စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Thursday 26 January 2012

ကဲ..ဗျာ ထူးထူးဆန်းဆန်း ခေါင်း ၂ လုံးမြွေက အချင်းချင်းအစာလုစားသတဲ့



ခံစားမှုနှင့် စားသောက်မှုကို သီးခြားစီ ပြုလုပ်ပြီး အချင်းချင်း အစာ လုစားတတ်သော ခေါင်းနှစ်လုံးမြွေမှာ ယူကရိန်းတိရစ္ဆာန်ရုံ တစ်ရုံတွင် အများ စိတ်ဝင်စားဖွယ် ဖြစ်နေကြောင်း သိရသည်။

California Kingsnake ဟု ခေါ်ဝေါ်သော ယင်းမြွေမျိုးမှာ အလွန် ရှားပါးပြီး ဥရောပတွင် တစ်ကောင်သာ ရှိသည်ဟု ယူဆရသည်။ ယင်းခေါင်းနှစ်လုံးသည် အမြဲတမ်း သဘောထား တိုက်ဆိုင်လေ့ မရှိဘဲ သွားလိုသည့် ဦးတည်ရာပင် မတူတတ်ဟု တိရစ္ဆာန်ရုံ တာဝန်ရှိသူများက ဆိုသည်။ သုံးနှစ်မျှ ရှိပြီ ဖြစ်သည့် ယင်းမြွေနှစ်ကောင်ကို ဂျာမနီနိုင်ငံမှ ငှားရမ်းထားခြင်း ဖြစ်သည်။
''ဗိုက်ဆာနေပြီဆိုရင် တခြား တစ်ခေါင်းက အစာကိုလည်း လုစားပါတယ်''ဟု တိရစ္ဆာန်ရုံမှ ညွှန်ကြားရေးမှူး အိုလက်ဂ်ဇက်ဘ်ကော့ဗ်က ပြောကြားခဲ့ပြီး အစာအတွက် အချင်းချင်း တိုက်နေပါက ခေါင်းခြင်းခွဲပေးရကြောင်း
ပြောကြားခဲ့သည်။
သို့ရာတွင် ဗိုက်ပြည့်သွားပါက မည်သည့်ခေါင်းက စားသည်ဖြစ်စေ နှစ်ခေါင်းစလုံး တင်းတိမ် သွားကြသည်ဟု သိရသည်။ ယင်းမြွေနှစ်ကောင် ရောက်လာကတည်းက တိရစ္ဆာန်ရုံ လူဝင်မှုမှာ နှစ်ဆ တက်လာသည်ဟု သိရသည်။
(weekly eleven)မှကူးယူဖော်ပြသည်

No comments:

Post a Comment