စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Thursday 26 January 2012

သေပြီဆ၇ာ

ဘွ့ဲရပြီးခါစ ကျောင်းဆရာပေါက်စ အတွေ့ ကြုံလေးပါ ၊ သိကြတဲ့ အတိုင်း ကျောင်းဆရာ ဖြစ်စဆိုရင်  မြို့ ပေါ်တွေမှာ တာဝန်မကျပဲ .ဟိုအဝေး နယ်စပ်တောင်ပေါ်ဒေသ တိုင်းရင်းသားရွာလေးမှာ တာဝန်ကျတာပေါ့.. ကျောင်းဆရာလေး ရောက်တဲ့ရွာလေးက မြန်မာစကား သိပ်မပြောတတ်ကြဘူး ဒီလိုနဲ့  ရွာလေးရောက်တော့ ကျောင်းဆရာလေး ရွာက ကလေးတွေကို စာသင်ရတာပေါ့..အဲ့မှာ စပါလေရော..သူသင်ရတာ ၃ တန်း ၊ ၄ တန်း ကလေးတွေ စာသင်ပေးရတာ အခက်အခဲ မရှိပေမယ့် သူတို့ ကစကားပြောရင် ကြီးကြီး ငယ်ငယ် နင် နဲ့  ငါ နဲ့  အဲ့လိုပြောကြတာ..ဆရာလေး နားမှာ ကြားရတာ တမျိုးဖြစ်နေတာပေါ့ စာနားမလည်လို့  ထ မေးရင်တောင် နင် ခုနပြောတာ ငါ နားမလည်ဘူး ပြန်ပြော ဒီလို၊ဆရာလေးက စာထမေးတဲ့ ကလေးကို ဆုံးမတာပေါ့ ...... ဒီလိုမပြောရဘူးတပည့် ရ   ဆရာ ကျွန်တော် နားမလည်လို့  ဒါလေးပြန်ရှင်း ပြပါ အဲ့လို
ပြောရတယ်........ပြောတော့ ကျောင်းသားက ဘာပြန်ပြောတယ်မှတ်လဲ..အို့  နင်ပြောသလို ငါမပြောတတ်ဘူး ငါဒီလိုပဲ ပြောတတ်တယ်     လို့ ပြန်ပြောတာ ဆရာပေါက်စ ခုမှခက်ပြီ ..ဒီကိစ္စပြေ လည်ဖို့  ဘယ်လိုလုပ်ရပါ့မလဲ ..ဟုတ်ပြီကျောင်းသားရဲ့  မိဘတွေကို ဆုံးမခိုင်းရမယ် ဒါအကောင်းဆုံးပဲ ဒီလိုနဲ့  ခုနကျောင်းသားကို မင်းမနက်ဖြန် ကျောင်းလာရင် ဆရာ့  ဆီကို မင်းမိဘ ခေါ်ခဲ့ ကြားလား …ကျောင်းသားက အေး နင် တွေ့ ချင်ရင် ငါ ခေါ်ခဲ့မယ်..ဒီလိုနဲ့ နောက်နေ့ ရောက်တော့ ဆရာလေးလဲ  သူ့ စားပွဲမှာ  အလုပ်လုပ်နေတုန်း အခန်းဝကို မနေ့ က ကျောင်းသားလေး လူကြီးတစ်ယောက် ခေါ်ပြီ ရောက်လာတယ် ကျောင်းသားက ဆရာကို ပြောလိုက်တဲ့ စကားကြောင့် ဆရာလေး ပါးစပ် အဟောင်းသားနဲ့  ဘာပြန်ပြောလို့  ပြောရမှန်း မသိအောင်ကို ဖြစ်သွားတယ်..ကျောင်းသား ဘယ်လိုပြောလိုက်တယ် မှတ်လဲ… သူပြောလိုက်ပုံက သူ့ ဘေးကသူကို လက်ညှိုးထိုးပြီ    ဟေ့ကောင်ဆရာ….မင်းတွေ့ ချင်တဲ့…ငါ့အဖေဆိုတာ ဒီကောင်ပဲ ကွ  တဲ့ သေပြီဆရာ......... အဖေ တောင် ဒီကောင်လို့ ခေါ်တာ ငါ့ကို မင်းနဲ့ ငါ ပြောတာ တော်သေးတာပေါ့.ဟဲ ဟဲ
 မှတ်ချက်(ရွှေမှ သူငယ်ချင်းများ အတွက် ပျော်ရွှင်ဖို့  ဟာသ အနေဖြင့် ကိုယ်ပိုင် အတွေးလေးကို ရေးခြင်းဖြစ်ပါသည်၊တိုင်ရင်းသား ညီအကိုများကို စော်ကားခြင်းမဟုတ်ပါ )

No comments:

Post a Comment