စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Tuesday 7 February 2012

မြန်မာပြည်မှနေ၍ နိုင်ငံခြားဖုန်းများသို့  အွန်လိုင်းမှ တ၇ားဝင်ဖုန်းခေါ်ဆိုနိုင်ပြီ

အွန်လိုင်းမှတစ်ဆင့် နိုင်ငံခြားသို့ တရားဝင် ဖုန်းခေါ်ဆိုနိုင်ပြီ ဟု ဂျာနယ်တွင် ဖော်ပြ
Internet Journal ကောက်နုတ်ချက်။ ဖေဖော်ဝါရီ ၆၊ ၂၀၁၂



ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ပြီး အွန်လိုင်းအသုံးပြု၍ နိုင်ငံခြားသို့ တရားဝင် ဖုန်းခေါ်နိုင်တော့မည်ဟု အစီအစဉ်ကို အကောင်အထည် ဖော်ဆောင်ခဲ့သည့် ရတနာပုံဝက်ဘ်ပေါ်တယ်မှ စီမံကိန်းမန်နေဂျာ ဦးအောင်စံမြတ်က ပြောသည်။

Y-talk အမည်ရှိ အဆိုပါ အင်တာနက်ဖုန်း ဝန်ဆောင်မှုကို မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် ရတနာပုံတယ်လီပို့ကုမ္ပဏီတို့က ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း၌ အသုံးပြုနေသည့် တရားမဝင် အင်တာနက်ဖုန်းလိုင်းခေါ်ဆိုမှုများ ဖြစ်သည့် Skype, Pfingo နှင့် အခြားသော အင်တာနက်ဖုန်း ဝန်ဆောင်မှုများကို ပပျောက်စေရန် ရည်ရွယ်ထားရှိကြောင်း သိရသည်။

“ဈေးက အရမ်းသက်သာတယ်။ တစ်မိနစ်ကို ၁၅၀ ကျပ်၊ ဒါမှမဟုတ် အများဆုံး ၃၅၀ ကျပ်ပဲ ကျမှာပါ။ နိုင်ငံအလိုက်တော့ ခွဲထားတယ်။ တစ်ကမ္ဘာလုံးက နိုင်ငံတွေကို ဖုန်းခေါ်လို့ရတယ်” ဟု ဦးအောင်စံမြတ်က ဆိုသည်။

အင်တာနက်အသုံးပြု၍ နိုင်ငံခြားသို့ တရားဝင် ဖုန်းခေါ်ဆိုလိုပါက ကိုယ်ပိုင် ID နံပါတ်တစ်ခုရှိရန် လိုအပ်ကြောင်း၊ အဆိုပါ ID နံပါတ်ကို ငွေကျပ်တစ်သောင်းဖြင့် ရောင်းချပေးသွားမည်ဖြစ်ပြီး အင်တာနက် ဖုန်းခေါ်ဆိုမှုအတွက် ကျသင့်ငွေများကိုမူ ကြိုတင်ငွေဖြည့်ကတ်များမှတစ်ဆင့် ကောက်ခံသွားမည်ဖြစ်ကြောင်း သိရသည်။

http://voip.yatanarpon. com.mm မှတစ်ဆင့် နိုင်ငံခြားသို့ ဖုန်းခေါ်ဆိုနိုင်မည့် အစီအစဉ်ကို လက်ရှိကာလတွင် ID နံပါတ်ထည့်သွင်းထားသော အများပြည်သူသုံး အင်တာနက်ဆိုင်များတွင်သာ အသုံးပြုနိုင်မည်ဖြစ်ပြီး ကိုယ်ပိုင်အနေဖြင့် အသုံးပြုခြင်းကိုမူ ခွင့်ပြုပေးသွားမည်မဟုတ်သေးကြောင်း၊ အင်တာနက်လိုင်း နှေးကွေးနေ သော်လည်း Y-talk ၏ အင်တာနက်ဖုန်း ခေါ်ဆိုမှုမှာ ကြည်လင်ပြတ်သားစွာ ကောင်းမွန်နေမည်ဖြစ်ကြောင်း ရတနာပုံ ဝက်ဘ်ပေါ်တယ်မှ ပရောဂျက်မန်နေဂျာ ဦးအောင်သန်းစိုးက ပြောပြခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၉ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

(ပြည်ပမှ ခေါ်ဆိုမည့် ဖုန်းများကို အဆိုပါအကောင့်မှ လက်ခံဖြေဆိုနိုင်မည်ကို အတိအကျ ဖော်ပြထားခြင်း မရှိပေ)

ညွှန်း - http://moemaka.blogspot.com/2012/02/burmese-can-use-voip-to-call-overseas.html

No comments:

Post a Comment