စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Wednesday 22 February 2012

မလေးရှားကို အောက်လမ်းမှဝင်လာသော မြန်မာများ ကားချင်းတိုက်၍သေဆုံး



မလေးရှားနိုင်ငံကို ထိုင်းနိုင်ငံမှ တစ်ဆင့် ၀င်ရောက်လာကြတဲ့ မြန်မာလူမျိုး အများစုပါတဲ့ မော်တော်ယဉ်(ကားလေး) တစ်စီး ယဉ်တိုက်မှုဖြစ်ပွားခဲ့ပါတယ် .........။


၁၁ - ဦး သေဆုံးခဲ့ပြီး ၊


၎ - ဦး အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေအထားမှာ ရှိပါတယ် ။

ဖြစ်ပွားခဲ့တဲ့ မှုခင်းဓါတ်ပုံတစ်ခုပါ ..


မော်တော်ယဉ် ပေါ်မှာက လူ ၁၅ - ဦး စီးနင်းလိုက်ပါခဲ့ပါတယ် ။ အများစုကို ဘယ်သူဘယ်ဝါ ရယ်လို့ တရားဝင်သတ်မှတ်လို့ မရနိုင်ပါဘူး။ သူတို့အားလုံးဟာ သက်ဆိုင်ရာနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေပြင်ပမှ တရားမ၀င် ၀င်ရောက်ဖို့ ကြိုးစားရင်း အခုလိုကြုံခဲ့ရတာပါ ။ သူတို့ရဲ့ မိသားစုတွေလည်း ဘယ်သူဘယ်ဝါ မသိနိုင်ကြပါဘူး ။ အမျိုးသမီး ၃-ဦးပါဝင်ပြီး ၊ အမျိုးသား ၆-ဦး နှင့် မလေးရှားနိုင်ငံသား ယဉ်မောင်း ဖူဇီအိုမာ Fauzi Omar (၄၁-နှစ်) နှင့် ရိုစလန်မက်ဇိုင်း Rozelan Mat Zain (၃၇-နှစ်) တို့ သေဆုံးခဲ့ကြပါတယ် ။

ကော့စမို သတင်းစာ (မလေးရှားဘာသာ) ရဲ့ မျက်နှာဖုံး သတင်းဓါတ်ပုံ

သေဆုံးသူ အမည်မသိ မြန်မာလူမျိုးများ အတွက် ၀မ်းနည်းကြေကွဲရပါတယ် ။ ဒီအဖြစ်မျိုးတွေဟာ ထင်ထင်ရှားရှား မဟုတ်ခဲ့တောင် ဖြစ်တတ်တဲ့ ကိစ္စတစ်ခုလို ဖြစ်နေပါတယ် ။ ကားလေးတစ်စီးကို လူ ၁၅-ယောက် ၊ မောင်းနှင်တဲ့ အရှိန်က ကသောကမျော ၊ လွန်စွာမှ အန္တရာယ်များပေမယ့် ဒီလိုဘဲ နေ့စဉ် ၀င်ရောက်နေကြဆဲပါ။ မိသားစု အခက်အခဲများကို ကျော်ဖြတ်နိုင်ဘို့ အဆင်ပြေမယ်ထင်တဲ့ သူတို့တွေရဲ့ ကြိုးစားခဲ့မှုတစ်ခုက ကြမ္မာဆိုးနဲ့ ကြုံခဲ့ရတဲ့အတွက် လွန်စွာမှ ၀မ်းနည်းမိပါတယ်။

No comments:

Post a Comment