စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Saturday 14 April 2012

ဂိမ်းစွဲလန်းသောကလေးငယ် နှင့် ဒဏ်ပေးကြမ်းသောထိုဖခင်

ကမ္ဘောဒီယားနိုင်ငံသား ဖခင်တစ်ယောက်ဟာ အသက် ၁၃ နှစ်အရွယ်ရှိတဲ့ သူ့သားလေး ကျောင်းမသွားဘဲ အွန်လိုင်းက ကွန်ပျူတာဂိမ်း ကစားနေတာကို သိသွားပြီး တဲ့နောက် လက်သီးနဲ့ ထိုးချင်ပေမယ့် မထိုးတော့ဘဲ နောက်ဆုံး ဒဏ်ခတ်တဲ့ အနေနဲ့ လည်ပင်းကို သံကြိုးချည်ပြီး တိုင်နဲ့ တွဲ သော့ခတ်ထားလိုက်ကြောင်း ဒီနေ့ထုတ် ဆန်းသတင်းစာအရ သိရပါတယ်။

မြင်ကွင်းကို ကြည့်ပြီး စိတ်မချမ်းသာတဲ့ ဘေးအိမ်က လူတွေက ရဲစခန်းဖုန်းဆက်ပြီး တိုင်တန်းခဲ့တာကြောင့် အဲ့ဒီကလေးဟာ ၂ နာရီ အကြာမှာဘဲ ပြန်လွှတ်လာခဲ့ပါတယ်။

ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူ Cheth Vanny က "ကျောင်းမသွားဘဲ အင်တာနက် ကဖေးမှာ သူ့သားကို တွေ့လိုက်ရတဲ့ အဲ့ဒီ ကလေးအဖေဟာ အရမ်းစိမ်ဆိုးသွားပြီး ဒဏ်ပေးတဲ့ အနေနဲ့ အများသူငှါ မြင်သာတဲ့ နေရာမှာ အခုလို လုပ်ထားလိုက်တာ ဖြစ်ပါတယ်။ အခုအချိန်အထိတော့ သူ့ကို ဖမ်းမမိသေးဘူး။ ဒါဟာ လက်ခံနိုင်ဖွယ် မရှိတဲ့ အပြုအမူပါ" လို့ ပြောကြားခဲ့ပါတယ်။

အသက် ၄၀ သား တက္ကစီ ဒရိုင်ဗာ ကလေးအဖေကို ရဲတပ်ဖွဲ့က ကလေးသူငယ် ညှင်းပန်းနှိပ်စက်မှုနဲ့ အရေးယူသွားမယ်လို့ သိရပါတယ်။

                                                                                         facebook ကတွေ့ လို့ မျှပါတယ်

No comments:

Post a Comment