စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Monday 18 February 2013

ပျဉ်းမနား မြို့နယ်၌ ဦးခေါင်း နှစ်လုံးနှင့် ထူးဆန်းသော နွားကလေး မွေး ဖွား

ပျဉ်းမနား မြို့နယ်၌ ဦးခေါင်း နှစ်လုံးနှင့် ထူးဆန်းသော နွားကလေး မွေး ဖွား

နေပြည်တော် ကောင်စီနယ်မြေ ပျဉ်းမနား မြို့နယ် ဥယျာဉ်စု အုပ်စု ဦးကျေးရွာတွင် ဦးခေါင်း နှစ်လုံးနှင့် ထူးဆန်းသော နွားကလေး မွေးဖွားကြောင်း ကြားသိရသည်။

ဖြစ်စဉ်မှာ ဥယျာဉ်စု အုပ်စု ဦးကျေးရွာတွင် နေထိုင်သော ဦးထွန်းနိုင်-ဒေါ်နီနီလွင်တို့ မွေးမြူ ထားသော နွားမကြီးမှ ဖေဖော်ဝါရီ ၁၅ ရက် ည ၁၁ နာရီက နွားမလေး တစ်ကောင် မွေး ဖွားသည်။ အဆိုပါ နွားမလေးသည် ထူးဆန်းစွာ ဦးခေါင်းနှစ်လုံး ပါပြီး မိခင်ဝမ်းမှ ပြင်ပသို့ ချောမောစွာ မွေးဖွားသန့်စင် ခဲ့သော်လည်း ၄၅ မိနစ်ခန့်တွင် သေဆုံး သွားကြောင်းနှင့် မွေး ဖွားပြီး ချိန်တွင် ဦးခေါင်း နှစ်လုံးစီတွင် ပါရှိသော နှာခေါင်း ပေါက်တို့မှ အသက်ရှူခဲ့ သည်ဟု ပိုင်ရှင်ဖြစ်သူ ဦးထွန်းထွန်းနိုင်-ဒေါ်နီနီလွင် တို့က ပြောကြား ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment