စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Thursday 26 January 2012

လုပ်ချလိုက်ပြန်ပြီ

မြန်မာ ဘုရင်တွေခေတ်...တရုတ်ဘုရင်က  မြန်မာဘုရင်ထံ ပညာရှိစေလွှတ်ပြီ နှစ်နိုင်ငံ ချစ်
ကြည်ရေးအတွက် ပညာရှိချင်း အသိညဏ်ဖလှယ်ကြဖို့  တရုတ်ပညာရှိကို မြန်မာဘုရင်ထံစေလွှတ်တာပေါ့. အဲ့ဒါကြောင့် မြန်မာဘုရင်လဲမူးကြီးမတ်ရာတွေကိုတရုတ်ပညာရှိနဲ့ ယှဉ်ဖို့  မြန်မာ ပညာရှိအရှာ စေလွှတ်ရတာပေါ့
                 အဲ့အချိန်မှာ ရွာတစ်ရွာမှာ မောင်မူးဆိုတဲ့ သူတစ်ယောက်က ထန်းရေပဲ အချိန်ပြည့် မူးနေလို့  ရွာက
အော်ကြော်လန် ပေါ့  ၊ အလုပ်ကလဲ မလုပ်တော့ ထန်းရေဖိုးတောင် မရှိဘူး ..အဲ့အချိန်မှာတိုက်တိုက် ဆိုင်ဆိုင် ပညာရှိရှာတဲ့ အမတ်တွေ မောင်မူးနေတဲ့ရွာကို ရောက်လာတာပေါ့ ..မောင်မူးသူငယ်ချင်းတွေက မောင်မူးကို မင်း
အခုထန်းရေဖိုးမရှိရင် မူးမတ်တွေ ခေါ်တဲ့ပညာရှိအနေနဲ့ လိုက်သွား..မင်းဖြေနိုင်လို့  ရှင်ဘုရင်က ဆုချလို့ ကတော့
မင်းတစ်သက် သောက်မကုန်တော့ဘူးလို့  အချွန်နဲ့ မကြတာပေါ့..ဒီလိုနဲ့ မောင်မူးလဲ မူးမတ်တွေကို သူလိုက်မယ်ပြောတော့ ..မှူးမတ်တွေလဲ ဒါနောက်ဆုံးရွာမို့  ပညာရှိမတွေ့ ရင် သူတို့ ဒဏ်ခံရမှာစိုးလို့  မထူးဘာဘူးဆိုပြီ မောင်မူးကိုခေါ်သွားတာပေါ့..ဟိုကြတော့ တရုတ်ပညာရှိက ဘာသာစကားချင်း မတူတာမို့ အမူအရာနဲ့ မေးမယ်ပြောတော့   မောင်မူးလဲ လက်ခံတယ်  ....တရုတ်ပညာရှိမေးတာက
   (၁) ခေါင်းကို ပုပ်ပြတယ် လက်ကို အပေါ်ကိုထိုးတယ် ပြီ အောက်ကို ထိုးတယ်  ကဲ ..ဖြေ  မောင်မူးဖြေပုံက
          ခေါင်းကို ပုတ်ပြပြီး လက်ကို အပေါ်ထောင်ပြတော့ ..တရုတ်ပညာရှိတယ် မှန်ပါပေတယ်လို့  ပြောတယ်
   (၂) ဒုတိယ တစ်ခါ တရုတ်ပညာရှိက ခေါင်းကိုပုပ်ပြတယ် ရင်ဘတ်ကို ပုပ်ပြတယ် ဖြေပေါ့ မောင်းမူးဖြေပုံက ခေါင်းကို လက်နဲ့ ပုပ်ပြတယ် ပြီးတော့ ရင်ဘတ်ရာ ကျောရော ပုပ်ပြတယ် တရုတ်ပညာရှိလဲ ဟုတ်ပါပေတယ်ပေါ့
  (၃ ) တတိယ မေးခွန်က တရုတ်ပညာရှိက လက်ချောင်း ငါးချောင်းထောင် ခေါင်းကို ပုပ်ပြပြီ ဘာလဲ ဖြေပေါ့  မောင်မူးက. လက်ငါးချောင်း မဟုတ်ဘူးဆယ်ချောင်း ပြန်ထောင်ပြတယ်
တရုတ်အမတ်ကြီးလဲ ဟုတ်ပါပေတယ်လို့ ပြောလိုက်ရတယ် ..ဒီလိုနဲ့  ပညာစမ်းတာပြီးလို့  ရှင်ဘုရင်က မောင်မူးကို ဆုတော်လဘ်တော်တွေ ချီးမြှင့်လိုက်တာပေါ့  ..တရုတ်ပညာရှိကြီး
ကို ခုန ဘာတွေမေးတာလဲလို့ ဘုရင်က မေးကြည့်တော့ (၁)မေးခွန်းက မင်းတို့ ဘုရင်မျိုးရိုး ကမြင့်မြတ်တဲ့ မျိုး၇ိုးကလာတာလား ၊ နိမ့်ကျတဲ့ မျိုးရိုးက လာတာလားမေးတော့ သူက ငါတို့  ဘုရင်က မြင့်မြတ်တဲ့မျိုးရိုးက လာတာလို့ ပြောတယ် (၂)က မင်းတို့  ဘုရင်က တိုင်းသူပြည် သားတွေကို ရင်ဝယ်သားကဲ့သို့ သဘောထားလားလို့  မေးတော့ သူက ကျောသားရင်သား မခွဲခြားပဲ အုပ်ချုပ်တယ်လို့ ပြောတယ် ၊ နောက်ဆုံးမေးခွန်းက မင်းတို့ ဘုရင်က မင်းကျင့် တရား (၅) ပါးညီလားမေးတော့ သူက ဆယ်ပါး သီလပါ ထိန်းတယ်လို့ ပြောတယ်
           မောင်မူး ရွာပြန်ရောက်တော့ တရုတ်ပညာရှိက ဘာတွေမေးလိုက်တာလဲလို့  ၀ိုင်း မေးကြတော့ သူပြောပုံက ဟ ဘာများမေးမလဲ အောက်မေ့တာ ထန်းရေသောက်တဲ့အကြောင်းမေးတာကွ ၊ပထမက မင်း ထန်းရေ သောက်ရင် ပင်ကျရေ သောက်တာလား အပင် ပေါ်တက်သောက်တာလားမေးတယ် ငါလဲ အပင်ပေါ်တက်သောက်တာလို့  ပြောလိုက်တာပေါ့ ဒုတိယမေးခွန်းက မင်းထန်းရေသောက်ရင် ရင်တွေပူလားမေးတာ ငါလဲပြောလိုက်တယ် ရင်တင် မဟုတ်ဘူးလို့  ကျောရောရင်ရော ပူတယ်လို့  ၊နောက်ဆုံး မေးခွန်းက မင်းတစ်နေ့  ၅ လုံးသောက်ရင်မူးလားတဲ့ ငါလဲပြောလိုက်တယ် ၁၀ လုံးသောက်တောင်မမူးဘူးလို့   မောင်မူးတို့  လုပ်ချလိုက်ပုံများ တရုတ်ပညာရှိတောင် အောချယူရတယ်ဗျို့ 






No comments:

Post a Comment