ကမ္ဘာ့အကြီးဆုံးဓမ္မစေတီခေါင်းလောင်းကြီးကိုဆယ်ယူရန်အတွက်စင်ကာပူနိုင်ငံ
SD MARK INTERNATIONAL LIB ကမ္ပဏီမှအမေရိကန်နိုင်ငံသားရေအောက်
တူးဖော်ရေးပညာရှင်Mechal Heathchers တို့ ပူးပေါင်းပြီးဒေါ်လာဆယ်သန်းကုန်
“ခေါင်းလောင်းကြီးတူးဖော်ဖို့ အတွက်စင်ကာပူကုမ္ပဏီအနေနဲ့ ယဉ်ကျေးမှု့ 
ဝန်ကြီးဌာနကိုကမ်းလှမ်းထားတယ်။ဒီခေါင်းလောင်းကြီးတူးဖော်နိုင်ခဲ့ ရင်
ဟံသာဝတီခေတ်ရဲ့ ယဉ်ကျေးမှု့ အချက်အလက်ကွင်းဆက်တွေကိုဖော်ထုတ်နိုင်
မယ်။ကမ္ဘာ့အကြီးဆုံးခေါင်းလောင်းကြီးဖြစ်တော့ပြန်တူးဖော်နိုင်ရင်ပိုကောင်းမယ်”
ဟု၎င်းကပြောသည်။
အဆိုပါဓမ္မစေတီခေါင်းလောင်းကြီးသည်တန်ချိန်၂၉၀ရှိသောခေါင်းလောင်းကြီး
ဖြစ်သည်။ဟံသာဝတီခေတ်ကဓမ္မစေတီမင်းသွန်းလုပ်လှုဒါန်းခဲ့ ခြင်းဖြစ်သည်။
ခရစ်သက္ကရစ်၁၆၀၈ခုတွင်သန်လျှင်စားပေါ်တူဂီလူမျိုးငဇင်ကာ(ခေါ်)ဖီးလစ်ဒီဘ
ရစ်တိုသည်အမြှောက်သွန်းလုပ်ရန်ရွေတိဂုံစေတီပေါ်ရှိဓမ္မစေတီခေါင်းလောင်းကို
ဖောင်ဖြင့်သယ်ဆောင်ခဲ့ ရာပုဇွန်တောင်ချောင်းဝအရောက်ဒေါပုံမြစ်အကူးတွင်
ဖောင်နစ်ပြီးခေါင်းလောင်ကြီးရေထဲမြုပ်ခဲ့ ရသည်။နှစ်ပေါင်းရာကျော်ရေထဲတွင်နစ်
မြုပ်နေသည့်ခေါင်းလောင်းကြီးကိုပြန်လည်ဆယ်ယူတော့မည်ဖြစ်ကြောင်းယဉ်ကျေး
မှု့ ဝန်ကြီးဌာနဒုတိယ၀န်ကြီးဒေါ်စန္ဒာခင်ကယခုတစ်ကြိမ်ကျင်းပသည့်အမျိုးသား
လွတ်တော်အစည်းဝေးတွင်ပြောကြားခဲ့ သည်။
“ဘယ်သူဆယ်ဆယ်ခေါင်းလောင်းကြီးထွက်ပေါ်လာခဲ့ လျှာင်သမိုင်းတန်ဖိုးအတွက်
အရေးပါတယ်။ဓမ္မစေတီခေါင်းလောင်းဆိုတာဘာလဲဆိုတာယနေ့ ခေတ်လူငယ်
တွေသိမြင်သွားမယ်”ဟုစာရေးဆရာချစ်ဦးညိုကထပ်မံပြောပြောသည်။
The Messenger ဂျာနယ်မှဖော်ပြသည်။
No comments:
Post a Comment