စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Friday 8 February 2013

ဦးပိန်အမှတ်တရ(ငှက်ဖြစ်ရတာမလွယ်ပါလား)

ဦးပိန်တံတားမှာလွတ်ခဲ့ တဲ့ ဇီးကွက်လေးတွေပါ
နေ့ ခင်းဖက်ဇီးကွက်လေးတွေသနားလို့ လွှတ်ပေးချင်တာနဲ့ 
တစ်ကောင်ဘယ်လောက်လဲမေးတော့(၃၅၀၀)တဲ့ ညဖက်မှ
အပြင်ထွက်တဲ့ အကောင်လေးတွေနေ့ ခင်းဖက်မှာမျက်စိသူငယ်
လေးတွေနဲ့ ကြည့်ရတာစိတ်မချမ်းသာလို့ တစ်ကောင်(၂၀၀၀)နဲ့ 
ဆစ်တယ်။နေ့ ခင်းဖက်ပျံတတ်ပါ့မလားဆိုတော့ရောင်းတဲ့ မိန်းမက
ပေါက်လေးဖွင့်ပြီးတစ်ကောင်နိုက်ထုတ်တော့တစ်ကောင်လွှတ်သွားပါရော
(ကျမစိတ်ထဲတော့ဝမ်းသာမိတယ်)သနားတာနဲ့ အကုန်လွှတ်ပေးဖို့ ဈေး
ဆစ်တယ်၊အားလုံး(၇)ကောင်ကျန်တယ်တစ်ကောင်(၂၀၀၀)နဲ့ (၇)ကောင်
(၁၄၀၀၀)နဲ့ အဲတာကိုအဲမိန်းမက(၈)ကောင်စာပေးပါလားတဲ့ ကျမလဲ
အမရယ်အမဘာသာလုပ်လို့ လွတ်သွားတာလေလို့ ဘာလို့ ကျမဆီတောင်းရတာလဲပေါ့
အခြေအတင်ဆစ်တော့တစ်ကောင်(၂၂၀၀)နဲ့ တည့်သွားတယ်။ဇီးကွက်လေးတွေက
ကြောင်တောင်၂နဲ့ ဘယ်ပျံလို့ ပျံရမှန်းမသိဖြစ်နေတယ်။လွှတ်ပြီးတော့ကျမလဲစိတ်ချမ်းသာ
ဝမ်းလည်းဝမ်းသာ၊ကြည်လဲကြည်နူးပေါ့၊အလယ်လောက်လဲရောက်ရောဇီးကွက်လေး
တစ်ကောင်ကတံတားဘောင်ပေါ်နားနေတယ်။ကျမတို့ လဲအတင်းနှင်ရတာပေါ့။ပြန်ဖမ်း
ခံရမှာဆိုးလို့ ပါ။အလည်နားရောက်တော့ရေဘဲလေးတွေဖမ်းပြီးပြန်ရောင်းတဲ့ ဈေးသည်
တွေ့ ပြန်ရောအဲတုန်းကသူ့ မှာရေဘဲတွေပဲရှိတာပါ။ကျမတို့ ဟိုဘက်ကလျှောက်ပြီးပြန်လာ
တော့သူ့ လှောင်ချိုင့်မှာဇီးကွက်လေးတစ်ကောင်တွေ့ ပါရော။ကျမလဲအံ့အားတသင့်နဲ့ 
ဟယ်တော့ငါတို့ လွှတ်ခဲ့ တဲ့ ဇီးကွက်လေးပါလားလို့ နှုတ်ကလွှတ်ခနဲ့ ပြောမိတယ်။
ဈေးသည်ကဘာပြန်ပြောတယ်မှတ်လဲ“အောင်မယ်ဇီးကွက်လွယ်လွယ်နဲ့ ဖမ်းလို့ ရတဲ့ 
အမျိုးများမှတ်နေလားတဲ့ ”ဒါဆိုခဏလေးအတောအတွင်းသူဘယ်လိုလွယ်၂နဲ့ ဖမ်းခဲ့ ပါလိမ့် 
ကျမပြန်ပြောချင်လိုက်တာဘေးကညီမလေးကမမရယ်တော်ပါတော့ဆိုလို့ စိတ်လျှော့ပြီးပြန်လာ
ခဲ့ တာစိတ်ထဲတနု့ံနုံ့ နဲ့ သူများလွှတ်လို့ လွတ်လပ်သွားတဲ့ အကောင်လေးကိုဘာလို့ များမုဒိတာ
မပွားနိုင်ရတာပါလိမ့် နော်။(၀မ်းရေးလား)ဘာကြောင့်ပါလဲ????
 

No comments:

Post a Comment