင်ပဲ
ဝင်တိုက်လိုက်တာ ကားက လမ်းဘေး ချောက်ထဲကြပြီး ကားပေါ်ပါလာတဲ့ လူ ၂ ယောက်သေ
သွားတယ်။ အရမ်းကို စိတ်မကောင်းစရာ အဖြစ်ဆုံးက ကားပေါ်မှာ အသက်မသေပဲ
ကျန်ခဲ့တာ ၂ နှစ်အရွယ် ကလေးငယ်လေး က သေသွားတဲ့ အသက်မဲ့နေတဲ့ သူ့ အဖေနဲ
့အမေကို ဖက်ပြီးငိုနေတာ သနားစရာ သားရယ်ဆိုတဲ့ အမေ့ရဲ့ ပြောလာတဲ့ စကားဟာ
ကျနော့ ရင်ကို မီးစနဲ့ ထိုးသလို ခံစားလိုက်ရတယ်ဗျာ.. ကိုယ်တွေ ခဏတာ
ပျော်ရွင်ဖို့ အတွက် ဒီကလေးငယ်လေးရဲ့  ဘဝကြီးတစ်ခုလုံး ပေးဆပ်လိုက်ရတာ
တန်ရဲ့ လား..အဲ့ကလေးငယ်နေရာမှာ ကိုယ်ဆိုရင်ရော ဆိုတဲ့ အတွေးလေးက နောက်နှစ်
နောက်နှစ်တွေမှာ ကျနော်တို့  သူငယ်ချင်းတစ်စု သူခိုးကြီးညဆို လမ်းမပေါ်မှာ
မိုးလင်းပေါက်ရှိခဲ့ပါတယ် ။ နောင်တက်လာတဲ့ ညီငယ်တွေကို ကိုယ့်လို
အပျော်မလွန်ကြဖို့ နဲ့  မသိတဲ့သူ က လမ်းမပေါ် ပိတ်ထားမယ့် ဘယ်အရာ
ဝတ္တုကိုမဆို ကျနော်တို့  မှားခဲ့တဲ့ သင်ခန်းစာလို နောက်မဖြစ်အောင်
သူငယ်ချင်းတစ်စု လမ်းထိပ်က ကားလမ်းပေါ် တလျှောက် ကားတွေ ဘေးမသီ အောင်
မှားခဲ့တဲ့ အမှားတစ်ခုတွက် နှစ်တိုင်းပေးဆပ်ခဲ့တာ
ပြည်ပမထွက်လာခင်ထိပါပဲ..ဒါတကယ်ဖြစ်ခဲ့တာပါ
.အဲ့ကြောင့် မနက်ဖြန်မှာရောက်မယ့် သူခိုးကြီးည မှာ ညီငယ်တွေလည်း
ကိုယ့်အပျော်လေးတစ်ခုတွက် သူတစ်ပါး ဘဝ တစ်ခုလုံးမပျက်ရအောင်
အပျော်မလွန်ကြူးမိဖို့  .....
Subscribe to:
Posts (Atom)