စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Wednesday 11 January 2012

စွဲလန်းခြင်း

ဒီနေ့ ယုအိမ်ပြန်လာတော့အိမ်ထဲမှာခါတိုင်းနဲ့ မတူဘဲလူနည်းနည်းရှုပ်နေတာတွေ့ တယ်..


ထုံးစံအတိုင်းအမျိုးတွေပေါ့..အမေကတော့လေထစ်ကနဲရှိအမျိုးတွေခေါ်ခေါ်တိုင်ပင်တာ


ခုလဲဘာပြသနာဖြစ်ပြန်ပြီလဲမသိပါဘူး...


အမေ့ ကိုကြည့်ရတာတော့မျက်နှာမကောင်းဘူးငိုထားတဲ့ ပုံပဲ..ဟူးးးးးးးးးးး


ဘာတွေအဆင်မပြေဖြစ်ပြန်ပြီလဲမသိပါဘူး..ဟိုတစ်ရက်တွေကတော့ယုကြောင့်မေမေ


စိတ်ညစ်ရသေးတယ်လေ..ယုရဲ့ ကျန်းမာရေးကြောင့်ပေါ့..ယုကလူရှုပ်ရင်မနေတတ်ဘူး


နောက်မှပဲမေ့ မေ့ကိုဘာဖြစ်တာလဲမေးတော့မယ်..ခုတော့ကိုယ့်အခန်းထဲကိုယ်နေတာ


ပဲကောင်းပါတယ်...ယုအခန်းထဲကနာရီကိုကြည့်လိုက်တော့ည..(8)နာရီထိုးနေပြီ...


အယ်..(8)နာရီတောင်ထိုးနေပေါ့လား..ကွန်ပျူတာအမြန်ဖွင့်မှပါပဲ..ဒီအချိန်ဆို


ယုရဲ့ ချစ်သောကိုကို..အလုပ်ကပြန်လာလောက်ပြီ..လိုင်းပေါ်ယုကိုမတွေ့ ရင်ဒေါပွနေဦး


မယ်..ယုလဲဒီနေ့ မှဘာဖြစ်မှန်းမသိပါဘူးအိမ်ပြန်တာလမ်းမှာအနှောင့်ယှက်တွေနဲ့ 


ကြုံနေရတယ်..မနည်းအိမ်ထဲကိုဝင်ရတယ်..ဟော..လိုင်းပေါ်မှာကိုကိုရဲ့ အကောင့်လေး


စိမ်းနေပါလား..စာလေးတွေလဲချန်ထားတယ်..ဘာပါလိမ့် ဖတ်ကြည့်ဦးမှပြီးမှခေါ်မယ်..


“ယုရေ..ကိုကိုယုကိုအရမ်းလွမ်းတယ်ကွာ..ကိုယ့်ကိုဘာလို့ ခွဲသွားရတာလဲ”


အယ်..ကိုကိုကလဲဘာတွေရေးထားတာလဲမသိဘူး..ဟွန်းးးးးးးးး


ယုပြန်မေးဦးမှဘာတွေဖြစ်နေတာလဲလို့ ....


“ကိုကို..ရေရောက်နေတာကြာပြီလား”“ဒီနေ့ ပင်ပန်းလား““ထမင်းစားပြီးပြီလား”


အယ်...ယုဒီလောက်ခေါ်နေတာတောင်ကိုကိုဘက်ကစာဘာမှတက်မလာပါလားးးး???


“ကိုကို...ရေပြန်ပြောဦးလေကွာ...မခေါ်တော့ဘူးလား..”အယ်..ကိုကိုဒီနေ့ ဘာဖြစ်နေပါလိမ့် 


ဘယ်သူတွေနဲ့ ပြောနေလဲမသိဘူး..ဟွန်းနော်..ဟော..ပြောရင်ဆိုရင်းပဲကိုကို့ ဆီကစာလေး


ပေါ်လာပြန်ပြီ..“ယု....ရေ...ကိုကို..ခုငိုနေရပြီ..လောကကြီးကရက်စက်တယ်ကွာ”


အန်..ပြသနာပဲ..ယုပြန်ရေးဦးမှ..“ကိုကို”ခေါ်လိုက်တယ်..ပြန်ပြောဘူး..အာကွာ...


ကိုကိုဆီကစာနောက်တစ်ကြောင်းတက်လာတယ်..


“ယုရေ..ကိုကို့ ကိုခွဲမသွားပါနဲ့ ယုမရှိရင်ကိုကိုမနေတတ်ဘူးကွာ..”


ယုပြန်ရေးတယ်..“ကိုကို..ဘာတွေရေးနေတာလဲကွာ..ယုဘယ်တုန်းက..ကိုကို့ ကို


ခွဲထားလို့ လဲကွာ”...ဟော..ပြန်မပြောဘူး..ယုစိတ်တိုတိုနဲ့ မပြောနေကွာဆိုပြီးတံခါးဖွင့်ပြီး


ဆောင့်ပိတ်လိုက်မိတယ်..ယုနေတဲ့ အခန်းဘက်ကိုအားလုံးဝိုင်းကြည့်နေကျတယ်..


မေမေ့ရဲ့ မျက်နှာမှာမျက်ရည်တွေစီးကျလာတာမြင်ရတယ်..“မေမေ”ယုခေါ်လိုက်တယ်


မေမေမထူးဘူး...အာကွာ..ဒီနေ့ ဘာဖြစ်နေတာလဲလူတွေအားလုံးယုကိုအရေးမလုပ်ကျပါ


လား...နောက်တော့....ယု..မြင်လိုက်ရတာက...ယု..ယု..ရဲ့ ဓါတ်ပုံလေး...ရှေ့ မှာ.....


ထမင်းပန်ကန်..ဒါ...ဒါ..ဘာဖြစ်တာလဲ...ယုကဘာလဲ..ခုယုက...သေဆုံးသွားခဲ့ ပြီလား???


အားးးးးးးးးးးးးးးးးးးးးးးးမဖြစ်နိုင်ဘူး..ဟင့်အင်းမဖြစ်ရဘူး....မေမေရေကယ်ပါဦး....ယုလေ..


ယု..မေ့ မေ့ကိုလဲမခွနိုင်ဘူး..ပြီးတော့..ကိုကို..ကိုလဲယုမခွဲနိုင်ဘူးးးးးး


“ကိုကိုရေ......”ယု...ယုလေ...သေဆုံးသွားခဲ့ ပြီလား??????
(ဖန်တီးေ၇းသားသူ..............အိပ်မက်မင်းသမီး)

No comments:

Post a Comment