စပ်မိစပ်၇ာ မိသားစုဘလော့ဂါ လာကြည့်သူအပေါင်းတို့ ကိုယ်စိတ်နှလုံးရွှင်လန်းကြပါစေလို့ဆုမွန်ကောင်းတောင်းလျှက်ပါ၊ စိတ်ကောင်းရှိဖို့  ပထမ

Thursday 26 January 2012

ဒါကဒီလိုရှိတယ်

နယ်မြို့ လေး တမြို့ က ရုံးတရုံးသို့  စစ်ဆေးရေး အဖွဲလာရောက် စစ်ဆေးတဲ့အတွက် ရုံးဌါနမှုးက ရုံးဝန်ထမ်း တစ်ယောက်ကို စစ်ဆေးရေး

အဖွဲ့ တွေကျွေးဖို့  တာဝန်ပေးလိုက်တယ်..အစစ အရာရာ သူပဲ ၀ယ်ခြမ်း ၊ချက်ပြုတ် စီမံပေးရတယ် ၊ အဲ့လိုနဲ့ စစ်ဆေးရေး အဖွဲ့ ပြန်သွား

တော့ ကုန်ကျငွေကို ဌါနမှုးဆီကို တင်ပြတယ်၊ သူတင်ပြတဲ့ ငွေအမောင့်က များနေတော့ ဌါနမှူးက သူဝယ်တဲ့ ပစ္စည်း စာရင်းတွေကို

တစ်ခုချင်း စစ်ပါလေရော...အဲ့မှာ ဌါနမှုးက ဘာသွားတွေ့ လဲ ဆိုတော့ ကြက်တစ်ကောင်ကို စာရင်းတင်ထားတာငါးထောင်တောင်

ဒါနဲ့ ဌါနမှုးက ၀န်ထမ်းကို ..မင်းဝယ်တဲ့ကြက်က တစ်ကောင် ဘာလို့  ငါးထောင်လို့ စာရင်းထဲမှာ တင်ထားရတာလဲမေးတော့ ရုံးဝန်ထမ်း

ပြောလိုက်ပုံက ဌါနမှူးရယ် ဒါကဒီလိုရှိပါတယ် ကျွန်တော် ၀ယ်တဲ့ကြက်က ရိုးရိုးကြက် မဟုတ်ဘူးလေ ၊စာရင်းဘေးက မှတ်ချက်ကို

သေချာဖတ်ကြည့်လေ..မှတ်ချက်...တိုက်ကြက်တဲ့

No comments:

Post a Comment