စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Saturday 10 March 2012

ဧပြီလ(၁)ရက် ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတမှု ရှိ၊ မရှိ သတင်းရယူ ဖော်ပြသွားမည်

အမျိုးသားပြန်လည်သင့်မြတ်ရေး ခရီးတွင် ခြေလှမ်းတစ်လှမ်းဖြစ်သော ကြားဖြတ်ရွေးကောက်ပွဲတွင် တရားမျှတမှု ရှိ၊ မရှိ စုံစမ်းရေးသား သတင်းရယူသွားမည်ဖြစ်ကြောင်း စာဖတ်ပရိသတ်များအား အသိပေးအပ်ပါသည်။ ယခုအပတ် မတ်လ ၁၀ ရက်နေ့မှစ၍ တစ်လတိတိ ကြားဖြတ်ရွေးကောက်ပွဲကျင်းပသည့် နေရာ(၄၈)နေရာအနက် အားလုံးနီးပါးတွင် Eleven Media Group ၏ သတင်းထောက်များ သတင်းရယူ ဖော်ပြသွားပါမည်။ သတင်းရယူရန်ခက်ခဲသော (သို့မဟုတ်) အနှောင့်အယှက်တွေ့ရသော နေရာများအားလည်း အသိပေးပြောကြားသွားမည် ဖြစ်ပါသည်။ နစ်နာသူ မဲဆန္ဒရှင်များအနေဖြင့်လည်း Eleven Media Group သို့ ဆက်သွယ် သတင်းပေးပို့နိုင်ပါသည်။

No comments:

Post a Comment