ပင်လယ်ကြီးထဲမှာ ကူးခတ်ရင်း လမ်းပျောက်နေတုန်း လျှပ်စီးလေးလက်လိုက်လို့  ကျွန်းကလေးကို တွေ့ လိုက် သလို ကျနော့ မိတ်ဆွများလည်း စပ်မိစပ်၇ာ ဘလော့လေးကနေ ဗဟုသုတတွေ လျှပ်စီးလေးလို ဖြစ်မယ်ဆို ဖန်တီးရကျိုး နပ်ပါပြီ
Sunday, 24 November 2013
ဦးခေါင်းတစ်လုံးနှင့် ၀က်နှစ်ကောင်မြိတ်မြို့ ၌ ပေါက်ဖွား
မြိတ်မြို့ မြိတ်တောင်နယ်မြေ ဘုရားကိုင်ရပ် မီးသွေးဖောင်းတောင်ပေါ် စိန်ပန်းပြာလမ်း ဒေါ်နီကွေးနှင့် ဒေါ်သန်းနုတို့ မွေးမြူထားသော ၀က်ခြံမှ ၀က်မကြီးတစ်ကောင်မှာ နိုဝင်ဘာ ၂၃ ရက် ညတွင် သားပေါက် ကိုးကောင်ပေါက်ဖွားရာ အထီး ခုနစ်ကာင် အမနှစ်ကောင် ပါရှီိခဲ့သည်။
အဆိုပါ ၀က်သားပေါက်များတွင် ဦးနှောက်ပွင့်လျက် ဦးခေါင်းတစ်လုံးတွင် ရင်ချင်းဆက်၊ ခြေလက်အစုံပါသော ၀က်နှစ်ကောင် ပေါက်ဖွားခဲ့သည်။
၎င်းဦးခေါင်းတစ်လုံးနှင့် ရင်ချင်းဆက်လျက် ပေါက်ဖွားလာသော ၀က်နှစ်ကောင်မှာ နာရီဝက်ခန့်သာ အသက်ရှင်ခဲ့ပြီး သေဆုံးသွားခဲ့ကြောင်း၊ ယခုကဲ့သို့ ပေါက်ဖွားသည်ကို တစ်ခါမှ မကြုံတွေ့ ခဲ့ရကြောင်း ၀က်ပိုင်ရှင်များက ပြောကြားခဲ့သည်။
ရိုက်ကူးပေးပို့သူ - ခိုင်ထူး
ကျွန်မျိုးဟေ့...ဒို့ မြန်မာ
ကျွန်မျိုးဟေ့...ဒို့ မြန်မာ
ဒီခံစားချက်လေးေ၇းချင်နေတာ ကြာခဲ့ပြီ..ေ၇းမယ်ေ၇းမယ်နဲ့  မအားတာေ၇ာ လိုင်းမကောင်း တာေ၇ာနဲ့ 
.ဟော ခုတော့ ဒီသတင်းပုံတွေ ကြည့်ပြီ ကျနော့ ၇င်ထဲမှာ မြိုသိပ်ထားတာတွေကိုေ၇းချလိုက်တော့မယ်ဗျာ၊ကျနော့
အမြင်ကျနော့ သဘောထားကို စာဖတ်သူ မောင်နှမတွေ လွတ်လပ်စွာ သဘောထားကွဲလွဲလို့ ၇ပါတယ်။အရင်
စစ်အစိုး၇၇ဲ့  တမျိုးသားလုံး အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားေ၇းနဲ့ ..ဆိုတဲ့ ဆောင်ပုဒ်လေးကို ကြားတိုင် ၇င်ထဲမှာ
တကယ်နာကျင်၇တယ်...ဘာဖြစ်လို့ လဲ..? ဟုတ်ကဲ့..အဲ့ ဇာတိဂုဏ် မြင့်မားေ၇းဆိုတဲ့ ဆောင်ပုဒ် မြန်မာပြည်ကနေ
ထွက်ခွာပါပြီ သူများနိုင်ငံမှာကျွန်သွားလုပ်ပါပြီ ဆိုထဲက မြန်မာပြည်မှာ ကျကျန်ခဲ့တော့တာပါ..တကယ်ပါ.ပြည်တွင်း
ကလူတွေကတော့ ဒီခံစားမှုမျိုးလက်တွေ့ မခံစားဖူးပေမယ့် သိတော့သိနေကြပါလိမ့်မယ်..ပြည်ပကို အလုပ်လုပ်
ဖို့ ထွက်လာတဲ့သူတွေကို မေးကြည့်ပါ.. အပေါ်ကလာလာ ..အောက်လမ်းကလာလာ နှိမ်ခံ၇တာတော့ တူတူပါပဲ..
ပြည်ပ လေဆိပ်ေ၇ာက်ထဲက ပက်စပိုစ့် (အနီ) မြင်တာနဲ့  လက်နဲ့ တောင် မကိုင်ချင်ကြဘူး..
ကျနော် မလေးရှားလာတော့ ည ၂နာ၇ီလောက်ေ၇ာက်တယ်..ထိုင်းကနေတင့် လာ၇တာ..မလေးရှား
လေဆိပ်ေ၇ာက်တာနဲ့ မလေး အင်မီဂေ၇းရှင်း(လ၀က)က အားလုံးသံမံသလင်းပေါ် အ၇မ်းအေးနေတဲ့
လေဆိပ်ခန်းမထဲမှာနော် အဲ့လိုထိုင်ခိုင်းထားတာ၁ နာ၇ီကျော် ကြာတယ်..အဲ့ထဲမှာမိန်းကလေးတွေလည်းပါတယ်..
မလေးရှားလေဆိပ်၇ဲတွေက ဘီးပါတဲ့ခုံပေါ်ထိုင်ပြီခုံကိုလျှောထိုးလှိမ့်ပြီ အတန်းလိုက် ထိုင်နေတဲ့ သူတွေထဲက
မိန်းကလေးတွေကို သွားသွားစကြတယ်..ပြီး၇င် သူတို့ ချင်း ပြောလိုက်၇ယ်လိုက်ကြနဲ့  သူတို့  လူမျိုး မိန်းကလေး
ဝန်ထမ်းကျခုံပေါ်မှာ သူတို့ ၇ဲတွေ လုပ်သမျှ သဘောကြပြီ ၇ယ်နေတာ ကြည့်ပြီတော်တော်ခံပြင်း၇တာ..
ကိုယ်တွေ တိုင်းပြည်လောက်မှ မကျယ် ၊သံယံဇာတ ဘာမှမထွက် ၊ဘာသာစကားတောင် သူများ ဘာသာ
အက္ခ၇ာကိုပုံတူကူးချတဲ့သူတွေက ၊ ၁၂ အလီလောက်တောင် ဂဏန်းပေါင်းစက်နဲတွက်နေ၇ပေမယ့်
့ပညာေ၇းသူတို့  ထက်သာတဲ့သူတွေကိုအပေါ်စီးက ကျွန်လိုခိုင်းနေနိုင်တာ ဘာကြောင့်လဲ ? သူတို့ တိုင်းပြည်ကို
အုပ်ချုပ်ခဲ့တဲ့ လူကြီး ကောင်းခဲ့လို့ ခုလို သူတို့ စံနေ၇တာပေါ့။ဒါကို သိ၇လေ..မြန်မာပြည်ကြီးကိုဆင်း၇ဲတွင်းပို့ ခဲ့တဲ့
အာဏာရူးခဲ့ကြတဲ့ လူကြီးတွေကို ဒေါသထွက်မိလေပဲ..တချိန်က အာရှမှာ ထိပ်ဆုံးက ရှိခဲ့တာကနေဟိုအောက်ဆုံး
ေ၇ာက်သွားတာ ဘယ်သူတွေ ကြောင့်လည်း ..ဒီအာဏာရူးလူကြီးတွေကြောင့်ပဲ...ဗိုလ်ချုပ်ရှိစဉ်ကအမှီလိုက်ဖို့ 
မျှော်မှန်းခဲ့တာ ဒီဘာမှမဟုတ်တဲ့(အဲ့တုန်းက) မလေး ၊စင်္ကာပူ ၊ထိုင်းခေါင်းထဲတောင် ဗိုလ်ချုပ်ထည့်မှာ မဟုတ်ဘူး ။
ကို၇ီးယားတို့  ၊ဂျပန်တို့ လောက်တောင် မစဉ်စားဘူး .. ဥေ၇ာပလို သူတို့ ကခြေလှမ်း၁၀ လှမ်း ၊လှမ်း၇င် ကျုပ်တို့ 
က အလှမ်း ၂၀၊ ၃၀လှမ်းမှ နောင် ၁၀ နှစ် ၁၅ နှစ်မှ မီမယ်ဆိုတဲ့ ဗိုလ်ချုပ် အောင်ဆန်းမိန့် ခွန်းကို ပြန်ကြားယောင်
မိပါတယ်.. ဗိုလ်ချုပ် များရှိခဲ့၇င် ဒင်းတို့  ငါတို့ တိုင်းပြည်မှာ လာကျွန်ခံ၇မှာ..
ပြည်ပ လာလုပ်တဲ့သူတွေ တ၇ားဝင်လာတဲ့သူပဲ ဖြစ်ဖြစ် ၊အောက်လမ်းကလာတဲ့သူပဲ ဖြစ်ဖြစ်
နှိမ်ခံ၇တာတော့ တူတူပါပဲဗျာ..၇ဲမြင်လည်း အ၇စ်ခံ၇..အိန္ဒိယကုလားမြင်လည်း ကြောက်၇.လုရုံတင်မဟုတ်ဘူး၊
ရိုက်သေးတာ၊ဟိုတလောက ဂျိုဟိုးဘက်မှာ မြန်မာမိန်းကလေးတွေကြီးပဲ နေတဲ့အိမ် နေ့ ခင်းကြောင်တောင်
ဝင်ပြီ အိမ်ရှိအရွယ်ကောင်းမိန်းကလေးတွေကို မုဒိမ်းကျင့်သွားတာဘာကြာသေးလို့ လဲ..၇ဲတိုင်လည်း
နိုင်ငံခြားသားအမှုဆို သေချင်၇ာသေ ဘယ်တော့မှမပေါ်ဘူး..မိန်းမကောင်း လေးတွေတောင် ပါမစ်မရှိ၇င်၇ဲက
သူတို့ နဲ့ ညအိပ်ဖို့  ခေါ်ခံနေ၇တာ..တကယ်ဖြစ်နေတာနော် ၊သူတို့ လူမျိုးမိန်းကလေးကို သွားမစနဲ့ 
ဖုန်းဆက်ခေါ်လိုက်လို့ ကတော့ကိုယ်တော်ချော၇ဲတွေ ချက်ချင်းေ၇ာက်လာတာ ၊မြန်မာပြည်ကမျိုးချစ်၇ဲ
တွေနဲ့ တော့ကွာပါ့..မြန်မာပြည်မှာ နိုင်ငံခြားသား သွားမထိနဲ့ မီးပွင့်သွားမယ်
ခုပဲ ကြည့်ပါအုံးဗျာ ..စင်္ကာပူမှာ အိမ်ဖော်လုပ်တဲ့ ကောင်မလေးကို တိ၇စ္ဆာန်တကောင်လို နှိပ်စက်တာ
၇င်ထဲမှာတကယ် ပုံတွေကိုကြည့်ပြီမချိဘူးဗျာ..ေ၇နွေပူနဲ့ ပက်၊ကိုက်ဆွဲ ၊ထားတာ ၇ဲအိမ်လာမှ
သိ၇တာဟိုတလောကကလည်း အိမ်ဖော်မလေး တိုက်ပေါ်ကခုန်ချပြီ အဆုံးစီ၇င်သွားတယ်.. ပြည်ပ ထွက်လာပြီ
အလုပ်လုပ်ကြ ၇တဲ့သူများသောအားဖြင့်က ( D ) ၃ လုံးနဲ့  လုပ်ကြ၇တယ်.. ဘာတွေလည်း
(၁)Dirtily (ညစ်ပတ်တဲ့အ၇ာ)
(၂)Dangerous (အန္တာ၇ယ်ရှိတဲ့ အ၇ာ)
(၃)Difficult ( ခက်ခဲတဲ့ အ၇ာ)
သူတို့  မလုပ်ချင်တဲ့ အ၇ာတွေကို နိုင်ငံခြားကနေ ဈေးပေါပေါ ..ကျနော်တို့ လို မြန်မာကျွန်တွေကို ခိုင်းနေကြတယ်..
အလုပ်ခွင်ထဲမှာဆိုလည်း နိုင်မှန်းသိလို့  ဖိဟောက် ၊ ပြန်ပြော၇င် လစာဖြတ် အလုပ်ထုတ် ၊ ဒီကြားထဲ
အသည်းထဲက နာတဲ့ စကားတခွန်းကမင်းတို့ မကျေနပ်၇င် ကိုယ့်ပြည်ကိုယ်ပြန် ဆိုတာပဲ..ခက်တာကလည်း
ဒီထွက်လာတဲ့သူ တော်တော်များများက အကြွေးတွေနဲ့ လယ်ပေါင်၊ခြံပေါင် ၊ ကိုယ့်ကို မှီခိုနေတဲ့ လူမမယ်
ညီကိုမောင်နှမ ဒီမျက်နှာတွေကြောင့် မလုပ်ချင်လည်းလုပ် ၊ခြေထောက်နဲ့ ခိုင်း လည်း လုပ်၊ဘယ်လောက်လုပ်လုပ်
အအော်ခံနေ၇လည်း သည်းခံနေ၇တာ ..အာဏာရူးခဲ့ကြတဲ့ လူကြီးတွေဒါတွေ ကို ခင်ဗျားတို့  သိ၇ဲ့ လား..သူတို့ 
သားသမီးတွေ နိုင်ငံခြားမှာ လိုလေသင့်မရှိ ပညာတွေသင်ကြ ..ပြည်တွင်းမှာစည်းဇိမ်ပေါင်းစုံနဲ့  ယစ်မူးနေကြတဲ့
လက် တဆုပ်စာအာဏာရှင်တွေ..ခင်ဗျားတို့  ၀ဋ်မလည်ကြစေနဲ့ ပေါ့ဗျာ..ပြည်ပထွက်အလုပ်လုပ်တဲ့သူချင်း
အတူတူတောင် ဖိလစ်ပိုင်၊ နိပေါ၊ အိန္ဒိယ ၊ ဘင်္ဂလား သူတို့ လူမျိုး ဒုက္ခေ၇ာက်၇င် သံရုံးက
ကိုယ်တိုင်လိုက်ဖြေရှင်းပေးတယ်..ကိုယ်ရွေမြန်မာ သံရုံးတွေကတော့ ငွေပေးမယ်ဆို
လာထား ၊ဒုက္ခေ၇ာက် လို့  အကူအညီသွားတောင်းလို့ ကတော့လက်သီးနဲ့ တောင်ထိုးလွှတ်တာ
(မလေးရှားသံရုံးမှာမကြာသေးပါဘူး) မိန်းကလေးတွေ ဒုက္ခေ၇ာက်လို့  သွားအကူအညီတောင်း၇င်
(ဘာလို့ လာကြလည်း လာ၇င်ခံပေါ့ ဒီဒုက္ခ) တ၇ားကြဖို့ ကောင်းတဲ့ သူတွေ.. ခုမလေးမှာ တ၇ားမ၀င်
အလုပ်သမားတွေကိုတ၇ားဝင်လုပ်ပေးနေတယ်..သူများသံရုံတွေ ပက်စပိုစ့် စာအုပ်လုပ်ခ မလေးငွေ၁၅၀
အများဆုံး၊ ရွှေမြန်မာ သံရုံကတော့ သူများနဲ့ မတူတမူထူးတဲ့ မလေးငွေ (၄၅၀) ဒါတောင် စာအုပ်၇ဖို့  တန်းစီ၇င်
လဲကြပြီ သေတဲ့အလုပ်သမားတောင်ရှိတယ်..ဆေးရုံကားခေါ်ပေးဖို့ မရှိဘူး..ကိုယ်ဖြစ်ကိုယ်ခံ မြန်မာ့ဟန်ပေါ့..
နောက်ဆုံး ပြောချင်တာ မြန်မာပြည်က ခေါင်းဆောင်လုပ်တဲ့ လူကြီးတွေကို တောင်းပန်ချင်ပါတယ် ..
ဆက်ပြီအာဏာမရူးကြပါနဲ့ တော့။။ ကျနော့တို့  ခေတ်နဲ့ တင် ကျွန်လာခံ၇တာ ကျေနပ်ကြပါတော့.
.နောက်မျိုးဆက်တွေကို လူဖြစ်ပြီ ကိုယ့်ဘ၀ကိုယ်မပိုင်တဲ့ အဖြစ်တွေ ကင်းလွတ်ကြပါစေ..
အာဏာလုတာတွေ ၊တတိုင်းပြည်လုံးက ထွက်တဲ့ သယံဇာတတွေ ကို လူတစုချမ်းသာဖို့ ထက်
ပြည်သူတွေအားလုံးတွက် ဝေမျှသုံးစွဲပြီ ခင်ဗျားတို့ ပြောပြောနေတဲ့ တမျိုးသားလုံး ဇာတိဂုဏ်မြင့်မားကြစေဖို
့ ခင်ဗျားတို့ ၇ဲ့ တကိုယ်ကောင်းဆန်တဲ့ အမူအကျင့်တွေ ၊ငါ့ဆွေမျိုးကောင်းစားေ၇းတွေကို ဖျောက်ကြပါတော့
တိုင်းပြည်လူမျိုး မျက်နှာပြန်ကြည်ဖို့ အချိန်တန်ပြီဆိုတာ ပြည်ပေ၇ာက် မြန်မာကျွန်တွေ ကိုယ်စား
နေပြည်တော်အ၇ပ်၇ပ်ကလူကြီးမင်းတွေကို တောင်းဆိုလိုက်ပါတယ်ခင်ဗျား..................
အရင်က ကျနော်ရေးခဲ့တဲ့စာလေး ပြန်ပြီး ခံစားနိုင်ဖို့ ပြန်တင်လိုက်ပါ .

Friday, 22 November 2013
Thursday, 21 November 2013
Monday, 18 November 2013
သူခိုးကြီးည နောက်ဆက်တွဲ
ခုလို
တန်ဆောင်တိုင်လပြည့်နေ့ ရောက်လာရင် လပြည့်ကျော် ( ၁ ) ရက်ဆိုတဲ့
သူခိုးကြီးည ညလေးတစ်ညရဲ့ အဖြစ်ပျက်လေးကို မှတ်မိနေတုန်းပဲဗျာ..ဟိုး...လွန်ခဲ့တဲ့
( ၁၀ ) နှစ်လောက်တုန်းကပေါ့၊ ကျနော်တို့  သူငယ်ချင်းတစ်စု ခုလို
သူခိုးကြီးည မရောက်ခင် လပြည့်နေ့ ညမှာ ပျော်ကြပါးကြနဲ့ 
မနက်ဖြန်တွက်လုပ်ကြမယ့် အစီစဉ်တွက် တိုင်ပင်ကြပေါ့..လမ်းထဲမှာ
သမီးမိန်းကလေးတွေကြီး ရှိတဲ့အိမ်ရှေ့မှာ သမက်အလိုရှိသည် သွားပါဖို့ မလို
ကားပါဖို့ လိုသည်၊ နောက် မြန်မာဆေးတွေရောင်းတဲ့ဆိုင်ရှေ့ လိပ်ခေါင်းအထူးကုသည်၊လူပျိုကြီးအိမ်ရှေ့မှာ
စောတင်မောင်နဲ့ ဗိုက်လေးပုံ အဲ့လို စာတွေရေးပုံတွေဆွဲနဲ့ 
မနက်ဖြန်လုပ်ကြမယ့် စီမံကိန်းအတွက် ရယ်ကြ ၊ဘယ်အိမ်ကို ဘယ်လိုရေးမယ်
အကြံပေးကြ ငြင်းကြ ခုန်ကြနဲ့  ပျော်ကြတာပေါ့...ကျနော်တို့ အပျော်တွေနဲ့ အတူ
အဲ့ညကိုကျော်လွန်ပြီး နောက်နေ့  သူခိုးကြီးညကို ရောက်လာရောပေါ့....
သူခိုးကြီးည ဒီညလေးမှာ သူငယ်ချင်းတွေ ထမင်းစုချက်စားကြတာ
တကယ်ကိုပျော်စရာပေါ့ဗျာ...ညနက် လူခြေ တိတ်ချိန်လည်းရောက်ရော ကျနော်တို့ 
သူငယ်ချင်း တစ်စု မနေ့ က အကွက်ချ ကြိုတင်စီစဉ်ထားခဲ့သလို အိမ်တိုင်းစာတွေ
ကပ် ၊ တံတားရွေ့ တောင်းတွေရွေ့  ၊ လမ်းဘေးက အုန်းတုံးတွေကို မပြီး
လမ်းတွေကိုပိတ် နဲ့ ပေါ့..အိမ်ရှင်တွေနိုးလာရင် ပြေးကြလွှားကြ နဲ့ တကယ့်ကို
စိန်ပြေးတမ်း ကစားနေကြသလိုပဲ ပျော်နေကြတာ..အဲ့လိုနဲ့ 
မိုးလင်းခါနီးရောက်တော့ လူစုခွဲပြီး ကိုယ့်အိမ်ကိုပြန်အိပ်ကြတာပေါ့....
မနက် နေထွက်တော့ အိပ်ယာထဲကနေ အသံတွေကြားနေရတယ် ၊ အရင်နှစ်တွေကလို ရယ်ကြ
ပြောကြနဲ့ အသံတွေမဟုတ်ပဲ စိတ်မကောင်းစရာ အသံမျိုးကြားလိုက်ရတယ်။စိတ်ထဲ
သိချင်လာတာနဲ့  အိပ်ယာက ထလို ဘာဖြစ်တာလည်းလို့  အမေ့ကို စုံစမ်းသလိုမေးတော့
ညက လူငယ်တွေ တံတားတွေကို ကားလမ်းပေါ်တင်ထားတာ ကားတစ်စီးက
မနက်အာရုံတက်လောက်မှာ အဲ့လမ်းပေါ်တင်ထားတဲ့ တံတားနဲ့ အုန်းတုံးကို မမြင်ပဲ
ဝင်တိုက်လိုက်တာ ကားက လမ်းဘေး ချောက်ထဲကြပြီး ကားပေါ်ပါလာတဲ့ လူ ၂ ယောက်သေ
သွားတယ်။ အရမ်းကို စိတ်မကောင်းစရာ အဖြစ်ဆုံးက ကားပေါ်မှာ အသက်မသေပဲ
ကျန်ခဲ့တာ ၂ နှစ်အရွယ် ကလေးငယ်လေး က သေသွားတဲ့ အသက်မဲ့နေတဲ့ သူ့ အဖေနဲ
့အမေကို ဖက်ပြီးငိုနေတာ သနားစရာ သားရယ်ဆိုတဲ့ အမေ့ရဲ့ ပြောလာတဲ့ စကားဟာ
ကျနော့ ရင်ကို မီးစနဲ့ ထိုးသလို ခံစားလိုက်ရတယ်ဗျာ.. ကိုယ်တွေ ခဏတာ
ပျော်ရွင်ဖို့ အတွက် ဒီကလေးငယ်လေးရဲ့  ဘဝကြီးတစ်ခုလုံး ပေးဆပ်လိုက်ရတာ
တန်ရဲ့ လား..အဲ့ကလေးငယ်နေရာမှာ ကိုယ်ဆိုရင်ရော ဆိုတဲ့ အတွေးလေးက နောက်နှစ်
နောက်နှစ်တွေမှာ ကျနော်တို့  သူငယ်ချင်းတစ်စု သူခိုးကြီးညဆို လမ်းမပေါ်မှာ
မိုးလင်းပေါက်ရှိခဲ့ပါတယ် ။ နောင်တက်လာတဲ့ ညီငယ်တွေကို ကိုယ့်လို
အပျော်မလွန်ကြဖို့ နဲ့  မသိတဲ့သူ က လမ်းမပေါ် ပိတ်ထားမယ့် ဘယ်အရာ
ဝတ္တုကိုမဆို ကျနော်တို့  မှားခဲ့တဲ့ သင်ခန်းစာလို နောက်မဖြစ်အောင်
သူငယ်ချင်းတစ်စု လမ်းထိပ်က ကားလမ်းပေါ် တလျှောက် ကားတွေ ဘေးမသီ အောင်
မှားခဲ့တဲ့ အမှားတစ်ခုတွက် နှစ်တိုင်းပေးဆပ်ခဲ့တာ
ပြည်ပမထွက်လာခင်ထိပါပဲ..ဒါတကယ်ဖြစ်ခဲ့တာပါ
.အဲ့ကြောင့် မနက်ဖြန်မှာရောက်မယ့် သူခိုးကြီးည မှာ ညီငယ်တွေလည်း
ကိုယ့်အပျော်လေးတစ်ခုတွက် သူတစ်ပါး ဘဝ တစ်ခုလုံးမပျက်ရအောင်
အပျော်မလွန်ကြူးမိဖို့  .....
Thursday, 17 October 2013
Tuesday, 15 October 2013
ပြောရမှာတော့ကြောက်ပါတယ် ငါ့တူရယ်
ရွာတစ်ရွာကို ည သန်းခေါင်ကြီး မျက်နှာဖုံးစွပ်ထားတဲ့ ဓါးပြတွေ
ဝင်တိုက်ပါလေရော..ရွာထဲက ရှိသမျှအိမ်အကုန်တိုက်တာ အဘွားအိုနေတဲ့
အိမ်ရောက်တော့
အဖွားအိုကို သေနတ်ကြီးနဲ့ ချိန်လို့  "ဒီမယ် အဘွားကြီး ရှိသမျှအကုန်ထုတ်" ဆိုပြီ နားက နားကပ်ကို ဓါးပြက ချွတ်ယူနေတုန်း အဘွားအိုက သူ့ ဘေးမှာရှိတဲ့ ကွမ်းအစ်ထဲက
ထုံးနဲ့ ဓါးပြမသိအောင် သေနတ်ပြောင်းကို သုတ်လိုက်တယ်..ဒီလိုနဲ့  မနက်စောစောဓါးပြတိုက်ခံရတဲ့ရွာကို ကူညီဖို့  စစ်တပ်ကြီးရောက်လာပါလေရော..ဒန့် ..ဒန့် 
ရွာသားတွေကိုစုပြီး မေးတာပေါ့ ဗိုလ်ကြီးက ညက တိုက်သွားတဲ့သူတွေကို မှတ်မိလား..ကျနော်တို့  လိုက်ရှင်းရမယ် ပြည်သူကို စောင့်ရှောက်ရမယ့်တာဝန် ကျနော်တို့ မှာရှိတယ်. ညက
အချိန်မှီရောက်မလာ နိုင်တဲ့ အတွက် စိတ်မကောင်းကြောင်း ဓါးပြ ပုံစံတွေကို မှတ်မိတဲ့သူတွေ ပြောပြပါ ကျနော်တို့  အချိန်မီဖမ်းစီးဖို့ ပါ.ကဲ မှတ်မိသလောက်ပြောပြကြပါ ဖြစ်ချင်တော့
စစ်ဗိုလ်ကြီးက အဘွားအို ရှေ့သွားပြီ "အဘွားရော မှတ်မိလား မှတ်မိရင် ပြောပြပါအဘွားဆိုတော့"..အဘွားအိုက "အင်း မှတ်တော့ မှတ်မိပါတယ် ငါ့တူရယ်
ဒါပေမယ့်ပြောရမှာ ကြောက်ပါတယ်"..စစ်ဗိုလ်ကြီးက "အာ..အဘွား ဘာမှမကြောက်နဲ့  ကျနော်တို့  ရှိတယ်.ပြောမှာသာပြော ဆိုတော့..အဘွားအိုကသူ့ ရှေ့မှာ မြင်နေရတဲ့
ဗိုလ်ကြီးလက်ထဲက သေနတ်ကြီးကို လက်ညှိုးထိုးပြီး" အဘွား မှတ်မိတာကတော့ ဟော့ဒီထုံးရာ ပါတဲ့ သေနတ်ကြီးပါပဲကွယ်...ဟီးဟီး"
ငယ်ငယ်ကကြားဖူးမိသောဟာသလေးပါ

Saturday, 21 September 2013
သနားစရာကလေးငယ်

တစ်ဆက်ထဲဖြစ်လျှက်နှာခမ်းကွဲကာမွေးဖွားလာခဲ့ ကြောင်းသိရပါတယ်။
ကလေးငယ်နှင့်မိခင်အားကျွန်းစုမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ ခဲ့ ရာ ကလေးငယ်အားစက်တင်
ဘာလ(၂၁)ရက်နေ့ ထိအောက်ဆီဂျင်ပေးထား၍အသက်ရှင်လျှက်ရှိပါတယ်။
တနင်းင်္သာရီသားရဲ့ သတင်းဖြစ်ပါတယ်။
အောင်ဇေယျတံတားအဆင်းမှဘရိတ်ပေါက်ကား

မစ်ဆူဘီရှီ ကန်တာ (Canter) ငါးသယ်ယာဉ်သည် လှိုင်သာယာမြို့နယ်ဘက်မှ အောင်ဇေယျတံတားအတိုင်း မောင်းနှင်လာပြီး အင်းစိန်မြို့နယ်ဘက် တံတားအဆင်းတွင် တစ်ဖက် ယာဉ်ကြောသို့ ရောက်ရှိသွားကာ လမ်းလျှောက်နေသူ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦးတို့ကို တိုက်မိသွားကြောင်း၊ ယာဉ်သည် ဆက်လက် အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ သစ်ပင်တစ်ပင်ကို ထပ်မံတိုက်မိခဲ့ကြောင်း မျက်မြင် တွေရှိခဲ့သူ အသက် ၂၅ နှစ်အရွယ် အမျိုးသား တစ်ဦးက The Voice သို့ ပြောကြားသည်။
“ကားပေါ်ကနေ ပြုတ်ကျတဲ့ ငါးတွေကော၊ လူတွေကော ပြန့်ကျဲနေတာပဲ။ ဆုံးသွားတဲ့ အမျိုးသားက သူ့အမျိုးသမီးနဲ့ ဈေးသွားနေတဲ့ အချိန်မှာ ခုလိုတိုက်မိတာ။ ကျန်တဲ့ နှစ်ယောက်ကတော့ ပွန်းပဲ့ရုံ လောက်ပဲ” ဟု ၎င်းက ပြောကြားသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် လှိုင်သာယာမြို့နယ်တွင်နေသူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး သေဆုံးသူ၏ ဇနီးနှင့် လှိုင်သာယာမြို့နယ်တွင်နေသူ အမျိုးသမီးတစ်ဦး၊ အင်းစိန်ကမ်းနားတွင် အလုပ်ဆင်းမည့် ကုန်ထမ်းသမား တစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း အင်းစိန်မြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့စု အမှတ် (၁၄) မှ တာဝန်ရှိသူများ၏ ကနဦး စစ်ဆေးချက်များအရ သိရှိရသည်။
ယာဉ်တိုက်ခံရသူ လေးဦးအနက် အသက် ၅၀ နှစ်ခန့်အရွယ် အမျိုးသားတစ်ဦးသည် ဆေးရုံ အရောက်တွင် သေဆုံးခဲ့ပြီး ကျန်သုံးဦးကို အင်းစိန် ပြည်သူ့ဆေးရုံသို့ ပိုဆောင် ကုသနေကြောင်း အဆိုပါ ယာဉ်ထိန်းရုံးထံမှ သိရှိရသည်။
လူလေးဦးကို ဝင်တိုက်သည့် ငါးသယ်ယာဉ်မောင်းကို ဖမ်းမိထားပြီး (ပ) ၁၀၉/၁၃၊ ပြစ်မှု ၃၀၄(က)၊ ၃၃၈၊ ၂၇၉ တို့ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အဆိုပါ တပ်ဖွဲ့စုရုံးထံမှ သိရှိရသည်။
The voice မှယူလာတာပါ။
Tuesday, 27 August 2013
ယနေ့ ခေတ်လူငယ်များနှင့် ရိုင်းလာသော စကားများ
ကျနော့
မိတ်ဆွေတွေနဲ့  အွန်လိုင်းပေါ်က ညီငယ် ၊ညီမငယ်တွေကို ပြောချင်တာလေးရှိလို့ 
အလုပ်နားထားတုန်း၊အွန်လိုင်းပေါ်မှာဖြစ်ပျက်နေတာ၊အမြင်မတော်တာတွေနေမြင်နေရ၊ကြားနေရလို
့ ကျနော့ အယူဆကို သူငယ်ချင်းတွေနဲ့ ဆွေးနွေးတဲ့ ပုံစံလေး တင်ပြချင်ပါတယ်။
ပထမဆုံး ပြောချင်တာကတော့ ယနေ့  လူငယ်နဲ့ လူလတ်တွေ တချို့ လူကြီးတွေတောင်ပါ ပါတယ်.. စကားပြောတာ ၊ဖေ့ဘုတ်မှာ စကားလုံးရိုင်းတွေသုံးပြီ ကွန်မန်းနဲ့ ပိုစ့်တွေမှာရေးလာ ၊ပြောလာကြတာ ဖတ်နေ ၊တွေ့ နေရလို့ .အထူးသဖြင့် ယနေ့ လူငယ်တွေပေါ့.... လူငယ်တွေ စကားပြောတာမှာ ယဉ်ကျေးတဲ့ မြန်မာလူမျိုးလို့  ပြောရမှာတောင် ရှက်စရာ ၊ပြောတဲ့စကားတွေဟာ ရိုင်းစိုင်းလာတာပဲ။ အဓိကကတော့ မိဘတွေ သွန်သင်ဆုံးမမှု လိုတယ်လို့  ပဲထင်တယ်၊ နောက်တစ်ချက်က ဗွီဒီယိုနဲ့ သီချင်းတွေကနေ အတုယူကြတာ ၊လူငယ်ချင်း ပြတ်သားတဲ့ စတိုင်လ်မျိုးလုပ်ယူရာက အခြားတစ်ယောက်က အတုယူ အဲ့လိုနဲ့ နောက်တစ်ယောက် .ခုလိုစရိုက်မျိုးတွေ ပေါ်လာတဲ့လို့  ကျနော်ထင်တယ်..
လူငယ်တော်တော်များများ ကိုယ့်ထက် အသက်ကြီးသူ ၊ရိုသေထိုက်သူ မသိတော့ဘူး ပြောတဲ့စကားက ကိုယ်သာဖို့  ကိုယ်နိုင်ဖို့ ပဲ အဓိကထားတယ်။အဆိုးဆုံးနဲ့  အများဆုံးကြားနေ မြင်နေရတဲ့ စကားလုံးကတော့ မြန်မာ့စကားမှာ အရိုင်းဆုံးဖြစ်တဲ့ “စောက်” ဆိုတဲ့ စကားလုံးပဲ။ လူငယ်ချင်း ပြောတာတောင် နားထောင်ရတာ နားထဲမှာကန့် လန့် ဖြစ်တာ ကိုယ့်ထက် အသက်ကြီးတဲ့သူတွေကိုပြောရင်နားထဲမှာ ကြားရတာ အရမ်းကို ဆိုးဝါးပါတယ်.. ခုလူငယ် ဟစ်ဟော့ သီချင်းစာသားတွေမှာ စောက်ဆိုတဲ့စာသားကို လှိုင်လှိုင်သုံးစွဲပြီးရေးနေတာ လူငယ်တွေကြား စရိုက်ဆိုးတွေဖြစ်အောင် တွန်းပို့ နေသလိုပါပဲ..ဟိုအရင်က စောက်ဆိုတဲ့စကားမျိုးသုံး ချင် တဲ့သူတောင် စာက်ကို တိုက်ရိုက်မသုံးပဲ “သောက် “ ဆိုတဲ့ စကားလိုမျိုးခံသုံးတယ်..ဒါလည်းမကောင်းပါဘူး ။စောက် ဆိုတော့ပိုဆိုးတာပေါ့ဗျာ..။ မြန်မာ ဗွီဒီယိုတွေထဲမှာလည်း ခုနောက်ပိုင်း ဒီစကား အရမ်းသုံးလာတယ်. မင်းသမီး စိုးမြတ်သူဇာ အမြဲသုံးတယ် ၊သူ့ ကိုယ်သူတော့ ထက်တယ်ဆိုတဲ့ ပုံမျိုး ၊ဒါပေမယ့် သူ့ ကို အတုခိုးတဲ့ လူငယ်တွေ မှာရိုင်းကုန်ရော..၊နှုတ်ထွက်စကားဟာကိုယ်ဘယ်အဆင့်တန်းရှိတယ်ဆိုတာကို ဖော်ပြနေသလိုပဲ။ မြန်မာစကားတွေထဲမှာ ရိုင်းတဲ့ စကားပုံတွေ အများကြီးရှိသေး တယ်.ဒီစကားပုံတွေကို အရင်က ယောကျာင်္းလေးတွေသာ သုံးနေကြပေမယ့် ခုခေတ် မိန်းကလေးတွေ တော်တော် များများ သုံးလာကြတယ်။ မူရင်း အဓိပ္ပာယ်ကို မသိလို့  သုံးတဲ့သူများမယ်လို့ ထင်ပါတယ်. ဒီစကားပုံတွေဟာ..မိန်းကလေးတွေတင် မကပါဘူး ယဉ်ကျေးတဲ့ လူငယ်တိုင်း မသုံးသင့်တဲ့ စကားပုံတွေပါ.. ဘာတွေလည်း “ တလွဲ ဆံပင်ကောင်း “ သူ့ အဓိပ္ပာယ်ကတော့ သိတဲ့သူများ မှာပါ..မသိလို့ သုံးတဲ့သူတွေ သိအောင် ပြောရရင် .ဆံပင်လို အမွှေးက ကောင်းသင့်တဲ့ ခေါင်းလိုနေရာမှာ မကောင်းပဲ မလိုတဲ့ အောက်ပိုင်းမှာ ကောင်းနေလို့  သုံးတဲ့ စကားပုံ.. နောက်တခု... ဖင်ခေါင်းကျယ်..တိုက်ရိုက်သိတဲ့ အဓိပ္ပာယ်ပါ..သိသိကြီးနဲ့  မိန်းကလေးတွေ ပါသုံးနေကြတယ်..မရှက်ကြလို့ လား.သူသူငှာငှာ သုံးနေလို့ ရှက်ရမှန်း မသိတော့လား။
နောက်တခုကတော့ တချို့ လူငယ်တွေ ရိုင်းရိုင်းသုံးစကားတမျိုးပါ..မိဘ ၊သူဌေး ကိုယ့်ထက် ဂုဏ်ကြီးတဲ့ သူက ပြောဆို ဆုံးမပြီးတဲ့အခါ ၊ဆူပြီးတဲ့အခါ သူငယ်ချင်းတွေကို ပြန်ပြောတဲ့ စကားက အဘိုးကြီး နား -ိုးနေလို့ ၊ သူဌေးက နား တော်တော် -ိုးတယ်။ဒီ မလေးမှာ မြန်မာတွေ တော်တော်လေး သုံးကြတယ် ၊ပြောချင်တဲ့ စကားထိပေမယ့် ဒီစကားမျိုး လူကြား ထဲထွက်ရဲတဲ့သူကို ဘယ်သူမှ အထင်မကြီးတာတော့ အမှန်ပါ။
လိမ္မာယဉ်ကျေးတဲ့ လူငယ်တွေလည်း ရှိပါတယ်..ဒါပေမယ့် ရိုင်းတဲ့သူတွေ များလာလို့  ဖေ့ဘုတ်ပေါ်နဲ့ အပြင်မှာရော ရိုင်းတဲ့စကားတွေကို ခေတ်စကားတခုလို ယူဆလာတဲ့ သူငယ်ချင်း ညီငယ် ၊ညီမငယ်တွေတွက် ကျနော့ အယူဆ ခံစားချက်ကို တင်ပြလိုက်တာပါ။
ကျနော်တို့ ငယ်ငယ်က သူငယ်တန်း မြန်မာစာဖတ်စာမှာ သင်ခဲ့ရတဲ့ ကဗျာ လေးကို ရွတ်ရင်းအားလုံး ပျော်ရွင်ကြပါစေ.......
တစ်ယောက်စကား ၊ တစ်ယောက်နားမှာ
မခါးရအောင် ၊ သတိဆောင်၍
မောင်တို့ ဆိုစေ ၊ ပျားသကာသို့  ချိုပါစေ

Tuesday, 30 July 2013
အူကျွံ ယောင်္ကျားလေး တစ်ဦးကိုပဲခူးတိုင်း ဒေသကြီး အတွင်း အောင်မြင်စွာ မွေးဖွား
ပဲခူးတိုင်းဒေသကြီးဒိုက်ဦးမြို့နယ်
ဖောင်တော်သီကျေးရွာ၌ မွေးစကတည်းက အူကျွံရောဂါဖြစ်ပွားကာ အူများ
ဝမ်းဗိုက်အပြင်ဘက်၌ ကပ်လျက်ပါရှိလာသည့် ကလေးငယ်တစ်ဦးကို ကျေးရွာ
ကျန်းမာရေးအထောက် အကူ ပြုအဖွဲ့ဝင်တစ်ဦးမှ အန္တရာယ်ကင်းရှင်းစွာ
မွေးဖွားပေးနိုင်ခဲ့သည်ဟု သိရှိရသည်။
အဆိုပါကလေးမိခင်မှာ ဒေါ်စုကြည် အသက် (၂၂) နှစ်ဖြစ်ပြီး ကလေးငယ်ကို ဇူလိုင်လ(၂၈)ရက် နံနက် (၉း၄၅)မိနစ်၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ကလေး၏ ဖြစ်ရပ်မှာ ပုံမှန်မဟုတ်သည့်အတွက် လိုအပ်သည် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်မွေးဖွားပေးခဲ့ရကြောင်း ကျေးရွာ ကျန်းမာရေးဝန်ထမ်းထံက သိရသည်။
“ လူနာက မွေးဖွားဖို့ အဆင်သင့်ဖြစ်နေတာကို တွေ့ရတော့ လိုအပ်တာတွေညွှန်ကြားပြီး ကျေးရွာ ကျန်းမာ ရေးမှူး ဒေါ်စောသန္တာဆီကို အကြောင်းကြားခဲပါတယ်၊ ဆရာမကြီး လာကြည့်တော့ သူလည်းတစ်ခါမှ မတွေ့ကြုံဖူးတဲ့ ဖြစ်ရပ်မျိုးဖြစ်နေတာကြောင့် ဆရာမကြီးကိုယ်တိုင် အံ့သြသွားတယ် " ဟု ကျေးရွာ ပြည်သူ့ ကျန်းမာရေး အထောက်အကူပြုအဖွဲ့ဝင် ဦးလှဦးက ပြောသည်။
အဆိုပါကလေးငယ်ကို ကျေးရွာဆေးခန်း၌ အပတ်စဉ်ပြသခဲ့ကြောင်း အဆိုပါ ကလေးမွေးဖွားမှုနှင့်
ပက်သက်၍ ကျေးရွာကျန်းမာရေး ဌာနမှကျန်းမာရေးမှူးနှင့် ကျေးရွာကျန်းမာရေး အထောက်အကူပြု အဖွဲ့များ ၊ ကျေးရွာလူမှုအဖွဲ့အစည်းများနှင့် ကျေးရွာနေ ပြည်သူများ၏ ထောက်ပံ့ငွေများဖြင့် ပဲခူးတိုင်းဆေးရုံကြီးကိုပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည် ။
" အခုလို မွေးဖွားမှုဖြစ်ရပ်မျိုးကို တစ်ခါမှ မတွေ့ခဲ့မိပါဘူး၊
ပြီးတော့ ကျေးရွာအထောက်အကူပြု
အဖွဲ့ဝင် တစ်ဦးကနေ ဒီလိုမျိုး မွေးဖွားပေးနိုင်ခဲ့တာဟာလည်း ချီးကျူးစရာပါပဲ” ဟု ကျေးရွာကျန်းမာရေးမှူး ဒေါ်စောသန္တာ က ပြောသည်။
အဆိုပါဖြစ်ရပ်မှာ မွေးရာပါ အူကျွံရောဂါဖြစ်ကြောင်း ဆရာမကြီးက ယခုကဲ့သို့ဆိုသည်။
“ ကလေးရဲ့မွေးဖွားခါစ ဖြစ်ပေါ်တဲ့ လက္ခဏာ တွေဖြစ်တဲ့ ကိုယ်လက်လှုပ်ရှားမှု ၊ ငိုကြွေးခြင်း စတာအပြင်
အင်္ဂါ အစိတ်အပိုင်း အားလုံးကောင်းမွန်စွာပါရှိပြီး
အူတွေ တစ်မျိုးတည်း ချက်ကြိုးအနီးကနေ ၀မ်းဗိုက်ရဲ့ အပြင်ဘက်ကို
ရောက်ရှိနေတာ တွေ့ရတယ် .... ကလေးရဲ ဖြစ်ရပ်က ထူးဆန်းနေပြီး
ဆေးရုံတင်ဆေးဝါးကုသရမှာမို့လို့
မိသားစုကလည်း အတော်ကို ဆင်းရဲနွမ်းပါးကြတယ် .... ဒါနဲ့ ကျွန်မကိုယ်တိုင်
အလှူငွေ တစ်သောင်း စတင်ထည့်ဝင်ပြီး ကျေးရွာအဖွဲ့စည်းများ ၊
အများပြည်သူများမှ အလှူငွေ ကောက်ခံပြီးပဲခူးတိုင်းဒေသကြီး ဆေးရုံကြီးကို အချိန်မီ ပို့ဆောင်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ခဲ့ပါတယ် " ဟု ကျေးရွာ
ကျန်းမာရေးမှူး ဒေါ်စောသန္တာက ဆက်ပြောသည်။
ကျေးရွာကျန်းမာရေးမှူး၏ စီစဉ်ညွန်ကြားချက်နှင့်ကလေးအား ဇူလိုင်လ(၂၈)ရက်နေ့ ညနေ(၃)နာရီခန့်က ပဲခူးဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်ဟု လူနာစောင့်အမျိုးသမီးက ယခုကဲ့သို့ဆိုသည်။
“ ကလေးကယောကျာင်္းလေး ဆေးရုံကြီး ကို ရောက်တဲ့ အချိန်ထိ အဒေါ်လက်ပေါ်မှာပဲ နွေးနွေးထွေးထွေးရှိနေခဲ့ပါတယ်။ ဟိုရောက်တော့ စမ်းသပ်ခန်းမှာ စမ်းသပ်ပြီး ဆရာဝန်ကြီးတွေကပါ အံသြနေကြတယ် ....
ကလေးကို ရန်ကုန်ကလေးဆေးရုံကြီးကို ညနေ 6 နာရီ ခန့် က လွှဲပြောင်းပေးခဲ့တဲ့ အထိပဲ သိရပါသေးတယ် " ဟု အိမ်နီးချင်းဖြစ်သည် ဒေါ်ဝင်းသန်းက ပြောသည်။
အဆိုပါ ကလေးငယ်၏ ထူးခြားဖြစ်ရပ်မှာ ပဲခူးတိုင်းဒေသကြီးအတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ကလေး၏ အသက်အန္တရာယ် စိုးရိမ်စရာ မရှိသေးကြောင်း ၊ လူမှုရေးအဖွဲ့အစည်းများမှ ထောက်ပံ့လှူဒါန်း ငွေများ လိုအပ်လျက်ရှိပြီး ရန်ကုန်တိုင်း ကလေးဆေးရုံကြီးမှလည်း ခွဲစိတ်မှု အောင်မြင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု သိရှိရသည်။
မြင့်ထွန်း-ပဲခူးတိုင်း(မြစ်မခ) /မြန်မာခရိုနီကယ်
ဖေ့ဘုတ်မှကူးလာတာပါ။
အဆိုပါကလေးမိခင်မှာ ဒေါ်စုကြည် အသက် (၂၂) နှစ်ဖြစ်ပြီး ကလေးငယ်ကို ဇူလိုင်လ(၂၈)ရက် နံနက် (၉း၄၅)မိနစ်၌ မွေးဖွားခဲ့ခြင်းဖြစ်ပြီး ကလေး၏ ဖြစ်ရပ်မှာ ပုံမှန်မဟုတ်သည့်အတွက် လိုအပ်သည် ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်မွေးဖွားပေးခဲ့ရကြော
“ လူနာက မွေးဖွားဖို့ အဆင်သင့်ဖြစ်နေတာကို တွေ့ရတော့ လိုအပ်တာတွေညွှန်ကြားပြီး ကျေးရွာ ကျန်းမာ ရေးမှူး ဒေါ်စောသန္တာဆီကို အကြောင်းကြားခဲပါတယ်၊ ဆရာမကြီး လာကြည့်တော့ သူလည်းတစ်ခါမှ မတွေ့ကြုံဖူးတဲ့ ဖြစ်ရပ်မျိုးဖြစ်နေတာကြောင်
အဆိုပါကလေးငယ်ကို ကျေးရွာဆေးခန်း၌ အပတ်စဉ်ပြသခဲ့ကြောင်း အဆိုပါ ကလေးမွေးဖွားမှုနှင့်
ပက်သက်၍ ကျေးရွာကျန်းမာရေး ဌာနမှကျန်းမာရေးမှူးနှင့် ကျေးရွာကျန်းမာရေး အထောက်အကူပြု အဖွဲ့များ ၊ ကျေးရွာလူမှုအဖွဲ့အစည်းများ
" အခုလို မွေးဖွားမှုဖြစ်ရပ်မျိုးကို
ပြီးတော့ ကျေးရွာအထောက်အကူပြု
အဖွဲ့ဝင် တစ်ဦးကနေ ဒီလိုမျိုး မွေးဖွားပေးနိုင်ခဲ့တာဟာလည်
အဆိုပါဖြစ်ရပ်မှာ မွေးရာပါ အူကျွံရောဂါဖြစ်ကြောင်း ဆရာမကြီးက ယခုကဲ့သို့ဆိုသည်။
“ ကလေးရဲ့မွေးဖွားခါစ ဖြစ်ပေါ်တဲ့ လက္ခဏာ တွေဖြစ်တဲ့ ကိုယ်လက်လှုပ်ရှားမှု ၊ ငိုကြွေးခြင်း စတာအပြင်
အင်္ဂါ အစိတ်အပိုင်း အားလုံးကောင်းမွန်စွာပါရြှိ
ကျန်းမာရေးမှူး ဒေါ်စောသန္တာက ဆက်ပြောသည်။
ကျေးရွာကျန်းမာရေးမှူး၏ စီစဉ်ညွန်ကြားချက်နှင့်ကလေး
“ ကလေးကယောကျာင်္းလေး ဆေးရုံကြီး ကို ရောက်တဲ့ အချိန်ထိ အဒေါ်လက်ပေါ်မှာပဲ နွေးနွေးထွေးထွေးရှိနေခဲ့ပါ
ကလေးကို ရန်ကုန်ကလေးဆေးရုံကြီးကို ညနေ 6 နာရီ ခန့် က လွှဲပြောင်းပေးခဲ့တဲ့ အထိပဲ သိရပါသေးတယ် " ဟု အိမ်နီးချင်းဖြစ်သည် ဒေါ်ဝင်းသန်းက ပြောသည်။
အဆိုပါ ကလေးငယ်၏ ထူးခြားဖြစ်ရပ်မှာ ပဲခူးတိုင်းဒေသကြီးအတွင်း ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ ကလေး၏ အသက်အန္တရာယ် စိုးရိမ်စရာ မရှိသေးကြောင်း ၊ လူမှုရေးအဖွဲ့အစည်းများမှ ထောက်ပံ့လှူဒါန်း ငွေများ လိုအပ်လျက်ရှိပြီး ရန်ကုန်တိုင်း ကလေးဆေးရုံကြီးမှလည်း ခွဲစိတ်မှု အောင်မြင်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟု
မြင့်ထွန်း-ပဲခူးတိုင်း(မြစ
ဖေ့ဘုတ်မှကူးလာတာပါ။
စပိန်နိုင်ငံမီးရထားလမ်းချော်မှု့ဖြစ်ပွား
စပိန်နိုင်ငံ၊မက်ဒရစ်မြို့တော်မှဖာရိုးမြို့သို့ခုတ်မောင်းသည့်အမြန်ရထားတစ်စီးလမ်းချော်တိမ်းမှောက်
မှု့ကြောင့်ခရီးသည်(၇၇)ဦးခန့်သေဆုံးပြီး(၁၃၀)ခန့် ဒဏ်ရာရရှိခဲသည်။ရထားမှာသတ်မှတ်မိုင်နှုန်းခန့်
၃ဆပိုမိုမောင်းနှင်ခဲ့ သည်ဟုဆိုသည်။
မှု့ကြောင့်ခရီးသည်(၇၇)ဦးခန့်သေဆုံးပြီး(၁၃၀)ခန့် ဒဏ်ရာရရှိခဲသည်။ရထားမှာသတ်မှတ်မိုင်နှုန်းခန့်
၃ဆပိုမိုမောင်းနှင်ခဲ့ သည်ဟုဆိုသည်။
လျှပ်စစ်မိုးပျံရထားအားကရင်ပြည်နယ်ဇွဲကပင်တောင်တွင်တည်ဆောက်မည်
မလေးရှားနိုင်ငံအခြေစိုက်ကုပ္မဏီတစ်ခုမှကရင်ပြည်နယ်ဇွဲကပင်တောင်ပေါ်ရှိဇွဲကပင်ဆံတော်ရှင်စေတီတော်
ကိုလွယ်ကူစွာဖူးမျှော်နိုင်ရန်နှင့်နိုင်ငံခြားသားခရီးသွားများအားဆွဲဆောင်နိုင်ရန်လျှပ်စစ်မိုးပျံရထားအား
မြန်မာနိုင်ငံတွင်ပထမဆုံးတည်ဆောက်မည်ဖြစ်သည်။
၎င်း စီမံကိန်းကိုမြန်မာနိုင်ငံမှအင်ဂျင်နီယာများနှင့်ပူးပေါင်း၍မလေးရှားမှပညာရှင်များမှလာရောက်ဆောင်
ရွက်ပေးမည်ဖြစ်ကြောင်းနှင့်အမေရိကန်ဒေါ်လာ(၂၂)သန်းခန့်ကုန်ကျမည်ဟုခန့်မှန်းထားကြောင်း၊စီမံ
ကိန်းအားတစ်နှစ်ခွဲအတွင်းအပြီးတည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

Wednesday, 17 July 2013
Thursday, 11 July 2013
မိုးညည်းထန်မှု့ကြောင့်တရုတ်တွင်လူ(၄၀)ဦးထက်မနည်းပျောက်ဆုံးနေ
တရုတ်နိုင်ငံစီချွမ်ပြည်နယ်တွင်ဇူလိုင်(၉)ရက်နေ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့်မြေပြိုမှု့များဖြစ်ပွားပြီး
လူ(၄၀)ထက်မနည်းပျောက်ဆုံးနေကြောင်းသိရသည်။
လူ(၄၀)ထက်မနည်းပျောက်ဆုံးနေကြောင်းသိရသည်။
သနားစရာကလေးငယ်
တောင်ငူမြို့တွင် ခေါင်းမပါသောမိန်းခလေးတစ်ဦးမွေးဖွား
ပဲခူးတိုင်းဒေသကြီး၊တောင်ငူမြို့တွင် ဇူလိုင် ၉ ရက်နေ့နံနက် ၉ နာရီ ၅၀
မိနစ်အချိန်က ခေါင်းပိုင်း ၃ ပုံ ၂
ပုံခန့်မပါသောကလေးတစ်ဦးမွေးဖွားခဲ့ကြောင်းသိရှိရသည်။
အဆိုပါကလေးသည်တောင်ငူမြို့ ၁၉ ရပ်ကွက်နေ့
ကိုအောင်ကိုဝင်း၊အသက်(၂၈)နှစ်၊ဇနီးမနှင်းဝတ်ရည် အသက် ၂၅
နှစ်၊တို့၏ပထမဆုံး
သားဦးဖြစ်သည်။မနှင်းဝတ်ရည်မှတောင်ငူမြို့ပြည်သူ့ဆေးရုံကြီးတွင်ခွဲ
စိတ်မွေးဖွား ခဲ့ပြီးကိုယ်အလေးချိန် ၅ ပေါင် ၄ အောင်စရှိ
မိန်းခလေးဖြစ်ပြီး လတ်တလောတွင် အသက်ရှင် လျှက်ရှိရာ
တောင်ငူမြို့ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံကြီးမှဒေါက်တာ ဒေါ်စန္ဒာ
မြင့်မှအနီးကပ်ကြီးကြပ်ကုသစောင့်ရှောက်လျှက်ရှိကြောင်းသိရှိရသည်။
ဇော်လွင်(တောင်ငူ)
ပဲခူးတိုင်းဒေသကြီး၊တောင်ငူ
မိနစ်အချိန်က ခေါင်းပိုင်း ၃ ပုံ ၂
ပုံခန့်မပါသောကလေးတစ်ဦးမွေ
အဆိုပါကလေးသည်တောင်ငူမြို့ ၁၉ ရပ်ကွက်နေ့
ကိုအောင်ကိုဝင်း၊အသက်(၂၈)နှ
နှစ်၊တို့၏ပထမဆုံး
သားဦးဖြစ်သည်။မနှင်းဝတ်ရည်
စိတ်မွေးဖွား ခဲ့ပြီးကိုယ်အလေးချိန် ၅ ပေါင် ၄ အောင်စရှိ
မိန်းခလေးဖြစ်ပြီး လတ်တလောတွင် အသက်ရှင် လျှက်ရှိရာ
တောင်ငူမြို့ပြည်သူ့ဆေးရြုံ
မြင့်မှအနီးကပ်ကြီးကြပ်ကုသေ
ဇော်လွင်(တောင်ငူ)
Sunday, 7 July 2013
ဗုဒ္ဓဂယာဗုံးပေါက်ကွဲမှု့
ဗုဒ္ဓဂယာတွင်ယ
နေ့  နံ နက် ၅ နာ ရီ နှင့် ၆ နာ ရီကြား တွင် ဗုံး ၅ လုံး ပေါက် ကွဲ ဟု သ
တင်း ရ ရှိ ထို ပေါက် ကွဲ မှု ကြောင့် မြန်မာစာသင်သားရဟန်း၃ ပါးထိ ခိုက်
ဒဏ်ရ ဟု သိရ။ တရားခံမမိသေး ။
ပေါက်ကွဲခဲ့သညိ့နေရာများမှာ ဗော ဓိ ပင် ခြေ ရင်း မှာ နှစ် လုံး
အနိမိဿခေါ် တဲ့ အ ရှေ့ မြောက် ဘက်မှာ တစ် လုံး
ရ တ နာ ဂယ မှာ တစ် လုံးဂျ ပန် ဘု ရား မှာ တစ် လုံး ဖြစ် ကြောင်း သိ ရ သည် ။
ဗုဒ္ဓဂယာ၊ ဇွန် ၇
ဇွန်လ(၇)ရက် နံနက်တွင် အန္ဒိယနိုင်ငံအရှေ့ဘက်ဗုဒ္ဓဂယာဝင်းအတွင်းရှိ မဟာဗောဓိစေတီအနီးတွင်ယနေ့နံနက်က
(အန္ဒိယစံတော်ချိန် ၅ နာရီ ၁၅မိနစ်ခန့်) ဗုံးဆက်တိုက်ပေါက်ကွဲမှုများဖြစ်ပွားခဲ့ခြင်းကြောင့်ဗုဒ္ဓဘာသာဘုန်းတော်ကြီး ၂ ပါး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ကြောင်းသိရသည်။
"ဒီမနက်အစောပိုင်းမှာ ပေါက်ကွဲအားနည်းတဲ့ ဗုံး ၈
လုံးဆက်တိုက်ပေါက်ကွဲခဲ့ပြီး ၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်" ဟု ရဲတပ်ဖွဲ့
အကြီးတန်းအရာရှိ S.K. Bharadwaj ကပြောသည်။ပေါက်ကွဲမှုကြောင့် သက်တော် ၅၀
အရွယ် တိဘက်ဘုန်းတော်ကြီး တစ်ပါးနှင့် သက်တော် ၃၀ အရွယ် မြန်မာ
ဘုန်းတော်ကြီး တစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ယင်းကပြောသည်။
ထို့အပြင် ဗုဒ္ဓဂယာဝင်းအတွင်း အခြားဗုံး ၂ လုံးကိုလည်း ရှာဖွေတွေ့ရှိပြီး ဖယ်ရှားနိုင်ခဲ့ပြီး တစ်လုံးမှာ ညဏ်တော် အမြင့် ပေ
၈၀ ခန်ရှိသော ဗုဒ္ဓဆင်းတုတော်အနီးတွင် ထောင်ထားခြင်းဖြစ်သည်ဟု S.K. Bharadwaj က ဆိုသည်။
" မဟာဗောဓိညောင်ပင်ကိုတော့ ဘာမှ ထိခိုက်မှုမရှိပါဘူး "ဟု ဘိုင်ဟာပြည်နယ်ရဲတပ်ဖွဲ့ ရဲမှုးကြီးAbhayanand ကပြောသည်။
အန္ဒိယနိုင်ငံ ၀န်ကြီးချုပ် မန်မို ဟန်ဆင်းကလည်း ယူနက်စကို၏ ကမ္ဘာရှေးဟောင်းအမွေအနှစ်ဒေသဖြစ်သောဗုဒ္ဓဂယာဝင်းအတွင်း
ဗုံးခွဲလုပ်ကြံမှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး "ဘာသာရေးအမွေအနှစ်နေရာများကို
တိုက်ခိုက်လာခြင်းအား လုံးဝ သည်းခံနေမည်မဟုတ်" ဟု သတိပေးလိုက်ကြောင်း
ဒေသတွင်း သတင်းစာ the Press Trust of India က ရေးသားဖြော်ပြထားသည်။
အန္ဒိယနိုင်ငံပြည်ထဲရေးဝန်ကြီးဌာန
အကြီးတန်း အရာရှိ Anil Goswami က ယင်းလုပ်ရပ်အား အကြမ်းဖက်မှုတစ်ရပ်ဟု
ဆိုသော်လည်း အကြမ်းဖက်ဖောက်ခွဲမှုသည် မည်သည့်အဖွဲ့အစည်း၏ လက်ချက်ဆိုသည်ကို
မသိရသေးကြောင်း ဆိုသည်။ဗဟိုအစိုးရက ပေါက်ကွဲမှုဖြစ်ပွားရာ နေရာသို့
စုံစမ်းစစ်ဆေးရေးအဖွဲ့ ၂ ဖွဲ့စေလွတ်ထားသည်ဟုလည်း ယင်းကပြောသည်။
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဗုဒ္ဓဂယာဝင်းအတွင်း လုံခြုံရေး
အင်အားတိုးမြင့်ချထားပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဘုန်းတော်ကြီး ၂ ပါးအား
ဆေးရုံသို့ ပိုဆောင်ကာ ဆေးကုသမှု ခံယူစေခဲ့ကြောင်း ဒေသခံရဲအရာရှိ Bharadwaj
က ပြောသည်။
(အန္ဒိယစံတော်ချိန် ၅ နာရီ ၁၅မိနစ်ခန့်) ဗုံးဆက်တိုက်ပေါက်ကွဲမှုများဖြစ်
"ဒီမနက်အစောပိုင်းမှာ ပေါက်ကွဲအားနည်းတဲ့ ဗုံး ၈ လုံးဆက်တိုက်ပေါက်ကွဲခဲ့ပြီး ၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်" ဟု ရဲတပ်ဖွဲ့ အကြီးတန်းအရာရှိ S.K. Bharadwaj ကပြောသည်။ပေါက်ကွဲမှုကြောင့် သက်တော် ၅၀ အရွယ် တိဘက်ဘုန်းတော်ကြီး တစ်ပါးနှင့် သက်တော် ၃၀ အရွယ် မြန်မာ ဘုန်းတော်ကြီး တစ်ပါး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ယင်းကပြောသည်။
ထို့အပြင် ဗုဒ္ဓဂယာဝင်းအတွင်း အခြားဗုံး ၂ လုံးကိုလည်း ရှာဖွေတွေ့ရှိပြီး ဖယ်ရှားနိုင်ခဲ့ပြီး တစ်လုံးမှာ ညဏ်တော် အမြင့် ပေ
၈၀ ခန်ရှိသော ဗုဒ္ဓဆင်းတုတော်အနီးတွင် ထောင်ထားခြင်းဖြစ်သည်ဟု S.K. Bharadwaj က ဆိုသည်။
" မဟာဗောဓိညောင်ပင်ကိုတော့ ဘာမှ ထိခိုက်မှုမရှိပါဘူး "ဟု ဘိုင်ဟာပြည်နယ်ရဲတပ်ဖွဲ့ ရဲမှုးကြီးAbhayanand ကပြောသည်။
အန္ဒိယနိုင်ငံ ၀န်ကြီးချုပ် မန်မို ဟန်ဆင်းကလည်း ယူနက်စကို၏ ကမ္ဘာရှေးဟောင်းအမွေအနှစ်ဒေသဖြစ်
ဗုံးခွဲလုပ်ကြံမှုကို ပြစ်တင်ရှုတ်ချလိုက်ပြီး "ဘာသာရေးအမွေအနှစ်နေရာများကို တိုက်ခိုက်လာခြင်းအား လုံးဝ သည်းခံနေမည်မဟုတ်" ဟု သတိပေးလိုက်ကြောင်း ဒေသတွင်း သတင်းစာ the Press Trust of India က ရေးသားဖြော်ပြထားသည်။
အန္ဒိယနိုင်ငံပြည်ထဲရေးဝန်ကြီးဌာ
ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ဗုဒ္ဓဂယာဝင်းအတွင်း လုံခြုံရေး အင်အားတိုးမြင့်ချထားပြီး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် ဘုန်းတော်ကြီး ၂ ပါးအား ဆေးရုံသို့ ပိုဆောင်ကာ ဆေးကုသမှု ခံယူစေခဲ့ကြောင်း ဒေသခံရဲအရာရှိ Bharadwaj က ပြောသည်။
Subscribe to:
Posts (Atom)