ပြီးခဲ့ တဲ့ အပတ်၈ရက်နေ့ ကစမ်းချောင်းမြို့ နယ်မြသိန်းတန်ဘုရားထီးတော်
တင်တဲ့ နေ့ ကမြသိန်းတန်ဓမ္မာရုံမှငွေကြဲခဲ့ ပါတယ်။တစ်ရာတန်လေးတစ်ရွက်
ဟာသူဌေးလောင်းလက်ဖက်ရည်ဆိုင်ခေါင်မိုးပေါ်ကျပါတယ်။ဆိုင်ကကလေး
စားပွဲထိုးလေးဟာအသက်၁၂နှစ်ခန့် ပါအဲကလေးလေးကခေါင်မိုးပေါ်တင်နေ
တဲ့ ပိုက်ဆံကိုသစ်ပင်ပေါ်တက်ပြီးကောက်ပါတယ်။ကံဆိုးစွာပဲဓါတ်ကြိုးတွေက
သစ်ပင်ကြားထဲမှာရှိနေခဲ့ ပါတယ်။ကလေးလေးကိုဓါတ်လိုက်ပြီးကလေးက
အောက်ပြုတ်ကျပါတယ်။ဆိုင်ရဲ့ တဲလေးပေါ်တဆင့်ကျပြီးမှအောက်ကိုပြန်ကျ
ခဲ့ ပါတယ်။အောက်ရောက်တော့ကလေးပါးစပ်ကသွေးတွေထွက်လာတယ်။
ဆေးရုံသွားတဲ့ ကားပေါ်မှာပဲကလေးဟာအသက်ဆုံးရှုံးခဲ့ ပါတယ်။
တစ်ရာတန်လေးအတွက်ပေးဆပ်လိုက်ရတာတစ်ဘ၀လုံးပါ။အရွယ်မရောက်
မိဘတွေရဲ့ မပြေလည်မှု့ ကြောင့်ပညာမသင်ရဘဲဆိုင်မှာစားပွဲထိုးရရှာတယ်
ခုတော့ဘ၀ပါရုံးခဲ့ ရတယ်။ဒီလိုကလေးမျိုးတွေဘယ်လောက်တောင်မြန်မာ
ပြည်မှာရှိနေခဲ့ လဲ????????
No comments:
Post a Comment