စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Sunday 11 March 2012

ကျွန်မျိုးဟေ့...ဒို့ မြန်မာ..ကြည့်ကြပါဗျာ

                                           ဒီခံစားချက်လေးေ၇းချင်နေတာ ကြာခဲ့ပြီ..ေ၇းမယ်ေ၇းမယ်နဲ့  မအားတာေ၇ာ လိုင်းမကောင်း တာေ၇ာနဲ့ ..ဟော ခုတော့ ဒီသတင်းပုံတွေ ကြည့်ပြီ ကျနော့ ၇င်ထဲမှာ မြိုသိပ်ထားတာတွေကိုေ၇းချလိုက်တော့မယ်ဗျာ၊ကျနော်အမြင် ကျနော့ သဘေားကို စာဖတ်သူ မောင်နှမတွေ လွတ်လပ်စွာ သဘောထားကွဲလွဲလို့ ၇ပါတယ်...
                                          အ၇င် စစ်အစိုး၇၇ဲ့  တမျိုးသားလုံး အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားေ၇းနဲ့ ..ဆိုတဲ့ ဆောင်ပုဒ်လေးကို ကြားတိုင် ၇င်ထဲမှာ တကယ် နာကျင်၇တယ်...ဘာဖြစ်လို့ လဲ..? ဟုတ်ကဲ့..အဲ့ ဇာတိဂုဏ် မြင့်မားေ၇းဆိုတဲ့ ဆောင်ပုဒ်  မြန်မာပြည်က    နေ ထွက်ခွာပါပြီ သူများနိုင်ငံမှာ ကျွန်သွားလုပ်ပါပြီ ဆိုထဲက မြန်မာပြည်မှာ ကျကျန်ခဲ့တော့တာပါ..တကယ်ပါ..မြန်မာပြည်   ပြည်တွင်းက လူတွေ တော့ ဒီခံစားမှုမျိုး လက်တွေ့ မခံစားဖူးပေမယ့် သိတော့သိနေကြပါလိမ့်မယ်..ပြည်ပကို အလုပ်လုပ်ဖို့  ထွက်လာတဲ့သူတွေကို  မေးကြည့်ပါ.. အပေါ်ကလာလာ ..အောက်လမ်းကလာလာ နှိမ်ခံ၇တာတော့ တူတူပါပဲ..
                                       ပြည်ပ လေဆိပ်ေ၇ာက်ထဲက ပက်စပိုစ့် (အနီ) မြင်တာနဲ့  လက်နဲ့ တောင် မကိုင်ချင်ကြဘူး.. ကျနော် မလေးရှားလာတော့ ည ၂ နာ၇ီလောက်ေ၇ာက်တယ်..ထိုင်းကနေတင့် လာ၇တာ..မလေးရှား လေဆိပ်ေ၇ာက်တာနဲ့  မလေး အင်မီဂေ၇းရှင်း(လ၀က)က  အားလုံး သံမံသလင်းပေါ် အ၇မ်းအေးနေတဲ့ လေဆိပ်ခန်းမထဲမှာနော် အဲ့လိုထိုင်ခိုင်းထားတာ ၁ နာ၇ီကျော် ကြာတယ်..အဲ့ထဲမှာ မိန်းကလေးတွေလည်းပါတယ်..မလေးရှားလေဆိပ်၇ဲတွေက ဘီးပါတဲ့ခုံပေါ်ထိုင်ပြီ ခုံကိုလျှောထိုးလှိမ့်ပြီ  အတန်းလိုက် ထိုင်နေတဲ့ သူတွေ ထဲက မိန်းကလေးတွေကို သွားသွားစကြတယ်..ပြီး၇င် သူတို့ ချင်း ပြောလိုက် ၇ယ်လိုက်ကြနဲ့  သူတို့  လူမျိုး မိန်းကလေး ၀န်ထမ်းကျ ခုံပေါ်မှာ သူတို့ ၇ဲတွေ လုပ်သမျှ သဘောကြပြီ ၇ယ်နေတာ ကြည့်ပြီ တော်တော်ခံပြင်း၇တာ..
                                      ကိုယ်တွေ တိုင်းပြည်လောက်မှ မကျယ် ၊သံယံဇာတ ဘာမှမထွက် ၊ဘာသာစကားတောင် သူများ ဘာသာ အက္ခ၇ာကို ပုံတူကူးချတဲ့ သူတွေက ၊   ၁၂ အလီလောက်တောင် ဂဏန်းပေါင်းစက်နဲ့ တွက်နေ၇ပေမယ့် ပညာေ၇းသူတို့ ထက်သာတဲ့သူတွေကိုအပေါ်စီးက ကျွန်လို ခိုင်းနေနိုင်တာ ဘာကြောင့်လဲ ? သူတို့ တိုင်းပြည်ကို အုပ်ချုပ်ခဲ့တဲ့ လူကြီး ကောင်းခဲ့လို့  ခုလို သူတို့ စံနေ၇တာပေါ့။ဒါကို သိ၇လေ ..မြန်မာပြည်ကြီးကို ဆင်း၇ဲတွင်းပို့ ခဲ့တဲ့ အာဏာရူးခဲ့ကြတဲ့ လူကြီးတွေကို ဒေါသထွက်မိလေပဲ..တချိန်က အာရှမှာ ထိပ်ဆုံးက ရှိခဲ့တာကနေ ဟိုအောက်ဆုံးေ၇ာက်သွားတာ ဘယ်သူတွေ   ကြောင့်လည်း ..ဒီအာဏာရူး လူကြီးတွေကြောင့်ပဲ...ဗိုလ်ချုပ်ရှိစဉ်က အမှီလိုက်ဖို့  မျှော်မှန်းခဲ့တာ ဒီဘာမှမဟုတ်တဲ့(အဲ့တုန်းက) မလေး ၊စင်္ကာပူ ၊ထိုင်း ခေါင်းထဲတောင် ဗိုလ်ချုပ်ထည့်မှာ မဟုတ်ဘူး ။ ကို၇ီးယားတို့  ၊ဂျပန်တို့ လောက်တောင် မစဉ်စားဘူး  .. ဥေ၇ာပလို သူတို့ က ခြေလှမ်း၁၀ လှမ်း ၊ လှမ်း၇င် ကျုပ်တို့  က အလှမ်း ၂၀ ၊ ၃၀ လှမ်းမှ နောင် ၁၀ နှစ် ၁၅ နှစ်မှ မီမယ်ဆိုတဲ့ ဗိုလ်ချုပ် အောင်ဆန်း မိန့် ခွန်းကို ပြန်ကြားယောင် မိပါတယ်.. ဗိုလ်ချုပ် များရှိခဲ့၇င် ဒင်းတို့  ငါတို့  တိုင်းပြည်မှာ လာကျွန်ခံ၇မှာ..
                                     ပြည်ပ လာလုပ်တဲ့သူတွေ တ၇ားဝင်လာတဲ့သူပဲ ဖြစ်ဖြစ် ၊အောက်လမ်းကလာတဲ့သူပဲ ဖြစ်ဖြစ်   နှိမ်ခံ၇တာ တော့ တူတူပါပဲဗျာ..၇ဲမြင်လည်း အ၇စ်ခံ၇..အိန္ဒိယကုလားမြင်လည်း ကြောက်၇.လုရုံတင်မဟုတ်ဘူး ၊ရိုက်သေးတာ ၊ဟိုတလောက ဂျိုဟိုးဘက်မှာ မြန်မာ မိန်းကလေးတွေကြီးပဲ နေတဲ့အိမ် နေ့ ခင်းကြောင်တောင် ၀င်ပြီ အိမ်ရှိ အရွယ်ကောင်း မိန်းကလေးတွေကို မုဒိမ်းကျင့်သွားတာ ဘာကြာသေးလို့ လဲ..၇ဲတိုင်လည်း နိုင်ငံခြားသားအမှုဆို သေချင်၇ာသေ ဘယ်တော့မှ မပေါ်ဘူး..မိန်းမကောင်း လေးတွေတောင် ပါမစ်မရှိ၇င် ၇ဲက သူတို့ နဲ့ ညအိပ်ဖို့  ခေါ်ခံနေ၇တာ..တကယ်ဖြစ်နေတာနော် ၊သူတို့ လူမျိုး မိန်းကလေးကို သွားမစနဲ့  ဖုန်းဆက်ခေါ်လိုက်လို့ ကတော့ ကိုယ်တော်ချော၇ဲတွေ ချက်ချင်းေ၇ာက်လာတာ ၊မြန်မာပြည်က မျိုးချစ်၇ဲ တွေနဲ့ တော့ကွာပါ့..မြန်မာပြည်မှာ နိုင်ငံခြားသား သွားမထိနဲ့  မီးပွင့်သွားမယ်
                                       ခုပဲ ကြည့်ပါအုံးဗျာ ..စင်္ကာပူမှာ အိမ်ဖော်လုပ်တဲ့ ကောင်မလေးကို တိ၇စ္ဆာန်တကောင်လို နှိပ်စက်တာ ၇င်ထဲမှာ ပုံတွေကိုကြည့်ပြီ မချိဘူးဗျာ..ေ၇နွေပူနဲ့ ပက်၊ကိုက်ဆွဲ ၊ထားတာ 




ဟိုတလောကကလည်း အိမ်ဖော်မလေး တိုက်ပေါ်ကခုန်ချပြီ

အဆုံးစီ၇င်သွားတယ်..  ပြည်ပ ထွက်လာပြီ အလုပ်လုပ်ကြ ၇တဲ့သူများသော အားဖြင့်က ( D ) ၃ လုံးနဲ့  လုပ်ကြ၇တယ်.. ဘာတွေလည်း
                      (၁)Dirtily                     (ညစ်ပတ်တဲ့အ၇ာ)
                      (၂)Dangerous              (အန္တာ၇ယ်ရှိတဲ့ အ၇ာ)
                      (၃)Difficult                   ( ခက်ခဲတဲ့ အ၇ာ)
သူတို့  မလုပ်ချင်တဲ့ အ၇ာတွေကို နိုင်ငံခြားကနေ ဈေးပေါပေါ ..ကျနော်တို့ လို မြန်မာကျွန်တွေကို ခိုင်းနေကြတယ်.. အလုပ်ခွင်ထဲ မှာဆိုလည်း နိုင်မှန်းသိလို့  ဖိဟောက် ၊ ပြန်ပြော၇င် လစာဖြတ် အလုပ်ထုတ် ၊ ဒီကြားထဲ အသည်းထဲက နာတဲ့ စကားတခွန်းက မင်းတို့ မကျေနပ်၇င် ကိုယ့်ပြည်ကိုယ်ပြန် ဆိုတာပဲ..ခက်တာကလည်း ဒီထွက်လာတဲ့သူ တော်တော်များများက အကြွေးတွေနဲ့  လယ်ပေါင် ၊ခြံပေါင် ၊ ကိုယ့်ကို မှီခိုနေတဲ့ လူမမယ် ညီကိုမောင်နှမ ဒီမျက်နှာတွေကြောင့် မလုပ်ချင်လည်းလုပ် ၊ ခြေထောက်နဲ့ ခိုင်း လည်း လုပ် ၊ဘယ်လောက်လုပ်လုပ် အအော်ခံနေ၇လည်း သည်းခံနေ၇တာ ..အာဏာရူးခဲ့ကြတဲ့ လူကြီးတွေ ဒါတွေ ကို ခင်ဗျားတို့  သိ၇ဲ့ လား..သူတို့  သားသမီးတွေ နိုင်ငံခြားမှာ လိုလေသင့်မရှိ ပညာတွေသင်ကြ ..ပြည်တွင်းမှာ စည်းဇိမ်ပေါင်းစုံနဲ့  ယစ်မူးနေကြတဲ့ လက် တဆုပ်စာ အာဏာရှင်တွေ..ခင်ဗျားတို့  ၀ဋ်မလည်ကြစေနဲ့ ပေါ့ဗျာ..
                                           ပြည်ပထွက် လုပ်ကြတဲ့သူချင်း အတူတူတောင် ဖိလစ်ပိုင်၊ နိပေါ၊ အိန္ဒိယ ၊ ဘင်္ဂလား သူတို့ လူမျိုး ဒုက္ခေ၇ာက်၇င် သံရုံးက ကိုယ်တိုင် လိုက်ဖြေရှင်းပေးတယ်..ကိုယ်ရွေမြန်မာ သံရုံးတွေကတော့ ငွေပေးမယ်ဆို လာထား ၊ဒုက္ခေ၇ာက် လို့  အကူအညီသွားတောင်းလို့ ကတော့ လက်သီးနဲ့ တောင်ထိုးလွှတ်တာ (မလေးရှားသံရုံးမှာမကြာသေးပါဘူး) မိန်းကလေးတွေ ဒုက္ခေ၇ာက်လို့  သွားအကူအညီတောင်း၇င် (ဘာလို့ လာကြလည်း လာ၇င်ခံပေါ့ ဒီဒုက္ခ) တ၇ားကြဖို့ ကောင်းတဲ့ သူတွေ.. ခုမလေးမှာ တ၇ားမ၀င် အလုပ်သမားတွေကို တ၇ားဝင်လုပ်ပေးနေတယ်..သူများသံရုံတွေ ပက်စပိုစ့် စာအုပ်လုပ်ခ မလေးငွေ ၁၅၀ အများဆုံး၊ ရွှေမြန်မာ သံရုံကတော့ သူများနဲ့ မတူ တမူထူးတဲ့ မလေးငွေ (၄၅၀) ဒါတောင် စာအုပ်၇ဖို့  တန်းစီ၇င် လဲကြပြီ သေတဲ့ အလုပ်သမားတောင်ရှိတယ်..ဆေးရုံကားခေါ်ပေးဖို့ မရှိဘူး..ကိုယ်ဖြစ်ကိုယ်ခံ မြန်မာ့ဟန်ပေါ့..
                                           နောက်ဆုံး ပြောချင်တာ မြန်မာပြည်က ခေါင်းဆောင်လုပ်တဲ့ လူကြီးတွေကို တောင်းပန်ချင်ပါတယ် .. ဆက်ပြီ အာဏာမရူးကြပါနဲ့ တော့။။ ကျနော့တို့  ခေတ်နဲ့ တင် ကျွန်လာခံ၇တာ ကျေနပ်ကြပါတော့..နောက်မျိုးဆက်တွေကို လူဖြစ်ပြီ  ကိုယ့်ဘ၀ ကိုယ်မပိုင်တဲ့ အဖြစ်တွေ ကင်းလွတ်ကြပါစေ..အာဏာလုတာတွေ ၊တတိုင်းပြည်လုံးက ထွက်တဲ့ သယံဇာတတွေ ကို လူတစု ချမ်းသာဖို့ ထက် ပြည်သူတွေအားလုံးတွက် ဝေမျှသုံးစွဲပြီ ခင်ဗျားတို့ ပြောပြောနေတဲ့ တမျိုးသားလုံး ဇာတိဂုဏ်မြင့်မားကြစေဖို့  ခင်ဗျားတို့ ၇ဲ့  တကိုယ်ကောင်းဆန်တဲ့ အမူအကျင့်တွေကို ဖျောက်ကြပါတော့ တိုင်းပြည်လူမျိုး မျက်နှာပြန်ကြည်ဖို့  အချိန်တန်ပြီဆိုတာ ပြည်ပေ၇ာက် မြန်မာကျွန်တွေ ကိုယ်စား နေပြည်တော်အ၇ပ်၇ပ်က လူကြီးမင်းတွေကို တောင်းဆိုလိုက်ပါတယ်ခင်ဗျား..................
                                    
                     

4 comments:

  1. ကောင်းလိုက်တဲ့ အကြောင်းအရာလေးဗျာ။ တကယ်ကိုလေးစားပါတယ်။ ကိုယ်တိုင်လဲ အဲဒီဘ၀ရောက်ဖူးခဲ့၊ ခုလက်ရှိလဲ မလွတ်မြောက်သေးဆဲဘ၀ မို့ ပိုပြီးခံစားရပါတယ်။ မှန်လွန်းလို့လေ။ မျှဝေခွင့်ပြုပါဗျာ။

    ReplyDelete
  2. Where is Than Shwe and his family?

    ReplyDelete
  3. Please also visit my blog
    winzinminraja.blogspot.com

    ReplyDelete