စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Sunday 12 February 2012

“ဗိုလ်ချုပ်သခင် ကြားသိစေချင်”

၁၃......
ဖေဖော်ဝါရီ  ရောက်နေပြီလေ
ဒီနေ့ဒီရက်  နေ့ထူးမြတ်၌
သားကောင်းမိခင်  ဖွားသန့်စင်ပြီး
အောင်ဆန်းသခင်  ဒို့ဖခင်သည်
မြေပြန့်တောင်တန်း  ချစ်ကြည်လမ်းဖြင့်
စွမ်းဆောင်ဦးပြု  ပြည်ထောင်စုကို
လွပ်လပ်အောင်ပန်း  သူပေးစွမ်းသည်
သက်ရှိထင်ရှား  ရှိနေငြားက
ဒီနေ့ဒီရက်  မွေးနေ့မြတ်မှာ
၉၇နှစ်မြောက်  ဖခင်ထောက်မည်။

ဖခင်စိတ်ထား  ရဲပြတ်သားကာ
ကေသရာထက်   ပိုလေးမြတ်သည်
နှုတ်ထွက်စကား  အားမာန်များက
ဟုန်းဟုန်းတောက်နေ  သတိစေသည်
ဖခင်မှာတမ်း  ဒီမိုလမ်းကို
အရောက်ပန်းတိုင်  လျှောက်လှမ်းနိုင်ဖို့
မျက်မှောက်ကာလ  ပမ်းဆောင်ကြစို့..........။

ဇာနည်ဖခင်  ကျေးဇူးရှင်အား
ရောက်ရာဘ၀  အေးချမ်းလှ၍
ဘေးရန်အပေါင်း  အေးစေကြောင်းအား
မွေးနေ့ဆုတောင်း   ဆုမွန်ကောင်းကို
လေးစားဂုဏ်ပြု  ဤစာစုဖြင့်
တောင်းဆုပြုဝေ  ကြားသိစေချင်........
(ခိုင်မာ S'P)

No comments:

Post a Comment