စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Sunday 5 February 2012

ကိုင်း ဒီလိုအစားအသောက်တွေ စားကြမလား

ကမ္ဘောဒီယားနိုင်ငံ Skuon ဆင်ခြေဖုံး ရပ်ကွက် Phnom Penh ဈေးထဲက ပင့်ကူ ကျွတ်ကျွတ်ကြော်ဖြစ်ပါတယ်။
 ပူးဆိုတဲ့ သတ္တဝါလေးတွေကိုကြည့်လိုက်ရင် အလွန်ချစ်စရာကောင်းပါတယ်။ ဒါပေမဲ့ ဒီလိုပုံမျိုးနဲ့ သင့်ပန်းကန်ထဲရောက်လာတဲ့ပုံမျိုးဆို ရင်တော့ အချစ်လျှော့တာပေါ့။
ပီရူးနိုင်ငံက Andes ကျေးရွာက ပီရူးဗီယံတွေကတော့ ပူးကို Cuy လို့ခေါ်ပြီး သူတို့အတွက် ပရိုတင်း ဓါတ်ပေးတဲ့ အစားအစာတစ်ခုဖြစ်ပါတယ်။
ပူးသားရဲ့အရသာဟာ ယုန်သားရဲ့အရသာ နဲ့အတိုင်းဘဲဖြစ်ပါတယ်။



ဒီအစားအစာကတော့နဲနဲ ဆိုးတယ်  ဒိန်ခဲထဲမှာလောက်ဖောက်ပြီးစားတာဖြစ်ပါတယ်။ ဥရောပကတော့ တရားဥပဒေအရ တရားဝင်  ပိတ်ပင်ထားတဲ့အစားအစာဖြစ်ပါတယ်။ အမည်ကတော့ Casu marzu – Sardinia  လို့ခေါ်ပါတယ်။

အိုင်စလန်းဒစ်လူမျိုးတွေရဲ့ ရိုးရာအရ ပြုလုပ်ပြီးစားတဲ့ ငမန်းချဉ်ဖြစ်ပါတယ်။ ထိုလူမျိုးများသည် ငမန်းရလာပြီဆိုလျှင် နေပူလှန်းကာ အတုန်းတုန်း များဖြစ်အောင်လှီးပြီး အိုထဲထည့်ကာ အပေါ်မှကျောက်စရစ်ခဲ့များ၊ ကျောက်တုန်းများဖြင့်အုပ်ကာ အချဉ်ဖောက်ပြီး သုံးလလောက် အကြာမှ ပြန်လည်ဖော်ထုတ်ပြီး စားသုံးကြပါတယ်။ အတုန်းကြီးရင်ကြီးသလို အချိန်ပိုပြီးစောင့်ရပါတယ်။ စားလို့ကောင်းတယ်လို့သိရပါတယ်။
 Fugu ခေါ် Puffer ငါးတစ်မျိုးကို အဆိပ်အပြင်းဆုံးသတ္တဝါ ဆယ်မျိုးထဲမှာပါဝင်တယ်။ ထိုငါးကတော့ အလွန်စားကောင်းတယ်ဆိုပြီး ဂျပန်နိုင်ငံမှာ ကျော်ကြားလှပါတယ်။ ကြောက်ဖို့ကောင်းတာကတော့ ထိုငါးရဲ့ အရေခွံ၊ ဥ နှင့် အသည်းတို့ကို စားမိရင်တော့ တခါတည်း ဘဝပြောင်းသွားပါတယ်။ ဒါကြောင့်လည်း ထိုငါးကို ကိုင်တွယ်တဲ့ စားဖိုမှု့တွေဟာ လိုင်စင်ရပြီးသား သူများသာဖြစ်ပါတယ်။
 ဖိလစ် ပိုင် နိုင်ငံကတော့ ဥထဲမှာ အကောင်တည်နေပြီးဖြစ်တဲ့ ကြက်ဥ ဘဲဥတွေကို တော်တော်လေးစားကြပါတယ်။
မြန်မာနိုင်ငံမှာလည်း ဒီလိုမျိုးစားတဲ့သူတွေ ကိုလည်းကျွန်တော်တွေ့ဘူးပါတယ်။


ရေဘဝဲအရှင်ကိုလဲ ဂျပန်နဲ့ ကိုရီးယားနိုင်ငံတို့မှာ စားကြပါတယ်
ဒါက ဗီယက်နမ်က ခွေးသား
 လာလည်ကြတဲ့မိတ်ဆွေများ အားလုံး ထမင်းစားမြိန်ကြပါစေ ဟိဟိ

2 comments:

  1. အောင်မငီး.....
    ငတ်လို့ သေရင်လဲသေပါစေ
    မစားဘူးဆို မစားဘူးပဲ

    ReplyDelete
  2. ငါတို့ တော့ စားရဲဘူးကွ ..ဟားဟား

    ReplyDelete