စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Wednesday 22 February 2012

ဆောင်ဦးလှိုင်၇ဲ့ စိတ်ထား..လေးစားတယ်ဗျာ

"ဖျော်ဖြေပွဲမှ ရရှိငွေ ၁၂၆ သိန်းကို ၄၂ သိန်းစီ သုံးပုံခွဲပြီး လှူဒါန်းခဲ့တဲ့ ဆောင်းဦးလှိုင်" ဆောင်းဦးလှိုင်က “ နှလုံးသားတွေ လှူမယ့်ည” တေးဂီတ ဖျော်ဖြေပွဲမှ ပရိသတ်များ ချီးမြှင့်တဲ့ အနုပညာကြေး များကို နာရေး ကူညီမှု အသင်း(ရန်ကုန်) နဲ့ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့အား ပြန်လည် လှူဒါန်းပွဲကို ဖေဖော်ဝါရီ ၂၂ ရက်နေ့ နေ့လည် ၂ နာရီက မြောက်ဒဂုံ မြို့နယ်ရှိ နာရေး ကူညီမှုအသင်း (ရန်ကုန်) မှာ ပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားတွင် ၈၈ မျိုး ဆက် ကျောင်းသားများ၊ လူမှုရေး အဖွဲ့အစည်းများမှ လူပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြပါတယ်။ ဆောင်းဦးလှိုင်က ဖျော်ဖြေပွဲမှ ရရှိငွေကျပ် ၁၂၆ သိန်းကို သုံးပုံခွဲပြီး နာရေး ကူညီမှုအသင်း (ရန်ကုန်) ကို ၄၂ သိန်း၊ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့အား ၄၂ သိန်း လှူဒါန်းခဲ့ပြီး ကျန် ၄၂ သိန်း ကိုတော့ အဆိုတော် အသစ်လေး များအတွက် ဖျော်ဖြေပွဲ လုပ်ပေးမယ်လို့ စီစဉ်ထားပါတယ်။ 

No comments:

Post a Comment