မြန်မာအမျိုးသမီးနျင့်လက်ထပ်ကာ၎င်းအားကုမ္ပဏီအမည်ခံခိုင်းထား
သောနိုင်ငံခြားသားအနေဖြင့်လုပ်ငန်းပိုင်ဆိုင်မှု့ ဧ။်၅၀ရာခိုင်နှုန်းအား
ဇနီးဖြစ်သူအားပေးရမည်ဟုမြန်မာနိုင်ငံရင်နှီးမြုပ်နှံမှုကော်မရှင်မှထုတ်
ပြန်လိုက်သည်။
“မြန်မာအမျိုးသမီးကသူ့ ဘ၀တစ်ခုလုံးရင်းထားရတဲ့ အတွက်တစ်ဝက်ပေး
ဖို့ ထိုက်တန်တယ်လို့ ဆုံးဖြတ်ထားတဲ့ အတွက်ကြောင့်ပါ” ဟုကော်မရှင်
မှဒုတိယညွှန်ကြားရေးမှုးချုပ်ဦးအောင်နိုင်ဦးကပြောသည်။
မတ်လ၂၄ရက်နေ့ ကုန်သည်/စက်မှု့ အသင်းချုပ်၌ကျင်းပသည့်အသင်း
အဖွဲ့ ကိစ္စနှင့်ကုမ္ပဏီများဆိုင်ရာမှတ်ပုံတင်ခြင်းကိစ္စဆွေးနွေးပွဲ၌အထက်ပါ
အတိုင်းဆွေးနွေးပြောကြားခဲ့ ခြင်းဖြစ်သည်။
နိုင်ငံသားအမည်ခံ၍နိုင်ငံ၌၀င်ရောက်ရင်းနှီးမြုပ်နှံကြသည့်နိုင်ငံခြားသား
များအနေဖြင့်တရားဝ်လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိလာစေရန်ရည်
ရွယ်မှု့ ဖြင့်ထုတ်ပြန်ခဲ့ သောအမိန့် ကြော်ငြာစာအရဖြစ်ကြောင်းသိရ
သည်။
နိုင်ငံသားအားတရားဝင်မွေးစားမှု့ ဖြင့်နာမည်ခံခိုင်းကာလုပ်ဆောင်နေ
ကြသည့်နိုင်ငံခြားသားများအနေဖြင့်လည်းယင်းကဲ့ သို့ ကုမ္ပဏီပိုင်ဆိုင်
မှု့ အချို့ အားလွှဲပြောင်းပေးရမည်ဖြစ်သော်လည်းခွဲပေးရမည့်ပမာဏကို
ကော်မရှင်မှလတ်တလောသတ်မှတ်ပေးထားခြင်းမရှိဟုဦးအောင်နိုင်ဦး
ကဆက်လက်ပြောသည်။
ပထမအဆင့်အနေဖြင့်ဆွဆောင်မှု့ ၊စည်းရုံးမှု့ ၊ပညာပေးမှု့ များဖြင့်ပူးပေါင်း
လာစေရန်ဆောင်ရွက်သွားမည်ဟုမြန်မာနိုင်ငံရင်းနှီးမြုပ်နှံမှု့ ကော်မရှင်မှ
သိရသည်။မည်သို့ ပင်လုပ်ငန်းဆောင်ရွက်ခဲ့ သည်ဖြစ်စေနာမည်ခံခိုင်းသူ
အားကာလတန်ဖိုးအတိုင်းအရောင်းဝယ်ပြုလုပ်ပေးရမည်ဖြစ်သည့်အပြင်
နိုင်ငံခြားသးမှ၃၅ရာခိုင်နှုန်းအောက်ရင်နှီးမြုပ်နှံမှု့ ပြုထားပါကအပြီးရောင်း
ချပေးရမည်ဟု၎င်းကထပ်လောင်းပြောပြသည်။
ထိုကဲ့ သို့ လုပ်ငန်းလွှဲပြောင်းစဉ်ကာလတစ်လျှောက်လုပ်ငန်းလည်ပတ်
မှု့ ကိုရပ်နားထားသည်ဖြစ်စေ၊လုပ်ကိုင်နေသည်ဖြစ်စေ၊လုပ်သားများ
အားလစာအပြည့်အ၀ပေးထားရမည့်အပြင်မူလခန့် ထားသောလုပ်သား
များအားလျှော့ခြင်းလည်းမရှိစေရဟုဦးအောင်နိုင်ဦးကပြောသည်။
ပေါ်ပြူလာမှဖော်ပြသည်။
No comments:
Post a Comment