စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Tuesday 10 January 2012

သ၀န်တိုတတ်သော ချစ်သူ

ကိုကို..အခုကေလေကိုကိုနဲ့ ထိုင်နေကျနေရာလေးမှာတစ်ယောက်ထဲလာထိုင်နေမိတယ်..


ကိုကို့ကိုသတိအရမ်းရတိုင်းကေဒီနေရာလေးမှာလာထိုင်နေမိတယ်ကိုကို..


ဒီထိုင်ခုံလေးကကိုကိုနဲ့ ကေအမြဲထိုင်နေကျနေရာလေးမို့ ကို ကို့ ရဲ့ အငွေ့ သက်လေးတွေ


ရှိနေတုန်းလို့ ကေထင်နေမိလို့ ပါ…


ကိုကိုနဲ့ ကေတစ်ယောက်ကိုတစ်ယောက်အရမ်းချစ်တယ်ဆိုတာနှစ်ယောက်လုံးသိနေရဲ့ 


သားနဲ့ မဖြစ်နိုင်တော့တဲ့ အခြေနေမို့ ကေကပဲအရင်လွမ်းခွဲဖို့ ဆုံးဖြတ်မိတာတစ်ခါတစ်ခါ


နင့်နင့်နဲနဲကိုကေနောင်တရမိတယ်သိလားကိုကိုရယ်..အဲလိုအခါမျိုးတွေမှာကေလေ


ကိုကိုရှိတဲ့ နေရာလေးကိုအပြေးလာချင်မိတာဝန်ခံတယ်ကိုကို..


ကေခံစားရသလိုကိုကိုလဲခံစားနေရမယ်ဆိုတာကေအကြွင်းမဲ့ ကိုယုံတယ်သိလား...


ဒါပေမဲ့ ကိုကို့ အချစ်တွေကိုကေတစ်နေ့ တစ်ခြားကြောက်လာမိတယ်..


ကိုကိုနဲ့ ကေချစ်ခဲ့ ကျတဲ့ သက်တမ်းတလျှောက်ကိုကိုကေ့ ကိုအရမ်းဂရုစိုက်တာ


အရမ်းကြင်နာတာကေခံစားမိပါတယ်..ကေ့ကိုကလေးတစ်ယောက်လိုကိုကိုဂရုစိုက်


တာ..အရာရာကေ့ ဆန္ဒကိုဦးစားပေးတာ..ကေမကြိုက်ဘူးလို့ ဆိုလိုက်ရင်ကိုကို


ဘာကိုမှမလုပ်တော့တာ..အဲတာတွေအကုန်လုံးကိုကို..ကေ့ကိုချစ်တာတစ်ခုထဲနဲ့ 


ဘာမဆိုလိုက်လျှောမှန်းသိတယ်ကိုကို..ကေလဲကိုကို့ ကိုထပ်တူချစ်ခဲ့ တာပါပဲ..


အကိုတစ်ယောက်လို..သူငယ်ချင်းတစ်ယောက်လို..ချစ်သူတစ်ယောက်လို..


ချစ်ခင်တွယ်တာခဲ့ ရတာပါကိုကိုရယ်..ချစ်ခဲ့ ကျတဲ့ သက်တမ်း(၂)နှစ်မှာ..


ကိုကိုရဲ့ အကြင်နာအယုယတွေကို..ဒီနေ့ အထိကေမမေ့သေးဘူးကိုကို..


သတိရတိုင်းလဲရင်ကွဲမတတ်ခံစားခဲ့ ရတာပါကိုကိုရယ်….


ဒါပေမဲ့ ကေမကြိုက်ဆုံးအရာတစ်ခုကို..ကိုကိုမစွန့် လွတ်နိုင်ဘူးနော်..


ကေခဏခဏတောင်းပန်ပေမဲ့ ကိုကိုရဲ့ သ၀န်အရမ်းတိုတဲ့ အကျင့်ဆိုးကို


ကိုကိုမပြင်နိုင်ခဲ့ ဘူးနော်..ကေ့မှာကိုကိုနဲ့ ချစ်ပြီးကတည်းကကိုကိုရဲ့ တင်းကျပ်


တဲ့ စည်းကမ်းဘောင်ထဲမှာအနေရကျပ်ခဲ့ တယ်..အစပိုင်းမှာသာယာသလိုထင်နေ


ပေမဲ့ ကိုကိုကကြာလေပိုဆိုးလာတာပါပဲ..ကိုကိုနဲ့ ထိုင်နေတုန်းယောင်္ကျားလေး


သူငယ်ချင်းဆီကဖုန်းဝင်လာရင်အဲနေ့ ဟာ..ကိုကိုနဲ့ ကေပြသနာအကြီးကျယ်


ဖြစ်တဲ့ နေ့ ပါ..သူငယ်ချင်းပါဆိုတာကို..ကေကျိန်ပြောတောင်ကိုကိုမယုံနိုင်


ပါဘူး..အမျိုးမျိုးပြသနာရှာပါတယ်..ကြာလာတော့ကေစိတ်ညစ်လာတယ်..


သူငယ်ချင်းတွေကလဲကိုကိုရဲ့ အကျင့်ကိုသိကုန်တော့ဘယ်သူမှကေ့ကို


မဆက်သွယ်တော့ဘူး..ကိုကို..သူငယ်ချင်းဆိုတာဘ၀ရဲ့ တစ်ထောင့်တစ်


နေရာမှာအမှန်တစ်ကယ်လိုအပ်ပါတယ်..ကိုကိုနဲ့ သူငယ်ချင်းကြိုက်ရာရွေး


ဆိုတဲ့ စကားကိုမပြောသင့်ဘူး..မတူပါဘူးကိုကို..ချစ်သူနဲ့ သူငယ်ချင်းဆို


တာ..ကြာလာတော့ကေ့ မှာငယ်ငယ်ထဲကမောင်နှမတွေလိုခင်ခဲ့ ကျတဲ့ 


သူငယ်ချင်းတွေလဲကေ့ အနားမှာမရှိတော့ဘူး..အပြင်ထွက်လို့ ယောင်္ကျား


လေးတွေစခံရရင်တောင်ကိုကိုသ၀န်တိုတယ်နော်..ကေဘယ်လိုနေထိုင်ရ


မှန်းတောင်မသိတော့ဘူးကိုကိုရယ်..လူတိုင်းမှာကိုယ်ပိုင်လွတ်လပ်ခွင့်ဆို


တာရှိပါတယ်..ကိုကိုသ၀န်တိုတာအရမ်းကိုလွန်လာတယ်..


သ၀န်တိုတိုင်းအချစ်လို့ မခေါ်ဘူးနော်ကိုကို..အဓိကကနားတစ်ယောက်


နဲ့ တစ်ယောက်စာနာနားလည်မှုပါကိုကိုရယ်…


ကြာလာတော့အချုပ်နှောင်တွေကကေလွတ်လပ်ခွင့်ရချင်လာတယ်


နည်းလမ်းကတစ်ခုပဲရှိပါတယ်..အဲတာက…………….


ကိုကို…နဲ့ …လမ်း…ခွဲ…လိုက်..ဖို့ …ပါ……….


ကေအရမ်းကိုစဉ်းစားခဲ့ ပါတယ်…နာကျင်လွန်းတဲ့ အခါမခံစားနိုင်ပဲ


ထုံသွားတတ်တယ်ဆိုတာ..ကိုကိုသိရဲ့ လားဟင်…အရမ်းချုပ်ချယ်လွန်းရင်


အရမ်းလွတ်လပ်ချင်လာတယ်ကိုကို..ကေကပဲစပြီးကိုကို့ ကိုလမ်းခွဲစကား


ပြောခဲ့ တယ်နော်..ကေရင်ကွဲမတတ်ခံစားခဲ့ ရတယ်..ကိုကို့ ရှေ့ မှာ


ကေမငိုမိအောင်ထိန်းချုပ်ထားခဲ့ ပေမဲ့ ကိုကိုထွက်သွားတော့…


ကေရင်ကွဲလုမတတ်ငိုကြွေးခဲ့ တယ်ဆိုတာကိုကိုသိရဲ့ လားဟင်…


ကိုကိုကကေ့ကိုသေချာစဉ်းစားပါကေရယ်…ကိုကိုကေ့ ကိုအရမ်းချစ်လို့ 


သ၀န်တိုမိတာပါတဲ့ ..ကေစိတ်ပြောင်းလို့ ကိုကို့ ဆီပြန်လာချင်ရင်..


ကိုကို့ ရင်ခွင်ဟာကေ့အတွက်အမြဲတံခါးဖွင့်ထားတယ်..ကိုကို့ ဘ၀မှာ


ကေ့တစ်ယောက်ထဲကိုရင်နဲ့ အမျှချစ်ခဲ့ ရတာပါ..နောက်ထပ်ဆိုတာ


ကိုကို့ ဘ၀မှာဘယ်သောအခါမှမရှိတော့ပါဘူးကလေးရယ်..


ကေအရမ်းကိုကြေကွဲရတယ်..ကေ့ဘ၀မှာလဲကိုကို့ တစ်ယောက်ထဲ


ကိုချစ်ခဲ့ မိတာပါကိုကိုရယ်..ကိုကိုဟာအချစ်ဦးနဲ့ နောက်ဆုံးအချစ်ပါ..


ကိုကိုမရှိတော့တဲ့ ဘ၀မှာကေ့ဘ၀ရဲ့ နေ့ ရက်တွေကိုတစ်ယောက်


ထဲလျှောက်လှမ်းမှာပါကိုကို..ကိုကို့ ကိုမချစ်လို့ မဟုတ်ဘူး…


ကြာလာရင်အမုန်းနဲ့ လမ်းမခွဲချင်လို့ ပါကိုကို..ချစ်ရက်နဲ့ လမ်းခွဲရတာ


ပဲကောင်းပါတယ်ကိုကို..ကိုကို့ ကိုကေမမုန်းချင်ဘူး..ဘယ်တော့မှလဲ


မမုန်းပါဘူးကိုကိုရယ်..အခုတော့လေအလွမ်းတွေနဲ့ ကေတစ်ယောက်


ထဲကိုကိုရယ်….သတိရတိုင်းလဲဒီနေရာလေးကိုလာနေမိဦးမှာပါကိုကို..
(ချစ်သူတွေအရမ်းသ၀န်တိုခြင်းမှကင်းဝေးပါစေ)

No comments:

Post a Comment