စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ
Thursday 26 January 2012
အိမ်ထောင်ပြုရင် လူရွေးမမှားရအောင် ဒီလိုလူမျိုးကို မိန်းကလေးတွေ ရှောင်ရန်
အိမ်ထောင်မှု့ ၊ဘုရားတည် ၊ ဆေးမင်စုတ်ထိုး ဤ  ၃ မျိုး ချက်မပိုင် နောင်ပြင်ရန် ခက်မည် အမျိုး
ဆိုတဲ့မြန်မာစကားပုံလေးလိုပဲ  ပြင်ရန်ခက်တဲ့ အထဲမှာ အိမ်ထောင်ပြုတာပါတယ်ဆိုတာ အမနှမများကို သိစေချင်တယ်ဗျာ ခုရေးသားတဲ့ ပိုစ်လေးဟာ ကာယကံရှင် ကိုယ်တိုင် ခွင့်ပြုလို့  တကယ့်ဖြစ်ရပ်လေးကို သင်ခန်းစာ ယူနိုင်စေဖို့  ရည်ရွယ်ပြီ ရေးသားလိုက်ရတာပါ. ဒီစာလေးကို ဖတ်လို့  အမနှမများ အသိပညာဗဟုသုတ နဲ့ သင်ခန်းစာလေးနဲနဲဖြစ်ဖြစ် ရသွားတယ်ဆို  ကျနော်(စောနောင်) ရေးရကျိုး နပ်ပါတယ်ဗျာ. 
                       အိမ်ထောင် တစ်ခုပြုတော့မယ်ဆို စရိုက်မတူတဲ့ လူနှစ်ယောက် တစ်ဦးပေါ်တစ်ဦး နားလည်မှုနဲ့   ကောင်းတူဆိုးဖက် တသက်တာလုံး လက်တွဲသွားရတော့မှာ..  ကောင်းပြီ ချစ်သူဘ၀မှာ  တစ်ဦးရဲ့ အပြစ်ကို မသိတာလည်းရှိမယ် ၊သိရင်လဲ မသိချင်ယောင်ဆောင်ပြီနေတာ ချစ်သူဘ၀မှာတော့ ပြဿနာသိပ်ပြီကြီးကြီးမားမား မရှိလောက်ဘူး ၊အိမ်ထောင်ပြုပြီးပြီ ဆိုရင်တော့ မိုးလင်းမိုးချုပ် နှစ်ဦးသား အတူရှိနေလို့  မကြိုက်တဲ့ အပြုအမူအကျင့်စရိုက်တွေ တွေ့ မြင်လာတော့မှာပဲ.ဒီကြရင် အချစ်တွေလျော့ အပြစ်တွေမြင် နေ့ တိုင်းစကားများ ၊ နောက်ဆုံး လမ်းခွဲဖို့ ထိဖြစ်ကြတဲ့..စရိုက်ဆိုတဲ့ ဒီစကား ၂ လုံးလေးက အိမ်ထောင်တခုမှာ ဘယ်လောက်ထိ အရေးကြီးတယ်ဆိုတာ အောက်မှာရေးတဲ့ ကိုယ်တွေ့ ဖြစ်ရပ်လေးကို ဖတ်ကြည့်စေချင်ပါဗျာ......
                           ကောင်မလေး အမည်က ရွန်းလဲ့ရည် ၊ အချစ်ကို ရှာဖွေတွေ့ ရှိခဲ့တာ အသက်(၁၆)နှစ် ၊.သူချစ်ရတဲ့သူက သူ့ ထက်အသက် ( ၁၂ ) နှစ်လောက်ကြီးတယ်..သူတို့ တွေ့ ကြတာ မြန်မာပြည် ပြင်ပမှာ..အထူးသဖြင့် ဒီလို စိတ်ကစားတဲ့ အရွယ်မှာ အချစ်ကို ကိုးကွယ်မိကြတာ သဘာဝပဲလေ..ချစ်သူဘ၀ တပတ်မပြည့်ခင် ဘ၀ ကို ပုံပေးတဲ့ထိ ကောင်မလေးက ချစ်ခဲ့တာ ဒီလိုနဲ့ ကောင်မလေးက  ကျောင်းမပြီသေးလို့   မြန်မာပြည်မှာ   ကျောင်းပြန်တက်ရင်း ချစ်သူကအဆက်အသွယ် ၂ နှစ်လောက်ပြတ် သွားပြီမှ ပြန်ဆက်သွယ်..သူလက်ထပ်ဖို့ တောင်းဆိုတာကို ဘယ်လိုပဲဖြစ်ဖြစ် အချစ်ဦးမို့ ရယ် ၊ဘ၀ကိုပုံပေးထားခဲ့မိတာရယ်ကြောင့် ..သူတောင်းဆိုတဲ့ အိမ်ထောင်ပြုရင် လိုက်နာရမယ့် အချက်တွေ (ဘ၀ကိုယူပြီးမှနော်) လိုက်နာနိုင်ရင် လက်ထပ်မယ် ၊ မလိုက်နာရင် ကိုယ့်လမ်းကိုသွားပေါ့( သူ့ နှမဆိုရင်ရော ဒီလိုလုပ်ရင်) ဒီလိုနဲ့  ကောင်မလေး အသက် (၁၉ ) နှစ်မှာ အိမ်ထောင်ပြုလိုက်တယ်..ပြည်ပမှာ သူနဲ့ အတူလိုက်သွားတာပေါ့..
                          အိမ်ထောင်စကြပြီးတော့ ဒီလူရဲ့စရိုက်နဲ့ ကောင်မလေး စရိုက်က ပြဒါး တစ်လမ်း ၊သံတစ်လမ်းပဲ ၊ကောင်မလေးထင်ထားတာက တစ်ဦးအပေါ်တစ်ဦးချစ်ချစ်ခင်ခင်နဲ့ သာယာတဲ့အိမ်ထောင်ရေးမျိုး ၊ဟိုတစ်ယောက်က လက်ကိုင်ထားတာ မိန်းမဆိုတာပေါင်းနေတုန်း လင်မယား ကွဲသွားရင် သူစိမ်းတွေ (ဒီလိုစိတ်ထားမျိုးရှိနေလို့ ကတော့ နောက်ထပ် ဘယ်နှယောက်ယူယူ ကွဲမှာပဲ)၊ ကောင်မလေးက အေးအေးနေပြီ အရှက်အကြောက်ကြီးတယ် ၊ဒီလူက စကားပြောရင် အော်ပြောပြီး ရိုင်းရိုင်းစိုင်းစိုင်းဆဲတတ်တာတွေက အဓိက ပြဿနာပဲ..အထူးသဖြင့် ဒီလူရဲ့ ရည်ရွယ်ချက်က သူ့ ထက်အသက်ငယ်ငယ်လေး ဆိုတော့ သူလိုရာ ဘာမဆို ပုံသွင်းလို့  ရမယ် ဒီလိုရည်ရွယ်ချက်နဲ့  လက်ထပ်ခဲ့တာ..ငွေရှိရင် ဘာမဆို ပြည့်စုံတယ်ဆိုတဲ့  အတွေးမျိုး   ကောင်မလေး   ခေါင်းထဲရိုက်သွင်းတယ်၊ ကောင်မလေးက မောင်နှမချင်း ချစ်ချစ်ခင်ခင် နေတတ်တာ သူမကြိုက်ဘူး ၊ဆွေးမျိုးဆိုတာ အလကား ပက်ဆံရှိမှ သူတို့ နဲ့ ပြိုင်ရမယ်ဆိုတဲ့ မောင်နှမချင်း သွေးထိုးတဲ့အထိ သူ့ ရဲ့ ဆိုးသွမ်းတဲ့ စရိုက်ဆိုးတွေ သွတ်သွင်းပေးတယ် ၊ အဆိုးဆုံးကတော့ ကောင်မလေးက ကျန်းမာရေးမကောင်းဘူး ၊သူက ပက်ဆံ အရမ်းလိုချင်တယ် သူဝယ်ထားတဲ့အိမ်က အကြွေးမကြေသေးဘူး ၊ကောင်မလေးကို ဒီအလုပ်အပြင် တခြားညဘက်တွေထိ အလုပ်လုပ်စေချင်တယ် ၊ ကောင်မလေး ပက်ဆံများများရှာနိုင်ရင် သူကောင်မလေးအပေါ် ဆက်ဆံတာ ကောင်းကောင်းမွန်မွန် ၊ ငွေရှာနည်းတဲ့ လဆို နားရက်မနက်အိပ်ယာထတောင် သူထလို့  မထရင် အပြစ်မြင်တာ..အဲ့လို
                               ကောင်မလေး ရတဲ့ လစာအကုန် သူ့ ကိုအပ်ရတယ်.. အသုံးစရိတ်အနေနဲ့ ပက်ဆံ နည်းနည်းကို တစ်လစာအသုံးစရိတ် ပြန်ထုတ်ပေးတယ် ၊တစ်နေ့ ကောင်မလေး အဖေနေမကောင်းလို့ သားသမီးတစ်ယောက်အနေနဲ့    ထောက်ပံ့ဖို့ တောင်းဆိုတာ ဆူဆဲခံရတယ်(သူကတော့ပုံမှန် သူ့ မိဘတွေကိုထောက်ပံ့တယ်)..ကောင်မလေးက တစ်လ တစ်လ သူရတဲ့ အသုံးစရိတ်နည်းနည်းထဲက မိဘတွေ အတွက် ၃ ပုံ ၂ ပုံပေးပြီ ၊ ကောင်မလေးမှာအလုပ်ထဲရောက်ရင် စားချင်တာ မစားရပဲ   ခြို့ ခြံပြီနေရတယ် .မြန်မာပြည်ပြန်လည်တာတောင် သူပဲပြန်တယ် ၊ကောင်မလေးက ပြန်ချင်တယ်ဆိုတော့ ဒီထက်ငွေများများရှာလို့  ပြောတယ်..အဆိုးဆုံးက ကောင်မလေး ပင်ပန်းပြီ အိပ်ယာထဲဖျားတာ သူက အားပေးပြုစုဖို့  နေနေသာသာ အခန်းထဲမှာအန်မိလို့  အဆူခံရတာ လူမမာနဲ့ တောင်မမျှဘူး ၊ကောင်မလေးရဲ့  အမေ၊အမလာပြုစုရတယ်..ငွေမရှာနိုင်ရင် လုံးဝ ဂရုမစိုက်ဘူး..သူဝယ်ထားတဲ့ အိမ်အသုံးအဆောင်ပစ္စည်း ကိုင်ခွင့်မရဘူး.. ပျက်မှာစိုးလို့  ရိုသေတဲ့နေ့ မှကိုင်ရမယ်ဆိုတဲ့ သူ့ အပြော..
                               ကောင်မလေးက အလုပ်က ပြန်လာတာနဲ့  အိမ်သန့် ရှင်းရေးလုပ်ရ၊ချက်တာပြုတ်တာလုပ်ရနဲ့ သူကတော့ အလုပ်ကပြန်ရောက်တာနဲ့  ကွန်ပျူတာရှေ့က မထတော့ဘူး၊အော် ငါ့ဇနီးအလုပ်ပင်ပန်းတာ၊ပြန်လာတော့လဲ အိမ်မှုကိစ္စတွေနဲ့  ငါ့လဲလုပ်တတ်နေတာကူလုပ်ပေးမယ် လုံးဝ မစဉ်းစားဘူး ထမင်းစားချိန် ထစားတယ် သူစားတဲ့ ပန်ကန်တွေစောင့်ပြီဆေးပေး ၊ ဒါနေ့ တဓူဝ  ကိစ္စ ၊နားရက် ကောင်မလေး မိဘအိမ်သွားလည်ရင် မကြိုက်ဘူး ၊သူက ပြဿနာဖြစ်ရင် ကောင်မလေးက လူကြောက်တတ် ဦးမဆောင်နိုင်မှန်သိတော့ ပက်ဆံကိုင်ချင်ကိုင်၊ ပက်ဆံကိုင်ရင် အပြင်ကိစ္စတွေ အားလုံးလုပ်ရမယ် ၊ဦးဆောင်တဲ့သူရဲ့   စကားလဲနားထောင်မယ် .၊ကောင်မလေးမလုပ်နိုင်မှန်းသိလို့  အဲ့လိုမလုပ်နိုင်ရင် သူဦးဆောင်လို့  သူ့ စကားကိုနားထောင် ၊သူခိုင်းတာလုပ် အထူးသဖြင့် ဘယ်ကိစ္စမဆို နားလည်အောင်လေ့လာရမယ် ၊ဒီထက်ငွေပိုရှာနိုင်တဲ့ အရည်အချင်းမျိုး ရှိအောင်လုပ်ရမယ် ၊ အရင်ကအဲ့လူမှာ ချစ်သူမိန်းကလေးတယောက် ရှိခဲ့တယ် လက်မထပ်ရသေးဘူး ၊အတူနေတယ် ဒီလိုပဲ မိန်းကလေးရှာသမျှငွေ အကုန်သိမ်းတယ် ၊ဘဏ်စာအုပ်သူယူထားတယ် ၊အဲ့မိန်းကလေးက ကြာတော့ လက်မခံနိုင်တော့ စကားများပြီ လမ်းခွဲလိုက်တယ်..
                                  ခုလည်း ( ၃ ) နှစ်လောက်ထိ ကောင်မလေး သည်းခံပြီးပေါင်းသင်းခဲ့တာ နောက်ဆုံး ဘယ်လိုမှ သည်းမခံနိုင်တော့တာနဲ့  လမ်းခွဲဖို့  လမ်းရွေးခဲ့ရတယ်..အဲ့မှာသူက ကောင်မလေး ရသင့်တာကို ဘယ်လိုတွက်ပေးတယ်ထင်ထဲ ( ၃ ) နှစ်လောက် အလုပ် လုပ်ထားတဲ့ လစာတွေကို ကောင်မလေး ၊ စားစရိတ်၊ အသုံးစရိတ်၊ အိမ်စရိတ် အားလုံးနုတ်ပြီတာတောင် တကယ်ပေးရမယ့်ငွေထက် အများကြီးလျှော့ပြီပေးတယ် ..သူဝယ်ပေးထားတဲ့ လက်စွပ် ၊ဆွဲကြိုးအကုန်ပြန်ယူထားတယ်..ရယ်ဖို့ တော့ ကောင်းတယ် ဗျာ ၊ ယောကျာင်္းယူတာ ကိုယ့်ထမင်းကိုယ်စား ၊သူအတွက်ပြုစုပေး သူဝယ်တဲ့အိမ်ကို အကြွေးကူဆပ်ပေးပေါ့ ၊အရင်က ကောင်မလေးက နောက်သလိုနဲ့ ဒီအိမ်ထဲ ပက်ဆံထည့်နေရတာ သူလဲ ဆိုင်တယ်နော် ဆိုတော့ သူက ရှက်တတ်ရင် လဲသေလို့ ရတယ်တဲ့..အရင်ယူခါစက သူပြောပုံက တခြားယောကျာင်္းတွေဆို မိန်းမသာယူတာ အစဉ်သင့် ဘာမှမရှိဘူး..သူက အိမ်ဆိုလဲ အစဉ်သင့်၊ အလုပ်ဆိုလည်း ကြိုးစားတယ်.ငွေရှာတော်တယ်တဲ့၊ အားကိုးထိုက်တဲ့ ယောကျာင်္းမျိုး ပေါ့ အော်ခုတော့ ဖွတ်ထွက်မှ တောင်ဘို့ မှန်းသိတယ်ဗျာ
                    ဒီလိုယောကျာင်္းမျိုးတွေ ရှိတယ်ဆိုတာ ကိုယ်တိုင်ကြုံတဲ့သူပြောပြတဲ့ ကိုယ်တွေ့  ဖြစ်ရပ်မို့ ယုံကြည်ရတာ ၊ဒီလောက်အကြင်နာကင်းမဲ့ပြီ အတ္တအရမ်းကြီးတဲ့သူတွေ ရှိနေလို့  အိမ်ထောင်ပြုတော့မယ်ဆို ငါ့နှမများ သေချာ သူစရိုက် ၊သူ့ ပုံစံအရင်လေ့လာပါအုံး ဆရာအောင်သင်းပြောသလို မိန်းကလေးတွေက ထမိန်ဝယ်ရင်တော့ သေချာရွေးတယ် အိမ်မှာရှိတဲ့ အကျီ င်္အစဉ်နဲ့  လိုက်ရဲ့ လား၊ ဒီအရောင်လေးက မိမိနဲ့ အပ်စပ်လား ဒီလိုရွေးပြီးမှဝယ်တာတဲ့ ဟော ဘ၀ တခုလုံးအတွက်   ယောကျာင်္းယူတာကြ  ငါ့မိဘတွေနဲ့ တည့်ပါ့မလား၊သူက ငါ့ဘ၀ကို အမှန်တကယ်အားကိုးရတဲ့သူဖြစ်မလား ဒါတွေ ဘာမှမစဉ်းစားဘူး ချက်ချင်းတွေ့ ၊ ချက်ချင်းခိုးရာလိုက်ပြေးတယ်တဲ့ အဲ့လိုမစဉ်းစားရင်တော့ ဒီလိုလူမျိုးနဲ့ တွေ့ ပြီ ကျောချမှ ဓါးမှန်းသိရင်တော့   နောင်တ မျက်ရည်သာ ကျရလိမ့်မယ် ။
                                   .နောက်ဆုံးပြောချင်တာမိဘစကားနားမထောင်၊မိဘသဘောမတူပဲ ၊အချစ်ကိုကိုးကွယ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့  အိမ်ထောင်ပြုရင် ဒီလိုအမှားမျိုးတွေ ကြုံတွေ့ နိုင်တာရယ် ၊အချစ်တစ်ခုထဲသာကြည့်ပြီ ပြင်ပလောကနဲ့ အဆက်အသွယ်နည်း ၊ငယ်ရွယ်တဲ့အချိန် ပထမဆုံးတွေ့ တဲ့သူ ဒီတစ်ယောက်သာ အကောင်းဆုံးထင်မှတ်ပြီမှားခဲ့တယ်၊အဲ့ကြောင့်လည်း အပျိုစင် ဘ၀ကိုစောစီးစွာပေးခဲ့လို နောက်ဆုံး သူ့ တောင်းဆိုသမျှ လက်ထပ်ရဖို့  လိုက်လျောခဲ့ရတယ်။ ဒီလို ကိုယ့်ထမင်း ကိုယ်စားပြီ ပြုစုပေး ၊သူလိုအပ်တာကိုအကုန်   ဖြည့်ဆည်းပေးပေမယ့် ၊မိန်းမအပေါ် အခိုင်းအစေ တစ်ယောက်လိုသဘောထားတဲ့သူမျိုးတွေကို ဘ၀လက်တွဲဖော်အဖြစ် ငါ့နှမများ အရွေးမမှားရအောင် ရေးသားးတင်ပြရပါသည်။     ဘူးကောင်းတော့ စင်ခံ ၊လင်ကောင်းတော့ တစ်သက်လုံးစံတဲ့....
(စားကြွင်း- သူက ဒီလိုကွဲလိုက်တော့ ဘာပြောလဲဆို သူ့ မှာ အချိန်တွေသာကုန်သွားတယ် ဘာမှအကျိုးမရှိဘူးတဲ့.ဟဟ   ငါ့နှမများသူ့ အတွက် နောက် ( ၃ )ယောက်မြောက်  လူလုပ်ချင်လား ဖြေကြည့်ပါ)
No comments:
Post a Comment