စင်ကာပူနိုင်ငံရှိမြန်မာအလုပ်သမားများဧပြီ၂၃ရက်နေ့ မှစတင်ပြီးနိုင်ငံတွင်း
သို့ တရားဝင်ငွေလွှဲနိုင်ပြီဖြစ်သည်။ငွေလွှဲရာတွင်ပြည်ပရောက်အလုပ်သမား
များသာဆောင်ရွက်နိုင်မည်ဖြစ်သဖြင့်တစ်ရက်လျှင်စင်ကာပူနိုင်ငံသုံးငွေ
၃၀၀၀သာလွှဲပို့ နိုင်သည်။ငွေလွှဲဝန်ဆောင်ခမှာလည်းတစ်ကြိမ်လျှင်ပမာဏ
မည်မျှပင်ဖြစ်စေအမေရိကန်ဒေါ်လာဖြင့်တွက်ပါကလေးဒေါ်လာနီးပါးပေး
ဆောင်ရမည်၊ပြည်တွင်းမှငွေလွှဲဝန်ဆောင်မှု့ ကိုရန်ကုန်မြို့ မှအပအခြားသော
မြို့ များသို့ ပေးပို့ ရမည်ဆိုပါကပြည်တွင်းငွေလွှဲနှုန်းအတိုင်းဝန်ဆောင်စရိတ်ယူ
မည်ဟုသမ၀ါယမဘဏ်(CB)ဘဏ်လိမိတက်မှမန်နေးဂျင်းဒါရိုက်တာဦးဖေမြင့်
ကဆိုသည်။
“စီးပွားရေးလုပ်ငန်းကြီးတွေ၊နှစ်နိုင်ငံကုန်သွယ်ရေးလုပ်ငန်းကြီးတွေကတော့
ဆွစ်ဖ်လုပ်(SWIFT)စနစ်လုပ်ပြီးမှရမယ်”ဟု၎င်းကပြောသည်။စင်ကာပူနိုင်
ငံငွေလွှဲလုပ်ငန်းကို(All Best Exchange Co.Ltd)ပုဂ္ဂလိကငွေလွှဲဝန်ဆောင်
မှု့ လုပ်ငန်းနှင့်ပြည်တွင်းရှိသမ၀ါယမဘဏ်တို့ ကချိတ်ဆက်၍စတင်ဆောင်
ရွက်လျက်ရှိသည်။ထို့ အပြင်ဧပရယ်လကုန်ပိုင်းတွင်မလေးရှားနိုင်ငံမှလည်း
နိုင်ငံခြားငွေလွှဲလုပ်ငန်းကိုလုပ်ကိုင်နိုင်ရန်စစီဉ်ထားကြောင်းသမ၀ါယမဘဏ်
မှသိရသည်။။
No comments:
Post a Comment