မောင်ချစ်က ဇနီးဖြစ်သူကိုမေးသည်။
မောင်ချစ် ။ ငါသေသွားခဲ့ရင် မင်း နောက်အိမ်ထောင်ပြုမှာလား ?
ဇနီးဖြစ်သူ ။ ဟင့်အင်း .. ကျွန်မညီမနဲ့ပဲ နေမှာ .. ဒါနဲ့ ရှင်ကော .. ကျွန်မသေသွားရင် နောက်အိမ်ထောင်ပြုမှာလား ?
မောင်ချစ် ။ ဟင့်အင်း .. ငါလဲ မင်းလိုပဲ .. မင်းညီမနဲ့ပဲနေမှာပေါ့
...................**************..............................
တစ်နေ့မှာ ခရီးသွားတစ်ယောက် ခရီးသွားရင်း လမ်းမှားခဲ့တယ်။
ခရီးသွားက လမ်းဘေးမှာ ဆော့ကစားနေတဲ့ ကလေးတစ်ယောက်ရဲ့ ခေါင်းကိုကိုင်ပြီး လမ်းမေးတယ်။
"ဟေ့.. ချာတိတ် ဒီနေရာကို ဘယ်လိုခေါ်လဲ?"
"ဒါ ကျွန်တော့်ခေါင်းလေဗျာ"
...................*************........................
အခြေအနေကောင်းတာက
တစ်ခါက အစိုးရအကြီးအကဲတစ်ဦး နောက်လိုက်များနှင့် အစည်းအဝေးအတွက် ခရီးထွက်ကြသည်။
လမ်းတွင်မတော်တဆယာဉ်တိုက်မှုဖြစ်ပြီး အားလုံးဆေးရုံသို့ ရောက်သွားကြသည်။
အကြီးအကဲ၏ သတင်းကို မေးမြန်းစုံစမ်းရန်အတွက် သတင်းထောက်များ လာရောက်မေးမြန်းခဲ့ကြသည်။
သတင်းထောက်များ။ ။ ဆရာ၊ ဆရာ အကြီးအကဲ အခြေအနေ ဘယ်လိုလဲ
ဆရာဝန်။ ။ အင်း . .. အခြေအနေမကောင်းဘူး။
သတင်းထောက်များ။ ။ သူ့ရဲနောက်လိုက်တွေရော
ဆရာဝန်။ ။ သူတို့လဲ အခြေအနေမကောင်းဘူး။
သတင်းထောက်။ ။ ဒါဆို ဘာက အခြေအနေကောင်းသေးတုန်းဗျာ။
ဆရာဝန်။ ။ ငါတို့တိုင်းပြည်။
...............*************....................
အရမ်းကို အလုပ်ကြိုးစားသော မောင်မောင် တယောက် ခေါင်းတွေနဲ ပတ်သတ်တာတွေ တအားလုပ်သဖြင့်
စိတ်ပင်ပန် လူပင်ပန်းဖြစ်ပီး ဆရာဝန်ဆီ ရောက်သွားလေသည်။
ဆရာဝန် - ရက်သတ္တပတ်အနည်းငယ်တော့ ခင်ဗျား ခေါင်းအလုပ်မလုပ်ဖို့ လိုတယ်နော်
မောင်မောင် - ဟုတ်ကဲ့ ဒေါက်တာ၊ ဒါပေမယ့် ခေါင်းအလုပ်က ကျွန်တော့် အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်နေတယ်။
ဆရာဝန်- သြော်၊ ခင်ဗျားက ပညာရှင်လား
မောင်မောင်- မဟုတ်ပါ၊ ဆံပင်ညှပ်သမားပါ။
ဘယ်နဲရှိစ...
.............................*******************............................
လက်ဆောင်ကောင်း ..
``နင့်သူငယ်ချင်းမွေးနေ့မှာ ဘာလက်ဆောင်ပေးလိုက်လဲ´´
``င့ါရဲ့အယ်ဇေးရှင်းခွေးကြီးနှစ်ကောင်လက်ဆောင်ပေးလိုက်တယ်´´
``ဟယ် .. ဒီလောက်အဖိုးတန်တဲ့ခွေးကြီးနှစ်ကောင်ကိုအလကားလက်ဆောင်ပေးပြစ်ရလား နှမြောလိုက်တာ´´
``ကိစ္စမရှိပါဘူး .. ဒီနှစ်ကောင်ညမိုးချုပ်ရင် င့ါအိမ်ကိုပြန်ပြေးလာကြမှာပါ´´
.......................****************..............................
ကံကောင်းပါလား ..
``င့ါဦးလေးက တောပစ်ထွက်တာ အရမ်းဝါသနာပါတယ်ကွ၊ သူတောပစ်ထွက်တိုင်းအမြဲကံကောင်းတာချည်းပဲ´´
``ဟင် .. မင်းဦးလေး တောပစ်ထွက်တိုင်းအမြဲကံကောင်းတယ်သာပြောတယ် ..တစ်ခါမှလည်း အမဲရပြီး ပြန်လာတာမတွေ့ပါလား´´
``လူမသေပဲပြန်ပြန်လာလို့ ကံကောင်းတယ်ပြောတာကွ´
....................****************....................
အရေးတယူ ..
``ဗျို့ .. အိမ်ရှင်တို့ အိမ်ရှင်တို့´´
အိမ်ရှင် ။ ။ ဘာကိစ္စလဲရှင် ..
``ကျွန်တော် ရေပိုက်ပြင်သမားပါ၊ အစ်မကြီးတို့အိမ်က ရေပိုက်ပြင်ဖို့ ခေါ်ထားလို့ပါ´´
အိမ်ရှင် ။ ။ ဟင် .. ကျွန်မတို့လည်း မခေါ်ရပါလားရှင် ..
``ဒါဖြင့် ဒီအိမ်က မစ္စတာမာတင်တို့အိမ် မဟုတ်ဘူးလား´
´
အိမ်ရှင် ။ ။ မဟုတ်တော့ဘူးရှင့်၊ သူတို့ဒီအိမ်ကပြောင်းသွားတာ တစ်နှစ်လောက်ရှိပြီ ..
``ကဲ .. အဲ့ဒါသာကြည့်တော့ အစ်မကြီးရေ၊ သူတို့ပဲ အရေးကြီးလို့ရေပိုက်အမြန်ပြင်ချင်တယ် လာပါဆိုလို့လာရတယ်၊ ဒီရောက်တော့သူတို့ကပြောင်းသွားပြီတဲ့ .. ဟွန်း´´
.........................*************.....................
အားလုံးပေါင်းတော့ ..
အန်တီကြီး ။ ။ ဟေ့ .. အန်တီ့ကိုကြည့်ပြီးအသက်ဘယ်လောက်ရှိမယ်ဆိုတာခန့်မှန်းကြည့်စမ်း ..
လူငယ် ။ ။ အင်း ဆံပင်ကိုကြည့်ပြီးပြောရင် 15 နှစ်အရွယ်၊အန်တီ့သွားတွေကိုကြည့်ပြီးပြောရရင် အသက် 20 အရွယ်၊
ကိုယ်လုံးကိုကြည့်ပြီးပြောရရင်တော့ အသက်အစိတ်မကျော်ဘူးလို့ထင်ရတယ် ..
အန်တီကြီး ။ ။ ဟယ် .. တကယ်ပဲလားဟင် ..
လူငယ် ။ ။ တကယ်ပါ .. အဲ့ဒါတွေအားလုံးပေါင်းလိုက်ရင်တော့ အသက် 60 အရွယ်ပေါ့ ..
အန်တီကြီး ။ ။ ဟေ့ .. အန်တီ့ကိုကြည့်ပြီးအသက်ဘယ်လောက်ရှိမယ်ဆိုတာခန့်မှန်းကြည့်စမ်း ..
လူငယ် ။ ။ အင်း ဆံပင်ကိုကြည့်ပြီးပြောရင် 15 နှစ်အရွယ်၊အန်တီ့သွားတွေကိုကြည့်ပြီးပြောရရင် အသက် 20 အရွယ်၊
ကိုယ်လုံးကိုကြည့်ပြီးပြောရရင်တော့ အသက်အစိတ်မကျော်ဘူးလို့ထင်ရတယ် ..
အန်တီကြီး ။ ။ ဟယ် .. တကယ်ပဲလားဟင် ..
လူငယ် ။ ။ တကယ်ပါ .. အဲ့ဒါတွေအားလုံးပေါင်းလိုက်ရင်တော့ အသက် 60 အရွယ်ပေါ့ ..
....................*************................
မေ့နေလို့ပါဆိုမှ
အရက်ထွေလာတဲ့ လူတစ်ယောက်က လမ်းမှာ အဖိုးကြီး တစ်ယောက်ကို လက်ဆွဲပြီးမေးတယ်။
” ဦးလေး.. ဒီနားမှာ ကိုဖိုးတုတ်ဆိုတဲ့သူ နေတဲ့အိမ်က သိလား။ သိရင်ပြောပြစမ်းပါ “
” ဟ.. မောင်ရင်က ဖိုးတုတ်ပဲလေ”
” ဒါကို ကျွန်တော်သိပါတယ်ဗျာ။ သူဘယ်မှာနေသလည်း ဆိုတာပဲ ပြောစမ်းပါ ။ “
အရက်ထွေလာတဲ့ လူတစ်ယောက်က လမ်းမှာ အဖိုးကြီး တစ်ယောက်ကို လက်ဆွဲပြီးမေးတယ်။
” ဦးလေး.. ဒီနားမှာ ကိုဖိုးတုတ်ဆိုတဲ့သူ နေတဲ့အိမ်က သိလား။ သိရင်ပြောပြစမ်းပါ “
” ဟ.. မောင်ရင်က ဖိုးတုတ်ပဲလေ”
” ဒါကို ကျွန်တော်သိပါတယ်ဗျာ။ သူဘယ်မှာနေသလည်း ဆိုတာပဲ ပြောစမ်းပါ ။ “
...................*************....................
No comments:
Post a Comment