စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Thursday 26 January 2012

ကြုံ၇ဆုံ၇ မလေးရှား ဘုံဘ၀ ( ၁ )

ခုကျွန်တော် ရေးသားမယ့်   ကြုံတွေ့ သမျှ မလေးရှား  ဘုံဘ၀ စာစုများဟာ ကျွန်တော့ ကိုယ်တွေ့ များနှင့် သူငယ်ချင်းများမှ ပြန်လည်ပြောပြသော ဟာသ များဖြစ်ပါတယ် ..မည်သည့်ဆိုဒ် .မည်သည့် စာစောင်မှာမှ ဖော်ပြခြင်းမရှိသေးပါ ရွှေမှသူငယ်ချင်းများအတွက် ဦးဆုံးရေးသား ဖော်ပြခြင်း ဖြစ်တယ်ဆိုတာ ဦးစွာပထမပြောချင်ပါတယ်…ကဲ စလိုက်ကြရအောင်ပထမဆုံး ကိုယ်တွေ့ လေး…
     ကိုရွှေ(မြန်မာ)တို့ လုပ်မှ ပြောင်းလဲ သွားသော  CLOSED အဓိပ္ပာယ်
          ကြာခဲ့တာတော့ ( ၂ ) နှစ်ကျော်လောက်ရှိပြီ..တစ်ရက် သူငယ်ချင်း တစ်ယောက်နဲ့ ကွာလာလမ်ပူ မြို့ ထဲ မရောက်တာလဲကြာ ၊ လိုအပ်တဲ့မြန်မာ ပစ္စည်း လေးတွေ လည်းသွားဝယ်ရင်း မြန်မာ ဘီယာလေးလည်း သောက်ရင်းပေါ့ ဟဲ ဟဲ .အဲ့အချိန်တုန်းက ဘာဖြစ်လဲဆိုတော့ အဖမ်းအဆီး အရမ်းကြမ်းတဲ့ ကာလ ၊ မြို့ ထဲက မြန်မာဆိုင်ကြီးတွေ ပေါ်တောင် တက်ဖမ်းနေကြတဲ့ အချိန် ၊တချို့ ဆိုင်လေးတွေဆို တခါးဝမှာ ကင်ပရာတပ်ထားပြီ မြန်မာဆိုမှ ဆိုင်ထဲ ကနေ (အဝေးထိန်း)နဲ့ ဖွင့်ပေးတာ ၊
                      သူငယ်ချင်းနဲ့  နှစ်ယောက်သားမြန်မာဆိုင်ကြီးက လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ပြီ စားသောက်ခန်းထဲသွားတော့ လူတွေ ပြည့်နေတာနဲ့ ..တခြား အေးအေးဆေးဆေး လူရှင်းမယ့် မြန်မာဆိုင် သွားထိုင်ကြမယ်ပေါ့ ၊ ဒီလိုနဲ့  နှစ်ယောက်သား တစ်ဆိုင်ဝင်လိုက် လူကြပ်နေရင် နောက်တစ်ဆိုင်ရှာလိုက်နဲ့  သွားလိုက်တာ လူရှင်းနိုင်မယ့် မြန်မာဆိုင် တစ်ဆိုင် တွေ့ ပါရော..ဆိုင်က အပေါ်ဆုံးထပ်မှာ ..ဘေးလှေကားလေးက တက်ပြီ မြန်မာဆိုင်ရှိမယ့် အလွှာလည်းရောက်ရော သံဘာဂျာ တံခါး ပိတ်ထားတယ် ..တံခါးဝ မှာ စာကပ်ထားတာ အကြီးကြီး
   TODAY CLOSED တဲ့ သွားပါပြီ တက်လာသမျှ မောတာပဲ ဒါပေမယ့် အင်္ဂလိပ်စာ ရဲ့ အောက်မှာ မြန်မာလို ကွင်းစ ကွင်းပိတ်နဲ့ ရေးထားတာလေး ဖတ်ပြီ နှစ်ယောက်သား အော် ကိုရွှေမြန်မာတို့ လုပ်လိုက်ရင် မလေးရှားရဲတောင် မျက်စိလည်သွားမယ်လို့ ..မြန်မာလိုရေးထားပုံက (ယနေ့ ဆိုင်ဖွင့်သည် ဘဲလ်တီးပါတဲ့ )ကဲ ကို Keen ရေ ဆန့် ကျင်ဘက်စာလုံး အသစ်များပေါ့နော်…နောက်မကြာမှီကြုံတွေ့ သမျှ ( ၂ ) လာမည်…မျှော်…

No comments:

Post a Comment