စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Thursday 14 February 2013

မလေးရှား အစိုးရပိုင် rapid လိုင်းကားအသစ်များ အဆင့်ဆင့်ထုတ်လုပ်ပုံများ

မလေးရှား အစိုးရပိုင် ( rapid )လိုင်းကားများကို ကျနော်တို့  မလေးရှားရောက် မြန်မာနိုင်ငံသားမှ ကားအစဆုံး (အင်ဂျင်မပါ)  ကန်ထရိုက်ယူပြီး နောက်ဆုံး လိုင်းပေါ် ပြေးဆွဲလို့ ရသည် အထိ စဆုံး ပြုလုပ်နေကြတာ ကိုယ့်မြန်မာပြည်မှာဆိုလည်း ဒီလို လုပ်မယ်ဆို ရင် အစိုးရလည်းအစဉ်ပြေ ၊ ပြည်သူတွေလည်း လိုင်းကား အခက်အခဲတွေ ပြေပျောက်မှာပဲလို့  တွေးမိလို့  ကျနော်တို့  လက်ရှိလုပ်နေတဲ့ ကားထုတ်လုပ်ပုံ အဆင့်ဆင့်ကို ကိုယ့်မြန်မာတွေ ဗဟုသုတရစေဖို့  ဖော်ပြလိုက်ပါတယ်....

အဆင့်( ၁ ) အနေနဲ့  အောက်ဖော်ပြပါ အင်ဂျင်နဲ့ ချယ်စီ ကားတွေကို ဘေးအလူမီနီယံ ထောင်ပါတယ်





အဆင့် (၂ )အနေဖြင့် ဘေးဘော်ဒီ အလူမီနှီယံထောင်ထားပြီးကားများအား အတွင်းပိုင်း ဖိုက်ဘာ တပ်စဉ်ပါတယ် (၎င်း ဖိုက်ဘာများအား စာရေးသူ တာဝန်ယူ တပ်စဉ်ပါတယ်)

အဆင့် ( ၃) ဖိုက် ဘာတပ်စဉ်ပြီး ကားများအား အောက်ခံပျဉ်ခင်းသူမှ ပျဉ်းမှ အကြမ်းထည် ခင်းပါတယ်

အဆင့် ( ၄ ) မှာတော့ ပျဉ်းခင်းပေါ်မှာ ကတ္တီပါ အချောထည်ခင်း၊ဘေးအတွင်းအလှူမီနီယံတွေတပ်စဉ်ပါတယ်



အဆင့် ( ၅ ) မှန် တပ်စဉ်ခြင်း ၊မီးလိုင်းလိုက်ခြင်း ၊ လက်ကိုင် တန်းတွေ တပ်ခြင်း ပြုလုပ်ပါတယ်

အဆင့် ( ၆ ) လူထိုင်ခုံများ ၊ ဒက်ဘုတ်နဲ့  ကားမီတာဒိုင်ခွက်များ တပ်စဉ်ပါတယ်..




အဆင့် ( ၇ )  အတွင်းပိုင်း ထိုင်ခုံနဲ့ အချောကိုင်လုပ်ငန်း လုပ်ကိုင်ပါတယ်


အဆင့် ( ၈ ) ဆေးမှုတ်ခံသို့ ဆေး မှုတ်၍ နောက်ဆုံး လိုင်းပေါ်ဆွဲဖို့  အစဉ်သင့်ကားတွေ အဆင့်သို့  ကျနော်တို့ မြန်မာနိုင်ငံသားများ ပြုလုပ်နေကြောင်း ဂုဏ်ယူစွာ ဗဟုသုတအနေဖြင့်ဖော်ပြလိုက်ပါတယ်..






No comments:

Post a Comment