စူပါမတ်ကက်ကိုဈေးဝယ် ရောက်လာတဲ့ ကိုရွှေ မြန်မာ တစ်ယောက် ကြုံရတဲ့ ဟာသလေးပါ..အဲ့ဆိုင်မှာက မြန်မာ ၀န်ထမ်းတွေလဲရှိတယ်..သူကမလေး ရောက်တာ သိပ်မကြာသေးတော့ မလေးစကားလဲ သိပ်မတတ် ၊ ..သူဝယ်တာ က ကြက်သွန်နီ ၊ ပလပ်စတစ် အိတ်ထဲ သူလိုချင် သလောက်ထည့်ပြီ ချိန်တဲ့ နေရာ မှာ ဘယ်လောက်ယူမယ် ဆိုပြီ ချိန်ရတာ..လူတိုင်းက လိုချင်သလောက်ထည့် ပြီတော့ ချိန်တဲ့နေရာမှာ ချိန်ပြီ ကျသင့်တဲ့ ဈေးနှုန်း အိပ်မှာ ကပ်ပေးလိုက် ရှေ့ကောင်တာမှာ ရှင်းရမှာ ၊ သူက ချိန်တဲ့နေရာရောက်တော့ ချိန်ပေးတဲ့ မလေးမကို ပြောလိုက်တာ ကီလိုဝက်…မလေးမက မျက်လုံးပြူးပြီကြည့်နေတော့ သူက ဒေါသ ထွက်ပြီ ပြန်ပြောလိုက်တယ် ..ကီလိုဝက်ပါဆို ..ဒါနဲ့ မလေးမက ယူ မြန်မာ. သူက ယက်စ် ဆိုတော့ ဘေးနားက မြန်မာအလုပ်သမားတစ်ယောက်ကို သူဘာပြောတာလဲ မေးကြည့်ခိုင်းရတာပေါ့..အကို ဘာလဲ လို့  အလုပ်သမားက မေးတော့ သူက ကြက်သွန် ကီလိုဝက်ယူဖို့  ချိန်ခိုင်းတာ ဒီမလေးမနားလည်ဘူး ဘယ်လို မလေးမလဲ မသိဘူး..အမယ့် သူက ပြန်ပြောလိုက်ရသေးတယ် ဆိုင်ဝန်ထမ်းလေးက အကို ကီလိုဝက်ဆိုတာ နိုင်ငံခြားက သူတွေဘယ်လိုသိမလဲ ကီလိုက တော့ အင်္ဂလိပ်လိုလေ ၊ ၀က် ကြတော့ မြန်မာလို တ၀က်ကို အလွယ်ခေါ်ရင်း ကီလိုဝက်လို့ ခေါ်ကြတာလေ မြန်မာချင်းတော့ သိတာပေါ့ ၊ မလေးလိုဆို( စတက်ငါးကီလို) ၊ အီးလိုဆိုလဲ (ဟတ်ကီလို ဒီလိုပေါ့) အဲ့လိုရှင်းပြတာတောင် ကိုရွှေမြန်မာက ကျေနပ်ပုံမပေါ်ဘူး ပြောသွားပုံက ရောက်တာမကြာသေး လို့ ပေါ့ကွာတဲ့…
ကြုံရသမျှ မလေးရှား က ဘုံဘ၀( ၃ )
မလေးကို ရောက်ခါစ လူသစ်ယောက် ရဲ့  ဟာသလေးပါ ၊ သူ မလေးကို ရောက်လာတာ စားသောက်ဆိုင် ၊သူ့ ရောက်တဲ့  ဆိုင်မှာ သူ့ ရှေ့က လူဟောင်း မြန်မာတွေလဲ ရှိတယ်..သူက ရောက်ခါစ မလေးစကား လည်းသိပ်မတတ်သေးတော့ သူဌေးက သူ့ အိမ်မှာ ပန်းပင်တွေ ရေလောင်းဖို့  ခဏသွားထား ထားတာ သူဌေး အိမ်မှာ သွားနေရတာပေါ့ ၊သူဌေးကတော့ ဆိုင်မှာပဲ အိပ်တာများတယ် အိမ်မှာက သူ့ မိန်းမရယ်.သူ့ သမီးရယ် နေကြတာ.သူဌေးသမီးက စကားပြောအတော်ရိုင်းတာ ဘယ်သူနဲ့ မှ မတည့်ဘူး..ကိုရွှေလူသစ်လဲ သူဌေးသမီးဒဏ် ခံရတာပေါ့ သစ်ပင်တွေ ရေလောင်းတာ နည်း နည်းပြန်ပြီ ၊များသွားရင် ပြဿနာရှာခံရတာ နေ့ တိုင်းပဲ..
ဒီလိုနဲ့  ၃ ၊ ၄ ရက် ကြာတော့ သူဌေးက အိမ်ပြန်လာရော ကိုရွှေလူသစ်က သူဌေးကိုရောက်ရောက်ချင်း ဆီ တိုင်းတာပေါ့..သူဌေးက သူပြောတာတွေ ဘာတစ်ခုမှ နားမလည်လို့  ဆိုင်က လူဟောင်းတွေဆီ သူဘာပြောတာလဲ ဖုန်းဆက်မေးကြည့်ခိုင်းရတာပေါ့..လူဟောင်းတွေက မင်းသူဌေးကို ဘာတွေပြောတာလဲ မေးတော့ သူက သူဌေးသမီး ကျွန်တော့ ကို နေ့ တိုင်း ကွိုင် ရှာတာကို တိုင်းတာ ..အေး မင်း မလေးလို ဘယ်လို ပြောလဲမေးတော့ သူပြောပုံက ….ဘော့စ် အနန့်  ဟာရီ ဟာရီ ချာရီ ကွိုင်… သူ့ ဟာနဲ့ သူတော့ ဟုတ်နေတာပဲနော်
မလေးလို အနန့် က ( သမီး )
ဟာရီ ဟာရီ က ( နေ့ တိုင်း နေ့ တိုင်း )
ချာရီ က ( ရှာတာ )
ပင်လယ်ကြီးထဲမှာ ကူးခတ်ရင်း လမ်းပျောက်နေတုန်း လျှပ်စီးလေးလက်လိုက်လို့  ကျွန်းကလေးကို တွေ့ လိုက် သလို ကျနော့ မိတ်ဆွများလည်း စပ်မိစပ်၇ာ ဘလော့လေးကနေ ဗဟုသုတတွေ လျှပ်စီးလေးလို ဖြစ်မယ်ဆို ဖန်တီးရကျိုး နပ်ပါပြီ
Thursday, 26 January 2012
Subscribe to:
Post Comments (Atom)
No comments:
Post a Comment