ကိုယ်တို့  နှစ်ယောက်တွေ့  မထင်မှတ်တဲ့ ကာလလေးမှာ အွန်လိုင်းပေါ်မှာ ချစ်စရာ ကောင်းတဲ့ ချစ်သူလေးနဲ့  တွေ့ ဆုံခဲ့ရတယ်..အွန်လိုင်း ကိုတီထွင်ခဲ့သူကို အရမ်းကို ကျေးဇူးတင်တယ်...ဒီလိုတွေ့ ဆုံခဲ့၇လို့  ပျော်ရွင်မှုတွေ၊ အထီးကျန်မှုတွေ ကို စိုပြေအေးချမ်း လာအောင် လုပ်ပေးနိုင်စွမ်းရှိတဲ့ ချစ်သူလေး အဲ့အတွက် ကျေးဇူးပါ ချစ်သူ........
တကမ္ဘာလုံးတောရောမြို့ ပါမကျန် ၊ နောက်ဆုံး တိရစ္ဆာန်တွေတောင် အွန်လိုင်းသုံးနေတဲ့ အချိန် ကို ကွန်ပျူတာဆိုတာ တီဗွီနဲ့ လက်နှိပ်စက် တွဲထားတာပဲထင်တာ


ကို အွန်လိုင်းပေါ်စသုံးကာစ ချက်တင် ဆိုတာ ဘာမှန်းမသိသေးတဲ့ အချိန်၊ တစ်နေ့  ကို့ သူငယ်ချင်း သင်ပေးလမ်းညွန် မှုနဲ့  ချစ်စရာကောင်းတဲ့ ချစ်သူလေး အကောင့်ကို ရခဲ့တယ်

ဒီလိုနဲ့  ၇က်ခြားလေးလိုင်းပေါ်မှာ တွေ့ ဆုံဖြစ်ခဲ့ကြတယ်...မင်းရဲ့ အသံ၊ မင်းပြောလေးတွေကို ကို ဘယ်လိုမှ ရှောင်တိမ်းလို့  မရတော့ဘူး..မင်းနဲ့ မတွေ့ ရရင် ဘ၀ဟာအဓိပ္ပာယ် မရှိတော့ သလို ခံစားရတယ် ။ အမြဲ လိုင်းပေါ်မှာ ချစ်သူလေး လာမယ့် အချိန်ကို ရင်ခုန်စွာနဲ့  စောင့်မျှော်ခဲ့ရတယ် ချစ်သူရယ်....

ချစ်သူလေး ကို့ အပေါ် ပြန်ချစ်လာ လိမ့်မယ်လို့  မမျှော်လင့်ရဲပါဘူး ချစ်သူရယ်. ...ဒါပေမယ့် လေ ကံကြမ္မာရဲ့  မျက်နှာသာပေးလို့  ချစ်သူလေး အချစ်ကို ရခဲ့တော့ကို့ လောက် ပျော်တဲ့သူ ဒီကမ္ဘာမှာ ရှိမယ် မထင်ဘူး ချစ်သူရယ်..အဲ့အတွက်လည်း ကျေးဇူးပါချစ်သူ...အဲ့ည ပျော်လွန်းလို့  သူငယ်ချင်းတွေနဲ့  ကတယ်